အေလာင္းမင္းတရား၏ အားအကုိးရဆုံး ဗုိလ္ခ်ဳပ္ႀကီး ၃ေယာက္

Posted on

ဦးေကာင္း မဟုတ္တဲ့ ဦးေကာင္း

ဦးေကာင္း ဟု ဆုိလုိက္လွ်င္ ကင္း၀န္မင္းႀကီးဦးေကာင္း လုိ႔ အားလုံး ေၿပးၿမင္မိမွာ ၿဖစ္ေပမယ့္ ကြ်န္ေတာ္ေၿပာမယ့္သူက ကင္း၀န္မင္းႀကီး ဦးေကာင္းမဟုတ္ပါ။ ကင္း၀န္မင္းႀကီး နဲ႔နာမည္တူသူ မင္းေက်ာ္ပ်ံခ်ီ ေခၚ ေသနတ္၀န္ဦးေကာင္း ၿဖစ္ပါတယ္။ ဒီဦးေကာင္းကေတာ့ အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ်ရဲ႕ အားအကုိးရဆုံးရဲေဘာ္ရဲဘက္ တစ္ေယာက္ၿဖစ္ပါတယ္။ ဟံသာ၀တီေရာက္မင္းႀကီး မရွိေတာ့တဲ့ေနာက္ ဒုတိယၿမန္မာႏုိင္ငံဟာ ပ်က္စီးသြားခဲ့ရပါတယ္။ ဒီအခ်ိန္မွာ မုဆုိးဖုိရြာသူႀကီး ဦးေအာင္ေဇယ်ဟာ မုဆုိးဖုိရြာမွာ ထန္းလုံးတပ္ေဆာက္ကာ လက္ေရြးစင္သူရဲေကာင္း ၆၈ ေယာက္တုိ႔ႏွင့္အတူ တတိယၿမန္မာႏုိင္ငံ ဦးစြန္းကုိ တည္ေထာင္ခဲ့ပါတယ္။

ဒီေနရာမွာ အေလာင္းမင္းတရားလက္ထက္ သတၱိရွိမရွိ စစ္ၿပီး လက္ေရြးစင္ေရြးခ်ယ္ပုံကို ေၿပာၿပခ်င္ပါတယ္။ ခြ်န္ထက္တဲ့ လွံတစ္ေခ်ာင္းကုိ အစစ္ခံမည့္သူ လည္ပင္းႏွင့္တုိင္းကာ ေထာင္ထားပါတယ္။ အစစ္ခံရမည့္သူဟာ လည္ပင္း ေရွ႕တည့္တည့္ေထာင္ထားတဲ့ လွံကုိ အရွိန္နဲ႔ ေၿပး၀င္ၿပီး အထုိးခံရမွာ ၿဖစ္ပါတယ္။ လည္ပင္းအတိေရာက္မွ ကြ်မ္းက်င္တဲ့သူက လွံကုိ ဆတ္ခနဲ ဖယ္ရွားလုိက္တာပဲ ၿဖစ္ပါတယ္။ အခက္မသင့္လွ်င္ ဒါဏ္ရာရသြားႏုိင္ပါတယ္။ ထုိသုိ႔ေၿပးေနစဥ္မွာ မ်က္ႏွာတစ္ခ်က္ မပ်က္ရ ၊ အေၿပးရွိန္မေလွ်ာ့ ရပါ။ ထုိသုိ႔ေသာသူမ်ားကုိသာ လက္ေရြးစင္အၿဖစ္ေရြးပါတယ္။ လက္ေရြးစင္မ်ားကုိ ရဲေရာင္ၿမန္မာ(၀ါ) ရဲၿမန္မာ ဟု ေခၚႀကပါတယ္။

သူရဲေကာင္း ၆၈ ေယာက္ထဲတြင္ ေသနတ္၀န္ဦးေကာင္း ၊ မုဆုိးခ်ဳံဗုိလ္(ဦးတြန္) ၊ မဟာသီဟသူရ (ဦးသာ) ၊ မဟာစည္သူ (ဦးေႏွာင္း) ႏွင့္ ဗလမင္းထင္(ဦးလြင္) တုိ႔မွာ ႏွလုံးရည္ လက္ရုံးရည္ အလြန္ေကာင္းသူမ်ား အၿဖစ္ ထင္ရွားပါတယ္။ အထူးသၿဖင့္ ဦးေကာင္း၊ ဦးတြန္ ႏွင့္ ဦးသာ တုိ႔အား အေလာင္းမင္းတရားႀကီး၏ သားေတာ္ႀကီးမ်ားၿဖစ္တဲ့ ေမာင္ေလာက္(ေနာင္ေတာ္ႀကီးမင္း) ႏွင့္ ေမာင္ရြ(ဆင္ၿဖဴရွင္) တုိ႔ႏွင့္ တန္းတူ အခြင့္အေရးေပးၿခင္း ခံခဲ့ရပါတယ္။ ဦးေကာင္းတုိ႔ သူရဲေကာင္း သုံးေယာက္ဟာ ဦးေအာင္ေဇယ်၏ တုိက္ပြဲတုိင္းတြင္ ေရွ႕ဆုံးမွ ပါ၀င္ခဲ့ႀကပါတယ္။ တိုက္ပြဲတုိင္းႏုိင္ေအာင္ အစီအမံမ်ားၿဖင့္ တုိက္ႏုိင္သၿဖင့္ ဦးေကာင္း အား ဦးေအာင္ေဇယ်က မဟာေသနာပတိအၿဖစ္ အၿမင့္ဆုံးေၿမွာက္စားခဲ့ပါတယ္။ မင္းေက်ာ္ပ်ံခ်ီ ၊ မင္းလွမင္းေခါင္ ၊ မဟာေသနာပတိ ၊ အဂၢမဟာေသနာပတိ ၊ ေသနတ္၀င္ စတဲ့ ရာထူးဘြဲ႔မ်ားစြာကိုလည္း ေပးအပ္ခံခဲ့ရပါတယ္။

ဦးေကာင္းဟာ အေလာင္းမင္းတရားႀကီး ၏ တုိက္ပြဲမ်ား ေအာင္ၿမင္ရန္ အဓိက စြမ္းေဆာင္ေပးခဲ့သူဟု ေၿပာလွ်င္မမွားပါ။ အေလာင္းမင္းတရားႀကီး၏ ရန္ဘက္ ငခ်စ္ညဳိႏွင့္ စီးခ်င္းယွဥ္တုိက္ခုိက္ၿခင္း ၊ နာမည္ေက်ာ္ မြန္စစ္သူႀကီးဒလဗန္း၏ အၿငိဳးတႀကီး တုိက္ခုိက္ မႈမ်ားကို ႀကံ႕ႀကံ႕ခုိင္ ရင္ဆုိင္ႏုိင္ခဲ့သူလည္း ၿဖစ္ပါတယ္။ မုဆုိးဘုိတုိက္ပြဲ ၊ ခင္ဦးတုိက္ပြဲ ၊ အင္း၀ၿမဳိ႕သိမ္းတုိက္ပြဲ ႏွင့္ ရန္ကုန္ကုိသိမ္းတုိက္ပြဲ စတဲ့နာမည္ႀကီးတုိက္ပြဲေတြမွာေအာင္ၿမင္ခဲ့ေသာ ေသနာပတိဦးေကာင္းဟာသန္လွ်င္ၿမဳိ႕သိမ္းတုိက္ပြဲအတြင္း ရရွိခဲ့တဲ့ ေသနတ္ဒါဏ္ရာေႀကာင့္ က်ဆုံးခဲ့ပါတယ္။

သန္လွ်င္သည္ ၿပင္သစ္တုိ႔ရဲ႕ အကူအညီေႀကာင့္ လက္နက္အင္အား ေတာင့္တင္းေနတဲ့အခ်ိန္မွာ ဦးေကာင္းက ဦးေဆာင္တုိက္ခုိက္ခဲ့တာ ၿဖစ္ပါတယ္။ ၿမဳိ႕ရုိးေပၚတြင္ ေသနတ္ ၊ အေၿမွာက္မ်ား တပ္ဆင္ထားသၿဖင့္ ကုန္းေဘာင္ရဲမက္မ်ား အက်အဆုံးမ်ားခဲ့ပါတယ္။ အက်အဆုံးမ်ားေသာ္လည္း ဦးေကာင္းသည္ ေနာက္ဆုတ္ဖုိ႔မေၿပာ ၿမဳိ႕တြင္း၀င္ႏုိင္မည့္ နည္းလမ္းကုိ ရွာႀကံၿခင္း ၊ တပ္သားမ်ားအား အားေပးၿခင္း ၊ ကြပ္ကဲၿခင္း တုိ႔ကုိ ၿပဳလုပ္ လ်က္ရွိပါတယ္။ ထုိစဥ္ ၿမဳိ႕ရုိးေပၚရွိ ေသနတ္အလက္ ၂၀ ခန္႔သည္ ဦးေကာင္းရွိရာကုိ စုၿပဳံပစ္ႀကပါတယ္။ ရဲမက္မ်ားက စိုးရိမ္သၿဖင့္ ဦးေကာင္းကို ႀကည့္ရာ ဟန္မပ်က္ ကြပ္ကဲေနသၿဖင့္ ေသနတ္မမွန္ဟု ထင္ကာ စိတ္သက္သာရ ရသြားႀကပါတယ္။
တကယ္ေတာ့ ဦးေကာင္းသည္ ေသနတ္ဒါဏ္ရာမ်ားကို ရရွိခဲ့ၿပီး ၿဖစ္ပါတယ္။ သုိ႔ေသာ္ တပ္သားမ်ား စိတ္ဓာတ္က်မည္ စုိးတာေႀကာင့္ ဒါဏ္ရာကိုအ၀တ္ၿဖင့္ ႀကပ္ႀကပ္စည္းကာ ဘာမွမၿဖစ္သေယာင္ ေဆာင္ခဲ့ၿခင္း ၿဖစ္ပါတယ္။ စစ္ကဲေက်ာ္ထင္ေရႊေတာင္ကုိ ဆက္လက္ တုိက္ခုိက္ေစၿပီး ကုိယ္တုိင္ကေတာ့ မင္းတရားႀကီးရွိရာ သန္လ်က္စြန္းသုိ႔ ေလွၿဖင့္ ဆင္း ခဲ့ပါတယ္။ ေလွဆိပ္ကုိ ေရာက္တဲ့အခ်ိန္မွာ ဦးေကာင္း၏ ကုိယ္မွာ ေသြးမ်ားရြဲနစ္ေနခဲ့ပါၿပီ။

အေလာင္းမင္းတရားႀကီးသန္လ်က္စြန္းမွ ေမွ်ာ္ႀကည့္ေနစဥ္ ေလွတစ္စင္းအၿပင္းေလွာ္လာရာ ဦးေကာင္း ဒါဏ္ရာရရွိေႀကာင္း သိၿပီးေနာက္ “ဟာဆုံးခဲ့ၿပီ” ဟု အာေမဋိတ္ျပဳခဲ့ပါတယ္။ စုိးရိမ္စြာၿဖင့္ ” ေမာင္ေကာင္းရဲ႕ ဒဏ္ရာကို အစြမ္းကုန္ ျပဳစုၾကပါ “ဟု သမားေတာ္မ်ား အား ေၿပာေနစဥ္ ဦးေကာင္းက “မရႏုိင္ေတာ့ပါဘုရား ၊ ကြ်န္ေတာ္မ်ဳိး ယေန႔ပင္ ကုိယ္ေတာ့္ကုိ ပစ္၍ သြားရေခ်ေတာ့မည္” ဟု ေလွ်ာက္တင္ကာ ေရႊတိဂုံေစတီကို အာရုံၿပဳရင္း ကြယ္လြန္သြားခဲ့ပါတယ္။ အေလာင္းမင္းတရားႀကီးက အလြန္စိတ္မေကာင္းၿဖစ္ေတာ္မူကာ ဦးေကာင္းအား ထီးၿဖဳအုပ္ၿပီး အဂၢမဟာေသနာပတိဘြဲ႕ျဖင့္ ခမ္းခမ္းနားနား သျဂိဳလ္ေပးခဲ့ပါတယ္။

——————————–

ကုန္းေဘာင္ကုိ ပူးေပါင္းတည္ေထာင္ခဲ့ေသာ ဗုိလ္ခ်ဳပ္ႀကီးရဲ႕ ဇာတ္သိမ္းခန္း (သုိ႔) ဦးတြန္

အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ်၏ သူရဲေကာင္းမ်ားအနက္ မင္းေခါင္အေနာ္ရထာ (ေခၚ) ဦးတြန္ သည္ တုိက္ရည္ခုိက္ရည္ ေကာင္းလွသည္။ သူ၏ ဇာတ္သိမ္းမွာ ေၾကကြဲဖြယ္ေကာင္းလွသည္။ မင္းေခါင္ေနာ္ရထာသည္ ကုန္းေဘာင္တုိက္ပြဲမ်ားတြင္ ေရွ႕ဆုံးမွ ရြပ္ရြပ္ခြ်ံခြ်ံ တုိက္တတ္သူ ျဖစ္သည္။ တုိက္တုိင္းလည္းႏုိင္သည္သာ မ်ားသည္။ မင္းတရားႀကီး အေရးမလွ၍ ဆုတ္ခြာေသာ အခါတြင္လည္း ေနာက္ဆုံးမွ ခုခံကာ ဆုတ္ေလ့ရွိသူ ျဖစ္သည္။

ယုိးဒယားကို အေလာင္းမင္းတရား၀န္းရံထားရာမွ မေအာင္ျမင္ပဲ ဆုတ္ခြာလာရာလမ္းတြင္လည္း သူသည္ ေနာက္ဆုံးမွခ်န္ကာ ေနခဲ့သည္။ ၀ုိင္းရံထားေသာ ယုိးဒယားတပ္မ်ားကုိ တုိက္လွ်င္ မင္းတရားႀကီးတုိ႔ ျပန္လွည့္ကာ စစ္ကူေပးရမည္ ျဖစ္သျဖင့္ မတုိက္ပဲ အ၀ုိင္းခံထားလုိက္သည္။ က်န္သည့္ ဗုိလ္မွဴးတပ္မွဴးမ်ားကိုလည္း အေလာင္းမင္းတရားႀကီးဆီသာလႊတ္ေလသည္။ သူကိုယ္တုိင္ကား တပ္တစ္တပ္ႏွင့္သာ က်န္ရစ္သည္။

ထုိသုိ႔ ဆုတ္ခြာလာရာလမ္းတြင္ပင္ အေလာင္းမင္းတရားသည္ နတ္ရြာစံေလသည္။ ဆင္ျဖဴရွင္ ျဖစ္လာမည့္ ေျမဒူးမင္းသားသည္ ဦးတြန္ထံမွ အေလာင္းမင္းတရားႀကီး ခ်ီးျမွင့္ထားေသာ ယိမ္းႏြဲ႔ပါးဓားကုိ ျပန္သိမ္းသည့္ အျပင္ေနာက္က်န္စစ္သည္မ်ားကို ရိပ္ကၡာ မေထာက္ရဟု အမိန္႔ခ်ေလသည္။ ဤအခ်ိန္မွစ၍ ဦးတြန္သည္ ေျမဒူးမင္းသားအေပၚ ယုံၾကည္မႈ မရွိေတာ့။ ေနာက္ဆုံးမွ ဆုတ္ခြာလာရင္း နယ္စပ္သုိ႔ေရာက္ေသာအခါ ေနျပည္ေတာ္ကုိ မျပန္ေတာ့ပဲ ေတာင္ငူသုိ႔သာသြားေလေတာ့သည္။

ေျမဒူးမင္းသားကလည္း ဦးတြန္သည္ စိတ္မႈမမွန္ဟု ေနာင္ေတာႀကီးမင္းအား ေလွ်ာက္ေသာ္လည္းေနာင္ေတာ္ႀကီးမင္းက ယုံေတာ္မမူ ၊ ဦးတြန္သည္ ခမည္းေတာ္၏ ရဲေဘာ္ရဲဘက္သာ ျဖစ္၍ လူလႊတ္၍ေခၚေစသည္။ ေခၚမရ၍ ဖမ္းေခၚရန္ႀကံေလသည္။ ေတာင္ငူမင္းက ဦးတြန္အား တရားနာရန္ ဖိတ္ၿပီး ဗုိလ္မွဴး ၆ ဦးႏွင့္ ဦးတြန္အား ဖမ္းရန္ႀကံသည္။ သုိ႔ေသာ္ ငယ္ေၾကာက္မ်ားျဖစ္၍ ဦးတြန္နားကိုမႈ မကပ္ရဲ ၊ တရားနာေနစဥ္ပင္ ရိပ္မိသြားေသာ ဦးတြန္သည္ ခ်က္ခ်င္းပင္ ထျပန္ေလသည္။ ဆင္စီး၍ဆုတ္ရင္း အနီးတြင္ရွိေသာ စက္တုိင္ကုိ လွံျဖင့္ထုိးခဲ့ရာ ထုတ္ခ်င္းေပါက္သြားသည္။ မည္သူမွ် မလုိက္ရဲေတာ့။

ဦးတြန္အေပၚ သံေယာဇဥ္ရွိလွေသာ ေနာင္ေတာ္ႀကီးမင္းသည္ ဦးတြန္အား ထပ္မံေခၚေစျပန္သည္။ ဦးတြန္၏ ရဲေဘာ္ရဲဘက္ မင္းလွေနာ္ရထာတုိ႔ကုိ အက်ဳိးအေၾကာင္းရွင္းျပကာ ေခၚေလေသာ္လည္း ဦးတြန္သည္ မလုိက္။
“သူတုိ႔သည္ ညီအစ္ကုိသာျဖစ္သည္။ ငါထက္စာလွ်င္ သူ၏ညီေတာ္ကုိသာ ယုံေပလိမ့္မည္။ အခုအခါငါ့ကုိကယ္မည့္ မင္းတရားႀကီးလည္း မရွိေတာ့ ။ ငါမလုိက္ေတာ့ ေသြးေသာက္တုိ႔သာ ျပန္ပါေလ” ဟု ဆုိသည္။ အႀကိမ္ေပါင္းမ်ားစြာ ေခၚေသာ္လည္း မလုိက္။ ဦးတြန္ႏွင့္ တပ္သည္အင္း၀ကုိ သိမ္းလုိက္ၾကသည္။ မင္းေခါင္ေနာ္ရထာကုိ ေၾကာက္ရြံၾကၿပီးျဖစ္သျဖင့္ ၾကာရွည္စြာ မခံပဲ အရႈံးေပးလုိက္ၾကေလသည္။

ထုိအခါ ေနာင္ေတာ္ႀကီးမင္းက ဒီအတုိင္းဆုိမျဖစ္ေတာ့ လုပ္ႀကံမွပင္ျဖစ္ေတာ့မည္ဟု ဆုိကာ အင္း၀ကုိ ၀ုိင္းေစသည္။ ၀ိုင္းရံၿပီး ၿမဳိ႕တြင္းသုိ႔ မ၀င္ရဲ ၊ ဗုိလ္မွဴးတပ္မွဴးအေပါင္းသည္ ဦးတြန္အစြမ္းအားသိၿပီးျဖစ္သျဖင့္ ရင္ဆုိင္ရမွာလန္႕ေနၾက၍ ျဖစ္သည္။ အျပင္မွသာ ၀န္းရံပစ္ခတ္သျဖင့္ ၿမဳိ႕တြင္းျပည္သူတုိ႔အေရးကုိ ငဲ့ညွာမိေသာ ဦးတြန္သည္ အေနာက္တံခါးမွ တပ္ႏွင့္အတူ ၿမဳိ႕ျပင္သုိ႔ထြက္ေလသည္။ ထုိသုိ႔ထြက္သည္ကုိ သိလွ်င္ ဗုိလ္မွဴးတပ္မွဴး တုိ႔ကလုိက္ၾကသည္။ သုိ႔ျဖင့္ မကၡရာဗုိလ္သီရိေရႊေတာင္သည္ ဦးတြန္တုိ႔အား မီလာသည္။

ထုိအခါဦးတြန္က “ဟယ္ သီရိေရႊေတာင္ ၊ ပဇာမူ၍ လုိက္လာသနည္း” ဟု ဆုိရာ သီရိေရႊေတာင္က “မင္းကုိ ဖမ္းမည္ဟု လုိက္လာသည္” ဟု ျပန္ေျပာရာ “သီရိေရႊေတာင္ ၊ နင္ ထမင္းကို မုန္းၿပီလား” ဟု ဆုိကာ ျမင္းကုိလွည့္၍ လွံ ကို လႊတ္ေလသည္။ လွံသည္ သီရိေရႊေတာင္ လက္ယာနံေဘးကုိ ပတ္၍ ျမင္းကုိ စုိက္ရာ ေၾကာက္လန္႔ၿပီး ဆက္မလုိက္ရဲေတာ့ေပ။ ေနာက္ဆုံးတြင္ တပ္မ်ားသည္ ဦးတြန္နားသို႔ မကပ္ရဲပဲ အေ၀းမွပင္ ပစ္ခတ္ေလရာ ဦးတြန္၏ ဘက္ေတာ္သားမ်ား အထိနာကာ ဦးတြန္ပင္ ေသနည္က်ည္ဆန္ ထိသြားေလသည္။ စိတ္ေလွ်ာ့သြားေသာ ဦးတြန္သည္ ေခ်ာက္ကမ္းပါး တြင္ ထုိင္၍ မႈိင္ေတြေနေလသည္။

ဤသည္ကုိ ေျမဒူးသားငခ်စ္ေကာင္း သိသြားၿပီး ေခ်ာင္း၍ဖမ္းခ်င္ေသာ္လည္း အနားသုိ႔မကပ္ရဲ ပဲ ခ်က္ေကာင္းကုိ ေစာင့္ေနေလသည္။ မင္းေခါင္ေနာ္ရထာသည္ ဆီးစပ္တြင္ မွန္ထားေသာ ေသနတ္ဒါဏ္ရာကုိ လွန္ၾကည့္ကာ နာလွ၍ ညည္းညဴေနသည္ကုိ ျမင္မွ ခ်ဳံမွ ရုတ္တရက္ထြက္ကာ မင္းေခါင္ေနာ္ရထားအား ေခ်ာက္ထဲသို႔ တြန္းခ်ေလသည္။ သို႔ေသာ္ သတိမလြတ္ေသာ မင္းေခါင္ေနာ္ရထာက လက္ယာဘက္ျဖင့္ ဖမ္းရာငခ်စ္ေကာင္းကို မိၿပီး ႏွစ္ဦးသားလုံးေထြးသြားၾကသည္။ ငခ်စ္ေကာင္းက ေၾကာက္လန္႔ၿပီး ‘ကယ္ပါ၊ ကယ္ပါ’ ေအာ္ဟစ္သည္တြင္ ေနာက္မွေသနတ္သမားတုိ႔က ေျပးလာ၍ ၀ုိင္း၀န္းပစ္ခတ္ၾကရာ ကုန္းေဘာင္တည္ေထာင္သူ အေလာင္းမင္းတရား၏ ရဲေဘာ္ရဲဘက္ ဗုိလ္ခ်ဳပ္ႀကီးမင္းေခါင္ေနာ္ရထာမွာ ဇာတ္သိမ္းသြားရေလေတာ့သည္။

ဤအျဖစ္သား ေနာင္ေတာင္ႀကီးမင္းလက္ထက္ အလြန္၀မ္းနည္းဖြယ္ေကာင္းလွေသာ အျဖစ္အပ်က္ပင္ ျဖစ္ေလသည္။ မင္းေခါင္ေနာ္ရထာသည္ အသက္စြန္႔ကာ ကာကြယ္လုိ၍ ေနာက္ခ်န္ေနခဲ့သည္ကုိ ပုန္ကန္ခ်င္သျဖင့္ ထုိသုိ႔ခ်န္ေနရစ္သည္ဟု ေျမဒူးမင္းသားက ထင္သည္။ သုိ႔ျဖင့္ ဓါးကုိသိမ္းကာ ရိကၡာကုိလည္း ျဖတ္ေတာက္လုိက္ျခင္း ျဖစ္သည္။ မင္းေခါင္ေနာ္ရထာကလည္း ေျမဒူးမင္းသားကို မယုံေတာ့ ၊ ေနျပည္ေတာ္ေရာက္လွ်င္ သူ႔အတြက္ အေျခအေနမေကာင္းႏုိင္ေတာ့သည္ဟု ထင္ကာ ဆႏၵမရွိပါပဲ ပုန္ကန္သူအျဖစ္သုိ႔ေရာက္ရသည္။ တစ္ေယာက္ကုိတစ္ေယာက္ သကၤာမကင္းျဖစ္မႈေလးမွ ဤသုိ႔သူရဲေကာင္းႀကီးတစ္ေယာက္ဆုံးရႈံးရသည္မွာ သင္ခန္းစာ ယူစရာပင္
ျဖစ္ေလေတာ့သည္။

————————-

ဇာတ္သိမ္းမလွခဲ့တဲ့ သူရဲေကာင္းဗုိလ္ခ်ဳပ္ႀကီး (သုိ႔) မဟာသီဟသူရ ဦးသာ

ဆင္ၿဖဴရွင္မင္းလက္ထက္မွာ ယုိးဒယားတုိက္ပြဲမ်ား ၊ တရုတ္တုိ႔ရဲ႕က်ဴးေက်ာ္တုိက္ပြဲမ်ားကို ေအာင္ၿမင္ေအာင္တုိက္ခဲ့ေႀကာင္း သိႀကၿပီးၿဖစ္မွာပါ။ ထုိတုိက္ပြဲတုိင္းလုိလုိမွာ အႏုိင္ရေအာင္ ဦးေဆာင္ကြပ္ကဲႏုိင္ခဲ့သူ ဗုိလ္ခ်ဳပ္ႀကီးတစ္ဦးတည္းပင္ ၿဖစ္ပါတယ္။ ထုိလက္ရုံးရည္ ႏွလုံးရည္ႏွင့္ၿပည့္စုံသူ ဗုိလ္ခ်ဳပ္ႀကီးရဲ႕အမည္မွာ မဟာသီဟသူရ ၿဖစ္ပါတယ္။

တကယ္ေတာ့ ၀န္ႀကီး မဟာသီဟသူရဟာ ဆင္ၿဖဴရွင္မင္းလက္ထက္မွာမွ ေက်ာ္ႀကားခဲ့တာ မဟုတ္ပါဘူး။ မဟာသီဟသူရဟာ တတိယႏုိင္ငံကုိ စတင္ထူေထာင္ခဲ့တဲ့ အေလာင္းမင္းတရားႀကီးရဲ႕ သူရဲေကာင္း ၿမင္းရည္တက္ ၆က်ိပ္ ၈ေယာက္ထဲမွာ ထိပ္ပိုင္းမွပါ၀င္ခဲ့သူ ဦးသာၿဖစ္ပါတယ္။ ေသနတ္၀န္ ဦးေကာင္း ၊ မုဆုိးခ်ဳံဗုိလ္ ဦးတြန္ တုိ႔ႏွင့္ အတူလက္တြဲကာ တုိက္ပြဲ၀င္ခဲ့သူၿဖစ္ပါတယ္။

ေရႊေတာင္ထြတ္ကဲ ၊ မင္းလွရာဇာဘြဲ႔မ်ားရရွိခဲ့သူ ၀န္ႀကီးမဟာသီဟသူရဟာ အေလာင္းမင္းတရားႀကီး နတ္ရြာစံၿပီးေနာက္ သားေတာ္ဒီပဲယင္းမင္း ၊ ေၿမဒူးမင္း ၊ စဥ့္ကူးမင္း ႏွင့္ ဘုိးေတာ္ဘုရားလက္ထက္တုိင္ေအာင္ အဆင့္ဆင့္ အမႈထမ္းခဲ့သူ ၿဖစ္ပါတယ္။ သူ႔ရဲ႕စြမ္းရည္ဟာ ဆင္ၿဖဴရွင္မင္းလက္ထက္ သကၠရာဇ္ ၁၁၂၇ မွ ၁၁၃၀ အထိၿဖစ္ပြားခဲ့ေသာ တရုတ္တုိ႔ႏွင့္ တုိက္ခုိက္ခဲ့တဲ့ စစ္ပြဲေလးပြဲမွာ အထင္ရွားဆုံးၿဖစ္ခဲ့ပါတယ္။ အင္အားႀကီးမားလွတဲ့ တရုတ္တပ္ေတြကို မဟာသီဟသူရရဲ႕ စစ္ေရးစြမ္းရည္ၿဖင့္ အႏုိင္ရခဲ့တာပဲ ၿဖစ္ပါတယ္။

တရုတ္တုိ႔အား ရိကၡာၿဖတ္ေတာက္တုိက္ခုိက္ၿခင္း ၊ ေပ်ာက္ႀကားစနစ္ၿဖင့္ တုိက္ခုိက္ေစၿခင္း စသည္တုိ႔ဟာ မဟာသီဟသူရရဲ႕ အစီအစဥ္ေတြပဲ ၿဖစ္ပါတယ္။ ေလးႀကိမ္စလုံး တရုတ္တုိ႔အား အႏုိင္ရရွိၿပီးေနာက္ က်န္ဗုိလ္မွဴးမ်ားက ဆက္လက္တုိက္ခုိက္ရန္ေၿပာသည္ကုိ လက္မခံပဲ ႏွစ္ဘက္ ၿပည္သူတုိ႔အား ငဲ့ညွာကာ စစ္ေၿပၿငိမ္းေစခဲ့ပါတယ္။ မဟာသီဟသူရရဲ႕ အေမွ်ာ္အၿမင္ႀကီးမႈေႀကာင့္ တရုတ္တို႔ႏွင့္ စစ္မက္မၿဖစ္ပြားေတာ့ေသာ္လည္း ဆင္ၿဖဴရွင္မင္းက မဟာသီဟသူရအား ထုိသုိ႔လုပ္ရပါမလားဟု အမ်က္ရွကာ နယ္ေၿပာင္းပစ္လုိက္ပါတယ္။

ထုိမွ စဥ့္ကူးမင္းလက္ထက္တြင္ အသည္၀န္ႀကီး ၊ ဘုိးေတာ္ဗဒုံမင္းလက္ထက္တြင္ ၀န္ႀကီးစသည္ၿဖင့္ တာ၀န္မ်ားထမ္းေဆာင္ခဲ့ေသာ္လည္း ၁၇၈၂ ေဖေဖာ္၀ါရီလ ၂၃ ရက္ေန႔တြင္ စည္သာမင္းသားႏွင့္ အတူပူေပါင္းနန္းလုရန္ႀကံစည္မႈၿဖင့္ ကြပ္မ်က္ၿခင္းခံခဲ့ရပါတယ္။ တုိက္တုိင္းေအာင္ စစ္ဗုိလ္ခ်ဳပ္ႀကီး၏ နိဂုံးကား မလွခဲ့ပါေခ်။

က်မ္းကုိးမ်ား

ၿမန္မာ့သမုိင္းထဲက အထင္ကရဇာတ္ေကာင္မ်ား – ေမာင္ႀကည္သန္႔
ကုန္းေဘာင္ေခတ္မင္းမႈထမ္း အဘိဓာန္ – တင္ႏုိင္တုိး
အထင္ကရ ဇာတ္ေကာင္မ်ား – ေမာင္ၾကည္သန့္

ကုန္းေဘာင္ရွာပုံေတာ္ – ညိုျမ
အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ် – တင္ေထြး
ျမန္္မာ့သူရဲေကာင္းမ်ား – သူရိယဦးသိန္းေမာင္


တတိယမြန်မာနိုင်ငံကိုတည်ထောင်သူ အလောင်းမင်းတရား၏ အားအကိုးရဆုံး ဗိုလ်ချုပ်ကြီး ၃ယောက် (unicode)

ဦးကောင်း မဟုတ်တဲ့ ဦးကောင်း

ဦးကောင်း ဟု ဆိုလိုက်လျှင် ကင်းဝန်မင်းကြီးဦးကောင်း လို့ အားလုံး ပြေးမြင်မိမှာ ဖြစ်ပေမယ့် ကျွန်တော်ပြောမယ့်သူက ကင်းဝန်မင်းကြီး ဦးကောင်းမဟုတ်ပါ။ ကင်းဝန်မင်းကြီး နဲ့နာမည်တူသူ မင်းကျော်ပျံချီ ခေါ် သေနတ်ဝန်ဦးကောင်း ဖြစ်ပါတယ်။ ဒီဦးကောင်းကတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ အားအကိုးရဆုံးရဲဘော်ရဲဘက် တစ်ယောက်ဖြစ်ပါတယ်။ ဟံသာဝတီရောက်မင်းကြီး မရှိတော့တဲ့နောက် ဒုတိယမြန်မာနိုင်ငံဟာ ပျက်စီးသွားခဲ့ရပါတယ်။ ဒီအချိန်မှာ မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျဟာ မုဆိုးဖိုရွာမှာ ထန်းလုံးတပ်ဆောက်ကာ လက်ရွေးစင်သူရဲကောင်း ၆၈ ယောက်တို့နှင့်အတူ တတိယမြန်မာနိုင်ငံ ဦးစွန်းကို တည်ထောင်ခဲ့ပါတယ်။ ဒီနေရာမှာ အလောင်းမင်းတရားလက်ထက် သတ္တိရှိမရှိ စစ်ပြီး လက်ရွေးစင်ရွေးချယ်ပုံကို ပြောပြချင်ပါတယ်။ ချွန်ထက်တဲ့ လှံတစ်ချောင်းကို အစစ်ခံမည့်သူ လည်ပင်းနှင့်တိုင်းကာ ထောင်ထားပါတယ်။ အစစ်ခံရမည့်သူဟာ လည်ပင်း ရှေ့တည့်တည့်ထောင်ထားတဲ့ လှံကို အရှိန်နဲ့ ပြေးဝင်ပြီး အထိုးခံရမှာ ဖြစ်ပါတယ်။ လည်ပင်းအတိရောက်မှ ကျွမ်းကျင်တဲ့သူက လှံကို ဆတ်ခနဲ ဖယ်ရှားလိုက်တာပဲ ဖြစ်ပါတယ်။ အခက်မသင့်လျှင် ဒါဏ်ရာရသွားနိုင်ပါတယ်။ ထိုသို့ပြေးနေစဉ်မှာ မျက်နှာတစ်ချက် မပျက်ရ ၊ အပြေးရှိန်မလျှော့ ရပါ။ ထိုသို့သောသူများကိုသာ လက်ရွေးစင်အဖြစ်ရွေးပါတယ်။ လက်ရွေးစင်များကို ရဲရောင်မြန်မာ(ဝါ) ရဲမြန်မာ ဟု ခေါ်ကြပါတယ်။

သူရဲကောင်း ၆၈ ယောက်ထဲတွင် သေနတ်ဝန်ဦးကောင်း ၊ မုဆိုးချုံဗိုလ်(ဦးတွန်) ၊ မဟာသီဟသူရ (ဦးသာ) ၊ မဟာစည်သူ (ဦးနှောင်း) နှင့် ဗလမင်းထင်(ဦးလွင်) တို့မှာ နှလုံးရည် လက်ရုံးရည် အလွန်ကောင်းသူများ အဖြစ် ထင်ရှားပါတယ်။ အထူးသဖြင့် ဦးကောင်း၊ ဦးတွန် နှင့် ဦးသာ တို့အား အလောင်းမင်းတရားကြီး၏ သားတော်ကြီးများဖြစ်တဲ့ မောင်လောက်(နောင်တော်ကြီးမင်း) နှင့် မောင်ရွ(ဆင်ဖြူရှင်) တို့နှင့် တန်းတူ အခွင့်အရေးပေးခြင်း ခံခဲ့ရပါတယ်။ ဦးကောင်းတို့ သူရဲကောင်း သုံးယောက်ဟာ ဦးအောင်ဇေယျ၏ တိုက်ပွဲတိုင်းတွင် ရှေ့ဆုံးမှ ပါဝင်ခဲ့ကြပါတယ်။ တိုက်ပွဲတိုင်းနိုင်အောင် အစီအမံများဖြင့် တိုက်နိုင်သဖြင့် ဦးကောင်း အား ဦးအောင်ဇေယျက မဟာသေနာပတိအဖြစ် အမြင့်ဆုံးမြှောက်စားခဲ့ပါတယ်။ မင်းကျော်ပျံချီ ၊ မင်းလှမင်းခေါင် ၊ မဟာသေနာပတိ ၊ အဂ္ဂမဟာသေနာပတိ ၊ သေနတ်ဝင် စတဲ့ ရာထူးဘွဲ့များစွာကိုလည်း ပေးအပ်ခံခဲ့ရပါတယ်။

ဦးကောင်းဟာ အလောင်းမင်းတရားကြီး ၏ တိုက်ပွဲများ အောင်မြင်ရန် အဓိက စွမ်းဆောင်ပေးခဲ့သူဟု ပြောလျှင်မမှားပါ။ အလောင်းမင်းတရားကြီး၏ ရန်ဘက် ငချစ်ညိုနှင့် စီးချင်းယှဉ်တိုက်ခိုက်ခြင်း ၊ နာမည်ကျော် မွန်စစ်သူကြီးဒလဗန်း၏ အငြိုးတကြီး တိုက်ခိုက် မှုများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ မုဆိုးဘိုတိုက်ပွဲ ၊ ခင်ဦးတိုက်ပွဲ ၊ အင်းဝမြို့သိမ်းတိုက်ပွဲ နှင့် ရန်ကုန်ကိုသိမ်းတိုက်ပွဲ စတဲ့နာမည်ကြီးတိုက်ပွဲတွေမှာအောင်မြင်ခဲ့သော သေနာပတိဦးကောင်းဟာသန်လျှင်မြို့သိမ်းတိုက်ပွဲအတွင်း ရရှိခဲ့တဲ့ သေနတ်ဒါဏ်ရာကြောင့် ကျဆုံးခဲ့ပါတယ်။

သန်လျှင်သည် ပြင်သစ်တို့ရဲ့ အကူအညီကြောင့် လက်နက်အင်အား တောင့်တင်းနေတဲ့အချိန်မှာ ဦးကောင်းက ဦးဆောင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မြို့ရိုးပေါ်တွင် သေနတ် ၊ အမြှောက်များ တပ်ဆင်ထားသဖြင့် ကုန်းဘောင်ရဲမက်များ အကျအဆုံးများခဲ့ပါတယ်။ အကျအဆုံးများသော်လည်း ဦးကောင်းသည် နောက်ဆုတ်ဖို့မပြော မြို့တွင်းဝင်နိုင်မည့် နည်းလမ်းကို ရှာကြံခြင်း ၊ တပ်သားများအား အားပေးခြင်း ၊ ကွပ်ကဲခြင်း တို့ကို ပြုလုပ် လျက်ရှိပါတယ်။ ထိုစဉ် မြို့ရိုးပေါ်ရှိ သေနတ်အလက် ၂၀ ခန့်သည် ဦးကောင်းရှိရာကို စုပြုံပစ်ကြပါတယ်။ ရဲမက်များက စိုးရိမ်သဖြင့် ဦးကောင်းကို ကြည့်ရာ ဟန်မပျက် ကွပ်ကဲနေသဖြင့် သေနတ်မမှန်ဟု ထင်ကာ စိတ်သက်သာရ ရသွားကြပါတယ်။
တကယ်တော့ ဦးကောင်းသည် သေနတ်ဒါဏ်ရာများကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။ သို့သော် တပ်သားများ စိတ်ဓာတ်ကျမည် စိုးတာကြောင့် ဒါဏ်ရာကိုအဝတ်ဖြင့် ကြပ်ကြပ်စည်းကာ ဘာမှမဖြစ်သယောင် ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ စစ်ကဲကျော်ထင်ရွှေတောင်ကို ဆက်လက် တိုက်ခိုက်စေပြီး ကိုယ်တိုင်ကတော့ မင်းတရားကြီးရှိရာ သန်လျက်စွန်းသို့ လှေဖြင့် ဆင်း ခဲ့ပါတယ်။ လှေဆိပ်ကို ရောက်တဲ့အချိန်မှာ ဦးကောင်း၏ ကိုယ်မှာ သွေးများရွဲနစ်နေခဲ့ပါပြီ။

အလောင်းမင်းတရားကြီးသန်လျက်စွန်းမှ မျှော်ကြည့်နေစဉ် လှေတစ်စင်းအပြင်းလှော်လာရာ ဦးကောင်း ဒါဏ်ရာရရှိကြောင်း သိပြီးနောက် “ဟာဆုံးခဲ့ပြီ” ဟု အာမေဋိတ်ပြုခဲ့ပါတယ်။ စိုးရိမ်စွာဖြင့် ” မောင်ကောင်းရဲ့ ဒဏ်ရာကို အစွမ်းကုန် ပြုစုကြပါ “ဟု သမားတော်များ အား ပြောနေစဉ် ဦးကောင်းက “မရနိုင်တော့ပါဘုရား ၊ ကျွန်တော်မျိုး ယနေ့ပင် ကိုယ်တော့်ကို ပစ်၍ သွားရချေတော့မည်” ဟု လျှောက်တင်ကာ ရွှေတိဂုံစေတီကို အာရုံပြုရင်း ကွယ်လွန်သွားခဲ့ပါတယ်။ အလောင်းမင်းတရားကြီးက အလွန်စိတ်မကောင်းဖြစ်တော်မူကာ ဦးကောင်းအား ထီးဖြုအုပ်ပြီး အဂ္ဂမဟာသေနာပတိဘွဲ့ဖြင့် ခမ်းခမ်းနားနား သဂြိုလ်ပေးခဲ့ပါတယ်။

 

ကုန်းဘောင်ကို ပူးပေါင်းတည်ထောင်ခဲ့သော ဗိုလ်ချုပ်ကြီးရဲ့ ဇာတ်သိမ်းခန်း (သို့) မုဆိုး

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ သူရဲကောင်းများအနက် မင်းခေါင်အနော်ရထာ (ခေါ်) ဦးတွန် သည် တိုက်ရည်ခိုက်ရည် ကောင်းလှသည်။ သူ၏ ဇာတ်သိမ်းမှာ ကြေကွဲဖွယ်ကောင်းလှသည်။ မင်းခေါင်နော်ရထာသည် ကုန်းဘောင်တိုက်ပွဲများတွင် ရှေ့ဆုံးမှ ရွပ်ရွပ်ချွံချွံ တိုက်တတ်သူ ဖြစ်သည်။ တိုက်တိုင်းလည်းနိုင်သည်သာ များသည်။ မင်းတရားကြီး အရေးမလှ၍ ဆုတ်ခွာသော အခါတွင်လည်း နောက်ဆုံးမှ ခုခံကာ ဆုတ်လေ့ရှိသူ ဖြစ်သည်။ ယိုးဒရားကို အလောင်းမင်းတရားဝန်းရံထားရာမှ မအောင်မြင်ပဲ ဆုတ်ခွာလာရာလမ်းတွင်လည်း သူသည် နောက်ဆုံးမှချန်ကာ နေခဲ့သည်။ ဝိုင်းရံထားသော ယိုးဒယားတပ်များကို တိုက်လျှင် မင်းတရားကြီးတို့ ပြန်လှည့်ကာ စစ်ကူပေးရမည် ဖြစ်သဖြင့် မတိုက်ပဲ အဝိုင်းခံထားလိုက်သည်။ ကျန်သည့် ဗိုလ်မှူးတပ်မှူးများကိုလည်း အလောင်းမင်းတရားကြီးဆီသာလွှတ်လေသည်။ သူကိုယ်တိုင်ကား တပ်တစ်တပ်နှင့်သာ ကျန်ရစ်သည်။

ထိုသို့ ဆုတ်ခွာလာရာလမ်းတွင်ပင် အလောင်းမင်းတရားသည် နတ်ရွာစံလေသည်။ ဆင်ဖြူရှင် ဖြစ်လာမည့် မြေဒူးမင်းသားသည် ဦးတွန်ထံမှ အလောင်းမင်းတရားကြီး ချီးမြှင့်ထားသော ယိမ်းနွဲ့ပါးဓားကို ပြန်သိမ်းသည့် အပြင်နောက်ကျန်စစ်သည်များကို ရိပ်က္ခာ မထောက်ရဟု အမိန့်ချလေသည်။ ဤအချိန်မှစ၍ ဦးတွန်သည် မြေဒူးမင်းသားအပေါ် ယုံကြည်မှု မရှိတော့။ နောက်ဆုံးမှ ဆုတ်ခွာလာရင်း နယ်စပ်သို့ရောက်သောအခါ နေပြည်တော်ကို မပြန်တော့ပဲ တောင်ငူသို့သာသွားလေတော့သည်။ မြေဒူးမင်းသားကလည်း ဦးတွန်သည် စိတ်မှုမမှန်ဟု နောင်တောကြီးမင်းအား လျှောက်သော်လည်းနောင်တော်ကြီးမင်းက ယုံတော်မမူ ၊ ဦးတွန်သည် ခမည်းတော်၏ ရဲဘော်ရဲဘက်သာ ဖြစ်၍ လူလွှတ်၍ခေါ်စေသည်။ ခေါ်မရ၍ ဖမ်းခေါ်ရန်ကြံလေသည်။ တောင်ငူမင်းက ဦးတွန်အား တရားနာရန် ဖိတ်ပြီး ဗိုလ်မှူး ၆ ဦးနှင့် ဦးတွန်အား ဖမ်းရန်ကြံသည်။ သို့သော် ငယ်ကြောက်များဖြစ်၍ ဦးတွန်နားကိုမှု မကပ်ရဲ ၊ တရားနာနေစဉ်ပင် ရိပ်မိသွားသော ဦးတွန်သည် ချက်ချင်းပင် ထပြန်လေသည်။ ဆင်စီး၍ဆုတ်ရင်း အနီးတွင်ရှိသော စက်တိုင်ကို လှံဖြင့်ထိုးခဲ့ရာ ထုတ်ချင်းပေါက်သွားသည်။ မည်သူမျှ မလိုက်ရဲတော့။

ဦးတွန်အပေါ် သံယောဇဉ်ရှိလှသော နောင်တော်ကြီးမင်းသည် ဦးတွန်အား ထပ်မံခေါ်စေပြန်သည်။ ဦးတွန်၏ ရဲဘော်ရဲဘက် မင်းလှနော်ရထာတို့ကို အကျိုးအကြောင်းရှင်းပြကာ ခေါ်လေသော်လည်း ဦးတွန်သည် မလိုက်။
“သူတို့သည် ညီအစ်ကိုသာဖြစ်သည်။ ငါထက်စာလျှင် သူ၏ညီတော်ကိုသာ ယုံပေလိမ့်မည်။ အခုအခါငါ့ကိုကယ်မည့် မင်းတရားကြီးလည်း မရှိတော့ ။ ငါမလိုက်တော့ သွေးသောက်တို့သာ ပြန်ပါလေ” ဟု ဆိုသည်။ အကြိမ်ပေါင်းများစွာ ခေါ်သော်လည်း မလိုက်။ ဦးတွန်နှင့် တပ်သည်အင်းဝကို သိမ်းလိုက်ကြသည်။ မင်းခေါင်နော်ရထာကို ကြောက်ရွံကြပြီးဖြစ်သဖြင့် ကြာရှည်စွာ မခံပဲ အရှုံးပေးလိုက်ကြလေသည်။ ထိုအခါ နောင်တော်ကြီးမင်းက ဒီအတိုင်းဆိုမဖြစ်တော့ လုပ်ကြံမှပင်ဖြစ်တော့မည်ဟု ဆိုကာ အင်းဝကို ဝိုင်းစေသည်။ ဝိုင်းရံပြီး မြို့တွင်းသို့ မဝင်ရဲ ၊ ဗိုလ်မှူးတပ်မှူးအပေါင်းသည် ဦးတွန်အစွမ်းအားသိပြီးဖြစ်သဖြင့် ရင်ဆိုင်ရမှာလန့်နေကြ၍ ဖြစ်သည်။ အပြင်မှသာ ဝန်းရံပစ်ခတ်သဖြင့် မြို့တွင်းပြည်သူတို့အရေးကို ငဲ့ညှာမိသော ဦးတွန်သည် အနောက်တံခါးမှ တပ်နှင့်အတူ မြို့ပြင်သို့ထွက်လေသည်။ ထိုသို့ထွက်သည်ကို သိလျှင် ဗိုလ်မှူးတပ်မှူး တို့ကလိုက်ကြသည်။ သို့ဖြင့် မက္ခရာဗိုလ်သီရိရွှေတောင်သည် ဦးတွန်တို့အား မီလာသည်။

ထိုအခါဦးတွန်က “ဟယ် သီရိရွှေတောင် ၊ ပဇာမူ၍ လိုက်လာသနည်း” ဟု ဆိုရာ သီရိရွှေတောင်က “မင်းကို ဖမ်းမည်ဟု လိုက်လာသည်” ဟု ပြန်ပြောရာ “သီရိရွှေတောင် ၊ နင် ထမင်းကို မုန်းပြီလား” ဟု ဆိုကာ မြင်းကိုလှည့်၍ လှံ ကို လွှတ်လေသည်။ လှံသည် သီရိရွှေတောင် လက်ယာနံဘေးကို ပတ်၍ မြင်းကို စိုက်ရာ ကြောက်လန့်ပြီး ဆက်မလိုက်ရဲတော့ပေ။ နောက်ဆုံးတွင် တပ်များသည် ဦးတွန်နားသို့ မကပ်ရဲပဲ အဝေးမှပင် ပစ်ခတ်လေရာ ဦးတွန်၏ ဘက်တော်သားများ အထိနာကာ ဦးတွန်ပင် သေနည်ကျည်ဆန် ထိသွားလေသည်။ စိတ်လျှော့သွားသော ဦးတွန်သည် ချောက်ကမ်းပါး တွင် ထိုင်၍ မှိုင်တွေနေလေသည်။ ဤသည်ကို မြေဒူးသားငချစ်ကောင်း သိသွားပြီး ချောင်း၍ဖမ်းချင်သော်လည်း အနားသို့မကပ်ရဲ ပဲ ချက်ကောင်းကို စောင့်နေလေသည်။ မင်းခေါင်နော်ရထာသည် ဆီးစပ်တွင် မှန်ထားသော သေနတ်ဒါဏ်ရာကို လှန်ကြည့်ကာ နာလှ၍ ညည်းညူနေသည်ကို မြင်မှ ချုံမှ ရုတ်တရက်ထွက်ကာ မင်းခေါင်နော်ရထားအား ချောက်ထဲသို့ တွန်းချလေသည်။ သို့သော် သတိမလွတ်သော မင်းခေါင်နော်ရထာက လက်ယာဘက်ဖြင့် ဖမ်းရာငချစ်ကောင်းကို မိပြီး နှစ်ဦးသားလုံးထွေးသွားကြသည်။ ငချစ်ကောင်းက ကြောက်လန့်ပြီး ‘ကယ်ပါ၊ ကယ်ပါ’ အော်ဟစ်သည်တွင် နောက်မှသေနတ်သမားတို့က ပြေးလာ၍ ဝိုင်းဝန်းပစ်ခတ်ကြရာ ကုန်းဘောင်တည်ထောင်သူ အလောင်းမင်းတရား၏ ရဲဘော်ရဲဘက် ဗိုလ်ချုပ်ကြီးမင်းခေါင်နော်ရထာမှာ ဇာတ်သိမ်းသွားရလေတော့သည်။

ဤအဖြစ်သား နောင်တောင်ကြီးမင်းလက်ထက် အလွန်ဝမ်းနည်းဖွယ်ကောင်းလှသော အဖြစ်အပျက်ပင် ဖြစ်လေသည်။ မင်းခေါင်နော်ရထာသည် အသက်စွန့်ကာ ကာကွယ်လို၍ နောက်ချန်နေခဲ့သည်ကို ပုန်ကန်ချင်သဖြင့် ထိုသို့ချန်နေရစ်သည်ဟု မြေဒူးမင်းသားက ထင်သည်။ သို့ဖြင့် ဓါးကိုသိမ်းကာ ရိက္ခာကိုလည်း ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။ မင်းခေါင်နော်ရထာကလည်း မြေဒူးမင်းသားကို မယုံတော့ ၊ နေပြည်တော်ရောက်လျှင် သူ့အတွက် အခြေအနေမကောင်းနိုင်တော့သည်ဟု ထင်ကာ ဆန္ဒမရှိပါပဲ ပုန်ကန်သူအဖြစ်သို့ရောက်ရသည်။ တစ်ယောက်ကိုတစ်ယောက် သင်္ကာမကင်းဖြစ်မှုလေးမှ ဤသို့သူရဲကောင်းကြီးတစ်ယောက်ဆုံးရှုံးရသည်မှာ သင်ခန်းစာ ယူစရာပင်
ဖြစ်လေတော့သည်။

 

ဇာတ်သိမ်းမလှခဲ့တဲ့ သူရဲကောင်းဗိုလ်ချုပ်ကြီး (သို့) မဟာသီဟသူရ ဦးသာ

ဆင်ဖြူရှင်မင်းလက်ထက်မှာ ယိုးဒယားတိုက်ပွဲများ ၊ တရုတ်တို့ရဲ့ကျူးကျော်တိုက်ပွဲများကို အောင်မြင်အောင်တိုက်ခဲ့ကြောင်း သိကြပြီးဖြစ်မှာပါ။ ထိုတိုက်ပွဲတိုင်းလိုလိုမှာ အနိုင်ရအောင် ဦးဆောင်ကွပ်ကဲနိုင်ခဲ့သူ ဗိုလ်ချုပ်ကြီးတစ်ဦးတည်းပင် ဖြစ်ပါတယ်။ ထိုလက်ရုံးရည် နှလုံးရည်နှင့်ပြည့်စုံသူ ဗိုလ်ချုပ်ကြီးရဲ့အမည်မှာ မဟာသီဟသူရ ဖြစ်ပါတယ်။
တကယ်တော့ ဝန်ကြီး မဟာသီဟသူရဟာ ဆင်ဖြူရှင်မင်းလက်ထက်မှာမှ ကျော်ကြားခဲ့တာ မဟုတ်ပါဘူး။ မဟာသီဟသူရဟာ တတိယနိုင်ငံကို စတင်ထူထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီးရဲ့ သူရဲကောင်း မြင်းရည်တက် ၆ကျိပ် ၈ယောက်ထဲမှာ ထိပ်ပိုင်းမှပါဝင်ခဲ့သူ ဦးသာဖြစ်ပါတယ်။ သေနတ်ဝန် ဦးကောင်း ၊ မုဆိုးချုံဗိုလ် ဦးတွန် တို့နှင့် အတူလက်တွဲကာ တိုက်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။

ရွှေတောင်ထွတ်ကဲ ၊ မင်းလှရာဇာဘွဲ့များရရှိခဲ့သူ ဝန်ကြီးမဟာသီဟသူရဟာ အလောင်းမင်းတရားကြီး နတ်ရွာစံပြီးနောက် သားတော်ဒီပဲယင်းမင်း ၊ မြေဒူးမင်း ၊ စဉ့်ကူးမင်း နှင့် ဘိုးတော်ဘုရားလက်ထက်တိုင်အောင် အဆင့်ဆင့် အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့စွမ်းရည်ဟာ ဆင်ဖြူရှင်မင်းလက်ထက် သက္ကရာဇ် ၁၁၂၇ မှ ၁၁၃၀ အထိဖြစ်ပွားခဲ့သော တရုတ်တို့နှင့် တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲလေးပွဲမှာ အထင်ရှားဆုံးဖြစ်ခဲ့ပါတယ်။ အင်အားကြီးမားလှတဲ့ တရုတ်တပ်တွေကို မဟာသီဟသူရရဲ့ စစ်ရေးစွမ်းရည်ဖြင့် အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။ တရုတ်တို့အား ရိက္ခာဖြတ်တောက်တိုက်ခိုက်ခြင်း ၊ ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်စေခြင်း စသည်တို့ဟာ မဟာသီဟသူရရဲ့ အစီအစဉ်တွေပဲ ဖြစ်ပါတယ်။ လေးကြိမ်စလုံး တရုတ်တို့အား အနိုင်ရရှိပြီးနောက် ကျန်ဗိုလ်မှူးများက ဆက်လက်တိုက်ခိုက်ရန်ပြောသည်ကို လက်မခံပဲ နှစ်ဘက် ပြည်သူတို့အား ငဲ့ညှာကာ စစ်ပြေငြိမ်းစေခဲ့ပါတယ်။ မဟာသီဟသူရရဲ့ အမျှော်အမြင်ကြီးမှုကြောင့် တရုတ်တို့နှင့် စစ်မက်မဖြစ်ပွားတော့သော်လည်း ဆင်ဖြူရှင်မင်းက မဟာသီဟသူရအား ထိုသို့လုပ်ရပါမလားဟု အမျက်ရှကာ နယ်ပြောင်းပစ်လိုက်ပါတယ်။

ထိုမှ စဉ့်ကူးမင်းလက်ထက်တွင် အသည်ဝန်ကြီး ၊ ဘိုးတော်ဗဒုံမင်းလက်ထက်တွင် ဝန်ကြီးစသည်ဖြင့် တာဝန်များထမ်းဆောင်ခဲ့သော်လည်း ၁၇၈၂ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စည်သာမင်းသားနှင့် အတူပူပေါင်းနန်းလုရန်ကြံစည်မှုဖြင့် ကွပ်မျက်ခြင်းခံခဲ့ရပါတယ်။ တိုက်တိုင်းအောင် စစ်ဗိုလ်ချုပ်ကြီး၏ နိဂုံးကား မလှခဲ့ပါချေ။

ကျမ်းကိုးများ

မြန်မာ့သမိုင်းထဲက အထင်ကရဇာတ်ကောင်များ – မောင်ကြည်သန့်
ကုန်းဘောင်ခေတ်မင်းမှုထမ်း အဘိဓာန် – တင်နိုင်တိုး
အထင်ကရ ဇာတ်ကောင်များ – မောင်ကြည်သန့်

ကုန်းဘောင်ရှာပုံတော် – ညိုမြ
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ – တင်ထွေး
မြန်မာ့သူရဲကောင်းများ – သူရိယဦးသိန်းမောင်

Leave a Reply