မင္းငါးဆက္တိုင္ မိဖုရားေျမွာက္ျခင္းကုိခံရသူ (သုိ႔) ရွင္ဘုိ႔မယ္

Posted on

ရွင္ဘုိ႔မယ္လုိ႔ ဆုိလုိက္ရင္ “မင္းဆက္ငါးသြယ္ ရွင္ဘုိ႔မယ္ ၊ နန္းလယ္တင့္သည္သာ” ဆုိတဲ့စာခ်ဳိးအတုိင္း မင္းငါးဆက္တုိင္ မိဖုရားေျမွာက္ခံခဲ့ရသူျဖစ္ေၾကာင့္ ၾကားဖူးၾကမွာပါ။ ရွင္ဘုိ႔မယ္ဟာ မင္းႀကီးစြာေစာ္ကဲရဲ႕ ေျမးေတာ္စပ္သူျဖစ္ပါတယ္။

ရွင္ဘုိ႔မယ္နဲ႔ ပထမဆုံး လက္ဆက္ခဲ့သူက အင္း၀-ဟံသာ၀တီ ႏွစ္ေလးဆယ္ စစ္ပြဲထဲက အင္း၀ ဘုရင္ မင္းေခါင္ျဖစ္ပါတယ္။ ဘုရင္မင္းေခါင္ ဟာ ရွင္ဘုိ႔မယ္ရဲ႕ ဦးေလးေတာ္သူ ျဖစ္ပါတယ္။ ဘုရင္မင္းေခါင္ကြယ္လြန္ၿပီး နန္းတက္ခဲ့သူ ဆင္ျဖဴရွင္ သီဟသူကလည္း မိေထြးေတာ္ ရွင္ဘုိ႔မယ္ကုိ မိဖုရားထပ္ေျမွာက္ျပန္ပါတယ္။ သီဟသူၿပီးတဲ့ေနာက္ မင္းလွငယ္ ၊ ကေလးေက်းေတာင္ညဳိမင္း နဲ႔ မုိးညွင္းသတုိးတုိ႔ဟာ ရွင္ဘုိ႔မယ္ကုိ ဆက္လက္ၿပီး မိဖုရားေျမွာက္ၾကျပန္ပါတယ္။

ပထမဆုံး ဘုရင္မင္းေခါင္နဲ႔ လက္ထပ္စဥ္က ရွင္ဘုိ႔မယ္ဟာ အသက္ ၁၇ ၊ ၁၈ ႏွစ္ေလာက္ပဲ ရွိပါေသးတယ္။ ဘုရင္မင္းေခါင္ဆုိတာကလည္း အဲဒီအခ်ိန္က ရာဇာဓိရာဇ္နဲ႔ စစ္ၿပဳိင္ေနသူပါ။ ရာဇာဓိရာဇ္ကုိ တုိက္ဖုိ႔ေအာက္ျမန္မာျပည္ကုိ စစ္ခ်ီတဲ့အခါ မိဖုရား ၊ မင္းညီမင္းသားေတြကုိပါ လုိက္ပါေစပါတယ္။ အဲဒီစစ္ပြဲမွာ ဘုရင္မင္းေခါင္ရႈံးၿပီး တပ္ဆုတ္ခဲ့ရပါတယ္။ အေျပးအလႊားဆုတ္တဲ့အခ်ိန္မွာ ရွင္ဘုိ႔မယ္ဟာ ဆင္ေပၚက ျပဳတ္က်က်န္ခဲ့ပါတယ္။ ေနာက္ကလည္း ဟံသာ၀တီ တပ္ေတြလုိက္တုိက္ခုိက္ေနတာေၾကာင့္ ရွင္ဘုိ႔မယ္ဟာ ပုန္းေအာင္ေနခဲ့ပါတယ္။ အခ်ိန္ေတာ္ေတာ္ၾကာတဲ့အခါမွာ ေနာက္ဆုံးကေန ဆုတ္လာတဲ့ ဘုရင့္ဆင္ေတာ္ ရဲျမတ္စြာကို ေတြ႔တဲ့အခါေအာ္ဟစ္အကူအညီေတာင္းပါတယ္။ ဒီအခ်ိန္မွာပဲ ဆင္ေပၚက ဆင္ကဲက “ငါေတာ့ေဘးေရာက္ၿပီ ၊ မင္းသတိထားပါ” လုိ႔ ဆင္ဦးစီးကိုေျပာလုိက္ပါတယ္။ အေၾကာင္းကေတာ့ မိဖုရားကုိ မကယ္ခဲ့လုိ႔ ဘုရင္သိသြားရင္လည္း အသတ္ခံရမယ္ ၊ ကယ္သြားျပန္ပါကလည္း လမ္းခရီးမွာ မိဖုရားနဲ႔ မသကၤာျဖစ္ရင္လည္း အသတ္ခံရမွာပဲ ျဖစ္ပါတယ္။

ဒီလုိနဲ႔ ဆင္ကဲတုိ႔ဟာ ရွင္ဘုိ႔မယ္ကုိ ကယ္ခဲ့ပါတယ္။ လမ္းခရီးတစ္၀က္မွာ နားတဲ့အခါ ရွင္ဘုိ႔မယ္ကို လင့္စင္ေပၚမွာ အိပ္ေစၿပီး သူတုိ႔ကေတာ့ ေအာက္မွာပဲ အိပ္ပါတယ္။ ဘုရင္မင္းေခါင္ကေတာ့ မိဖုရားတစ္ပါး ရွင္မိေနာက္အဖမ္းခံရတဲ့ သတင္းကုိၾကားၿပီး ရွင္ဘုိ႔မယ္အေၾကာင္းကို မၾကားရတဲ့အတြက္ ေခါင္းမီးေတာက္ေနပါတယ္။ ရွင္ဘုိ႔မယ္ကို ဆင္ကဲ ကယ္လာတာေတြ႔ေတာ့ စစ္ေဆးေမးျမန္းၿပီး ယုံၾကည္တဲ့အတြက္ ဆင္ကဲတုိ႔ကုိ ဆုေတြခ်ီးျမွင့္လုိက္ပါတယ္။

ဒါေပမယ့္ ဘုရင္မင္းေခါင္ဟာ အူတုိတတ္သူျဖစ္ေလေတာ့ မၾကာခဏ အဲဒီအေၾကာင္းကိုေမးပါတယ္။ ေမးတုိင္းလည္း ရွင္ဘုိ႔မယ္က ဘာမွမျဖစ္တဲ့အေၾကာင္းေျဖပါတယ္။ တစ္ေန႔ ရွင္ဘုိ႔မယ္ဟာ ဘုရင္နဲ႔အတူထုိင္စဥ္ ကြမ္းသီးညွပ္ရာမွာ ကြမ္းညွပ္ကလက္ကိုထိတဲ့အခါ ‘အုိ ဆင္ကဲကယ္ပါ’ လို႔ ေယာင္မိတဲ့အခါ ခ်က္ခ်င္းပဲ ဆင္ကဲကို သတ္ေစခဲ့ပါတယ္။ သက္ဦးစံပုိင္စနစ္ေအာက္မွာ အျပစ္မရွိတဲ့ ဆင္ကဲေသသြားရပါတယ္။ သူ႔ေၾကာင့္ဆင္ကဲ ေသရတယ္ဆုိၿပီး ရွင္ဘုိ႔မယ္ဟာေျမေပၚမွာ ဣေျႏၵပ်က္ေလာက္ေအာင္ကုိ လူးလွိမ့္ၿပီးငိုတယ္လုိ႔ ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္းမွာ ေရးထားပါတယ္။ ဒီလုိနဲ႔ရွင္ဘုိ႔မယ္ဟာ ဘုရင္မင္းေခါင္ရဲ႕ မိဖုရားအျဖစ္ႏွစ္ေပါင္း ၂၀ေက်ာ္ေနခဲ့ပါတယ္။

မင္းေခါင္ကြယ္လြန္တဲ့အခါ သီဟသူနန္းတက္ခဲ့ၿပီး မိေထြးေတာ္ရွင္ဘုိ႔မယ္ကုိ မိဖုရားထပ္ေျမွာက္ျပန္ပါတယ္။ နန္းသက္ ၄ႏွစ္အေရာက္မွာ စစ္ပြဲအတြင္းက်ဆုံးခဲ့ပါတယ္။ သီဟသူ ၿပီးတဲ့ေနာက္မွာ သားေတာ္မင္းလွငယ္ နန္းတက္ပါတယ္။ မင္းလွငယ္ရဲ႕ အသက္က ၉ႏွစ္ သာ ရွိပါေသးတယ္။ မွဴးမတ္ေတြက နန္းတင္ၿပီး ဘုရင္လုပ္ခုိင္းတဲ့အတြက္ ဘုရင္ျဖစ္ခဲ့ၿပီး ရွင္ဘုိ႔မယ္ဟာ ထုံးစံအရ မိဖုရားျဖစ္လာပါတယ္။ မင္းလွငယ္ဟာလည္း နန္းသက္ ၃လမွာပဲ အဆိပ္မိၿပီး ကြယ္လြန္ခဲ့ျပန္ပါတယ္။ (ရွင္ဘုိ႔မယ္ဟာ ကေလးေက်းေတာင္ညဳိကုိ ေခၚယူၿပီး မင္းလွငယ္ကုိ အဆိပ္ခတ္ခဲ့တယ္လုိ႔ ဆုိပါတယ္)

မင္းလွငယ္ရဲ႕ေနာက္မွာ တက္လာသူကေတာ့ ကေလးေက်းေတာင္ညဳိျဖစ္ပါတယ္။ သူဟာ ရွင္ဘုိ႔မယ္ရဲ႕ ငယ္ခ်စ္ျဖစ္ပါတယ္။ သူလည္း နန္းတက္ ၇လအေရာက္မွာ မုိးညွင္းသတုိးလာေရာက္တုိက္ခုိက္တာေၾကာင့္ ရခုိင္ဘက္ကုိ ဆုတ္ေျပးခဲ့ပါတယ္။ လမ္းမွာပဲ မနာမက်န္းျဖစ္ၿပီး ကြယ္လြန္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ရွင္ဘုိ႔မယ္ဟာ အင္း၀ကုိ မျပန္ေတာ့ပဲ ေရႊစက္ေတာ္အရပ္မွာတပ္ခ်ၿပီးေနခဲ့ပါတယ္။

မုိးညွင္းသတုိးက ရွင္ဘုိ႔မယ္ကုိ တခမ္းတနားနဲ႔ ေခၚယူေစခဲ့ပါတယ္။ ရွင္ဘုိ႔မယ္ေရာက္လာတဲ့အခါ မုိးညွင္းသတုိးက ေလွဆိပ္ကုိဆင္းႀကဳိၿပီး က်န္းမာပါစ လုိ႔ေမးတဲ့အခါ ရွင္ဘုိ႔မယ္က”ကြ်န္ေစာ္နံတယ္” ဆုိၿပီးမ်က္ႏွာလြဲပါတယ္။ မုိးညွင္းသတုိးကုိ ကြ်န္လုိ႔ေျပာရတာအေၾကာင္းရွိပါတယ္။ မုိးညွင္းသတုိးဟာ လည္း အႏွစ္ ၄၀ စစ္ပြဲအတြင္းက နာမည္ေက်ာ္စစ္သူႀကီး တစ္ေယာက္ျဖစ္ခဲ့သူပါ။ ပန္းေက်ာ္ေခ်ာင္းမွာ သစၥာျပဳရင္း လဂြန္းအိမ္ကုိ သစၥာမွန္သေလာလုိ႔ ေမးခဲ့သူဟာ မုိးညွင္းသတုိးပါ။ ဒါေပမယ့္သူဟာ ဘုရင္မင္းေခါင္ရဲ႕ သာမန္စစ္သားကေန စစ္သူႀကီးျဖစ္လာခဲ့သူမုိ႔ မိဖုရားျဖစ္တဲ့ ရွင္ဘုိ႔မယ္က ကြ်န္လုိ႔ေခၚလုိက္တာပဲ ျဖစ္ပါတယ္။ သေဘာထားျပည့္၀တဲ့ ဘုရင္ျဖစ္တာေၾကာင့္ မုိးညွင္းသတုိးဟာ ရွင္ဘုိ႔မယ္ကုိ အျပစ္မယူခဲ့ပဲ နန္းေတာ္တြင္းမွာပဲ အိမ္တစ္ေဆာင္ေဆာက္ေနေစခဲ့ပါေတာ့တယ္။

ရွင္ဘုိ႔မယ္ လက္ဆက္ခဲ့သူမ်ားရတာကေတာ့ ဘုရင္မင္းေခါင္ေနာက္ပိုင္း ဘုရင္ေတြရဲ႕ နန္းသက္တုိျခင္း ၊ နန္းတြင္းေရးရႈပ္ေထြးျခင္းမ်ားေၾကာင့္ပဲ ျဖစ္ပါတယ္။ ရွင္ဘုိ႔မယ္ကုိ ရုပ္ေခ်ာေပမယ့္ မာနႀကီးသူ ေမာက္မာသူအျဖစ္ သမုိင္းဆရာမ်ားက သတ္မွတ္ထားပါတယ္။ ဒါေတြကေတာ့ မင္းငါးဆက္တုိင္ လက္ဆက္ခဲ့သူရွင္ဘုိ႔မယ္ရဲ႕အေၾကာင္းေတြပါပဲ။

Ref:
ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္း – ႏုိင္ပန္းလွ
ရာဇ၀င္ထဲက မိန္းမသားမ်ား – ေဒါက္တာမတင္၀င္း


မင်းငါးဆက်တိုင် မိဖုရားမြှောက်ခြင်းကိုခံရသူ (သို့) ရှင်ဘို့မယ် (unicode)

=======================

ရှင်ဘို့မယ်လို့ ဆိုလိုက်ရင် “မင်းဆက်ငါးသွယ် ရှင်ဘို့မယ် ၊ နန်းလယ်တင့်သည်သာ” ဆိုတဲ့စာချိုးအတိုင်း မင်းငါးဆက်တိုင် မိဖုရားမြှောက်ခံခဲ့ရသူဖြစ်ကြောင့် ကြားဖူးကြမှာပါ။ ရှင်ဘို့မယ်ဟာ မင်းကြီးစွာစော်ကဲရဲ့ မြေးတော်စပ်သူဖြစ်ပါတယ်။

ရှင်ဘို့မယ်နဲ့ ပထမဆုံး လက်ဆက်ခဲ့သူက အင်းဝ-ဟံသာဝတီ နှစ်လေးဆယ် စစ်ပွဲထဲက အင်းဝ ဘုရင် မင်းခေါင်ဖြစ်ပါတယ်။ ဘုရင်မင်းခေါင် ဟာ ရှင်ဘို့မယ်ရဲ့ ဦးလေးတော်သူ ဖြစ်ပါတယ်။ ဘုရင်မင်းခေါင်ကွယ်လွန်ပြီး နန်းတက်ခဲ့သူ ဆင်ဖြူရှင် သီဟသူကလည်း မိထွေးတော် ရှင်ဘို့မယ်ကို မိဖုရားထပ်မြှောက်ပြန်ပါတယ်။ သီဟသူပြီးတဲ့နောက် မင်းလှငယ် ၊ ကလေးကျေးတောင်ညိုမင်း နဲ့ မိုးညှင်းသတိုးတို့ဟာ ရှင်ဘို့မယ်ကို ဆက်လက်ပြီး မိဖုရားမြှောက်ကြပြန်ပါတယ်။

ပထမဆုံး ဘုရင်မင်းခေါင်နဲ့ လက်ထပ်စဉ်က ရှင်ဘို့မယ်ဟာ အသက် ၁၇ ၊ ၁၈ နှစ်လောက်ပဲ ရှိပါသေးတယ်။ ဘုရင်မင်းခေါင်ဆိုတာကလည်း အဲဒီအချိန်က ရာဇာဓိရာဇ်နဲ့ စစ်ပြိုင်နေသူပါ။ ရာဇာဓိရာဇ်ကို တိုက်ဖို့အောက်မြန်မာပြည်ကို စစ်ချီတဲ့အခါ မိဖုရား ၊ မင်းညီမင်းသားတွေကိုပါ လိုက်ပါစေပါတယ်။ အဲဒီစစ်ပွဲမှာ ဘုရင်မင်းခေါင်ရှုံးပြီး တပ်ဆုတ်ခဲ့ရပါတယ်။ အပြေးအလွှားဆုတ်တဲ့အချိန်မှာ ရှင်ဘို့မယ်ဟာ ဆင်ပေါ်က ပြုတ်ကျကျန်ခဲ့ပါတယ်။ နောက်ကလည်း ဟံသာဝတီ တပ်တွေလိုက်တိုက်ခိုက်နေတာကြောင့် ရှင်ဘို့မယ်ဟာ ပုန်းအောင်နေခဲ့ပါတယ်။ အချိန်တော်တော်ကြာတဲ့အခါမှာ နောက်ဆုံးကနေ ဆုတ်လာတဲ့ ဘုရင့်ဆင်တော် ရဲမြတ်စွာကို တွေ့တဲ့အခါအော်ဟစ်အကူအညီတောင်းပါတယ်။ ဒီအချိန်မှာပဲ ဆင်ပေါ်က ဆင်ကဲက “ငါတော့ဘေးရောက်ပြီ ၊ မင်းသတိထားပါ” လို့ ဆင်ဦးစီးကိုပြောလိုက်ပါတယ်။ အကြောင်းကတော့ မိဖုရားကို မကယ်ခဲ့လို့ ဘုရင်သိသွားရင်လည်း အသတ်ခံရမယ် ၊ ကယ်သွားပြန်ပါကလည်း လမ်းခရီးမှာ မိဖုရားနဲ့ မသင်္ကာဖြစ်ရင်လည်း အသတ်ခံရမှာပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ ဆင်ကဲတို့ဟာ ရှင်ဘို့မယ်ကို ကယ်ခဲ့ပါတယ်။ လမ်းခရီးတစ်ဝက်မှာ နားတဲ့အခါ ရှင်ဘို့မယ်ကို လင့်စင်ပေါ်မှာ အိပ်စေပြီး သူတို့ကတော့ အောက်မှာပဲ အိပ်ပါတယ်။ ဘုရင်မင်းခေါင်ကတော့ မိဖုရားတစ်ပါး ရှင်မိနောက်အဖမ်းခံရတဲ့ သတင်းကိုကြားပြီး ရှင်ဘို့မယ်အကြောင်းကို မကြားရတဲ့အတွက် ခေါင်းမီးတောက်နေပါတယ်။ ရှင်ဘို့မယ်ကို ဆင်ကဲ ကယ်လာတာတွေ့တော့ စစ်ဆေးမေးမြန်းပြီး ယုံကြည်တဲ့အတွက် ဆင်ကဲတို့ကို ဆုတွေချီးမြှင့်လိုက်ပါတယ်။

ဒါပေမယ့် ဘုရင်မင်းခေါင်ဟာ အူတိုတတ်သူဖြစ်လေတော့ မကြာခဏ အဲဒီအကြောင်းကိုမေးပါတယ်။ မေးတိုင်းလည်း ရှင်ဘို့မယ်က ဘာမှမဖြစ်တဲ့အကြောင်းဖြေပါတယ်။ တစ်နေ့ ရှင်ဘို့မယ်ဟာ ဘုရင်နဲ့အတူထိုင်စဉ် ကွမ်းသီးညှပ်ရာမှာ ကွမ်းညှပ်ကလက်ကိုထိတဲ့အခါ ‘အို ဆင်ကဲကယ်ပါ’ လို့ ယောင်မိတဲ့အခါ ချက်ချင်းပဲ ဆင်ကဲကို သတ်စေခဲ့ပါတယ်။ သက်ဦးစံပိုင်စနစ်အောက်မှာ အပြစ်မရှိတဲ့ ဆင်ကဲသေသွားရပါတယ်။ သူ့ကြောင့်ဆင်ကဲ သေရတယ်ဆိုပြီး ရှင်ဘို့မယ်ဟာမြေပေါ်မှာ ဣန္ဒြေပျက်လောက်အောင်ကို လူးလှိမ့်ပြီးငိုတယ်လို့ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းမှာ ရေးထားပါတယ်။ ဒီလိုနဲ့ရှင်ဘို့မယ်ဟာ ဘုရင်မင်းခေါင်ရဲ့ မိဖုရားအဖြစ်နှစ်ပေါင်း ၂၀ကျော်နေခဲ့ပါတယ်။

မင်းခေါင်ကွယ်လွန်တဲ့အခါ သီဟသူနန်းတက်ခဲ့ပြီး မိထွေးတော်ရှင်ဘို့မယ်ကို မိဖုရားထပ်မြှောက်ပြန်ပါတယ်။ နန်းသက် ၄နှစ်အရောက်မှာ စစ်ပွဲအတွင်းကျဆုံးခဲ့ပါတယ်။ သီဟသူ ပြီးတဲ့နောက်မှာ သားတော်မင်းလှငယ် နန်းတက်ပါတယ်။ မင်းလှငယ်ရဲ့ အသက်က ၉နှစ် သာ ရှိပါသေးတယ်။ မှူးမတ်တွေက နန်းတင်ပြီး ဘုရင်လုပ်ခိုင်းတဲ့အတွက် ဘုရင်ဖြစ်ခဲ့ပြီး ရှင်ဘို့မယ်ဟာ ထုံးစံအရ မိဖုရားဖြစ်လာပါတယ်။ မင်းလှငယ်ဟာလည်း နန်းသက် ၃လမှာပဲ အဆိပ်မိပြီး ကွယ်လွန်ခဲ့ပြန်ပါတယ်။ (ရှင်ဘို့မယ်ဟာ ကလေးကျေးတောင်ညိုကို ခေါ်ယူပြီး မင်းလှငယ်ကို အဆိပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်)

မင်းလှငယ်ရဲ့နောက်မှာ တက်လာသူကတော့ ကလေးကျေးတောင်ညိုဖြစ်ပါတယ်။ သူဟာ ရှင်ဘို့မယ်ရဲ့ ငယ်ချစ်ဖြစ်ပါတယ်။ သူလည်း နန်းတက် ၇လအရောက်မှာ မိုးညှင်းသတိုးလာရောက်တိုက်ခိုက်တာကြောင့် ရခိုင်ဘက်ကို ဆုတ်ပြေးခဲ့ပါတယ်။ လမ်းမှာပဲ မနာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်။ အဲဒီနောက်တော့ ရှင်ဘို့မယ်ဟာ အင်းဝကို မပြန်တော့ပဲ ရွှေစက်တော်အရပ်မှာတပ်ချပြီးနေခဲ့ပါတယ်။

မိုးညှင်းသတိုးက ရှင်ဘို့မယ်ကို တခမ်းတနားနဲ့ ခေါ်ယူစေခဲ့ပါတယ်။ ရှင်ဘို့မယ်ရောက်လာတဲ့အခါ မိုးညှင်းသတိုးက လှေဆိပ်ကိုဆင်းကြိုပြီး ကျန်းမာပါစ လို့မေးတဲ့အခါ ရှင်ဘို့မယ်က”ကျွန်စော်နံတယ်” ဆိုပြီးမျက်နှာလွဲပါတယ်။ မိုးညှင်းသတိုးကို ကျွန်လို့ပြောရတာအကြောင်းရှိပါတယ်။ မိုးညှင်းသတိုးဟာ လည်း အနှစ် ၄၀ စစ်ပွဲအတွင်းက နာမည်ကျော်စစ်သူကြီး တစ်ယောက်ဖြစ်ခဲ့သူပါ။ ပန်းကျော်ချောင်းမှာ သစ္စာပြုရင်း လဂွန်းအိမ်ကို သစ္စာမှန်သလောလို့ မေးခဲ့သူဟာ မိုးညှင်းသတိုးပါ။ ဒါပေမယ့်သူဟာ ဘုရင်မင်းခေါင်ရဲ့ သာမန်စစ်သားကနေ စစ်သူကြီးဖြစ်လာခဲ့သူမို့ မိဖုရားဖြစ်တဲ့ ရှင်ဘို့မယ်က ကျွန်လို့ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ သဘောထားပြည့်ဝတဲ့ ဘုရင်ဖြစ်တာကြောင့် မိုးညှင်းသတိုးဟာ ရှင်ဘို့မယ်ကို အပြစ်မယူခဲ့ပဲ နန်းတော်တွင်းမှာပဲ အိမ်တစ်ဆောင်ဆောက်နေစေခဲ့ပါတော့တယ်။

ရှင်ဘို့မယ် လက်ဆက်ခဲ့သူများရတာကတော့ ဘုရင်မင်းခေါင်နောက်ပိုင်း ဘုရင်တွေရဲ့ နန်းသက်တိုခြင်း ၊ နန်းတွင်းရေးရှုပ်ထွေးခြင်းများကြောင့်ပဲ ဖြစ်ပါတယ်။ ရှင်ဘို့မယ်ကို ရုပ်ချောပေမယ့် မာနကြီးသူ မောက်မာသူအဖြစ် သမိုင်းဆရာများက သတ်မှတ်ထားပါတယ်။ ဒါတွေကတော့ မင်းငါးဆက်တိုင် လက်ဆက်ခဲ့သူရှင်ဘို့မယ်ရဲ့အကြောင်းတွေပါပဲ။

Ref:
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း – နိုင်ပန်းလှ
ရာဇဝင်ထဲက မိန်းမသားများ – ဒေါက်တာမတင်ဝင်း

Leave a Reply