ဒ႑ာရီ ထဲက ေၾကာက္မက္ဖြယ္ေကာင္းတဲ့ သတၲဝါဆန္းတစ္မ်ဳိး (သုိ႔) သမန္း၀ံပုေလြမ်ားအေၾကာင္း

Posted on

Written By Dr.Aung

Werewolf ဆိုတာ ဒ႑ာရီ ထဲက ေၾကာက္မက္ဖြယ္အေကာင္းဆံုး သတၲဝါဆန္းေတြထဲမွာ တစ္မ်ိဳးအပါအဝင္ ျဖစ္တာပါ။ သူတို႔ဟာ အလြန္ႀကီးမားတဲ႔ လူတစ္ပိုင္း ဝံပုေလြတစ္ပိုင္း သတၲဝါဆန္းျဖစ္ၿပီး သူတို႔ရဲ႕ ေဒါသကို ထိန္းခ်ဳပ္ႏူိင္စြမ္း နည္းပါးတဲ႔ မ်ိဳးႏြယ္စုတစ္ခုပါ။ Werewolf ေတြကို ျပင္သစ္, ဂ်ာမနီ အစရွိတဲ႔ ႏူိင္ငံေတြအျပင္ ကမၻာ့ႏူိင္ငံအႏွံ႕အျပားမွာ ေတြ႕ရွိဖူးၾကတယ္ဆိုၿပီး ေျပာဆိုၾကေပမယ့္ Werewolf ေတြဟာ ေက်းလက္အေမရိကန္ ရိုးရာဒ႑ာရီေတြက ဆင္းသက္လာတာဆိုၿပီး အယံုအၾကည္ ရွိခဲ႔ၾကတာပါ။

ၿပီးခဲ႔တဲ႔ ရာစုႏွစ္ေတြက အေမရိကန္ရဲ႕ Wisconsin ျပည္နယ္အတြင္း မွာ Werewolf ေတြကို အမွတ္မထင္ ျမင္ေတြ႕ရဲ႕သူေတြ အေျမာက္အျမား ရွိခဲ႔တယ္ဆိုၿပီး မွတ္တမ္းအရ သိရွိႏူိင္ၿပီး ထိုေဒသဟာလည္း Werewolf ေတြရဲ႕ သမိုင္းစတင္ရာ ေျမျဖစ္တယ္ဆိုၿပီး အေနာက္တိုင္းသားေတြက တစ္ထစ္ခ်ယုံၾကည္ ေနၾကပါတယ္။

“Werewolf ဘယ္ႏွစ္မ်ိဳး ရွိတာလဲ?”
– Shapeshifter Wolf (အသြင္ေျပာင္း သမန္းဝံပုေလြ)
– Wolfman (လူတစ္ပိုင္း ဝံပုေလြတစ္ပိုင္း)
– True Werewolf (သမန္းဝံပုေလြ)
ဆိုၿပီး ၃ မ်ိဳးရွိပါတယ္။

(၁) အသြင္ေျပာင္း သမန္းဝံပုေလြ
– အဆင့္အျမင့္ဆံုး အမ်ိဳးႏြယ္ပါ။ သူတို႔ေတြဟာ လူအသြင္ကေန သမန္းဝံပုေလြ သို႔ သမန္းဝံပုေလြကေနၿပီး လူအျဖစ္ကို စိတ္ရွိတိုင္း ေျပာင္းလဲႏူိင္တဲ႔ စြမ္းအင္ေတြကို ပိုင္ဆိုင္ထားသူေတြပါ။ ဒါေပမယ့္ အခ်ိဳ႕အေျခအေန ေတြျဖစ္တဲ႔ အလြန္အမင္း ပူေဆြးေသာက ေရာက္ျခင္း ေဒါသျခင္းမ်ားရွိပါက မိမိစိတ္ထဲကမပါပဲ အလိုလို သမန္းဝံပုေလြအျဖစ္ ေျပာင္းလဲသြားႏူိင္တဲ႔ အားနည္းခ်က္တစ္ခုေတာ့ ရွိပါတယ္။ ဒီ Shapeshifter Wolf အမ်ိဳးအစားဟာ အျခားသူကို ကိုက္ျခင္းျဖင့္ အသြင္ေျပာင္း သမန္းဝံပုေလြတစ္ေယာက္ ျဖစ္မလာေစ ႏူိင္ေၾကာင္း သတိျပဳရမွာပါ။

(၂) လူတစ္ပိုင္း ဝံပုေလြတစ္ပိုင္း
– သူတို႔အမ်ိဳးအစားကေတာ့ လူတစ္ပိုင္း ဝံပုေလြတစ္ပိုင္း mutant ျဖစ္ေနတဲ႔ ပုံစံပါ။ သူတို႔ဟာ အမ်ားအားျဖင့္ လူခႏၶာကိုယ္ကို ပိုင္ဆိုင္ထားေပမယ့္ သူတို႔မွာ အေမႊးအမ်င္ အလြန္ထူထပ္ၿပီး အစြယ္ေတြ, ေျခသည္းလက္သည္းေတြ ထြက္ေနေလ့ရွိတာပါ။ သူတို႔အမ်ိဳးအစားကေတာ့ က်ိန္စာတိုက္ခံ ထားရတဲ႔အမ်ိဳးအစားပါ။ သူတို႔ကေတာ့ လျပည့္ညေရာက္မွသာ သမန္းဝံပုေလြအျဖစ္ လံုးဝေျပာင္းလဲသြားတာပါ။ အျခားေန႔ ေတြမွာေတာ့ လူတစ္ပိုင္း ဝံပုေလြတစ္ပိုင္းအေနနဲ႔ ကိုယ္ေယာင္ေဖ်ာက္ ေနထိုင္ေလ့ရွိတဲ႔ အမ်ိဳးအႏြယ္ေတြပါ။ သူတို႔ဟာ သူတို႔ရဲ႕ လူျဖစ္စဥ္ကအတိုင္း စိတ္ခံစားခ်က္ေတြကို ဝံပုေလြအျဖစ္ ေျပာင္းသြားတဲ႔ လျပည့္ညေတြမွာေတာင္ ထိန္းခ်ဳပ္ႏူိင္စြမ္း ရွိသူေတြပါ။ လျပည့္ညေတြမွာပဲ အသြင္ေျပာင္းရာက အျခားညေတြအထိ ေျပာင္းလဲမႈ စိတ္လာမည္ျဖစ္ၿပီး ေနာက္ဆံုး လံုးဝလူ႔အသြင္ ျပန္မေျပာင္းေတာ့ပဲ လူျဖစ္စဥ္က ခံစားခ်က္ေတြ တစ္ေျဖးေျဖးေပ်ာက္ဆံုးသြားၿပီး ခံစားခ်က္မဲ႔တဲ႔ သမန္းဝံပုေလြအျဖစ္ ထာဝရေျပာင္းလဲ သြားမယ့္ အမ်ိဳးအႏြယ္ တစ္ခုအျဖစ္ သိႏူိင္ပါတယ္။

(၃) သမန္းဝံပုေလြ
– သူတို႔က Shapeshifter Wolf မွ ဆင္းသက္လာသူ ေတြပါ။ ရာဇဝင္အရ Shaftshifter Wolf အခ်ိဳ႕ဟာ သူတို႔ရဲ႕ အခ်ိန္မေရြး ေျပာင္းလဲႏူိင္စြမ္းနဲ႔ လူ႔အသိစိတ္ႏွင္႔ ထိန္းခ်ဳပ္ႏူိင္မႈ ေတြကို ေပ်ာက္ဆံုးေစတဲ႔ က်ိန္စာတိုက္ခံရၿပီး ျဖစ္ေပၚလာတဲ႔ ဆင့္ပြားျဖစ္ေပၚတဲ႔ အဆင့္အနိမ့္ဆံုး မ်ိဳးႏြယ္တစ္ခုပါ။ သူတို႔ဟာ လျပည့္ညေတြမွာ မိမိကိုယ္ကို ထိန္းခ်ဳပ္ႏူိင္စြမ္း မရွိပဲ သမန္းဝံပုေလြအျဖစ္ ေျပာင္းလဲသြားၿပီး အလြန္တရာ ေဒါသႀကီးၿပီး ရက္စက္တဲ႔ ေသြးဆာေလာင္လာၾကတာပါ။ ေန႔ခင္းလူျဖစ္စဥ္က ခံစားခ်က္ေတြ အားလံုးေမ့ေမ်ာၿပီး မိမိကိုယ္ကို ထိန္းႏူိင္စြမ္း မရွိသူေတြပါ။ လျပည့္ညၿပီး ေနာက္တစ္မနက္မွာလည္း ညကမိမိအျဖစ္အပ်က္ေတြကို လံုးဝျပန္မွတ္မိျခင္းမရွိေတာ့ပဲ လူ႔ဘဝအျဖစ္ ေရွ႕ဆက္ေနတဲ႔ အဆင့္အနိမ့္ဆံုး သမန္းဝံပုေလြ မ်ိဳးေတြအျဖစ္ သိရွိရပါတယ္။ထူးျခားခ်က္အေနနဲ႔ ထိုမ်ိဳးႏြယ္ေတြရဲ႕ ကိုက္ျဖတ္ျခင္းခံရသူေတြဟာ တစ္ျဖည္းျဖည္းနဲ႔ သူတို႔မ်ိဳးႏြယ္အျဖစ္ ေျပာင္းလဲသြားေၾကာင္း မွတ္သားႏူိင္ပါတယ္။

ဒီေလာက္ဆိုရင္ Werewolf ေတြရဲ႕ အမ်ိဳးအစာေတြကို သိၿပီးၿပီျဖစ္လို႔ သူတို႔ရဲ႕ သမိုင္းဇစ္ျမစ္စတင္ရာ ကိုေဖာ္ျပေပးလိုက္ရပါတယ္။

Werewolf ေတြရဲ႕ ရာဇဝင္ဟာ ေရွးယခင္ႏွစ္ေပါင္း မ်ားစြာကေန ယေန႔ထက္တိုင္ေအာင္ အမ်ိဳးမ်ိဳးကြဲျပား ေနခဲ႔တာပါ။ ဒါေပမယ့္ လူအမ်ားစုကေတာ့ Werewolf ေတြဟာ အေမရိကန္ျပည္ေထာင္စု Wisconsin ေဒသမွာေနထိုင္ က်က္စားခဲ႔တဲ႔ အေမရိကန္ တိုင္းရင္းသား လူမ်ိဳးစု တစ္ခုျဖစ္တဲ႔ The Fox tribe ကေန အစျပဳခဲ႔တာလို႔ ယုံၾကည္ၾကပါတယ္။

အဲ႔ဒီေဒသမွာ အေမရိကန္ နတ္ဘုရားတစ္ပါးျဖစ္တဲ႔ ဝီဇာကာခ်ိ ဟာ လူေတြနဲ႔ေရာေႏွာၿပီး မထင္မရွား ေနထိုင္ခဲ႔ဖူးပါတယ္။ သူ႕ရဲ႕အစြမ္းကေတာ့ သူဟာ သူ႕စိတ္သေဘာအလိုအတိုင္း လူကေန ဝံပုေလြ, ဝံပုေလြကေန လူအျဖစ္ေျပာင္းႏူိင္တဲ႔ အစြမ္းရွိသူပါ။ က်ေနာ္အထက္က ေဖာ္ျပခဲ႔သလိုဆို ‘Shapeshifter Wolf’ ေပါ့။ သူဟာ လူေတြနဲ႔ ခင္မင္ရင္းႏွီးစြာ ေရာေႏွာေနထိုင္ေနတဲ႔ နတ္ဘုရားတစ္ပါးပါ။

တစ္ေန႔ေတာ့ သစ္ေတာအတြင္းမွာ Fox tribe က ညီအကိုႏွစ္ေယာက္ ျဖစ္တဲ႔ ကီမီနဲ႔ မက္ခ်ိဟူး တို႔ဟာ သမင္တစ္ေကာင္ကို ဖမ္းမိလို႔ ေအာင္ပြဲခံေနတာကို သူေတြ႕လိုက္ပါတယ္။ သူဟာ သူတို႔ ၂ ေယာက္စိတ္ဓာတ္ကို စမ္းသပ္လိုတာနဲ႔ သူတို႔အနား ခ်ည္းကပ္သြားၿပီး သူဟာ လမ္းေပ်ာက္ၿပီး အစာေရစာ ငတ္ျပတ္ေနတဲ႔ အျခားမ်ိဳးႏြယ္စုက ဆိုၿပီးသြားမိတ္ဆက္ေတာ့ ကီမီ နဲ႔ မက္ခ်ိဟူး တို႔ညီအကို ၂ ေယာက္ဟာ သူ႕ကို ေလာေလာလတ္လတ္ ဖမ္းမိထားတဲ႔ သမင္အသား အနည္းငယ္ကို ေပးကမ္းခဲ႔ပါတယ္။ နတ္ဘုရား ဝီဇာကာခ်ိ ကလည္း ဝမ္းေျမာက္စြာ လက္ခံခဲ႔ပါတယ္။

ဒီလိုနဲ႔ ေနာက္တစ္ပတ္ခန္႔ အၾကာမွာ သူတို႔ ၃ ေယာက္ေတာထဲမွာ အမွတ္မထင္ ျပန္ဆံုေတြ႕ခဲ႔ၾက တာေပါ့။ အဲ႔ဒီမွာ ကီမီ နဲ႔ မက္ခ်ိဟူး တို႔ညီအကို ၂ ေယာက္ဟာ သူတို႔ အမဲမရတာ ဟိုးလြန္ခဲ႔တဲ႔ တစ္ပတ္က သမင္ရၿပီး ေနာက္ထပ္မရေတာ့ေၾကာင္းႏွင့္ သူတို႕အလြန္ဆာေလာင္ေနေၾကာင္း ဝီဇာကာခ်ိ ကို ေျပာျပပါတယ္။ နတ္ဘုရား ဝီဇာကာခ်ိဟာ သူတို႔ညီအကိုကို ျပန္လည္ေက်းဇူးဆပ္တဲ႔အေနနဲ႔ လူေတြကိုလုံးဝ အႏၱရာယ္မျပဳပဲ အမဲလိုက္ဖို႔အတြက္ သီးသန္႔သာ အစြမ္းကို အသုံးျပဳရမည့္ အေၾကာင္းကိုကတိေပးခိုင္းၿပီး ကီမီ နဲ႔ မက္ခ်ိဟူး ကို Shapeshifter Wolf အစြမ္းကို ေပးလိုက္ပါတယ္။

သူတို႔ ညီအကို ၂ ေယာက္ဟာ တစ္လခန္႔အထိ သူတို႔အစြမ္းကို အက်ိဳးရွိရွိအသုံးခ်ၿပီး Fox tribe တစ္မ်ိဳးႏြယ္စု လံုးအတြက္ အမဲရွာေဖြ ေပးႏူိင္ခဲ႔တာေပါ့။ တစ္ေန႔ေတာ့ မက္ခ်ိဟူးဟာ သူတို႔မ်ိဳးႏြယ္စုထဲက ေကာင္ေလးတစ္ေယာက္နဲ႔ ကေတာက္ကဆျဖစ္ရာမွ ေဒါသမခ်ဳပ္တည္းႏူိင္ပဲ သူ႕ပင္ကိုယ္စိတ္ မပါပဲ ဝံပုေလြအသြင္ ေျပာင္းသြားၿပီး လက္လြန္ၿပီး သတ္မိခဲ႔တာပါ။ Fox tribe မ်ိဳးႏြယ္စုတစ္ခုလံုးကလည္း ေၾကာက္လန္႔ၿပီး သူတို႔ ညီအကို ၂ ေယာက္ကို မ်ိဳးႏြယ္စုမွ ႏွင္ထုတ္ခဲ႔ၾကတာပါ။

နတ္ဘုရား ဝီဇာကာခ်ိ လည္းအလြန္အမင္း ေဒါသထြက္ၿပီး ကတိခ်ိဳးေဖာက္ခဲ႔တဲ႔ မက္ခ်ိဟူးကို က်ိန္စာတိုက္ခဲ႔ပါတယ္။ မက္ခ်ိဟူးဟာ သူ႕ရဲ႕ စိတ္အလိုအတိုင္း ေျပာင္းလည္းႏူိင္စြမ္းမရွိေတာ့ တဲ႔ သမန္းဝံပုေလြ (True Werewolf) ျဖစ္လာခဲ႔ပါေတာ့တယ္။ အထက္မွာေဖာ္ျပခဲ႔ သလိုဆို အဆင့္အနိမ့္ဆံုး တတိယေျမာက္ အမ်ိဳးအစားေပါ့။ သူရဲ႕အကို ကီမီဟာလံုး လျပည့္ညေတြဆို လံုးဝထိန္းခ်ဳပ္ႏူိင္စြမ္း မရွိေတာ့တယ့္ သူ႕ကို စြန္႔ခြာခဲ႔ပါေတာ့တယ္။ ဒီလိုနဲ႔ ရာဇဝင္အရ မက္ခ်ိဟူးဟာ မူလပထမ သမန္းဝံပုေလြ အျဖစ္လည္းေကာင္း အျခားဆင့္ပြား သမန္းဝံပုေလြေတြရဲ႕ ဖန္တီးသူဖခင္တစ္ပါးအျဖစ္ လည္းေကာင္း ျဖစ္လာခဲ႔ပါေတာ့တယ္။

ဒီအျဖစ္အပ်က္ ေတြဟာ ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ ယုံတမ္းရာဇဝင္အျဖစ္ က်ေနာ္တို႔ၾကား ပ်ံ႕ႏွံ႔ေနခဲ႔ေသာ္လည္း ၁၉၃၆ ခုႏွစ္မွာ ထိုရာဇဝင္စတင္ရာ Wisconsin ေဒသမွာ သမန္းဝံပုေလြကို ေဒသခံေတြ အမွတ္မထင္ ေတြ႕ရွိမႈေတြ ရွိခဲ႔တာကစၿပီး အရာရာေျပာင္းလဲ လာခဲ႔ပါတယ္။
ဒီသမန္းဝံပုေလြေတြဟာ က်ေနာ္တို႔ လူသားေတြၾကားထဲမွာ ပုန္းကြယ္ေနထိုင္ ေနၾကတာလား?
Wisconsin ေဒသမွာ ၿပီးခဲ႔တဲ႔ ႏွစ္ေတြက သမန္းဝံပုေလြ မေတာ္တဆ ေတြ႕ရွိမႈေတြဟာ တိုက္ဆိုင္ေနတာလား?
သူတို႔ေတြဟာ က်ေနာ္တို႔ လူသားမ်ိဳးႏြယ္ေတြ ၾကားမွာဘယ္အခ်ိန္အထိ ကိုယ္ေဖ်ာက္ေနထိုင္ ေနၾကမွာလဲ?Werewolf ေတြဟာ ယုံတမ္းရာဇဝင္ေတြလား? ဒါမွမဟုတ္ က်ေနာ္တို႔ ကမၻာေျမႀကီးမွာ အမွန္တကယ္ ေနထိုက္က်က္စား ခဲ႔ၾကတာလား?
ဆိုတာေတြ ကေတာ့ ေျဖရွင္းမရႏူိင္ေသးတဲ႔ ပေဟဋိတစ္ပုဒ္အျဖစ္ က်န္ရွိေနအုန္းမွာ ျဖစ္ေၾကာင္း…….

Translated by #DrAung


Written By Dr.Aung

Werewolf ဆိုတာ ဒဏ္ဍာရီ ထဲက ကြောက်မက်ဖွယ်အကောင်းဆုံး သတ္တဝါဆန်းတွေထဲမှာ တစ်မျိုးအပါအဝင် ဖြစ်တာပါ။ သူတို့ဟာ အလွန်ကြီးမားတဲ့ လူတစ်ပိုင်း ဝံပုလွေတစ်ပိုင်း သတ္တဝါဆန်းဖြစ်ပြီး သူတို့ရဲ့ ဒေါသကို ထိန်းချုပ်နိူင်စွမ်း နည်းပါးတဲ့ မျိုးနွယ်စုတစ်ခုပါ။ Werewolf တွေကို ပြင်သစ်, ဂျာမနီ အစရှိတဲ့ နိူင်ငံတွေအပြင် ကမ္ဘာ့နိူင်ငံအနှံ့အပြားမှာ တွေ့ရှိဖူးကြတယ်ဆိုပြီး ပြောဆိုကြပေမယ့် Werewolf တွေဟာ ကျေးလက်အမေရိကန် ရိုးရာဒဏ္ဍာရီတွေက ဆင်းသက်လာတာဆိုပြီး အယုံအကြည် ရှိခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ရာစုနှစ်တွေက အမေရိကန်ရဲ့ Wisconsin ပြည်နယ်အတွင်း မှာ Werewolf တွေကို အမှတ်မထင် မြင်တွေ့ရဲ့သူတွေ အမြောက်အမြား ရှိခဲ့တယ်ဆိုပြီး မှတ်တမ်းအရ သိရှိနိူင်ပြီး ထိုဒေသဟာလည်း Werewolf တွေရဲ့ သမိုင်းစတင်ရာ မြေဖြစ်တယ်ဆိုပြီး အနောက်တိုင်းသားတွေက တစ်ထစ်ချယုံကြည် နေကြပါတယ်။

“Werewolf ဘယ်နှစ်မျိုး ရှိတာလဲ?”
– Shapeshifter Wolf (အသွင်ပြောင်း သမန်းဝံပုလွေ)
– Wolfman (လူတစ်ပိုင်း ဝံပုလွေတစ်ပိုင်း)
– True Werewolf (သမန်းဝံပုလွေ)
ဆိုပြီး ၃ မျိုးရှိပါတယ်။

(၁) အသွင်ပြောင်း သမန်းဝံပုလွေ
– အဆင့်အမြင့်ဆုံး အမျိုးနွယ်ပါ။ သူတို့တွေဟာ လူအသွင်ကနေ သမန်းဝံပုလွေ သို့ သမန်းဝံပုလွေကနေပြီး လူအဖြစ်ကို စိတ်ရှိတိုင်း ပြောင်းလဲနိူင်တဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်ထားသူတွေပါ။ ဒါပေမယ့် အချို့အခြေအနေ တွေဖြစ်တဲ့ အလွန်အမင်း ပူဆွေးသောက ရောက်ခြင်း ဒေါသခြင်းများရှိပါက မိမိစိတ်ထဲကမပါပဲ အလိုလို သမန်းဝံပုလွေအဖြစ် ပြောင်းလဲသွားနိူင်တဲ့ အားနည်းချက်တစ်ခုတော့ ရှိပါတယ်။ ဒီ Shapeshifter Wolf အမျိုးအစားဟာ အခြားသူကို ကိုက်ခြင်းဖြင့် အသွင်ပြောင်း သမန်းဝံပုလွေတစ်ယောက် ဖြစ်မလာစေ နိူင်ကြောင်း သတိပြုရမှာပါ။

(၂) လူတစ်ပိုင်း ဝံပုလွေတစ်ပိုင်း
– သူတို့အမျိုးအစားကတော့ လူတစ်ပိုင်း ဝံပုလွေတစ်ပိုင်း mutant ဖြစ်နေတဲ့ ပုံစံပါ။ သူတို့ဟာ အများအားဖြင့် လူခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေမယ့် သူတို့မှာ အမွှေးအမျင် အလွန်ထူထပ်ပြီး အစွယ်တွေ, ခြေသည်းလက်သည်းတွေ ထွက်နေလေ့ရှိတာပါ။ သူတို့အမျိုးအစားကတော့ ကျိန်စာတိုက်ခံ ထားရတဲ့အမျိုးအစားပါ။ သူတို့ကတော့ လပြည့်ညရောက်မှသာ သမန်းဝံပုလွေအဖြစ် လုံးဝပြောင်းလဲသွားတာပါ။ အခြားနေ့ တွေမှာတော့ လူတစ်ပိုင်း ဝံပုလွေတစ်ပိုင်းအနေနဲ့ ကိုယ်ယောင်ဖျောက် နေထိုင်လေ့ရှိတဲ့ အမျိုးအနွယ်တွေပါ။ သူတို့ဟာ သူတို့ရဲ့ လူဖြစ်စဉ်ကအတိုင်း စိတ်ခံစားချက်တွေကို ဝံပုလွေအဖြစ် ပြောင်းသွားတဲ့ လပြည့်ညတွေမှာတောင် ထိန်းချုပ်နိူင်စွမ်း ရှိသူတွေပါ။ လပြည့်ညတွေမှာပဲ အသွင်ပြောင်းရာက အခြားညတွေအထိ ပြောင်းလဲမှု စိတ်လာမည်ဖြစ်ပြီး နောက်ဆုံး လုံးဝလူ့အသွင် ပြန်မပြောင်းတော့ပဲ လူဖြစ်စဉ်က ခံစားချက်တွေ တစ်ဖြေးဖြေးပျောက်ဆုံးသွားပြီး ခံစားချက်မဲ့တဲ့ သမန်းဝံပုလွေအဖြစ် ထာဝရပြောင်းလဲ သွားမယ့် အမျိုးအနွယ် တစ်ခုအဖြစ် သိနိူင်ပါတယ်။

(၃) သမန်းဝံပုလွေ
– သူတို့က Shapeshifter Wolf မှ ဆင်းသက်လာသူ တွေပါ။ ရာဇဝင်အရ Shaftshifter Wolf အချို့ဟာ သူတို့ရဲ့ အချိန်မရွေး ပြောင်းလဲနိူင်စွမ်းနဲ့ လူ့အသိစိတ်နှင့် ထိန်းချုပ်နိူင်မှု တွေကို ပျောက်ဆုံးစေတဲ့ ကျိန်စာတိုက်ခံရပြီး ဖြစ်ပေါ်လာတဲ့ ဆင့်ပွားဖြစ်ပေါ်တဲ့ အဆင့်အနိမ့်ဆုံး မျိုးနွယ်တစ်ခုပါ။ သူတို့ဟာ လပြည့်ညတွေမှာ မိမိကိုယ်ကို ထိန်းချုပ်နိူင်စွမ်း မရှိပဲ သမန်းဝံပုလွေအဖြစ် ပြောင်းလဲသွားပြီး အလွန်တရာ ဒေါသကြီးပြီး ရက်စက်တဲ့ သွေးဆာလောင်လာကြတာပါ။ နေ့ခင်းလူဖြစ်စဉ်က ခံစားချက်တွေ အားလုံးမေ့မျောပြီး မိမိကိုယ်ကို ထိန်းနိူင်စွမ်း မရှိသူတွေပါ။ လပြည့်ညပြီး နောက်တစ်မနက်မှာလည်း ညကမိမိအဖြစ်အပျက်တွေကို လုံးဝပြန်မှတ်မိခြင်းမရှိတော့ပဲ လူ့ဘဝအဖြစ် ရှေ့ဆက်နေတဲ့ အဆင့်အနိမ့်ဆုံး သမန်းဝံပုလွေ မျိုးတွေအဖြစ် သိရှိရပါတယ်။ထူးခြားချက်အနေနဲ့ ထိုမျိုးနွယ်တွေရဲ့ ကိုက်ဖြတ်ခြင်းခံရသူတွေဟာ တစ်ဖြည်းဖြည်းနဲ့ သူတို့မျိုးနွယ်အဖြစ် ပြောင်းလဲသွားကြောင်း မှတ်သားနိူင်ပါတယ်။

ဒီလောက်ဆိုရင် Werewolf တွေရဲ့ အမျိုးအစာတွေကို သိပြီးပြီဖြစ်လို့ သူတို့ရဲ့ သမိုင်းဇစ်မြစ်စတင်ရာ ကိုဖော်ပြပေးလိုက်ရပါတယ်။

Werewolf တွေရဲ့ ရာဇဝင်ဟာ ရှေးယခင်နှစ်ပေါင်း များစွာကနေ ယနေ့ထက်တိုင်အောင် အမျိုးမျိုးကွဲပြား နေခဲ့တာပါ။ ဒါပေမယ့် လူအများစုကတော့ Werewolf တွေဟာ အမေရိကန်ပြည်ထောင်စု Wisconsin ဒေသမှာနေထိုင် ကျက်စားခဲ့တဲ့ အမေရိကန် တိုင်းရင်းသား လူမျိုးစု တစ်ခုဖြစ်တဲ့ The Fox tribe ကနေ အစပြုခဲ့တာလို့ ယုံကြည်ကြပါတယ်။

အဲ့ဒီဒေသမှာ အမေရိကန် နတ်ဘုရားတစ်ပါးဖြစ်တဲ့ ဝီဇာကာချိ ဟာ လူတွေနဲ့ရောနှောပြီး မထင်မရှား နေထိုင်ခဲ့ဖူးပါတယ်။ သူ့ရဲ့အစွမ်းကတော့ သူဟာ သူ့စိတ်သဘောအလိုအတိုင်း လူကနေ ဝံပုလွေ, ဝံပုလွေကနေ လူအဖြစ်ပြောင်းနိူင်တဲ့ အစွမ်းရှိသူပါ။ ကျနော်အထက်က ဖော်ပြခဲ့သလိုဆို ‘Shapeshifter Wolf’ ပေါ့။ သူဟာ လူတွေနဲ့ ခင်မင်ရင်းနှီးစွာ ရောနှောနေထိုင်နေတဲ့ နတ်ဘုရားတစ်ပါးပါ။

တစ်နေ့တော့ သစ်တောအတွင်းမှာ Fox tribe က ညီအကိုနှစ်ယောက် ဖြစ်တဲ့ ကီမီနဲ့ မက်ချိဟူး တို့ဟာ သမင်တစ်ကောင်ကို ဖမ်းမိလို့ အောင်ပွဲခံနေတာကို သူတွေ့လိုက်ပါတယ်။ သူဟာ သူတို့ ၂ ယောက်စိတ်ဓာတ်ကို စမ်းသပ်လိုတာနဲ့ သူတို့အနား ချည်းကပ်သွားပြီး သူဟာ လမ်းပျောက်ပြီး အစာရေစာ ငတ်ပြတ်နေတဲ့ အခြားမျိုးနွယ်စုက ဆိုပြီးသွားမိတ်ဆက်တော့ ကီမီ နဲ့ မက်ချိဟူး တို့ညီအကို ၂ ယောက်ဟာ သူ့ကို လောလောလတ်လတ် ဖမ်းမိထားတဲ့ သမင်အသား အနည်းငယ်ကို ပေးကမ်းခဲ့ပါတယ်။ နတ်ဘုရား ဝီဇာကာချိ ကလည်း ဝမ်းမြောက်စွာ လက်ခံခဲ့ပါတယ်။

ဒီလိုနဲ့ နောက်တစ်ပတ်ခန့် အကြာမှာ သူတို့ ၃ ယောက်တောထဲမှာ အမှတ်မထင် ပြန်ဆုံတွေ့ခဲ့ကြ တာပေါ့။ အဲ့ဒီမှာ ကီမီ နဲ့ မက်ချိဟူး တို့ညီအကို ၂ ယောက်ဟာ သူတို့ အမဲမရတာ ဟိုးလွန်ခဲ့တဲ့ တစ်ပတ်က သမင်ရပြီး နောက်ထပ်မရတော့ကြောင်းနှင့် သူတို့အလွန်ဆာလောင်နေကြောင်း ဝီဇာကာချိ ကို ပြောပြပါတယ်။ နတ်ဘုရား ဝီဇာကာချိဟာ သူတို့ညီအကိုကို ပြန်လည်ကျေးဇူးဆပ်တဲ့အနေနဲ့ လူတွေကိုလုံးဝ အန္တရာယ်မပြုပဲ အမဲလိုက်ဖို့အတွက် သီးသန့်သာ အစွမ်းကို အသုံးပြုရမည့် အကြောင်းကိုကတိပေးခိုင်းပြီး ကီမီ နဲ့ မက်ချိဟူး ကို Shapeshifter Wolf အစွမ်းကို ပေးလိုက်ပါတယ်။

သူတို့ ညီအကို ၂ ယောက်ဟာ တစ်လခန့်အထိ သူတို့အစွမ်းကို အကျိုးရှိရှိအသုံးချပြီး Fox tribe တစ်မျိုးနွယ်စု လုံးအတွက် အမဲရှာဖွေ ပေးနိူင်ခဲ့တာပေါ့။ တစ်နေ့တော့ မက်ချိဟူးဟာ သူတို့မျိုးနွယ်စုထဲက ကောင်လေးတစ်ယောက်နဲ့ ကတောက်ကဆဖြစ်ရာမှ ဒေါသမချုပ်တည်းနိူင်ပဲ သူ့ပင်ကိုယ်စိတ် မပါပဲ ဝံပုလွေအသွင် ပြောင်းသွားပြီး လက်လွန်ပြီး သတ်မိခဲ့တာပါ။ Fox tribe မျိုးနွယ်စုတစ်ခုလုံးကလည်း ကြောက်လန့်ပြီး သူတို့ ညီအကို ၂ ယောက်ကို မျိုးနွယ်စုမှ နှင်ထုတ်ခဲ့ကြတာပါ။

နတ်ဘုရား ဝီဇာကာချိ လည်းအလွန်အမင်း ဒေါသထွက်ပြီး ကတိချိုးဖောက်ခဲ့တဲ့ မက်ချိဟူးကို ကျိန်စာတိုက်ခဲ့ပါတယ်။ မက်ချိဟူးဟာ သူ့ရဲ့ စိတ်အလိုအတိုင်း ပြောင်းလည်းနိူင်စွမ်းမရှိတော့ တဲ့ သမန်းဝံပုလွေ (True Werewolf) ဖြစ်လာခဲ့ပါတော့တယ်။ အထက်မှာဖော်ပြခဲ့ သလိုဆို အဆင့်အနိမ့်ဆုံး တတိယမြောက် အမျိုးအစားပေါ့။ သူရဲ့အကို ကီမီဟာလုံး လပြည့်ညတွေဆို လုံးဝထိန်းချုပ်နိူင်စွမ်း မရှိတော့တယ့် သူ့ကို စွန့်ခွာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ရာဇဝင်အရ မက်ချိဟူးဟာ မူလပထမ သမန်းဝံပုလွေ အဖြစ်လည်းကောင်း အခြားဆင့်ပွား သမန်းဝံပုလွေတွေရဲ့ ဖန်တီးသူဖခင်တစ်ပါးအဖြစ် လည်းကောင်း ဖြစ်လာခဲ့ပါတော့တယ်။

ဒီအဖြစ်အပျက် တွေဟာ နှစ်ပေါင်းများစွာတိုင်အောင် ယုံတမ်းရာဇဝင်အဖြစ် ကျနော်တို့ကြား ပျံ့နှံ့နေခဲ့သော်လည်း ၁၉၃၆ ခုနှစ်မှာ ထိုရာဇဝင်စတင်ရာ Wisconsin ဒေသမှာ သမန်းဝံပုလွေကို ဒေသခံတွေ အမှတ်မထင် တွေ့ရှိမှုတွေ ရှိခဲ့တာကစပြီး အရာရာပြောင်းလဲ လာခဲ့ပါတယ်။
ဒီသမန်းဝံပုလွေတွေဟာ ကျနော်တို့ လူသားတွေကြားထဲမှာ ပုန်းကွယ်နေထိုင် နေကြတာလား?
Wisconsin ဒေသမှာ ပြီးခဲ့တဲ့ နှစ်တွေက သမန်းဝံပုလွေ မတော်တဆ တွေ့ရှိမှုတွေဟာ တိုက်ဆိုင်နေတာလား?
သူတို့တွေဟာ ကျနော်တို့ လူသားမျိုးနွယ်တွေ ကြားမှာဘယ်အချိန်အထိ ကိုယ်ဖျောက်နေထိုင် နေကြမှာလဲ?Werewolf တွေဟာ ယုံတမ်းရာဇဝင်တွေလား? ဒါမှမဟုတ် ကျနော်တို့ ကမ္ဘာမြေကြီးမှာ အမှန်တကယ် နေထိုက်ကျက်စား ခဲ့ကြတာလား?
ဆိုတာတွေ ကတော့ ဖြေရှင်းမရနိူင်သေးတဲ့ ပဟေဋိတစ်ပုဒ်အဖြစ် ကျန်ရှိနေအုန်းမှာ ဖြစ်ကြောင်း…….

Translated by #DrAung

Leave a Reply