တုိက္တန္းနစ္ သေဘၤာေပၚက လူသိနည္းတဲ့ ေသအတူရွင္မကြာ ဇနီးေမာင္ႏွံရဲ႕ အံအားသင့္ဖြယ္ စြန္႔လႊတ္မႈ

Posted on

တုိက္တန္းနစ္ ဇာတ္ကားကုိၾကည့္မိသူမ်ားဟာ မင္းသား လီယုိနာဒုိ နဲ႔ မင္းသမီး ကိတ္၀င္းစလက္တုိ႔ရဲ႕ အခ်စ္ဇာတ္လမ္းကို မွတ္မိေနၾကမွာပါ။ အျပင္မွာ တကယ္နစ္ျမဳပ္ခဲ့တဲ့ တုိက္တန္းနစ္သေဘၤာေပၚမွာလည္း လူသိနည္းတဲ့ စိတ္မေကာင္းျဖစ္ဖြယ္ ဇာတ္လမ္းတစ္ခု ရွိေနပါေသးတယ္။ ဒါကေတာ့ ဂ်ဴးလူမ်ဳိး Macy ကုန္တုိက္ပုိင္ရွင္ သူေဌးႀကီး ဇနီးေမာင္ႏွံတုိ႔ရဲ႕ ျဖစ္ရပ္ပါ။

အဲဒီတုန္းက အလြန္ခ်မ္းသာတဲ့ Macy ကုန္တုိက္ပုိင္ရွင္ သူေဌးႀကီးရဲ႕နာမည္က Isidor Straus ျဖစ္ၿပီး ဇနီးရဲ႕နာမည္ကေတာ့ Ida ျဖစ္ပါတယ္။ သူတုိ႔ႏွစ္ဦးဟာ တုိက္တန္းနစ္သေဘၤာနဲ႔ အတူအပန္းေျဖခရီးထြက္ခဲ့တာပါ။ တုိက္တန္းနစ္ျမဳပ္ခါနီး အခ်ိန္္မွာေတာ့ ႏွစ္ဦးစလုံးအတြက္ အသက္ကယ္ေလွေပၚမွာ ေနရာေပးခံရပါတယ္။

အဲဒီအခ်ိန္မွာ သူေဌးႀကီး Isidor ဟာ ေလွေပၚေနရာေပးျခင္းမခံရတဲ့ ကေလးနဲ႔အမ်ဳိးသမီးတစ္ေယာက္ကုိ ေတြ႔သြားပါတယ္။ သူခ်က္ခ်င္းပဲ ေလွေပၚက ဆင္းလုိက္ၿပီး သူ႔ရဲ႕ေနရာကုိ ကေလးနဲ႔ အမ်ဳိးသမီးကို ယူေစပါတယ္။ သူကေတာ့ သေဘၤာေပၚမွာက်န္ၿပီး အသက္စြန္႔ဖုိ႔က်န္ခဲ့ပါတယ္။ လူတုိင္းကုိယ့္အသက္ထက္ ဘာမွအေရးမႀကီးဘူး ထင္ေနၾကခ်ိန္မွာ သူ႔ရဲ႕လုပ္ရပ္ဟာ အံၾသဖြယ္ရာ စြန္႔လႊတ္မႈပဲ ျဖစ္ပါတယ္။

သူေဌးႀကီးက်န္ခဲ့ေပမယ့္ အသက္ကယ္ေလွဟာ ခ်က္ခ်င္းထြက္လုိ႔မရေသးပါဘူး။ အေၾကာင္းကေတာ့ ဇနီးျဖစ္သူ Ida က မထြက္ခုိင္းလုိ႔ျဖစ္ပါတယ္။
“သူမပါပဲ ကြ်န္မ မသြားႏုိင္ဘူး” ဆုိၿပီးေခါင္းတယမ္းယမ္း ေအာ္ဟစ္္ေနပါတယ္။ အဲဒီေနာက္ေတာ့ သူမလည္း ေလွေပၚကဆင္းပါတယ္။ သူမအစား သူမရဲ႕ အေစခံမိန္းမ ကို အသက္ကယ္ေလွေပၚတက္ေစပါတယ္။ အေစခံကုိ သူမရဲ႕ သားေမြးကုတ္အကၤ်ီကို ခြ်တ္ၿပီး “ေရာ့ယူသြား ငါ့အတြက္မလုိေတာ့ဘူး” ဆုိၿပီး ေပးလုိက္ပါေသးတယ္။

အဲဒီတုန္းက အသက္ကယ္ေလွေပၚေရာက္ၿပီး လြတ္ေျမာက္လာခဲ့တဲ့ သူတုိ႔ရဲ႕သူငယ္ခ်င္းျဖစ္သူ ဗုိလ္ႀကီး Archibald Gracie IV က သူျမင္ခဲ့ရတဲ့ ျမင္ကြင္းကုိ ျပန္ေျပာပါတယ္။

“Ida စကားကုိ ကြ်န္ေတာ္စိတ္ထဲ မွတ္မွတ္ရရရွိေနေသးတယ္။ ေလွေပၚက ဆင္းၿပီး သူေျပာတာက ကြ်န္မေယာကၤ်ားကုိ ကြ်န္မ မခြဲႏုိင္ဘူး။ ကြ်န္မတုိ႔ အတူတူအသက္ရွင္ခဲ့တယ္။ ေသမယ္ဆုိမွေတာ့ သူ႔တစ္ေယာက္ထဲကုိ ေပးမေသႏုိင္ဘူး၊ အတူတူေသၾကမယ္ေလ တဲ့။ တစ္ေယာက္လက္ေမာင္းကို တစ္ေယာက္ဆုပ္ကုိင္ထားတဲ့သူတုိ႔ ႏွစ္ေယာက္ကုိ ေနာက္ဆုံးျမင္ခဲ့တဲ့ ျမင္ကြင္းပဲ၊ အၿမဲတမ္းအမွတ္ရေနမယ့္ စြန္႔လႊတ္သူဇနီးေမာင္ႏွံႏွစ္ဦးရဲ႕ အခ်စ္သေကၤတ ျမင္ကြင္းပါ”

တုိက္တန္းနစ္ ဇာတ္ကားထဲမွာလည္း သူတုိ႔ႏွစ္ဦးရဲ႕ တကယ့္ျဖစ္ရပ္ကုိ ထည့္သြင္းရုိက္ကူးခဲ့ပါတယ္။ ဇာတ္ကားထဲက သေဘၤာျမဳပ္တဲ့အခ်ိန္ အိပ္ယာေပၚမွာ တစ္ေယာက္ကိုတစ္ေယာက္ဖက္ကာ လဲေလ်ာင္းေနတဲ့ အသက္ႀကီးႀကီးစုံတြဲဟာ သူေဌးႀကီး Isidor နဲ႔ ဇနီးျဖစ္သူ Ida တုိ႔စုံတြဲပဲျဖစ္ပါတယ္။


တိုက်တန်းနစ် သင်္ဘောပေါ်က လူသိနည်းတဲ့ သေအတူရှင်မကွာ ဇနီးမောင်နှံရဲ့ အံအားသင့်ဖွယ် စွန့်လွှတ်မှု(unicode)

တိုက်တန်းနစ် ဇာတ်ကားကိုကြည့်မိသူများဟာ မင်းသား လီယိုနာဒို နဲ့ မင်းသမီး ကိတ်ဝင်းစလက်တို့ရဲ့ အချစ်ဇာတ်လမ်းကို မှတ်မိနေကြမှာပါ။ အပြင်မှာ တကယ်နစ်မြုပ်ခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောပေါ်မှာလည်း လူသိနည်းတဲ့ စိတ်မကောင်းဖြစ်ဖွယ် ဇာတ်လမ်းတစ်ခု ရှိနေပါသေးတယ်။ ဒါကတော့ ဂျူးလူမျိုး Macy ကုန်တိုက်ပိုင်ရှင် သူဌေးကြီး ဇနီးမောင်နှံတို့ရဲ့ ဖြစ်ရပ်ပါ။

အဲဒီတုန်းက အလွန်ချမ်သာတဲ့ Macy ကုန်တိုက်ပိုင်ရှင် သူဌေးကြီးရဲ့နာမည်က Isidor Straus ဖြစ်ပြီး ဇနီးရဲ့နာမည်ကတော့ Ida ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ တိုက်တန်းနစ်သင်္ဘောနဲ့ အတူအပန်းဖြေခရီးထွက်ခဲ့တာပါ။ တိုက်တန်းနစ်မြုပ်ခါနီး အချိန်မှာတော့ နှစ်ဦးစလုံးအတွက် အသက်ကယ်လှေပေါ်မှာ နေရာပေးခံရပါတယ်။ အဲဒီအချိန်မှာ သူဌေးကြီး Isidor ဟာ လှေပေါ်နေရာပေးခြင်းမခံရတဲ့ ကလေးနဲ့အမျိုးသမီးတစ်ယောက်ကို တွေ့သွားပါတယ်။ သူချက်ချင်းပဲ လှေပေါ်က ဆင်းလိုက်ပြီး သူ့ရဲ့နေရာကို ကလေးနဲ့ အမျိုးသမီးကို ယူစေပါတယ်။ သူကတော့ သင်္ဘောပေါ်မှာကျန်ပြီး အသက်စွန့်ဖို့ကျန်ခဲ့ပါတယ်။ လူတိုင်းကိုယ့်အသက်ထက် ဘာမှအရေးမကြီးဘူး ထင်နေကြချိန်မှာ သူ့ရဲ့လုပ်ရပ်ဟာ အံသြဖွယ်ရာ စွန့်လွှတ်မှုပဲ ဖြစ်ပါတယ်။

သူဌေးကြီးကျန်ခဲ့ပေမယ့် အသက်ကယ်လှေဟာ ချက်ချင်းထွက်လို့မရသေးပါဘူး။ အကြောင်းကတော့ ဇနီးဖြစ်သူ Ida က မထွက်ခိုင်းလို့ဖြစ်ပါတယ်။
“သူမပါပဲ ကျွန်မ မသွားနိုင်ဘူး” ဆိုပြီးခေါင်းတယမ်းယမ်း အော်ဟစ်နေပါတယ်။ အဲဒီနောက်တော့ သူမလည်း လှေပေါ်ကဆင်းပါတယ်။ သူမအစား သူမရဲ့ အစေခံမိန်းမ ကို အသက်ကယ်လှေပေါ်တက်စေပါတယ်။ အစေခံကို သူမရဲ့ သားမွေးကုတ်အင်္ကျီကို ချွတ်ပြီး “ရော့ယူသွား ငါ့အတွက်မလိုတော့ဘူး” ဆိုပြီး ပေးလိုက်ပါသေးတယ်။

အဲဒီတုန်းက အသက်ကယ်လှေပေါ်ရောက်ပြီး လွတ်မြောက်လာခဲ့တဲ့ သူတို့ရဲ့သူငယ်ချင်းဖြစ်သူ ဗိုလ်ကြီး Archibald Gracie IV က သူမြင်ခဲ့ရတဲ့ မြင်ကွင်းကို ပြန်ပြောပါတယ်။
“Ida စကားကို ကျွန်တော်စိတ်ထဲ မှတ်မှတ်ရရရှိနေသေးတယ်။ လှေပေါ်က ဆင်းပြီး သူပြောတာက ကျွန်မယောင်္ကျားကို ကျွန်မ မခွဲနိုင်ဘူး။ ကျွန်မတို့ အတူတူအသက်ရှင်ခဲ့တယ်။ သေမယ်ဆိုမှတော့ သူ့တစ်ယောက်ထဲကို ပေးမသေနိုင်ဘူး၊ အတူတူသေကြမယ်လေ တဲ့။ တစ်ယောက်လက်မောင်းကို တစ်ယောက်ဆုပ်ကိုင်ထားတဲ့သူတို့ နှစ်ယောက်ကို နောက်ဆုံးမြင်ခဲ့တဲ့ မြင်ကွင်းပဲ၊ အမြဲတမ်းအမှတ်ရနေမယ့် စွန့်လွှတ်သူဇနီးမောင်နှံနှစ်ဦးရဲ့ အချစ်သင်္ကေတ မြင်ကွင်းပါ”
တိုက်တန်းနစ် ဇာတ်ကားထဲမှာလည်း သူတို့နှစ်ဦးရဲ့ တကယ့်ဖြစ်ရပ်ကို ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။ ဇာတ်ကားထဲက သင်္ဘောမြုပ်တဲ့အချိန် အိပ်ယာပေါ်မှာ တစ်ယောက်ကိုတစ်ယောက်ဖက်ကာ လဲလျောင်းနေတဲ့ အသက်ကြီးကြီးစုံတွဲဟာ သူဌေးကြီး Isidor နဲ့ ဇနီးဖြစ်သူ Ida တို့စုံတွဲပဲဖြစ်ပါတယ်။

Leave a Reply