ကုိယ္အဖမ္းခံမယ့္ေထာင္ကုိ ကုိယ္တုိင္စိတ္တုိင္းက်ေဆာက္လုပ္ခဲ့သူႀကီး (သုိ႔) စိတ္၀င္စားစရာအျပည့္နဲ႔ ကမာၻေက်ာ္ဘိန္းဘုရင္ႀကီးရဲ႕အေၾကာင္း

Posted on

ကမာၻေပၚမွာ ဘိန္းရာဇာ ဘိန္းဘုရင္ေတြအမ်ားႀကီးရွိတဲ့အထဲမွာ ကုိလံဘီယာ ဘိန္းဘုရင္ ပါဘလုိ အက္စ္ကုိဘား က နာမည္အႀကီးဆုံးျဖစ္မယ္ထင္ပါတယ္။ Drug lord တစ္ေယာက္ျဖစ္တဲ့သူ႔ကုိ ဘိန္းဘုရင္ ဆုိတာထက္ ကိုကင္းအဓိကလုပ္တဲ့အတြက္ ကုိကင္းဘုရင္လုိ႔ပဲေခၚၾကပါတယ္။ စိတ္၀င္စားစရာေတြနဲ႔ ျပည့္ေနတဲ့သူရဲ႕အေၾကာင္းအခ်ဳိ႕ကို သုတဇုန္ မိတ္ေဆြမ်ားအတြက္ ဗဟုသုတအျဖစ္ ေရးသားမွ်ေ၀လုိက္ပါတယ္။

နာမည္အျပည့္အစုံ Pablo Emilio Escobar Gaviria လုိ႔ေခၚတဲ့ အက္စ္ကုိဘား ဟာ ကုိလံဘီယာႏုိင္္ငံသားတစ္ေယာက္ျဖစ္ၿပီး ၁၉၄၉ခုႏွစ္ ဒီဇင္ဘာ ၁ရက္ေန႔မွာေမြးဖြားခဲ့ပါတယ္။ ဖခင္ကလယ္သမား ၊ မိခင္က မူလတန္းျပဆရာျဖစ္ၿပီး သားသမီး ၇ေယာက္ရွိတဲ့သူတုိ႔မိသားစုဟာ အလြန္ဆင္းရဲခဲ့ပါတယ္။ တခါက ဆင္းရဲလုိ႔ ျပသနာေပါင္းစုံနဲ႔ စိတ္ညစ္ေနတဲ့ မိခင္ျဖစ္သူကို ၅ႏွစ္သားအရြယ္ အက္စ္ကုိဘားေလးက စကားတစ္ခြန္းေျပာခဲ့ပါတယ္။

“အေမ စိတ္မညစ္ပါနဲ႔ ၊ သားႀကီးတဲ့အထိအားတင္းထား ၊ သားႀကီးလာရင္ ကမာၻေပၚက အေမလိုခ်င္တာမွန္သမွ်ကို ဖန္တီးေပးမယ္” သူေျပာခဲ့တဲ့ စကားအတုိင္း သူႀကီးလာတဲ့အခါ ခ်စ္သူခင္သူအားလုံးကို အေကာင္းဆုံးအရာေတြေပးႏုိင္ခဲ့တယ္။ ဒါေပမယ့္ သမာအာဇီ၀နည္းလမ္းနဲ႔ေတာ့ မဟုတ္ခဲ့ပါဘူး။

ငယ္ငယ္ထဲက ဗီဇပါခဲ့တဲ့ အက္စ္ကုိဘားေလးဟာ ဆယ္ေက်ာ္သက္အရြယ္မွာ တင္ မေကာင္းမႈေတြကုိ စလုပ္ခဲ့ပါတယ္။ သခၤ်ဳိင္းက ကဗၺည္းေက်ာက္တုံးေတြကုိ ခုိးယူေရာင္းစားေလ့ရွိပါတယ္။ မိဘေတြကေက်ာင္းထားေပးလုိ႔ တကၠသုိလ္ေရာက္ခဲ့ေပမယ့္ ၿပီးေအာင္မတက္ခဲ့ပဲ ဒုဇရုိက္ေလာကထဲကုိ ေျခစုန္ပစ္၀င္ခဲ့ပါတယ္။ အသက္ ၂၀ ၀န္းက်င္မွာ မေကာင္းမႈ မွန္သမွ်စလုပ္ပါေတာ့တယ္။ မူးယစ္ေဆး၀ါးသယ္တယ္ ျဖန္႔တယ္ ၊ ကားခုိးတယ္ ၊ ျပန္ေပးဆြဲတယ္ ၊ စီးကရက္ေမွာင္ခုိသြင္းတယ္ စတဲ့အလုပ္ေတြပါ။ ပထမဆုံးျပန္ေပးဆြဲခဲ့ရာမွာ ေဒၚလာ ၁သိန္းရခဲ့ပါတယ္။

တစ္ဖက္က မေကာင္းမႈမွန္သမွ်လုပ္သလုိ တစ္ဖက္ကလည္း အရာရွိေတြကုိ လုိေလေစမရွိေအာင္ ေပးကမ္းစည္းရုံးႏုိင္ခဲ့တဲ့အတြက္ သူဟာ တစထက္တစ ခ်မ္းသာလာခဲ့ၿပီး အသက္ ၂၀ေက်ာ္ အရြယ္မွာတင္ သန္းၾကြယ္သူေဌးျဖစ္လာခဲ့ပါတယ္။ သူအသက္ ၂၇အရြယ္မွာ ၁၅ႏွစ္သာ ရွိေသးတယ္ Maria Victoria Henao ဆုိတဲ့ေကာင္မေလးနဲ႔ လက္ထပ္ခဲ့ပါတယ္။ သူ႔သူငယ္ခ်င္းရဲ႕ညီမျဖစ္ၿပီး အက္စ္ကုိဘားနဲ႔ စေတြ႔တဲ့အခ်ိန္မွာ ၁၃ႏွစ္သာ ရွိေသးၿပီးေနာက္ ၂ႏွစ္အၾကာမွာ လက္ထပ္ခဲ့တာျဖစ္ပါတယ္။ သူတုိ႔ႏွစ္ဦးဟာ Juan Pablo နဲ႔ Manuela ဆုိတဲ့ သားသမီးႏွစ္ေယာက္ ရခဲ့ပါတယ္။

လည္လြန္းပတ္လြန္းတဲ့ သူဟာ တစ္ႀကိမ္အဖမ္းခံခဲ့ရပါေသးတယ္။ ကုိကင္း ၃၉ ေပါင္နဲ႔ အတူ အဖမ္းခံခဲ့ရတာပဲ ျဖစ္ပါတယ္။ လာဘ္ထုိးေပမယ့္ တရားသူႀကီးက ခြင့္မလႊတ္တဲ့အျပင္ ရဲအရာရွိႏွစ္ေယာက္ကုိ သတ္ခဲ့တဲ့အမႈကုိ ထပ္ေပါင္းစြဲဆုိခဲ့ပါတယ္။ ဒီျပစ္မႈေၾကာင့္ သူေထာင္က်သြားခဲ့ေပမယ့္ အေပးအကမ္းေကာင္းတာေၾကာင့္ လအနည္းငယ္သာ က်ၿပီးျပန္လြတ္လာခဲ့ပါတယ္။ အဲဒီကစလုိ႔ သူဟာ ျပစ္မႈေတြကုိ ပုိမုိဆုိးရြားစြာက်ဴးလြန္ခဲ့ပါတယ္။ ဒီအထဲမွာ အဆုိးဆုံးကေတာ့ လူေပါင္း ၄၀၀၀ေက်ာ္ကုိ သတ္ခဲ့တာပါ။

သူနဲ႔ မတည့္တဲ့ တရားသူႀကီးေတြ ၊ ရဲအရာရွိေတြ ၊ ၀န္ထမ္းေတြ ၊ အျခားမႈးယစ္ရာဇာေတြ ၊ သတင္းသမားေတြ အျပင္ အျပစ္မဲ့ျပည္သူေတြကိုပါ သတ္ျဖတ္ခဲ့တာပဲျဖစ္ပါတယ္။ လူ႔အသက္ကုိ ပုရြက္ဆိတ္တစ္ေကာင္ေလာက္သာ တန္ဖုိးထားခဲ့ပါတယ္။ သူ႔ကုိ ဒုကၡေပးႏုိင္တဲ့ ကုိလံဘီယာသမၼတေလာင္း Luis Carlos Galan စီးလာတဲ့ေလယာဥ္ကို ဗုံးခြဲလုပ္ႀကံေပမယ့္ သမၼတေလာင္းကေတာ့ လြတ္ေျမာက္သြားခဲ့ပါတယ္။ ဒါေပမယ့္ အျခားခရီသြား အျပစ္မဲ့သူ ၁၀၇ေယာက္ကေတာ့ ေသဆုံးခဲ့ပါတယ္။

သူဟာ အျခားသူေတြအေပၚမွာ ဆုိးမုိက္ရက္စက္ယုတ္မာလြန္းေပမယ့္ သူနဲ႔ခ်စ္သူခင္သူေတြအေပၚမွာေတာ့ မ်က္ႏွာတစ္ခ်က္မပ်က္ေစေလာက္ေအာင္ ဂရုစုိက္သူျဖစ္ပါတယ္။ တခါက ရဲေတြလုိက္လုိ႔ မိသားစုနဲ႔ အတူထြက္ေျပးရင္း သမီးျဖစ္သူ Manuela ေလးဟာ ခုိက္ခုိက္တုန္ေအာင္ခ်မ္းတဲ့အခါ သူ႔ရဲ႕ေငြ အေမရိကန္ေဒၚလာ ၂သန္းကို မီးရႈိ႕ကာ အေႏြးဓာတ္ရေစခဲ့ပါတယ္။

သမီးျဖစ္သူက တကယ္မရွိတဲ့ ဦးခ်ဳိတစ္ေခ်ာင္းနဲ႔ နတ္ျမင္း(Unicorn) ကိုလုိခ်င္တဲ့အခါ သူဟာ မျဖစ္ျဖစ္ေအာင္ ဖန္တီးေပးခဲ့ပါတယ္။ ရုိးရုိးျမင္းျဖဴတစ္ေကာင္ကို ဂ်ဳိတပ္ေပးၿပီး ေနာက္ဘက္မွာလည္း အေတာင္ပံကို တပ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ မၾကာခင္မွာပဲ ျမင္းေလးဟာ ေရာဂါပိုး၀င္ၿပီး ေသဆုံးသြားရပါတယ္။ မိသားစုကုိ အလြန္ခ်စ္ၿပီး သူ႔ရဲ႕ၿမဳိ႕ Medellín ကိုလည္း  လုိသမွ်အေဆာက္အဦးေတြေဆာက္တာ ၊ ၿမဳိ႕သူၿမဳိ႕သားေတြကုိေစာင့္ေရွာက္တာ ေပးကမ္းလွဴဒါန္းတာေတြကို မၾကာခဏလုပ္တတ္တဲ့အတြက္ သူဟာ သူ႔ၿမဳိ႕အတြက္ေတာ့ အခ်စ္ေတာ္ပါပဲ။ ၿမဳိ႕သူၿမဳိ႕သားေတြက သူ႔ကိုခ်စ္လြန္းၿပီး  သတင္းေတြေပးတဲ့ အတြက္ ရဲေတြလာဖမ္းတဲ့အခါ သူဟာ အၿမဲလြတ္သြားေလ့ရွိပါတယ္။ သူ႔ရဲ႕ၿမဳိ႕ကေတာ့သူ႔ကို ေရာ္ဘင္ဟုလုိ႔ အမည္ေပးထားပါတယ္။

သူ႔ရဲ႕ကုုိကင္းလုပ္ငန္းဟာ တေန႔တျခားပုိမုိႀကီးထြားလာခဲ့ၿပီး ေလယာဥ္ ၁၅စင္းနဲ႔ ရဟတ္ယာဥ္ ၆စင္း ၀ယ္ယူပုိ႔ေဆာင္ရတဲ့အထိျဖစ္လာပါတယ္။ အေမရိကန္ႏုိင္ငံထဲ ၀င္ေရာက္လာတဲ့ကုိကင္းစုစုေပါင္းရဲ႕ ၈၀% ဟာ သူ႔ဆီကျဖစ္ပါတယ္။ သူ႔ရဲ႕ေလယာဥ္မွဴးေတြဟာ ကမာၻ႔၀န္ေငြအေကာင္းဆုံးေလယာဥ္မွဴးေတြျဖစ္ၿပီး တခ်ဳိ႕ဆုိ တစ္ေန႔တည္းနဲ႔ ေဒၚလာ ၅သိန္းထိေအာင္ အက္စ္ကုိဘားက ေပးကမ္းေလ့ရွိပါတယ္။ ေလယာဥ္ေတြနဲ႔တင္မေလာက္လုိ႔ ေရငုပ္သေဘၤာႏွစ္စီး၀ယ္ယူၿပီး လုပ္ငန္းမွာသုံးခဲ့ပါေသးတယ္။ သူဟာ အဲဒီတုန္းက ေဒၚလာ ၃၀ဘီလ်ံအထိၾကြယ္၀ခဲ့ၿပီး ဒါဟာ ၂၀၁၆ေငြတန္ဖုိးနဲ႔ ဆုိရင္ ၅၅ဘီလ်ံတန္ဖုိးရွိပါတယ္။

ဘိန္းဘုရင္ေတြထဲမွာေတာ့ သူဟာ အခ်မ္းသာဆုံးျဖစ္ပါတယ္။ သူ႔ရဲ႕တစ္လရတဲ့ေငြကုိစည္းဖုိ႔သုံးတဲ့ သားေရကြင္းတန္ဖုိးတင္ ေဒၚလာ ၂၅၀၀ခန္႔ ကုန္သလုိ ႏွစ္စဥ္ေငြသန္းေပါင္းမ်ားစြာဟာ ၾကြက္ကုိက္တာ ျခစားတာနဲ႔ ပ်က္စီးေလ့ရွိပါတယ္။ အဲေလာက္အထိကုိ ခ်မ္းသာခဲ့တာပါ။ တျဖည္းျဖည္းခ်မ္းသာ လာတဲ့သူဟာ ေနာက္ပုိင္းမွာ ႏုိင္ငံေရးေလာကထဲကို ၀င္ခဲ့ပါေသးတယ္။ ဒုစရိုက္သမားႀကီးျဖစ္ေပမယ့္ ေထာက္ခံသူမ်ားၿပီး စည္းရုံးႏုိင္တဲ့အတြက္ ကုန္သည္ႀကီးမ်ားကုိယ္စားလွယ္အျဖစ္ေရြးခ်ယ္ခံခဲ့ရပါတယ္။

ဒါအျပင္ ႏုိင္ငံရဲ႕အေၾကြးေတြကုိ ဆပ္ေပးတဲ့အတြက္ အစုိးရက မခ်စ္ေသာ္လည္း ေအာင့္ကာ နမ္းေနရပါတယ္။ ဒါေပမယ့္ ႏုိင္ငံေရးထဲ၀င္ေရာက္လာေပမယ့္ သူဟာ သူ႔ရဲ႕ဒုစရုိက္လုပ္ငန္းေတြကုိ မရပ္တဲ့အတြက္ မၾကာမီမွာပဲ ကုိလံဘီယာ နဲ႔ အေမရိကန္ ႏွစ္ႏုိင္ငံလုံးရဲ႕ အဓိကလုိအပ္ေနတဲ့ ရန္သူႀကီးျဖစ္လာပါတယ္။ သူဟာ ဘယ္ေလာက္အထိ မခန္္႔သလဲဆုိရင္ သူ႔ကိုအေမရိကန္က လုိက္ဖမ္းေနတဲ့အခ်ိန္မွာေတာင္ အေမရိကန္ အိမ္ျဖဴေတာ္ေရွ႕ကုိ သားျဖစ္သူနဲ႔အတူ သြားခဲ့ပါေသးတယ္။

အေမရိကန္က သူ႔ကို အေသရရ အရွင္ရရလုိေနတဲ့အခ်ိန္မွာ အက္စ္ကုိဘားဟာ ကုိလံဘီယာအစုိးရ နဲ႔ ညွိႏႈိင္းမႈ တစ္ခုလုပ္ပါတယ္။ ဒါကေတာ့ သူဘာမွ မလုပ္ပဲ ေအးေအးေဆးေဆးေနမယ္။ သူ႔ကုိ အေမရိကန္ဆီလႊဲေျပာင္းမေပးရဘူး။ သူ၀င္မယ့္ေထာင္ကို သူကုိယ္တုိင္ေဆာက္မယ္ ဆုိတဲ့ ညွိႏႈိင္းမႈပါ။ အဲဒီေနာက္ေတာ့ သူဟာ  La Catedral ဆုိတဲ့ ဇိမ္ခံေထာင္ႀကီးကုိ စိတ္တုိင္းက်ေဆာက္ပါေတာ့တယ္။

သူေနဖုိ႔အတြက္ စံအိမ္ႀကီးေဆာက္ၿပီး ၊ ေလ့က်င့္ေရးစက္ေတြ ၊ ေရပူစမ္း ၊ စားေသာက္ဆုိင္ ၊ ကာစီႏုိရုံ ၊ ႏုိက္ကလပ္ စတာေတြအစုံပါတဲ့အျပင္ သားသမီးေတြ သူ႔ဆီအလည္လာတဲ့အခါ ကစားဖုိ႔ ကေလးကစားကြင္းပါ ပါ၀င္ပါတယ္။ ၀န္းထမ္းေတြကုိလည္း သူ႔စိတ္ႀကဳိက္ခန္႔ထားပါတယ္။ ဒါေပမယ့္ အၿငိမ္မေနတတ္တဲ့ အက္စ္ကုိဘားဟာ ေထာင္ထဲမွာတင္ မူးယစ္ေဆး၀ါးေရာင္း၀ယ္မႈကုိ ဆက္ဦးေဆာင္လုပ္ကုိင္ေနတဲ့အတြက္ ကုိလံဘီယာရဲတပ္ဖြဲ႔က ခြင့္မလႊတ္ေတာ့ပဲ၀င္စီးတဲ့အခါ ထြက္ေျပးခဲ့ပါတယ္။

အဲဒီေနာက္ေတာ့ ကုိလံဘီယာ နဲ႔ အေမရိကန္ႏွစ္ႏုိင္ငံေပါင္းၿပီး ရာဇ၀င္လူဆုိးႀကီးကုိ စဖမ္းပါေတာ့တယ္။ သူတုိ႔ဖြဲ႔လုိက္တဲ့အဖြဲ႔က Search Bloc ဆုိတဲ့အထူးအဖြဲ႔ျဖစ္ၿပီး အက္စ္ကုိဘားကို ဖမ္းမိဖုိ႔ ေထာက္လွမ္းပါေတာ့တယ္။ ပိပိရိရိေနထုိင္ခဲ့ေပမယ့္ ၁၉၉၃ခုႏွစ္မွာေတာ့ Search Bloc အဖြဲ႔ဟာ ေရဒီယုိဖုန္းက တစ္ဆင့္သူ႔ကုိ ေျခရာခံမိသြားၿပီးတဲ့ ေနာက္ ကုိလံဘီယာရဲတပ္ဖြဲ႔ရဲ႕ ပစ္ခတ္ဖမ္းဆီးခံလုိက္ရပါတယ္။

သူပစ္ခတ္ခံရၿပီး ေသဆုံးသြားတဲ့ေန႔ဟာ သူ႔ရဲ႕ ၄၄ႏွစ္ေျမာက္ေမြးေန႔ မတုိင္မီ တစ္ရက္အလုိျဖစ္ပါတယ္။(အခ်ဳိ႕ကေတာ့ အက္စ္ကုိဘားဟာ အသတ္ခံရျခင္းမဟုတ္ပဲ မိသားစုကုိျပန္ေပးဆြဲလုပ္ႀကံမွာစုိးတဲ့အတြက္ ကုိယ့္ကုိယ္ကုိ သတ္ေသသြားတယ္လုိ႔ ယုံၾကည္ေနၾကပါတယ္)။ အလြန္ဆုိးယုတ္တဲ့ မူးယစ္ရာဇာႀကီးျဖစ္ေပမယ့္ သူ႔ၿမဳိ႕ရဲ႕အခ်စ္ေတာ္ႀကီးျဖစ္တဲ့အတြက္ သူရဲ႕စ်ာပနကုိ လူေပါင္း ၂၅၀၀၀ေက်ာ္တက္ေရာက္ခဲ့ၾကပါတယ္။

သူ႔အေၾကာင္းကိုစာအုပ္မ်ားစြာ ေရးခဲ့ၾကသလုိ ရုပ္ရွင္နဲ႔ တီဗီစီးရီးေပါင္းမ်ားစြာ ျပန္လည္ရုိက္ကူးခဲ့ၿပီး အခုထိေျပာေနၾကတုန္းပါ။ အက္စ္ကုိဘားဟာ သူ႔ရဲေငြ သန္းရာေပါင္းမ်ားစြာကို ကိုလံဘီယာရဲ႕ေနရာအႏွံ႔မွာ ေပပါေတြထဲထည့္ကာ ေျမႀကီးထဲမွာ ျမဳပ္ႏွံခဲ့ပါေသးတယ္။ တခ်ဳိ႕ကံေကာင္းတဲ့သူေတြကေတာ့ သူျမဳပ္ထားတဲ့ေနရာကို တူးမိၿပီး သူေဌးျဖစ္သြားၾကပါတယ္။


ကိုယ်အဖမ်းခံမယ့်ထောင်ကို ကိုယ်တိုင်စိတ်တိုင်းကျဆောက်လုပ်ခဲ့သူကြီး (သို့) စိတ်ဝင်စားစရာအပြည့်နဲ့ ကမ္ဘာကျော်ဘိန်းဘုရင်ကြီးရဲ့အကြောင်း (unicode)

ကမ္ဘာပေါ်မှာ ဘိန်းရာဇာ ဘိန်းဘုရင်တွေအများကြီးရှိတဲ့အထဲမှာ ကိုလံဘီယာ ဘိန်းဘုရင် ပါဘလို အက်စ်ကိုဘား က နာမည်အကြီးဆုံးဖြစ်မယ်ထင်ပါတယ်။ Drug lord တစ်ယောက်ဖြစ်တဲ့သူ့ကို ဘိန်းဘုရင် ဆိုတာထက် ကိုကင်းအဓိကလုပ်တဲ့အတွက် ကိုကင်းဘုရင်လို့ပဲခေါ်ကြပါတယ်။ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေတဲ့သူရဲ့အကြောင်းအချို့ကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတအဖြစ် ရေးသားမျှဝေလိုက်ပါတယ်။

နာမည်အပြည့်အစုံ Pablo Emilio Escobar Gaviria လို့ခေါ်တဲ့ အက်စ်ကိုဘား ဟာ ကိုလံဘီယာနိုင်ငံသားတစ်ယောက်ဖြစ်ပြီး ၁၉၄၉ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ ဖခင်ကလယ်သမား ၊ မိခင်က မူလတန်းပြဆရာဖြစ်ပြီး သားသမီး ၇ယောက်ရှိတဲ့သူတို့မိသားစုဟာ အလွန်ဆင်းရဲခဲ့ပါတယ်။ တခါက ဆင်းရဲလို့ ပြသနာပေါင်းစုံနဲ့ စိတ်ညစ်နေတဲ့ မိခင်ဖြစ်သူကို ၅နှစ်သားအရွယ် အက်စ်ကိုဘားလေးက စကားတစ်ခွန်းပြောခဲ့ပါတယ်။ “အမေ စိတ်မညစ်ပါနဲ့ ၊ သားကြီးတဲ့အထိအားတင်းထား ၊ သားကြီးလာရင် ကမ္ဘာပေါ်က အမေလိုချင်တာမှန်သမျှကို ဖန်တီးပေးမယ်” သူပြောခဲ့တဲ့ စကားအတိုင်း သူကြီးလာတဲ့အခါ ချစ်သူခင်သူအားလုံးကို အကောင်းဆုံးအရာတွေပေးနိုင်ခဲ့တယ်။ ဒါပေမယ့် သမာအာဇီဝနည်းလမ်းနဲ့တော့ မဟုတ်ခဲ့ပါဘူး။

ငယ်ငယ်ထဲက ဗီဇပါခဲ့တဲ့ အက်စ်ကိုဘားလေးဟာ ဆယ်ကျော်သက်အရွယ်မှာ တင် မကောင်းမှုတွေကို စလုပ်ခဲ့ပါတယ်။ သင်္ချိုင်းက ကဗ္ဗည်းကျောက်တုံးတွေကို ခိုးယူရောင်းစားလေ့ရှိပါတယ်။ မိဘတွေကကျောင်းထားပေးလို့ တက္ကသိုလ်ရောက်ခဲ့ပေမယ့် ပြီးအောင်မတက်ခဲ့ပဲ ဒုဇရိုက်လောကထဲကို ခြေစုန်ပစ်ဝင်ခဲ့ပါတယ်။ အသက် ၂၀ ဝန်းကျင်မှာ မကောင်းမှု မှန်သမျှစလုပ်ပါတော့တယ်။ မူးယစ်ဆေးဝါးသယ်တယ် ဖြန့်တယ် ၊ ကားခိုးတယ် ၊ ပြန်ပေးဆွဲတယ် ၊ စီးကရက်မှောင်ခိုသွင်းတယ် စတဲ့အလုပ်တွေပါ။ ပထမဆုံးပြန်ပေးဆွဲခဲ့ရာမှာ ဒေါ်လာ ၁သိန်းရခဲ့ပါတယ်။

တစ်ဖက်က မကောင်းမှုမှန်သမျှလုပ်သလို တစ်ဖက်ကလည်း အရာရှိတွေကို လိုလေစေမရှိအောင် ပေးကမ်းစည်းရုံးနိုင်ခဲ့တဲ့အတွက် သူဟာ တစထက်တစ ချမ်းသာလာခဲ့ပြီး အသက် ၂၀ကျော် အရွယ်မှာတင် သန်းကြွယ်သူဌေးဖြစ်လာခဲ့ပါတယ်။ သူအသက် ၂၇အရွယ်မှာ ၁၅နှစ်သာ ရှိသေးတယ် Maria Victoria Henao ဆိုတဲ့ကောင်မလေးနဲ့ လက်ထပ်ခဲ့ပါတယ်။ သူ့သူငယ်ချင်းရဲ့ညီမဖြစ်ပြီး အက်စ်ကိုဘားနဲ့ စတွေ့တဲ့အချိန်မှာ ၁၃နှစ်သာ ရှိသေးပြီးနောက် ၂နှစ်အကြာမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Juan Pablo နဲ့ Manuela ဆိုတဲ့ သားသမီးနှစ်ယောက် ရခဲ့ပါတယ်။

လည်လွန်းပတ်လွန်းတဲ့ သူဟာ တစ်ကြိမ်အဖမ်းခံခဲ့ရပါသေးတယ်။ ကိုကင်း ၃၉ ပေါင်နဲ့ အတူ အဖမ်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ လာဘ်ထိုးပေမယ့် တရားသူကြီးက ခွင့်မလွှတ်တဲ့အပြင် ရဲအရာရှိနှစ်ယောက်ကို သတ်ခဲ့တဲ့အမှုကို ထပ်ပေါင်းစွဲဆိုခဲ့ပါတယ်။ ဒီပြစ်မှုကြောင့် သူထောင်ကျသွားခဲ့ပေမယ့် အပေးအကမ်းကောင်းတာကြောင့် လအနည်းငယ်သာ ကျပြီးပြန်လွတ်လာခဲ့ပါတယ်။ အဲဒီကစလို့ သူဟာ ပြစ်မှုတွေကို ပိုမိုဆိုးရွားစွာကျူးလွန်ခဲ့ပါတယ်။ ဒီအထဲမှာ အဆိုးဆုံးကတော့ လူပေါင်း ၄၀ဝ၀ကျော်ကို သတ်ခဲ့တာပါ။ သူနဲ့ မတည့်တဲ့ တရားသူကြီးတွေ ၊ ရဲအရာရှိတွေ ၊ ဝန်ထမ်းတွေ ၊ အခြားမှုးယစ်ရာဇာတွေ ၊ သတင်းသမားတွေ အပြင် အပြစ်မဲ့ပြည်သူတွေကိုပါ သတ်ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ လူ့အသက်ကို ပုရွက်ဆိတ်တစ်ကောင်လောက်သာ တန်ဖိုးထားခဲ့ပါတယ်။ သူ့ကို ဒုက္ခပေးနိုင်တဲ့ ကိုလံဘီယာသမ္မတလောင်း Luis Carlos Galan စီးလာတဲ့လေယာဉ်ကို ဗုံးခွဲလုပ်ကြံပေမယ့် သမ္မတလောင်းကတော့ လွတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမယ့် အခြားခရီသွား အပြစ်မဲ့သူ ၁၀၇ယောက်ကတော့ သေဆုံးခဲ့ပါတယ်။

သူဟာ အခြားသူတွေအပေါ်မှာ ဆိုးမိုက်ရက်စက်ယုတ်မာလွန်းပေမယ့် သူနဲ့ချစ်သူခင်သူတွေအပေါ်မှာတော့ မျက်နှာတစ်ချက်မပျက်စေလောက်အောင် ဂရုစိုက်သူဖြစ်ပါတယ်။ တခါက ရဲတွေလိုက်လို့ မိသားစုနဲ့ အတူထွက်ပြေးရင်း သမီးဖြစ်သူ Manuela လေးဟာ ခိုက်ခိုက်တုန်အောင်ချမ်းတဲ့အခါ သူ့ရဲ့ငွေ အမေရိကန်ဒေါ်လာ ၂သန်းကို မီးရှို့ကာ အနွေးဓာတ်ရစေခဲ့ပါတယ်။ သမီးဖြစ်သူက တကယ်မရှိတဲ့ ဦးချိုတစ်ချောင်းနဲ့ နတ်မြင်း(Unicorn) ကိုလိုချင်တဲ့အခါ သူဟာ မဖြစ်ဖြစ်အောင် ဖန်တီးပေးခဲ့ပါတယ်။ ရိုးရိုးမြင်းဖြူတစ်ကောင်ကို ဂျိုတပ်ပေးပြီး နောက်ဘက်မှာလည်း အတောင်ပံကို တပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ မြင်းလေးဟာ ရောဂါပိုးဝင်ပြီး သေဆုံးသွားရပါတယ်။ မိသားစုကို အလွန်ချစ်ပြီး သူ့ရဲ့မြို့ Medellín ကိုလည်း  လိုသမျှအဆောက်အဦးတွေဆောက်တာ ၊ မြို့သူမြို့သားတွေကိုစောင့်ရှောက်တာ ပေးကမ်းလှူဒါန်းတာတွေကို မကြာခဏလုပ်တတ်တဲ့အတွက် သူဟာ သူ့မြို့အတွက်တော့ အချစ်တော်ပါပဲ။ မြို့သူမြို့သားတွေက သူ့ကိုချစ်လွန်းပြီး  သတင်းတွေပေးတဲ့ အတွက် ရဲတွေလာဖမ်းတဲ့အခါ သူဟာ အမြဲလွတ်သွားလေ့ရှိပါတယ်။ သူ့ရဲ့မြို့ကတော့သူ့ကို ရော်ဘင်ဟုလို့ အမည်ပေးထားပါတယ်။

သူ့ရဲ့ကိုကင်းလုပ်ငန်းဟာ တနေ့တခြားပိုမိုကြီးထွားလာခဲ့ပြီး လေယာဉ် ၁၅စင်းနဲ့ ရဟတ်ယာဉ် ၆စင်း ဝယ်ယူပို့ဆောင်ရတဲ့အထိဖြစ်လာပါတယ်။ အမေရိကန်နိုင်ငံထဲ ဝင်ရောက်လာတဲ့ကိုကင်းစုစုပေါင်းရဲ့ ၈၀% ဟာ သူ့ဆီကဖြစ်ပါတယ်။ သူ့ရဲ့လေယာဉ်မှူးတွေဟာ ကမ္ဘာ့ဝန်ငွေအကောင်းဆုံးလေယာဉ်မှူးတွေဖြစ်ပြီး တချို့ဆို တစ်နေ့တည်းနဲ့ ဒေါ်လာ ၅သိန်းထိအောင် အက်စ်ကိုဘားက ပေးကမ်းလေ့ရှိပါတယ်။ လေယာဉ်တွေနဲ့တင်မလောက်လို့ ရေငုပ်သင်္ဘောနှစ်စီးဝယ်ယူပြီး လုပ်ငန်းမှာသုံးခဲ့ပါသေးတယ်။ သူဟာ အဲဒီတုန်းက ဒေါ်လာ ၃၀ဘီလျံအထိကြွယ်ဝခဲ့ပြီး ဒါဟာ ၂၀၁၆ငွေတန်ဖိုးနဲ့ ဆိုရင် ၅၅ဘီလျံတန်ဖိုးရှိပါတယ်။ ဘိန်းဘုရင်တွေထဲမှာတော့ သူဟာ အချမ်းသာဆုံးဖြစ်ပါတယ်။ သူ့ရဲ့တစ်လရတဲ့ငွေကိုစည်းဖို့သုံးတဲ့ သားရေကွင်းတန်ဖိုးတင် ဒေါ်လာ ၂၅၀ဝခန့် ကုန်သလို နှစ်စဉ်ငွေသန်းပေါင်းများစွာဟာ ကြွက်ကိုက်တာ ခြစားတာနဲ့ ပျက်စီးလေ့ရှိပါတယ်။ အဲလောက်အထိကို ချမ်းသာခဲ့တာပါ။

တဖြည်းဖြည်းချမ်းသာ လာတဲ့သူဟာ နောက်ပိုင်းမှာ နိုင်ငံရေးလောကထဲကို ဝင်ခဲ့ပါသေးတယ်။ ဒုစရိုက်သမားကြီးဖြစ်ပေမယ့် ထောက်ခံသူများပြီး စည်းရုံးနိုင်တဲ့အတွက် ကုန်သည်ကြီးများကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ ဒါအပြင် နိုင်ငံရဲ့အကြွေးတွေကို ဆပ်ပေးတဲ့အတွက် အစိုးရက မချစ်သော်လည်း အောင့်ကာ နမ်းနေရပါတယ်။ ဒါပေမယ့် နိုင်ငံရေးထဲဝင်ရောက်လာပေမယ့် သူဟာ သူ့ရဲ့ဒုစရိုက်လုပ်ငန်းတွေကို မရပ်တဲ့အတွက် မကြာမီမှာပဲ ကိုလံဘီယာ နဲ့ အမေရိကန် နှစ်နိုင်ငံလုံးရဲ့ အဓိကလိုအပ်နေတဲ့ ရန်သူကြီးဖြစ်လာပါတယ်။ သူဟာ ဘယ်လောက်အထိ မခန့်သလဲဆိုရင် သူ့ကိုအမေရိကန်က လိုက်ဖမ်းနေတဲ့အချိန်မှာတောင် အမေရိကန် အိမ်ဖြူတော်ရှေ့ကို သားဖြစ်သူနဲ့အတူ သွားခဲ့ပါသေးတယ်။

အမေရိကန်က သူ့ကို အသေရရ အရှင်ရရလိုနေတဲ့အချိန်မှာ အက်စ်ကိုဘားဟာ ကိုလံဘီယာအစိုးရ နဲ့ ညှိနှိုင်းမှု တစ်ခုလုပ်ပါတယ်။ ဒါကတော့ သူဘာမှ မလုပ်ပဲ အေးအေးဆေးဆေးနေမယ်။ သူ့ကို အမေရိကန်ဆီလွှဲပြောင်းမပေးရဘူး။ သူဝင်မယ့်ထောင်ကို သူကိုယ်တိုင်ဆောက်မယ် ဆိုတဲ့ ညှိနှိုင်းမှုပါ။ အဲဒီနောက်တော့ သူဟာ  La Catedral ဆိုတဲ့ ဇိမ်ခံထောင်ကြီးကို စိတ်တိုင်းကျဆောက်ပါတော့တယ်။ သူနေဖို့အတွက် စံအိမ်ကြီးဆောက်ပြီး ၊ လေ့ကျင့်ရေးစက်တွေ ၊ ရေပူစမ်း ၊ စားသောက်ဆိုင် ၊ ကာစီနိုရုံ ၊ နိုက်ကလပ် စတာတွေအစုံပါတဲ့အပြင် သားသမီးတွေ သူ့ဆီအလည်လာတဲ့အခါ ကစားဖို့ ကလေးကစားကွင်းပါ ပါဝင်ပါတယ်။ ဝန်းထမ်းတွေကိုလည်း သူ့စိတ်ကြိုက်ခန့်ထားပါတယ်။ ဒါပေမယ့် အငြိမ်မနေတတ်တဲ့ အက်စ်ကိုဘားဟာ ထောင်ထဲမှာတင် မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ဆက်ဦးဆောင်လုပ်ကိုင်နေတဲ့အတွက် ကိုလံဘီယာရဲတပ်ဖွဲ့က ခွင့်မလွှတ်တော့ပဲဝင်စီးတဲ့အခါ ထွက်ပြေးခဲ့ပါတယ်။

အဲဒီနောက်တော့ ကိုလံဘီယာ နဲ့ အမေရိကန်နှစ်နိုင်ငံပေါင်းပြီး ရာဇဝင်လူဆိုးကြီးကို စဖမ်းပါတော့တယ်။ သူတို့ဖွဲ့လိုက်တဲ့အဖွဲ့က Search Bloc ဆိုတဲ့အထူးအဖွဲ့ဖြစ်ပြီး အက်စ်ကိုဘားကို ဖမ်းမိဖို့ ထောက်လှမ်းပါတော့တယ်။ ပိပိရိရိနေထိုင်ခဲ့ပေမယ့် ၁၉၉၃ခုနှစ်မှာတော့ Search Bloc အဖွဲ့ဟာ ရေဒီယိုဖုန်းက တစ်ဆင့်သူ့ကို ခြေရာခံမိသွားပြီးတဲ့ နောက် ကိုလံဘီယာရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖမ်းဆီးခံလိုက်ရပါတယ်။ သူပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့နေ့ဟာ သူ့ရဲ့ ၄၄နှစ်မြောက်မွေးနေ့ မတိုင်မီ တစ်ရက်အလိုဖြစ်ပါတယ်။(အချို့ကတော့ အက်စ်ကိုဘားဟာ အသတ်ခံရခြင်းမဟုတ်ပဲ မိသားစုကိုပြန်ပေးဆွဲလုပ်ကြံမှာစိုးတဲ့အတွက် ကိုယ့်ကိုယ်ကို သတ်သေသွားတယ်လို့ ယုံကြည်နေကြပါတယ်)။ အလွန်ဆိုးယုတ်တဲ့ မူးယစ်ရာဇာကြီးဖြစ်ပေမယ့် သူ့မြို့ရဲ့အချစ်တော်ကြီးဖြစ်တဲ့အတွက် သူရဲ့ဈာပနကို လူပေါင်း ၂၅၀ဝ၀ကျော်တက်ရောက်ခဲ့ကြပါတယ်။

သူ့အကြောင်းကိုစာအုပ်များစွာ ရေးခဲ့ကြသလို ရုပ်ရှင်နဲ့ တီဗီစီးရီးပေါင်းများစွာ ပြန်လည်ရိုက်ကူးခဲ့ပြီး အခုထိပြောနေကြတုန်းပါ။ အက်စ်ကိုဘားဟာ သူ့ရဲငွေ သန်းရာပေါင်းများစွာကို ကိုလံဘီယာရဲ့နေရာအနှံ့မှာ ပေပါတွေထဲထည့်ကာ မြေကြီးထဲမှာ မြုပ်နှံခဲ့ပါသေးတယ်။ တချို့ကံကောင်းတဲ့သူတွေကတော့ သူမြုပ်ထားတဲ့နေရာကို တူးမိပြီး သူဌေးဖြစ်သွားကြပါတယ်။

 

 

 

 

Leave a Reply