ေတြ႔ေတြ႔ေနရတဲ့ ISO ဆုိတာ

Posted on

Written By ဖူးပြင့္ေအာင္

ISO – International Organization For Standardization ဆုုိတာ အဖြဲ႔အစည္းတစ္ခုပါ။ ဆြစ္ဇာလန္မွာ ရုံးစိုက္ပါတယ္။ သူကေတာ့ စီးပြားေရးလုပ္ငန္းေတြရဲ႕႔ ကုန္စည္ႏွင့္ ၀န္ေဆာင္မႈေတြဟာ စားသုံးသူေတြအတြက္ ဘယ္ေလာက္စိတ္ခ်ႏိုင္မႈရွိသလဲဆိုတာကို သိဖို႔ စံခ်ိန္စံညႊန္းေတြသတ္မွတ္ၿပီး အသိအမွတ္ျပဳလက္မွတ္ထုတ္ေပးတယ္ ဆိုပါေတာ့။ သူမွာ ပညာနယ္အသီးသီးက ကၽြမ္းက်င္အဖြဲ႔ ၁၈၀ ဖြဲ႔ ရွိပါတယ္။ သူ႕ရည္ရြယ္ခ်က္ကေတာ့ Trade လုပ္တဲ့အခါ ကုန္စည္နဲ႔၀န္ေဆာင္မႈေတြ ႏိုင္ငံတကာမွာ စိ္တ္ခ်ယုံၾကည္စြာ ကုန္သြယ္ႏိုင္ေစရန္အျပင္ တီထြင္ဖန္တီးႏိုင္မႈ၊ သိပၸံႏွင့္ နည္းပညာ၊ စီးပြားေရးေဆာင္ရြက္ခ်က္မ်ား ဒီထက္မက ဖြံ႕ျဖိဳးတုိးတက္လာေစရန္ ပို၍ ပူးေပါင္းမႈမ်ား တိုးလားရန္လို႔ ဆိုပါတယ္။

ISO အမ်ဳိးအစားမ်ား (What type of ISO)

ISO 9000 series
——————–
၁၉၈၇ မွာ ISO 9000 series ကုိ စတင္ထုတ္ျပန္ပါတယ္။ သူကေတာ့ ကုန္စည္ထုတ္လုပ္မႈျဖစ္စဥ္တစ္ခုလုံးဟာ စားသုံးသူလိုအပ္မႈေတြကို ျပည့္မီရမယ္ ဒါမွမဟုတ္ သာလြန္ရမယ္လို႔ ဆိုပါတယ္။ ၁၉၉၄ မွာ vision ျပန္ေျပာင္းခဲ့ပါတယ္။
ISO 9000 : 1994 က ကုန္စည္ေတြဟာ စားသုံးသူလိုအပ္ခ်က္ကို ျပည့္၀ေစရန္အတြက္ လိုအပ္တဲ့ ၄င္းတို႔ခ်မွတ္ထားေသာ အရည္အေသြးဆိုရာ လိုအပ္ခ်က္မ်ားကို အခ်က္တိုင္းမဟုတ္သည့္တိုင္ သတ္မွတ္ထားေသာ အနည္းဆုံးအခ်က္မ်ား ကိုေတာ့ ျပည္မီေနရပါမယ္လို႔ဆိုပါတယ္။ သတ္မွတ္ခ်က္ေတြကေတာ့ ေယဘုယ်ဆန္ပါတယ္။ ကုန္စည္တမ်ိဳးခ်င္းစီအတြက္ သီးျခားေဖာ္ျပခ်က္မရွိပါဘူး။ ၄င္းတို႔သတ္မွတ္ခ်က္မ်ားႏွင့္ ျပည့္မွီတယ္ဆိုရင္ေတာ့ ကုန္စည္ရဲ႕ အရည္အေသြးဟာ စိတ္ခ်ရေၾကာင္း စားသုံးသူအတြက္ အာမခံေသာအားျဖင့္ certificate ထုတ္ေပးပါတယ္။
၂၀၀၀ခုႏွစ္ revision ျပန္လုပ္ထားတဲ့ ISO 9000:2000 က 1994 မွာရွိတဲ႔ discrete elements ေတြအစား ကုန္စည္ထုတ္လုပ္မႈprocess cycleအတြက္ လုိအပ္တဲ့ management principles ၈ခ်က္နဲ႔ျပန္လည္ ဖြဲ႔စည္းထားပါတယ္။
9000 series မွာ
9001 – ကုန္စည္ထုတ္လုပ္မႈျဖစ္စဥ္ရွိ ဒီဇိုင္း၊ ထုတ္လုပ္မႈ၊ စက္ကိရိယာတပ္ဆင္တာထိေရာက္မႈ၊ ၀န္ေဆာင္မႈေတြကို စစ္ပါတယ္ (design, manufacturing,installation,service)
9002 – ကုန္ထုန္လုပ္မႈ၊ စက္တပ္ဆင္မႈႏွင့္ ၀န္ေဆာင္မႈ ကိုၾကည့္ပါတယ္(production ,installation,service) (* raw material ေတြ စိ္တ္ခ်ရမႈပါပါတယ္ supplier ေတြအထိ ၾကည့္ပါတယ္ )
9003 – ေနာက္ဆုံးကုန္ေခ်ာကိုပဲ ၾကည့္တာပါ။ေေနာက္ဆုံးကုန္ေခ်ာဟာ စားသုံးသူေတြအတြက္ စိတ္ခ်ရသလားဆိုတာကို inspection and testing ပါ လုပ္ၿပီး စစ္ပါတယ္
9004 – သူကေတာ့ အျမင္က်ဥ္းက်ဥ္းပါပဲ။ ထုတ္လုပ္သူအေနနဲ႔ သူ႕လုပ္ငန္းရဲ႕ လုိအပ္ခ်က္ နဲ႔ အခြင့္အလမ္းေတြရယူႏိုင္ယုံသာ လုပ္ငန္းတြင္းကသာ ခ်မွတ္ထားတဲ့ guidelines ေတြျပည့္မွီရင္ ရပါၿပီလို႔ဆိုပါတယ္။
အခုေနာက္ဆုံးကေတာ့ ISO 14000 ပါ ။ ရရွိသူေတြက အနည္းအက်ဥ္းပဲရွိပါတယ္။ ဘာကြာသလဲဆိုေတာ့ environmental ကိုပါ ထည့္စဥ္းစားလာပါတယ္။ environment ကို ဆုိးက်ိဳးသက္ေရာက္မႈ ဘယ္ေလာက္ထိ ေလွ်ာ့ႏိုင္သလဲ၊ ဥပေဒ သတ္မွတ္ခ်က္မ်ားကို ဘယ္ေလာက္ထိလိုက္နာသလဲဆိုတာကို ၾကည့္ပါတယ္။ ISO 14000 series မွာ
14001 – ကမၻာမည့္သည့္ေနရာတြင္မဆို မည္သည့္Product ႏွင့္မဆို ထုတ္လုပ္ရာတြင္ environment ကို လိုက္ေလ်ာညီေထြႏိုင္မႈကို ၾကည့္ပါတယ္၊ ေယဘူယ်ဆန္ပါတယ္။
14004 – အေသးစိတ္ပိုက်သြားပါၿပီ ။ operation ေတြဟာ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာ ရည္မွန္းခ်က္ေတြ၊ ဦးတည္ခ်က္ေတြ ဘယ္ေလာက္ထည့္စဥ္းစားရမလဲဆိုတာပါလာပါၿပီ။
14020 – labels ေတြ declaration ေတြဟာ နဲ႔ environmental နဲ႔ခ်ိတ္ဆက္ၾကည့္ပါတယ္။
14030 – ထုတ္လုပ္မႈျဖစ္စဥ္ၿပီးသည့္တိုင္ environmental effect နဲ႔ခ်ိတ္ဆက္ၾကည့္ပါတယ္။
14031 – environmental performance သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးလုပ္ငန္းေတြမွာ ဘယ္ေလာက္ထိ ပါ၀င္ႏိုင္သလဲဆိုတာ ၾကည့္ပါတယ္
14040 – environmental goal ေတြကို ဘယ္ေလာက္ထိ ခ်မွတ္ေပးႏိုင္လဲဆိုတာ ၾကည့္ပါတယ္
14062 – environmental goalေတြကို ဘယ္ေလာက္ improve လုပ္ေပးႏိုင္လဲဆိုတာ ၾကည့္ပါတယ္။
ေနာက္ဆုံး 14064 ကေတာ့ greenhouse gas ဖန္လုံအိမ္အာနိသင္ ဘယ္ေလာက္ေလွ်ာ့ႏိုင္သလဲဆိုတာ ၾကည့္ပါတယ္


တွေ့တွေ့နေရတဲ့ ISO ဆိုတာ (unicode)

Written By ဖူးပွင့်အောင်

ISO – International Organization For Standardization ဆိုတာ အဖွဲ့အစည်းတစ်ခုပါ။ ဆွစ်ဇာလန်မှာ ရုံးစိုက်ပါတယ်။ သူကတော့ စီးပွားရေးလုပ်ငန်းတွေရဲ့ ကုန်စည်နှင့် ဝန်ဆောင်မှုတွေဟာ စားသုံးသူတွေအတွက် ဘယ်လောက်စိတ်ချနိုင်မှုရှိသလဲဆိုတာကို သိဖို့ စံချိန်စံညွှန်းတွေသတ်မှတ်ပြီး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးတယ် ဆိုပါတော့။ သူမှာ ပညာနယ်အသီးသီးက ကျွမ်းကျင်အဖွဲ့ ၁၈၀ ဖွဲ့ ရှိပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ Trade လုပ်တဲ့အခါ ကုန်စည်နဲ့ဝန်ဆောင်မှုတွေ နိုင်ငံတကာမှာ စိ်တ်ချယုံကြည်စွာ ကုန်သွယ်နိုင်စေရန်အပြင် တီထွင်ဖန်တီးနိုင်မှု၊ သိပ္ပံနှင့် နည်းပညာ၊ စီးပွားရေးဆောင်ရွက်ချက်များ ဒီထက်မက ဖွံ့ဖြိုးတိုးတက်လာစေရန် ပို၍ ပူးပေါင်းမှုများ တိုးလားရန်လို့ ဆိုပါတယ်။

ISO အမျိုးအစားများ (What type of ISO)

ISO 9000 series
——————–
၁၉၈၇ မှာ ISO 9000 series ကို စတင်ထုတ်ပြန်ပါတယ်။ သူကတော့ ကုန်စည်ထုတ်လုပ်မှုဖြစ်စဉ်တစ်ခုလုံးဟာ စားသုံးသူလိုအပ်မှုတွေကို ပြည့်မီရမယ် ဒါမှမဟုတ် သာလွန်ရမယ်လို့ ဆိုပါတယ်။ ၁၉၉၄ မှာ vision ပြန်ပြောင်းခဲ့ပါတယ်။
ISO 9000 : 1994 က ကုန်စည်တွေဟာ စားသုံးသူလိုအပ်ချက်ကို ပြည့်ဝစေရန်အတွက် လိုအပ်တဲ့ ၄င်းတို့ချမှတ်ထားသော အရည်အသွေးဆိုရာ လိုအပ်ချက်များကို အချက်တိုင်းမဟုတ်သည့်တိုင် သတ်မှတ်ထားသော အနည်းဆုံးအချက်များ ကိုတော့ ပြည်မီနေရပါမယ်လို့ဆိုပါတယ်။ သတ်မှတ်ချက်တွေကတော့ ယေဘုယျဆန်ပါတယ်။ ကုန်စည်တမျိုးချင်းစီအတွက် သီးခြားဖော်ပြချက်မရှိပါဘူး။ ၄င်းတို့သတ်မှတ်ချက်များနှင့် ပြည့်မှီတယ်ဆိုရင်တော့ ကုန်စည်ရဲ့ အရည်အသွေးဟာ စိတ်ချရကြောင်း စားသုံးသူအတွက် အာမခံသောအားဖြင့် certificate ထုတ်ပေးပါတယ်။
၂၀ဝ၀ခုနှစ် revision ပြန်လုပ်ထားတဲ့ ISO 9000:2000 က 1994 မှာရှိတဲ့ discrete elements တွေအစား ကုန်စည်ထုတ်လုပ်မှုprocess cycleအတွက် လိုအပ်တဲ့ management principles ၈ချက်နဲ့ပြန်လည် ဖွဲ့စည်းထားပါတယ်။
9000 series မှာ
9001 – ကုန်စည်ထုတ်လုပ်မှုဖြစ်စဉ်ရှိ ဒီဇိုင်း၊ ထုတ်လုပ်မှု၊ စက်ကိရိယာတပ်ဆင်တာထိရောက်မှု၊ ဝန်ဆောင်မှုတွေကို စစ်ပါတယ် (design, manufacturing,installation,service)
9002 – ကုန်ထုန်လုပ်မှု၊ စက်တပ်ဆင်မှုနှင့် ဝန်ဆောင်မှု ကိုကြည့်ပါတယ်(production ,installation,service) (* raw material တွေ စိ်တ်ချရမှုပါပါတယ် supplier တွေအထိ ကြည့်ပါတယ် )
9003 – နောက်ဆုံးကုန်ချောကိုပဲ ကြည့်တာပါ။နောက်ဆုံးကုန်ချောဟာ စားသုံးသူတွေအတွက် စိတ်ချရသလားဆိုတာကို inspection and testing ပါ လုပ်ပြီး စစ်ပါတယ်
9004 – သူကတော့ အမြင်ကျဉ်းကျဉ်းပါပဲ။ ထုတ်လုပ်သူအနေနဲ့ သူ့လုပ်ငန်းရဲ့ လိုအပ်ချက် နဲ့ အခွင့်အလမ်းတွေရယူနိုင်ယုံသာ လုပ်ငန်းတွင်းကသာ ချမှတ်ထားတဲ့ guidelines တွေပြည့်မှီရင် ရပါပြီလို့ဆိုပါတယ်။
အခုနောက်ဆုံးကတော့ ISO 14000 ပါ ။ ရရှိသူတွေက အနည်းအကျဉ်းပဲရှိပါတယ်။ ဘာကွာသလဲဆိုတော့ environmental ကိုပါ ထည့်စဉ်းစားလာပါတယ်။ environment ကို ဆိုးကျိုးသက်ရောက်မှု ဘယ်လောက်ထိ လျှော့နိုင်သလဲ၊ ဥပဒေ သတ်မှတ်ချက်များကို ဘယ်လောက်ထိလိုက်နာသလဲဆိုတာကို ကြည့်ပါတယ်။ ISO 14000 series မှာ
14001 – ကမ္ဘာမည့်သည့်နေရာတွင်မဆို မည်သည့်Product နှင့်မဆို ထုတ်လုပ်ရာတွင် environment ကို လိုက်လျောညီထွေနိုင်မှုကို ကြည့်ပါတယ်၊ ယေဘူယျဆန်ပါတယ်။
14004 – အသေးစိတ်ပိုကျသွားပါပြီ ။ operation တွေဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေ ဘယ်လောက်ထည့်စဉ်းစားရမလဲဆိုတာပါလာပါပြီ။
14020 – labels တွေ declaration တွေဟာ နဲ့ environmental နဲ့ချိတ်ဆက်ကြည့်ပါတယ်။
14030 – ထုတ်လုပ်မှုဖြစ်စဉ်ပြီးသည့်တိုင် environmental effect နဲ့ချိတ်ဆက်ကြည့်ပါတယ်။
14031 – environmental performance သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ဘယ်လောက်ထိ ပါဝင်နိုင်သလဲဆိုတာ ကြည့်ပါတယ်
14040 – environmental goal တွေကို ဘယ်လောက်ထိ ချမှတ်ပေးနိုင်လဲဆိုတာ ကြည့်ပါတယ်
14062 – environmental goalတွေကို ဘယ်လောက် improve လုပ်ပေးနိုင်လဲဆိုတာ ကြည့်ပါတယ်။
နောက်ဆုံး 14064 ကတော့ greenhouse gas ဖန်လုံအိမ်အာနိသင် ဘယ်လောက်လျှော့နိုင်သလဲဆိုတာ ကြည့်ပါတယ်

Leave a Reply