ႏွလုံးအစားထုိးမႈေတြထဲက အထူးဆန္းဆုံး ျဖစ္ရပ္တစ္ခု

Posted on

ယေန႔ကမာၻမွာ ႏွလုံးအစားထုိမႈ ေျမာက္မ်ားစြာကိုေအာင္ျမင္စြာလုပ္ေဆာင္ႏုိင္ေနပါၿပီ။ အမ်ားစုဟာ ပုံမွန္အတုိင္းေအာင္ျမင္သြားေပမယ့္ ျဖစ္ရပ္တစ္ခုကေတာ့ ထူးျခားပါတယ္။ ဒီထူးျခားတဲ့ျဖစ္ရပ္ဟာ ၁၉၈၈ခုနွစ္ ေမလ ၂၉ရက္ေန႔တုန္းက အေမရိကန္နယူးအဂၤလန္ျပည္နယ္မွာ ေနထုိင္တဲ့ Claire Sylvia ဆုိသူ အမ်ဳိးသမီးထံမွာျဖစ္ပြားခဲ့တာပါ။

ႏွလုံးမေကာင္းေတာ့တဲ့ ဒီအမ်ဳိးသမီးရဲ႕ႏွလုံးကို ဆရာ၀န္ေတြက ေအာင္ျမင္စြာ အစားထုိးေပးလုိက္ႏုိင္ပါတယ္။ သူမ အစားထုိးလုိက္တဲ့ႏွလုံးကေတာ့ ေမာ္ေတာ္ဆုိင္ကယ္မေတာ္တဆမႈျဖစ္ကာေသဆုံးခဲ့တဲ့ အသက္ ၁၈ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္ရဲ႕ ႏွလုံးျဖစ္ပါတယ္။ ဒါေပမယ့္ ဘယ္သူဆုိတာကုိ ဆရာ၀န္ေတြက ထုတ္ေဖာ္မေျပာတဲ့အတြက္ မသိခဲ့ပါဘူး။ ဒီလုိနဲ႔ ႏွလုံးအစားထုိးမႈ ေအာင္ျမင္ၿပီးတဲ့ေနာက္သူမဟာ ေဆးရုံက ဆင္းခဲ့ပါတယ္။ ဒါေပမယ့္ရက္အနည္းငယ္ၾကာတဲ့အခါမွာ ထူးျခားမႈေတြျဖစ္လာပါတယ္။ ဒါကေတာ့ သူမမွာ ယခင္ကမရွိခဲ့ဖူးတဲ့ အမူအက်င့္ေတြ ျဖစ္ေပၚလာတာပါ။

ယခင္က သူမအလြန္မုန္းတဲ့အစားအစာေတြကုိ ႏွစ္သက္ေနသလုိ ၊ လမ္းေလွ်ာက္တဲ့အခါမွာလည္း ပုံမွန္အတုိင္းမဟုတ္ပဲ ရင္ေကာ့ကာ ေလွ်ာက္မိေနေလ့ရွိပါတယ္။ ႀကဳိးစားျပဳျပင္ေပမယ့္ တစ္သက္လုံးလုပ္ခဲ့သလုိ ျပဳျပင္ရခက္ေနခဲ့ပါတယ္။ ဒါအျပင္အစပ္မုန္းတဲ့သူမဟာ ငရုတ္သီးစိမ္းေတြကုိ အားရပါးရစားလာတတ္တဲ့အျပင္ ဘီယာကိုျမင္ရင္ ေသာက္ခ်င္စိတ္အလြန္ျပင္းျပလာတတ္တာျဖစ္ပါတယ္။ ထူးဆန္းတဲ့ေနာက္တစ္ခုကေတာ့ သူမဟာ သူမတစ္ခါမွမေတြ႔ဖူးခဲ့တဲ့ Tim Lamirande လုိ႔အမည္ရတဲ့ေကာင္ေလးတစ္ေယာက္အေၾကာင္းကို ထပ္ခါထပ္ခါ အိပ္မက္မက္ေနတတ္တာပါ။ ဘာေၾကာင့္ ဒီလုိထူးထူးျခားျခားအက်င့္ေတြ သူမမွာ ျဖစ္လာခဲ့ရပါသလဲ..

သူမဟာ သူမအစားထုိးလုိက္တဲ့ႏွလုံးကုိ သံသယရွိၿပီးတဲ့ေနာက္ ႀကဳိးစားစုံစမ္းခဲ့တဲ့ အခါ လွဴဒါန္းသူရဲ႕မိသားစုကို သိသြားၿပီး သြားေတြ႔ခဲ့ပါတယ္။ ဒီအခါမွသာ သူမရဲ႕အမူအက်င့္ေတြဟာ မူလ ႏွလုံးပိုင္ရွင္နဲ႔ ဆက္စပ္ေနတာကို သိလုိက္ရပါတယ္။ ေသဆုံးသြားတဲ့ ႏွလုံးပိုင္ရွင္ေကာင္ေလးရဲ႕နာမည္က Tim Lamirande ျဖစ္ၿပီး သူမရုတ္တရက္ျဖစ္ေပၚလာခဲ့တဲ့ အမူအက်င့္အားလုံးဟာ ေကာင္ေလးရဲ႕အမူအက်င့္ေတြျဖစ္ေနခဲ့ပါတယ္။ သူမဟာ သူမရဲ႕ထူးဆန္းတဲ့အေတြ႔အႀကဳံမ်ားအေၾကာင္းကို စာအုပ္အျဖစ္ေရးသားခဲ့ပါတယ္။ ဒီစာအုပ္ကေတာ့ A Change of Heart ဆုိတဲ့ စာအုပ္ျဖစ္ပါတယ္။

ႏွလုံးအစားထုိးတဲ့ကိစၥမွာ ႏွလုံးမူလပိုင္ရွင္ရဲ႕ မူလအျပဳအမူ မွတ္ဥာဏ္ေတြဟာ ႏွလုံးနဲ႔အတူ အစားထုိးခံရသူထံပါလာတယ္ ဆုိတဲ့ျဖစ္ရပ္ပါ။ သူမရဲ႕စာအုပ္ကို လူေတြအလြန္စိတ္၀င္စားခဲ့ၾကၿပီး  ေရာင္းအားအေကာင္းဆုံးစာရင္း၀င္ခဲ့ကာ ဘာသာစကား ၁၂မ်ဳိးနဲ႔ ရုိက္ႏွိပ္ထုတ္ေ၀ခဲ့တဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။ ဒါေပမယ့္ ႏွလုံးအစားထုိးမႈေတြမွာ ဒီလုိ တစ္ခါမွမျဖစ္ခဲ့ဖူးတာေၾကာင့္ ပညာရွင္တခ်ဳိ႕ကေတာ့ လက္မခံခဲ့ပဲ ရွားပါးတဲ့တုိက္ဆုိင္မႈ တစ္ခုအျဖစ္သာ အသိအမွတ္ျပဳခဲ့ၾကပါတယ္။ Sylvia ကေတာ့ ေကာင္ေလးရဲ႕အမူအက်င့္ေတြနဲ႔သာ ေနထုိင္သြားခဲ့ရၿပီး အစားထုိးမႈျပဳလုပ္ၿပီးႏွစ္ေပါင္း ၂၁ႏွစ္အၾကာ အသက္ ၆၉ႏွစ္အရြယ္မွာ ကြယ္လြန္္ခဲ့ပါတယ္။


နှလုံးအစားထိုးမှုတွေထဲက အထူးဆန်းဆုံး ဖြစ်ရပ်တစ်ခု (unicode)

ယနေ့ကမ္ဘာမှာ နှလုံးအစားထိုမှု မြောက်များစွာကိုအောင်မြင်စွာလုပ်ဆောင်နိုင်နေပါပြီ။ အများစုဟာ ပုံမှန်အတိုင်းအောင်မြင်သွားပေမယ့် ဖြစ်ရပ်တစ်ခုကတော့ ထူးခြားပါတယ်။ ဒီထူးခြားတဲ့ဖြစ်ရပ်ဟာ ၁၉၈၈ခုနှစ် မေလ ၂၉ရက်နေ့တုန်းက အမေရိကန်နယူးအင်္ဂလန်ပြည်နယ်မှာ နေထိုင်တဲ့ Claire Sylvia ဆိုသူ အမျိုးသမီးထံမှာဖြစ်ပွားခဲ့တာပါ။

နှလုံးမကောင်းတော့တဲ့ ဒီအမျိုးသမီးရဲ့နှလုံးကို ဆရာဝန်တွေက အောင်မြင်စွာ အစားထိုးပေးလိုက်နိုင်ပါတယ်။ သူမ အစားထိုးလိုက်တဲ့နှလုံးကတော့ မော်တော်ဆိုင်ကယ်မတော်တဆမှုဖြစ်ကာသေဆုံးခဲ့တဲ့ အသက် ၁၈နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ နှလုံးဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူဆိုတာကို ဆရာဝန်တွေက ထုတ်ဖော်မပြောတဲ့အတွက် မသိခဲ့ပါဘူး။ ဒီလိုနဲ့ နှလုံးအစားထိုးမှု အောင်မြင်ပြီးတဲ့နောက်သူမဟာ ဆေးရုံက ဆင်းခဲ့ပါတယ်။ ဒါပေမယ့်ရက်အနည်းငယ်ကြာတဲ့အခါမှာ ထူးခြားမှုတွေဖြစ်လာပါတယ်။ ဒါကတော့ သူမမှာ ယခင်ကမရှိခဲ့ဖူးတဲ့ အမူအကျင့်တွေ ဖြစ်ပေါ်လာတာပါ။

ယခင်က သူမအလွန်မုန်းတဲ့အစားအစာတွေကို နှစ်သက်နေသလို ၊ လမ်းလျှောက်တဲ့အခါမှာလည်း ပုံမှန်အတိုင်းမဟုတ်ပဲ ရင်ကော့ကာ လျှောက်မိနေလေ့ရှိပါတယ်။ ကြိုးစားပြုပြင်ပေမယ့် တစ်သက်လုံးလုပ်ခဲ့သလို ပြုပြင်ရခက်နေခဲ့ပါတယ်။ ဒါအပြင်အစပ်မုန်းတဲ့သူမဟာ ငရုတ်သီးစိမ်းတွေကို အားရပါးရစားလာတတ်တဲ့အပြင် ဘီယာကိုမြင်ရင် သောက်ချင်စိတ်အလွန်ပြင်းပြလာတတ်တာဖြစ်ပါတယ်။ ထူးဆန်းတဲ့နောက်တစ်ခုကတော့ သူမဟာ သူမတစ်ခါမှမတွေ့ဖူးခဲ့တဲ့ Tim Lamirande လို့အမည်ရတဲ့ကောင်လေးတစ်ယောက်အကြောင်းကို ထပ်ခါထပ်ခါ အိပ်မက်မက်နေတတ်တာပါ။ ဘာကြောင့် ဒီလိုထူးထူးခြားခြားအကျင့်တွေ သူမမှာ ဖြစ်လာခဲ့ရပါသလဲ..

သူမဟာ သူမအစားထိုးလိုက်တဲ့နှလုံးကို သံသယရှိပြီးတဲ့နောက် ကြိုးစားစုံစမ်းခဲ့တဲ့ အခါ လှူဒါန်းသူရဲ့မိသားစုကို သိသွားပြီး သွားတွေ့ခဲ့ပါတယ်။ ဒီအခါမှသာ သူမရဲ့အမူအကျင့်တွေဟာ မူလ နှလုံးပိုင်ရှင်နဲ့ ဆက်စပ်နေတာကို သိလိုက်ရပါတယ်။ သေဆုံးသွားတဲ့ နှလုံးပိုင်ရှင်ကောင်လေးရဲ့နာမည်က Tim Lamirande ဖြစ်ပြီး သူမရုတ်တရက်ဖြစ်ပေါ်လာခဲ့တဲ့ အမူအကျင့်အားလုံးဟာ ကောင်လေးရဲ့အမူအကျင့်တွေဖြစ်နေခဲ့ပါတယ်။ သူမဟာ သူမရဲ့ထူးဆန်းတဲ့အတွေ့အကြုံများအကြောင်းကို စာအုပ်အဖြစ်ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ကတော့ A Change of Heart ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။

နှလုံးအစားထိုးတဲ့ကိစ္စမှာ နှလုံးမူလပိုင်ရှင်ရဲ့ မူလအပြုအမူ မှတ်ဉာဏ်တွေဟာ နှလုံးနဲ့အတူ အစားထိုးခံရသူထံပါလာတယ် ဆိုတဲ့ဖြစ်ရပ်ပါ။ သူမရဲ့စာအုပ်ကို လူတွေအလွန်စိတ်ဝင်စားခဲ့ကြပြီး  ရောင်းအားအကောင်းဆုံးစာရင်းဝင်ခဲ့ကာ ဘာသာစကား ၁၂မျိုးနဲ့ ရိုက်နှိပ်ထုတ်ဝေခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် နှလုံးအစားထိုးမှုတွေမှာ ဒီလို တစ်ခါမှမဖြစ်ခဲ့ဖူးတာကြောင့် ပညာရှင်တချို့ကတော့ လက်မခံခဲ့ပဲ ရှားပါးတဲ့တိုက်ဆိုင်မှု တစ်ခုအဖြစ်သာ အသိအမှတ်ပြုခဲ့ကြပါတယ်။ Sylvia ကတော့ ကောင်လေးရဲ့အမူအကျင့်တွေနဲ့သာ နေထိုင်သွားခဲ့ရပြီး အစားထိုးမှုပြုလုပ်ပြီးနှစ်ပေါင်း ၂၁နှစ်အကြာ အသက် ၆၉နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

Leave a Reply