ေသဆုံးသြားတဲ့ သခင့္အုတ္ဂူအနီးမွာ ၁၀ႏွစ္ေက်ာ္ မခြဲမခြာေနခဲ့သူ (သုိ႔) အစြဲအလန္းႀကီး သစၥာႀကီးလြန္းတဲ့ေခြးကေလး

Posted on

ေခြးေတြဟာ လူေတြရဲ႕သစၥာအရွိဆုံးအေဖာ္ဆုိတာ အားလုံးလက္ခံၿပီးျဖစ္မွာပါ။ သူ႔ကုိထားၿပီးေနာက္ ျပန္မလာေတာ့တဲ့သခင္ကုိ ရထားဘူတာမွာ ႏွစ္ေပါင္းမ်ားစြာ ေန႔စဥ္မပ်က္ေစာင့္ခဲ့တဲ့ ေခြးကေလးဟာခ်ီကုိရဲ႕ျဖစ္ရပ္ကေတာ့ ကမာၻမွာ အေက်ာ္ၾကားဆုံးျဖစ္ရပ္ပါ။ အခုေျပာျပမယ့္ ေခြကေလး ကတ္ပီတန္ရဲ႕ျဖစ္ရပ္ကလည္း ဟာခ်ီကိုလုိပါပဲ။ ကတ္ပီတန္ဟာ သခင္ျဖစ္သူရဲ႕အုတ္ဂူနားမွာ ၁၀ႏွစ္ေက်ာ္မခြဲမခြာပဲ ေနေနခဲ့လုိ႔ျဖစ္ပါတယ္။

ကာပီတန္ဟာ ဂ်ာမန္သုိးထိန္းေခြးေလးတစ္ေကာင္ျဖစ္ၿပီး သခင္ျဖစ္သူ Miguel Guzmán နဲ႔အတူ အာဂ်င္တီးနားႏုိင္ငံ Villa Carlos Paz ၿမဳိ႕မွာေနထုိင္ခဲ့ပါတယ္။ အလြန္လိမၼာၿပီး သိတတ္လြန္းတဲ့ေခြးျဖစ္တာေၾကာင့္ နာမည္ႀကီးတဲ့ေခြးတစ္ေကာင္ျဖစ္ပါတယ္။ ၂၀၀၆ ခုႏွစ္မွာေတာ့ သခင္ျဖစ္သူ Miguel ဟာ ေသဆုံးသြားခဲ့ပါတယ္။ သခင္ေသၿပီးတဲ့ေနာက္မွာ ေခြးကေလးလည္း အိမ္ကေနေပ်ာက္ဆုံးသြားခဲ့ပါတယ္။ ဒါေပမယ့္ မိသားစု၀င္ေတြဟာ Miguel ရဲ႕ အုတ္ဂူကုိေနာက္တစ္ႀကိမ္ေရာက္ခဲ့တဲ့အခါမွာေတာ့ ေခြးကေလး ကတ္ပီတန္ကုိ သူ႔သခင္ရဲ႕ အုတ္ဂူအနီးမွာ ေတြ႔လုိက္ရပါတယ္။ အားလုံးအံၾသသြားရတဲ့အေၾကာင္းကေတာ့ သခင္ေသဆုံးခဲ့တုန္းက သခင့္အုတ္ဂူကို မေရာက္ဖူးခဲ့တဲ့ေခြးကေလးဟာ အုတ္ဂူကိုဘယ္လုိရွာေတြ႔ေရာက္ရွိခဲ့သလဲ ဆုိတာပါ။ သခင္ျဖစ္သူရဲ႕အုတ္ဂူဟာ Carlos Paz ၿမဳိ႕မွာမဟုတ္ပဲ Cordoba ၿမဳိ႕မွာရွိေနပါတယ္။ ဒီၿမဳိ႕ႏွစ္ၿမဳိ႕ဟာ ၁၉မုိင္အကြာအေ၀းမွာ တည္ရွိပါတယ္။

သခင္ Miguel  ရဲ႕ ဇနီးနဲ႔ သားျဖစ္သူတုိ႔ဟာ ေခြးကေလးကို အိမ္ကိုျပန္ေခၚဖုိ႔ အႀကိမ္ႀကိိမ္ႀကဳိးစားခဲ့ပါတယ္။ ျပန္ျပန္ထြက္ေျပးသြားၿပီး သခင့္အုတ္ဂူနားမွာပဲေနေနတာေၾကာင့္ ေနာက္ဆုံးမွာေတာ့ လက္ေလွ်ာ့လုိက္ရၿပီး သခၤ်ဳိင္းက သုဘရာဇာတစ္ေယာက္ထံ အစာနဲ႔ က်န္းမာေရးေစာင့္ေရွာက္ေပးဖုိ႔ အပ္ထားလုိက္ရပါေတာ့တယ္။ ေခြးကေလးရဲ႕ သတင္းဟာ ၂၀၁၂ ခုႏွစ္ေလာက္မွာတည္းက သခင္ျဖစ္သူကုိ မစြန္႔ခြာတဲ့ေခြးကေလးအျဖစ္ ျပည္တြင္းသတင္းစာေတြမွာ ေဖာ္ျပခဲ့ပါတယ္။ အခု ၂၀၁၇ ရွိၿပီျဖစ္ၿပီး ေခြးကေလးသခင္ျဖစ္သူအုတ္ဂူအနီးမွာပဲ ေနထုိင္တာ ၁၀ႏွစ္ေက်ာ္သြားၿပီျဖစ္ပါတယ္။ အခုေတာ့ ေခြးကေလးဟာ အသက္ ၁၅ႏွစ္ေက်ာ္ၿပီျဖစ္တဲ့အတြက္ သန္စြမ္းမႈမရွိေတာ့တဲ့ ေခြးအုိႀကီးတစ္ေကာင္ျဖစ္ေနပါၿပီ။ ဒါေပမယ့္ သူ႔ရဲ႕အစြဲအလန္းႀကီးမႈ နဲ႔ သခင္ျဖစ္သူကုိ သစၥာႀကီးမႈကုိ ျပသေနဆဲပါ။ ေခြးအုိႀကီးျဖစ္လာတဲ့ ကတ္ပီတန္ဟာ သူ႔ရဲ႕ေနာက္ဆုံးအခ်ိန္ကုိလည္း သခင္ျဖစ္သူအုတ္ဂူအနီးမွာပဲ ေက်ာ္ျဖတ္သြားမွာပဲ လုိ႔ Miguel မိသားစု၀င္မ်ားက ဆုိပါတယ္။


————————-

သေဆုံးသွားတဲ့ သခင့်အုတ်ဂူအနီးမှာ ၁၀နှစ်ကျော် မခွဲမခွာနေခဲ့သူ (သို့) အစွဲအလန်းကြီး သစ္စာကြီးလွန်းတဲ့ခွေးကလေး (unicode)

ခွေးတွေဟာ လူတွေရဲ့သစ္စာအရှိဆုံးအဖော်ဆိုတာ အားလုံးလက်ခံပြီးဖြစ်မှာပါ။ သူ့ကိုထားပြီးနောက် ပြန်မလာတော့တဲ့သခင်ကို ရထားဘူတာမှာ နှစ်ပေါင်းများစွာ နေ့စဉ်မပျက်စောင့်ခဲ့တဲ့ ခွေးကလေးဟာချီကိုရဲ့ဖြစ်ရပ်ကတော့ ကမ္ဘာမှာ အကျော်ကြားဆုံးဖြစ်ရပ်ပါ။ အခုပြောပြမယ့် ခွေကလေး ကတ်ပီတန်ရဲ့ဖြစ်ရပ်ကလည်း ဟာချီကိုလိုပါပဲ။ ကတ်ပီတန်ဟာ သခင်ဖြစ်သူရဲ့အုတ်ဂူနားမှာ ၁၀နှစ်ကျော်မခွဲမခွာပဲ နေနေခဲ့လို့ဖြစ်ပါတယ်။

ကာပီတန်ဟာ ဂျာမန်သိုးထိန်းခွေးလေးတစ်ကောင်ဖြစ်ပြီး သခင်ဖြစ်သူ Miguel Guzmán နဲ့အတူ အာဂျင်တီးနားနိုင်ငံ Villa Carlos Paz မြို့မှာနေထိုင်ခဲ့ပါတယ်။ အလွန်လိမ္မာပြီး သိတတ်လွန်းတဲ့ခွေးဖြစ်တာကြောင့် နာမည်ကြီးတဲ့ခွေးတစ်ကောင်ဖြစ်ပါတယ်။ ၂၀ဝ၆ ခုနှစ်မှာတော့ သခင်ဖြစ်သူ Miguel ဟာ သေဆုံးသွားခဲ့ပါတယ်။ သခင်သေပြီးတဲ့နောက်မှာ ခွေးကလေးလည်း အိမ်ကနေပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် မိသားစုဝင်တွေဟာ Miguel ရဲ့ အုတ်ဂူကိုနောက်တစ်ကြိမ်ရောက်ခဲ့တဲ့အခါမှာတော့ ခွေးကလေး ကတ်ပီတန်ကို သူ့သခင်ရဲ့ အုတ်ဂူအနီးမှာ တွေ့လိုက်ရပါတယ်။ အားလုံးအံသြသွားရတဲ့အကြောင်းကတော့ သခင်သေဆုံးခဲ့တုန်းက သခင့်အုတ်ဂူကို မရောက်ဖူးခဲ့တဲ့ခွေးကလေးဟာ အုတ်ဂူကိုဘယ်လိုရှာတွေ့ရောက်ရှိခဲ့သလဲ ဆိုတာပါ။ သခင်ဖြစ်သူရဲ့အုတ်ဂူဟာ Carlos Paz မြို့မှာမဟုတ်ပဲ Cordoba မြို့မှာရှိနေပါတယ်။ ဒီမြို့နှစ်မြို့ဟာ ၁၉မိုင်အကွာအဝေးမှာ တည်ရှိပါတယ်။

သခင် Miguel  ရဲ့ ဇနီးနဲ့ သားဖြစ်သူတို့ဟာ ခွေးကလေးကို အိမ်ကိုပြန်ခေါ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ပြန်ပြန်ထွက်ပြေးသွားပြီး သခင့်အုတ်ဂူနားမှာပဲနေနေတာကြောင့် နောက်ဆုံးမှာတော့ လက်လျှော့လိုက်ရပြီး သင်္ချိုင်းက သုဘရာဇာတစ်ယောက်ထံ အစာနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးဖို့ အပ်ထားလိုက်ရပါတော့တယ်။ ခွေးကလေးရဲ့ သတင်းဟာ ၂၀၁၂ ခုနှစ်လောက်မှာတည်းက သခင်ဖြစ်သူကို မစွန့်ခွာတဲ့ခွေးကလေးအဖြစ် ပြည်တွင်းသတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ အခု ၂၀၁၇ ရှိပြီဖြစ်ပြီး ခွေးကလေးသခင်ဖြစ်သူအုတ်ဂူအနီးမှာပဲ နေထိုင်တာ ၁၀နှစ်ကျော်သွားပြီဖြစ်ပါတယ်။ အခုတော့ ခွေးကလေးဟာ အသက် ၁၅နှစ်ကျော်ပြီဖြစ်တဲ့အတွက် သန်စွမ်းမှုမရှိတော့တဲ့ ခွေးအိုကြီးတစ်ကောင်ဖြစ်နေပါပြီ။ ဒါပေမယ့် သူ့ရဲ့အစွဲအလန်းကြီးမှု နဲ့ သခင်ဖြစ်သူကို သစ္စာကြီးမှုကို ပြသနေဆဲပါ။ ခွေးအိုကြီးဖြစ်လာတဲ့ ကတ်ပီတန်ဟာ သူ့ရဲ့နောက်ဆုံးအချိန်ကိုလည်း သခင်ဖြစ်သူအုတ်ဂူအနီးမှာပဲ ကျော်ဖြတ်သွားမှာပဲ လို့ Miguel မိသားစုဝင်များက ဆိုပါတယ်။

Leave a Reply