အဂၤလိပ္တုိ႔သိမ္းယူသြားၿပီးေနာက္ ေပ်ာက္ဆုံးသြားေသာ ေ႐ႊရထား

Posted on

၁၈ ႏိုဝင္ဘာ ၁၈၂၅ ( အဂၤလိပ္ ျမန္မာ ပထမစစ္ပြဲ ၿပီး၍ တစ္ႏွစ္မွ် အၾကာ ) တြင္ လန္ဒန္ၿမိဳ႕ ပစ္ကာဒယ္လီ အရပ္တြင္ ၿဗိတိသွ် အင္ပါယာ ပြဲႀကီး၌ ျမန္မာဘုရင္၏ ေ႐ႊရထား တစ္စီးကို ျပသထားသည္။ ယင္းကို တိုင္းမ္ သတင္းေထာက္က ေသေသခ်ာခ်ာၾကည့္၊ ေသေသခ်ာခ်ာ တိုင္းတာ၍ အနီးကပ္ အေသးစိတ္ ေလ့လာ၍ စာဖတ္သူမ်ားကို အစီရင္ ခံပါသည္။ သူ၏ အေသးစိတ္ ေရးသားခ်က္မ်ားမွာ ဘာသာျပန္၍ ျပန္လည္ တင္ျပရန္ပင္ အခက္အခဲ ေတြ႕ပါသည္။ ဤမွ် ေတာ္ေသာသူ ျဖစ္ပါ၏။

“ကၽြႏု္ပ္တို႔ မသိေသာ ႏိုင္ငံတစ္ခု၏ လက္ရာေျမာက္လွေသာ အႏုပညာကို မ်က္ဝါးထင္ထင္ ေတြ႕ျမင္ရျခင္း ျဖစ္ပါသည္။ ထိုႏိုင္ငံမွာ အိႏိၵယႏွင့္ တ႐ုတ္ျပည္ႀကီး ၂ ျပည္ၾကားတြင္ ျဖစ္ပါသည္။ ဤႏိုင္ငံ (ျမန္မာျပည္) ကို ကၽြႏု္ပ္တို႔သာ သတိမထား မိလိုက္သည္ မဟုတ္။ ပထဝီ ေလ့လာေသာ ပညာ႐ွင္မ်ားလည္း မသိလိုက္သည္မွာ စစ္တေကာင္း ပန္းဝါတြင္ ( ျမန္မာတို႔က အဂၤလိပ္ စစ္တပ္ကို ေအာင္ႏိုင္လိုက္သည္ တြင္မွ ) ကၽြႏု္ပ္တို႔ အားလံုး ဤႏိုင္ငံကို သတိထားမိ လာၾကေပသည္။ ထို (စစ္တေကာင္း ပန္းဝါ)တြင္ ကၽြႏု္ပ္တို႔ ၿဗိတိသွ် စစ္သားမ်ားသည္ အိႏိၵယတြင္ ဆင္ႏႊဲရေသာ စစ္ပြဲ အေတြ႕အႀကံဳမ်ားႏွင့္ လားလားမွ မတူ ထူးျခားနားသည့္ စစ္ဆင္ စစ္တက္ တိုက္ခိုက္သူ မ်ားႏွင့္ ရင္ဆိုင္ခဲ့ၾက ရေပသည္။” ဟု ေရးသားခဲ့ ေပသည္။

အတိုင္းအတာ

ရထားအိမ္- ေ႐ွ႕မွေနာက္ ၁၃ ေပ ၇ လက္မ၊ ေဘးအက်ယ္ ၆ ေပ ၉ လက္မ၊ အျမင့္ ၄ ေပ ၆ လက္မ၊ ေျမမွ ထီးေတာ္အထိ ၁၉ ေပ ၂ လက္မ။ ေ႐ႊရထား အမိုးမွာ ဘံု ၇ ဆင့္ရွိသည္။ တစ္ဆင့္ၿပီး တစ္ဆင့္ လွပစြာျမင့္တက္ သြားသည္မွာ ပဏၰာရလွသည္။ ဘံုအမိုးစြန္းမွ ေ႐ႊေခါင္းေလာင္းငယ္မ်ား ဆြဲထားသည္။

ေလ့လာလွ်င္ ေညာင္႐ြက္ပံု ေ႐ႊဆြဲလြဲမ်ားက ေခါင္းေလာင္းကို သာယာေသာ အသံစံုမ်ား ျဖစ္ေပၚေစသည္။ ထီးေတာ္(ပံု) မွာလည္း ဘံု (၇)ဆင့္ ရွိသည္။ အဆင့္တိုင္းတြင္ စလင္းဆြဲ (အျပာေရာင္ QUARTZ / AMETHYST) မ်ား စီခ်ယ္ထားသည္။ ထိပ္ခၽြန္းတြင္ စိန္ဖူး ဆင္ထားသည္။ ဘံုအဆင့္တိုင္းသည္ အထက္ (အနည္းငယ္) ကား၍ ေအာက္႐ွဴးသည္။ ဤဒီဇိုင္းပံုမ်ိဳးကို ေညာင္ရမ္းေခတ္တြင္ အထူး ေခတ္စားခဲ့သည္။ ကုန္းေဘာင္ေခတ္ အထိ ယူသံုးေနျခင္း ျဖစ္သည္။

ေ႐ႊရထား၏ သမိုင္း

ဤရထားေတာ္ကို ထားဝယ္ၿမိဳ႕တြင္ အဂၤလိပ္တို႔ သိမ္းယူ ရ႐ွိလိုက္ျခင္း ျဖစ္သည္။ ရထားလုပ္သူ၊ ေ႐ႊခ်၍ ေက်ာက္သံ ပတၱျမားမ်ား စီသူမ်ားကိုပါ ရထားႏွင့္ အတူ သိမ္းယူ ရ႐ွိသျဖင့္ ထားဝယ္ၿမိဳ႕ဝန္က တာဝန္ယူ လုပ္ေဆာင္ ေပးရဟန္ ႐ွိသည္။ သကၠရာဇ္မ်ားကို စဥ္ၾကည့္လွ်င္ ဤရထားႏွင့္ ပတ္သက္၍ ေနာက္ခံသမိုင္း ေပၚလာစရာ ႐ွိသည္။ ထားဝယ္ၿမိဳ႕ဝန္ ဦးေ႐ႊတုပ္သည္ အင္းဝ ေနျပည္ေတာ္သို႔ ေခတၱ ျပန္လာေနထိုင္သည့္ အခ်ိန္မွာ ၈ မတ္ ၁၈၂၄ တြင္ျဖစ္သည္။ သူ၏ မူလ ေနထိုင္ရာမွာလည္း အင္းဝ ေ႐ႊၿမိဳ႕ေတာ္ပင္ ျဖစ္စရာ ရွိသည္။

ဦးေ႐ႊတုပ္ ေနထိုင္စဥ္အတြင္း အင္းဝဘုရင္ ဘႀကီးေတာ္မင္းက မူးေတာ္ မတ္ေတာ္ ( အရာ႐ွိႀကီးမ်ား ) ၈၄ဦးကို ဘြဲ႕ထူး ဂုဏ္ထူးႏွင့္တကြ ကြမ္းခြက္ လက္ဖက္အိုး၊ ေသာက္ေရ တေကာင္းဖံုး တို႔ပါ ေပးသနားသည္။ ဤအရာ႐ွိႀကီးမ်ားတြင္ ထားဝယ္ၿမိဳ႕ဝန္ မင္းေက်ာ္စည္သူ ဘြဲ႔ခံ ဦးေ႐ႊတုပ္ ပါဝင္သည္။ ( အမ်ိဳးသား စာၾကည့္တိုက္ ပုရပိုဒ္ အမွတ္ ၆၁၉ ) ဦးေ႐ႊတုပ္ ဤသို႔ ခ်ီးျမွင့္ ခံရျခင္းမွာ မေလး႐ွား ေစာ္ဘြားမ်ားႏွင့္ ဆက္သြယ္၍ ျမန္မာႏိုင္ငံအတြက္ ႀကိဳးပမ္း ေဆာင္႐ြက္မႈေၾကာင့္ ျဖစ္ဟန္တူသည္။ ( ဦးအံ့ေက်ာ္၊ သမိုင္း ပါေမာကၡ (ၿငိမ္း) “ေမာ္လၿမိဳင္ ေ႐ႊေတာင္ေက်ာင္းတုိက္ သမိုင္း”။ သာသနာေရး ဦးစီးဌာန၊ ၂၀၀၈၊ စာ ၉ ) ဆက္သြယ္ရပံုမွာ ဤသို႔ျဖစ္သည္။

အဂၤလိပ္ ျမန္မာ ဆက္ဆံေရး မေျပျပစ္ခ်ိန္၊ စစ္ျဖစ္ရန္ အလားအလာမ်ား တိုးပြားေနစဥ္ ယိုးဒယားဘုရင္ အစိုးရသည္ အဂၤလိပ္ကို မည္သို႔ ကူရမည္နည္းဟု ကမ္းလွမ္းေနသည္။ ဤသတင္းကုိ ေထာက္လွမ္း သိ႐ွိရေသာ ျမန္မာဘုရင္က ခ်ိန္ခြင္ညွာကဲ့သို႔ အင္အားညွိရန္ လိုလားသည္ ျဖစ္၍ မေလး႐ွား႐ွိ ေစာ္ဘြားမ်ားႏွင့္ မိတ္ျပဳထားရန္ လိုေပသည္။ ဤကိစၥကို စီစဥ္ရန္ ထားဝယ္ဝန္ ဦးေ႐ႊတုပ္အား အေဆာတလ်င္ ပီနန္သို႔ လႊတ္သည္။

အဂၤလိပ္ အစိုးရက ျမန္မာဘုရင္ႏွင့္ စစ္ျဖစ္ျပီဟု ေၾကညာလိုက္ခ်ိန္တြင္ ဦးေ႐ႊအုပ္မွာ ပီနန္တြင္ ေရာက္ေနသည္။ ထို႔ေၾကာင့္ ထားဝယ္ကို ကာကြယ္ရန္ အလ်င္အျမန္ ျပန္လာရသည္။ ႀကိဳတင္ ေတြးထင္သည့္ အတိုင္းပင္ အဂၤလိပ္တို႔က ရန္ကုန္ကို အႀကိတ္အနယ္ တုိက္ခိုက္ ရယူၿပီးေနာက္ ၿမိတ္ႏွင့္ ထားဝယ္ကို တိုက္ခိုက္ သိမ္းယူရန္ အလွ်င္အျမန္ ကုန္းတပ္ႏွင့္ ေရတပ္သေဘၤာမ်ား ေစလႊတ္သည္။ ဦးေ႐ႊတုပ္တြင္ စစ္သား တစ္ေထာင္ခန္႔ ရွိသည္။ အဂၤလိပ္မ်ား ထင္ျမင္သကဲ့သို႔ မဟုတ္ဘဲ ျမန္မာဘုရင္က ထားဝယ္ကုိ ပစ္မထားပါ။ လက္နက္ကိုင္ ၃၀၀ ပါ လိုက္သည္။

ဗိုလ္မွဴးႀကီး မီးလ္စ္ (MILESS) ဦးစီးေသာ မဒရပ္ ေျခလ်င္တပ္ရင္း (၇)ႏွင့္(၈၉) တပ္သားမ်ား ခ်ီတက္လာသည္။ ဤတြင္ ထားဝယ္ေရဝန္ ေမာင္ဒါႏွင့္ စစ္ကဲ ေမာင္ေ႐ႊရစ္တို႔က အဂၤလိပ္ ဗိုလ္မွဴးႏွင့္ အေပးအယူလုပ္ ေစ့စပ္၍ သစၥာေဖာက္သည္။ ထားဝယ္ၿမိဳ႕ဝန္ ေ႐ႊအုပ္ကို ဖမ္း၍ အဂၤလိပ္သို႔ အပ္သည္။ အဂၤလိပ္က ေမာင္ဒါကို ထားဝယ္ဝန္ ခန္႔သည္။ ထိုေန႔ ထားဝယ္ က်ေသာေန႔မွာ ၈ စက္တင္ဘာ ၁၈၂၄ ျဖစ္သည္။ သိမ္းယူရ႐ွိေသာ လက္နက္မ်ားႏွင့္ အတူ ဤေ႐ႊရထားကို ေတြ႕႐ွိရျခင္း ျဖစ္သည္။ ေ႐ႊရထားကို ရန္ကုန္သို႔ ခ်က္ခ်င္းပို႔သည္။ ယင္းမွ ကာလကတၱားသို႔ ပို႔ျပန္သည္။

ကာလကတၱားတြင္ စစ္ၿပီးသြားၿပီးေနာက္ အဂၤလိပ္ ကုမၸဏီ အစိုးရက စစ္စရိတ္ ကာမိရန္ ေရာင္းခ်လိုက္သည္။ မည္သူက ဝယ္သြားသည္ မည္မွ်ႏွင့္ ေရာင္းခ်လုိက္သည္ ကိုလည္း မသိရေပ။ ဝယ္ယူသူက လန္ဒန္ၿမိဳ႕သို႔ ပါ၍ ျပပြဲႀကီးတြင္ ဤေ႐ႊရထားကို ျပသထားသည္။ ယင္းကို တိုင္းမ္ သတင္းစာ၏ သတင္းေထာက္က လံုးေစ့ပတ္ေစ့ ေရးသား၍သာ ယခု သိ႐ွိရ ေပသည္။ ဤေ႐ႊရထားကို ဆင္ႏွင့္ ဆြဲရသည္ဟု သိ႐ွိရပါသည္။

ေ႐ႊရထား၏ တန္ဖိုး

ဤေ႐ႊရထားကို ၿဗိတိသွ် စစ္တပ္က သိမ္းဆည္း ရ႐ွိခ်ိန္တြင္ ရထားကို ထိန္းသိမ္း ေစာင့္ေ႐ွာက္ ေနသူမ်ားပါ ဖမ္းဆီး ရမိသည္။ ဤသူမ်ားက ထြက္မေျပးပါ။ ရထားႏွင့္ အတူ ႐ွိေနခဲ့သည္။ ရထားႏွင့္ အေစာင့္လူမ်ား အားလံုးကို ထားဝယ္သို႔ ယူေဆာင္ သြားသည္။ ထားဝယ္တြင္ အေစာင့္မ်ားထံက ၾကားသိမွတ္သား ရသမွ်ကို တစ္ဆင့္စကား ၾကားရသည့္အတိုင္း တိုင္းမ္သတင္းေထာက္က ဆက္လက္ ေရးသားပါသည္။ ဤေ႐ႊရထားကုိ ၃ ႏွစ္မွ် တည္ေဆာက္ရသည္။ ေက်ာက္သံ ပတၱျမား အားလံုးသည္ ဘုရင့္ ဘ႑ာတိုက္မွ ထုတ္ေပးသည္။

လက္ေအာက္ခံ ေစာ္ဘြား၊ ၿမိဳ႕စားတို႔မွ စစ္သည္မ်ားလည္း ပါဝင္သည္။ ေက်ာက္သံ ပတၱျမားတြင္ ပတၱျမားလံုးေခ်ာ ၂ ေသာင္း ပါဝင္သည္။ ယင္းတို႔၏ တန္ဖိုးမွာ က်ပ္တစ္သန္း (ေပါင္ ၁၂၅၀၀) ျဖစ္သည္။ ေက်ာက္သံ ပတၱျမားမ်ား၏ တန္ဖိုး မပါဝင္ဘဲ တည္ေဆာက္ခႏွင့္ အရပ္ရပ္ ကုန္က်ေငြသည္ က်ပ္ ၂၅၀၀၀ ႐ွိသည္။ ၿဗိတိသွ် ေပါင္စတာလင္ ၃၁၂၅ ႏွင့္ညီမွ်သည္။ ယခုအခါ ဤေ႐ႊရထား ဘယ္မွာ႐ွိသည္ စံုစမ္း မရေသးပါ။ အဂၤလန္ျပည္ တစ္ေနရာရာတြင္ ႐ွိမည္ဟု ယူဆရပါသည္။

ရည္ၫႊန္းခ်က္- Editor; Every-day Book, November,1825
ဆရာဝန္ တင္ေမာင္ၾကည္ (နန္းျမင့္ဂ်ာနယ္)


အင်္ဂလိပ်တို့သိမ်းယူသွားပြီးနောက် ပျောက်ဆုံးသွားသော ရွှေရထား (unicode)

၁၈ နိုဝင်ဘာ ၁၈၂၅ ( အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲ ပြီး၍ တစ်နှစ်မျှ အကြာ ) တွင် လန်ဒန်မြို့ ပစ်ကာဒယ်လီ အရပ်တွင် ဗြိတိသျှ အင်ပါယာ ပွဲကြီး၌ မြန်မာဘုရင်၏ ရွှေရထား တစ်စီးကို ပြသထားသည်။ ယင်းကို တိုင်းမ် သတင်းထောက်က သေသေချာချာကြည့်၊ သေသေချာချာ တိုင်းတာ၍ အနီးကပ် အသေးစိတ် လေ့လာ၍ စာဖတ်သူများကို အစီရင် ခံပါသည်။ သူ၏ အသေးစိတ် ရေးသားချက်များမှာ ဘာသာပြန်၍ ပြန်လည် တင်ပြရန်ပင် အခက်အခဲ တွေ့ပါသည်။ ဤမျှ တော်သောသူ ဖြစ်ပါ၏။
“ကျွန်ုပ်တို့ မသိသော နိုင်ငံတစ်ခု၏ လက်ရာမြောက်လှသော အနုပညာကို မျက်ဝါးထင်ထင် တွေ့မြင်ရခြင်း ဖြစ်ပါသည်။ ထိုနိုင်ငံမှာ အိန္ဒိယနှင့် တရုတ်ပြည်ကြီး ၂ ပြည်ကြားတွင် ဖြစ်ပါသည်။ ဤနိုင်ငံ (မြန်မာပြည်) ကို ကျွန်ုပ်တို့သာ သတိမထား မိလိုက်သည် မဟုတ်။ ပထဝီ လေ့လာသော ပညာရှင်များလည်း မသိလိုက်သည်မှာ စစ်တကောင်း ပန်းဝါတွင် ( မြန်မာတို့က အင်္ဂလိပ် စစ်တပ်ကို အောင်နိုင်လိုက်သည် တွင်မှ ) ကျွန်ုပ်တို့ အားလုံး ဤနိုင်ငံကို သတိထားမိ လာကြပေသည်။ ထို (စစ်တကောင်း ပန်းဝါ)တွင် ကျွန်ုပ်တို့ ဗြိတိသျှ စစ်သားများသည် အိန္ဒိယတွင် ဆင်နွှဲရသော စစ်ပွဲ အတွေ့အကြုံများနှင့် လားလားမှ မတူ ထူးခြားနားသည့် စစ်ဆင် စစ်တက် တိုက်ခိုက်သူ များနှင့် ရင်ဆိုင်ခဲ့ကြ ရပေသည်။” ဟု ရေးသားခဲ့ ပေသည်။

အတိုင်းအတာ
ရထားအိမ်- ရှေ့မှနောက် ၁၃ ပေ ၇ လက်မ၊ ဘေးအကျယ် ၆ ပေ ၉ လက်မ၊ အမြင့် ၄ ပေ ၆ လက်မ၊ မြေမှ ထီးတော်အထိ ၁၉ ပေ ၂ လက်မ။
ရွှေရထား အမိုးမှာ ဘုံ ၇ ဆင့်ရှိသည်။ တစ်ဆင့်ပြီး တစ်ဆင့် လှပစွာမြင့်တက် သွားသည်မှာ ပဏ္ဏာရလှသည်။ ဘုံအမိုးစွန်းမှ ရွှေခေါင်းလောင်းငယ်များ ဆွဲထားသည်။ လေ့လာလျှင် ညောင်ရွက်ပုံ ရွှေဆွဲလွဲများက ခေါင်းလောင်းကို သာယာသော အသံစုံများ ဖြစ်ပေါ်စေသည်။ ထီးတော်(ပုံ) မှာလည်း ဘုံ (၇)ဆင့် ရှိသည်။ အဆင့်တိုင်းတွင် စလင်းဆွဲ (အပြာရောင် QUARTZ / AMETHYST) များ စီချယ်ထားသည်။ ထိပ်ချွန်းတွင် စိန်ဖူး ဆင်ထားသည်။ ဘုံအဆင့်တိုင်းသည် အထက် (အနည်းငယ်) ကား၍ အောက်ရှူးသည်။ ဤဒီဇိုင်းပုံမျိုးကို ညောင်ရမ်းခေတ်တွင် အထူး ခေတ်စားခဲ့သည်။ ကုန်းဘောင်ခေတ် အထိ ယူသုံးနေခြင်း ဖြစ်သည်။

ရွှေရထား၏ သမိုင်း
ဤရထားတော်ကို ထားဝယ်မြို့တွင် အင်္ဂလိပ်တို့ သိမ်းယူ ရရှိလိုက်ခြင်း ဖြစ်သည်။ ရထားလုပ်သူ၊ ရွှေချ၍ ကျောက်သံ ပတ္တမြားများ စီသူများကိုပါ ရထားနှင့် အတူ သိမ်းယူ ရရှိသဖြင့် ထားဝယ်မြို့ဝန်က တာဝန်ယူ လုပ်ဆောင် ပေးရဟန် ရှိသည်။ သက္ကရာဇ်များကို စဉ်ကြည့်လျှင် ဤရထားနှင့် ပတ်သက်၍ နောက်ခံသမိုင်း ပေါ်လာစရာ ရှိသည်။ ထားဝယ်မြို့ဝန် ဦးရွှေတုပ်သည် အင်းဝ နေပြည်တော်သို့ ခေတ္တ ပြန်လာနေထိုင်သည့် အချိန်မှာ ၈ မတ် ၁၈၂၄ တွင်ဖြစ်သည်။ သူ၏ မူလ နေထိုင်ရာမှာလည်း အင်းဝ ရွှေမြို့တော်ပင် ဖြစ်စရာ ရှိသည်။

ဦးရွှေတုပ် နေထိုင်စဉ်အတွင်း အင်းဝဘုရင် ဘကြီးတော်မင်းက မူးတော် မတ်တော် ( အရာရှိကြီးများ ) ၈၄ဦးကို ဘွဲ့ထူး ဂုဏ်ထူးနှင့်တကွ ကွမ်းခွက် လက်ဖက်အိုး၊ သောက်ရေ တကောင်းဖုံး တို့ပါ ပေးသနားသည်။ ဤအရာရှိကြီးများတွင် ထားဝယ်မြို့ဝန် မင်းကျော်စည်သူ ဘွဲ့ခံ ဦးရွှေတုပ် ပါဝင်သည်။ ( အမျိုးသား စာကြည့်တိုက် ပုရပိုဒ် အမှတ် ၆၁၉ ) ဦးရွှေတုပ် ဤသို့ ချီးမြှင့် ခံရခြင်းမှာ မလေးရှား စော်ဘွားများနှင့် ဆက်သွယ်၍ မြန်မာနိုင်ငံအတွက် ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ဖြစ်ဟန်တူသည်။ ( ဦးအံ့ကျော်၊ သမိုင်း ပါမောက္ခ (ငြိမ်း) “မော်လမြိုင် ရွှေတောင်ကျောင်းတိုက် သမိုင်း”။ သာသနာရေး ဦးစီးဌာန၊ ၂၀ဝ၈၊ စာ ၉ ) ဆက်သွယ်ရပုံမှာ ဤသို့ဖြစ်သည်။ အင်္ဂလိပ် မြန်မာ ဆက်ဆံရေး မပြေပြစ်ချိန်၊ စစ်ဖြစ်ရန် အလားအလာများ တိုးပွားနေစဉ် ယိုးဒယားဘုရင် အစိုးရသည် အင်္ဂလိပ်ကို မည်သို့ ကူရမည်နည်းဟု ကမ်းလှမ်းနေသည်။ ဤသတင်းကို ထောက်လှမ်း သိရှိရသော မြန်မာဘုရင်က ချိန်ခွင်ညှာကဲ့သို့ အင်အားညှိရန် လိုလားသည် ဖြစ်၍ မလေးရှားရှိ စော်ဘွားများနှင့် မိတ်ပြုထားရန် လိုပေသည်။ ဤကိစ္စကို စီစဉ်ရန် ထားဝယ်ဝန် ဦးရွှေတုပ်အား အဆောတလျင် ပီနန်သို့ လွှတ်သည်။
အင်္ဂလိပ် အစိုးရက မြန်မာဘုရင်နှင့် စစ်ဖြစ်ပြီဟု ကြေညာလိုက်ချိန်တွင် ဦးရွှေအုပ်မှာ ပီနန်တွင် ရောက်နေသည်။ ထို့ကြောင့် ထားဝယ်ကို ကာကွယ်ရန် အလျင်အမြန် ပြန်လာရသည်။ ကြိုတင် တွေးထင်သည့် အတိုင်းပင် အင်္ဂလိပ်တို့က ရန်ကုန်ကို အကြိတ်အနယ် တိုက်ခိုက် ရယူပြီးနောက် မြိတ်နှင့် ထားဝယ်ကို တိုက်ခိုက် သိမ်းယူရန် အလျှင်အမြန် ကုန်းတပ်နှင့် ရေတပ်သင်္ဘောများ စေလွှတ်သည်။ ဦးရွှေတုပ်တွင် စစ်သား တစ်ထောင်ခန့် ရှိသည်။ အင်္ဂလိပ်များ ထင်မြင်သကဲ့သို့ မဟုတ်ဘဲ မြန်မာဘုရင်က ထားဝယ်ကို ပစ်မထားပါ။ လက်နက်ကိုင် ၃၀ဝ ပါ လိုက်သည်။

ဗိုလ်မှူးကြီး မီးလ်စ် (MILESS) ဦးစီးသော မဒရပ် ခြေလျင်တပ်ရင်း (၇)နှင့်(၈၉) တပ်သားများ ချီတက်လာသည်။ ဤတွင် ထားဝယ်ရေဝန် မောင်ဒါနှင့် စစ်ကဲ မောင်ရွှေရစ်တို့က အင်္ဂလိပ် ဗိုလ်မှူးနှင့် အပေးအယူလုပ် စေ့စပ်၍ သစ္စာဖောက်သည်။ ထားဝယ်မြို့ဝန် ရွှေအုပ်ကို ဖမ်း၍ အင်္ဂလိပ်သို့ အပ်သည်။ အင်္ဂလိပ်က မောင်ဒါကို ထားဝယ်ဝန် ခန့်သည်။ ထိုနေ့ ထားဝယ် ကျသောနေ့မှာ ၈ စက်တင်ဘာ ၁၈၂၄ ဖြစ်သည်။ သိမ်းယူရရှိသော လက်နက်များနှင့် အတူ ဤရွှေရထားကို တွေ့ရှိရခြင်း ဖြစ်သည်။ ရွှေရထားကို ရန်ကုန်သို့ ချက်ချင်းပို့သည်။ ယင်းမှ ကာလကတ္တားသို့ ပို့ပြန်သည်။

ကာလကတ္တားတွင် စစ်ပြီးသွားပြီးနောက် အင်္ဂလိပ် ကုမ္ပဏီ အစိုးရက စစ်စရိတ် ကာမိရန် ရောင်းချလိုက်သည်။ မည်သူက ဝယ်သွားသည် မည်မျှနှင့် ရောင်းချလိုက်သည် ကိုလည်း မသိရပေ။ ဝယ်ယူသူက လန်ဒန်မြို့သို့ ပါ၍ ပြပွဲကြီးတွင် ဤရွှေရထားကို ပြသထားသည်။ ယင်းကို တိုင်းမ် သတင်းစာ၏ သတင်းထောက်က လုံးစေ့ပတ်စေ့ ရေးသား၍သာ ယခု သိရှိရ ပေသည်။ ဤရွှေရထားကို ဆင်နှင့် ဆွဲရသည်ဟု သိရှိရပါသည်။

ရွှေရထား၏ တန်ဖိုး
ဤရွှေရထားကို ဗြိတိသျှ စစ်တပ်က သိမ်းဆည်း ရရှိချိန်တွင် ရထားကို ထိန်းသိမ်း စောင့်ရှောက် နေသူများပါ ဖမ်းဆီး ရမိသည်။ ဤသူများက ထွက်မပြေးပါ။ ရထားနှင့် အတူ ရှိနေခဲ့သည်။ ရထားနှင့် အစောင့်လူများ အားလုံးကို ထားဝယ်သို့ ယူဆောင် သွားသည်။ ထားဝယ်တွင် အစောင့်များထံက ကြားသိမှတ်သား ရသမျှကို တစ်ဆင့်စကား ကြားရသည့်အတိုင်း တိုင်းမ်သတင်းထောက်က ဆက်လက် ရေးသားပါသည်။ ဤရွှေရထားကို ၃ နှစ်မျှ တည်ဆောက်ရသည်။ ကျောက်သံ ပတ္တမြား အားလုံးသည် ဘုရင့် ဘဏ္ဍာတိုက်မှ ထုတ်ပေးသည်။ လက်အောက်ခံ စော်ဘွား၊ မြို့စားတို့မှ စစ်သည်များလည်း ပါဝင်သည်။ ကျောက်သံ ပတ္တမြားတွင် ပတ္တမြားလုံးချော ၂ သောင်း ပါဝင်သည်။ ယင်းတို့၏ တန်ဖိုးမှာ ကျပ်တစ်သန်း (ပေါင် ၁၂၅၀ဝ) ဖြစ်သည်။ ကျောက်သံ ပတ္တမြားများ၏ တန်ဖိုး မပါဝင်ဘဲ တည်ဆောက်ခနှင့် အရပ်ရပ် ကုန်ကျငွေသည် ကျပ် ၂၅၀ဝ၀ ရှိသည်။ ဗြိတိသျှ ပေါင်စတာလင် ၃၁၂၅ နှင့်ညီမျှသည်။ ယခုအခါ ဤရွှေရထား ဘယ်မှာရှိသည် စုံစမ်း မရသေးပါ။ အင်္ဂလန်ပြည် တစ်နေရာရာတွင် ရှိမည်ဟု ယူဆရပါသည်။

ရည်ညွှန်းချက်- Editor; Every-day Book, November,1825
ဆရာဝန် တင်မောင်ကြည် (နန်းမြင့်ဂျာနယ်)

Leave a Reply