လဂြန္းအိန္ နဲ႔ သမိန္ျဗာဇၨတုိ႔မရွိသည့္ေနာက္ ရာဇာဓိရာဇ္ရဲ႕အခက္အခဲကိုေျဖရွင္းေပးခဲ့သူ (သုိ႔) အဲမြန္ဒယာ

Posted on

လဂြန္းအိန္ က်ဆုံးကာ သမိန္ဗရမ္းလည္း အဖမ္းခံရၿပီးေနာက္ ရာဇာဓိရာဇ္သည္ တပ္မ်ားကုိၿပန္ႏႈတ္၍ ဟံသာ၀တီသုိ႔ ၿပန္ေလသည္။ ထုိ႔ေနာက္ ဇာတာမသန္႔ဟု ဆုိကာ နန္းစည္းစိမ္ကုိ သားေတာ္ဗညားက်န္း အား ႏွင္းအပ္ၿပီး ကုိယ္ေတာ္ကား မုတၱမသုိ႔ ေၿပာင္းေရႊ႕စံေတာ္မူသည္။ တစ္ႏွစ္စာ ရိကၡာမ်ားကို ကူညီ႐ိုင္းပင္း ေထာက္ပ့ံရန္ သားေတာ္အငယ္ ရာဇာမႏုအား တာဝန္ေပးေတာ္မူ၏ ။

မင္းရဲေက်ာ္စြာ၏ အင္း၀တပ္ႀကီးသည္ မြန္ၿမဳိ႕ရြာမ်ားကုိ တုိက္ခုိက္သိမ္းပိုက္ၿပီး ဟံသာ၀တီ(ပဲခူး) သုိ႔ ခ်ီတက္တုိက္ခုိက္သည္။ ဗညားက်န္း ႏွင့္ ရာဇမႏု တုိ႔က ၿမဳိ႕တြင္းမွ ႀကံ့ႀကံ့ခုိင္ခုိင္ ခုခံေသာေႀကာင့္ မင္းရဲေက်ာ္စြာသည္ ပဲခူးၿမဳိ႕ကို မသိမ္းႏုိင္ပဲ ၿမဳိ႕ကုိသာ ၀န္းရံေနေလသည္။ ရာဇာဓိရာဇ္ မုတၱမတြင္ သုံးလတိတိေနေတာ္မူၿပီး ဇာတာေတာ္သန္႔၍ အႏၱရာယ္ကင္းၿပီ ဟု ပေရာဟိတ္တုိ႔က ေလွ်ာက္တင္ေသာအခါ သိဒၶိေသာမမင္း ဘြဲ႔ခံယူၿပီး သန္လွ်င္သို႔ ကူးေတာ္မူ၏။ သန္လွ်င္ေရာက္ေသာ္ ပဲခူးၿမဳိ႕အတြက္ မွဴးမတ္မ်ားႏွင့္ ေဆြးေႏြးတုိင္ပင္သည္။

“ဟံသာ၀တီကုိ မင္းရဲေက်ာ္စြာတုိ႔ ၀ိုင္းရံထားသည္။ ယခုငါတုိ႔စစ္ခ်ီလာသည္ကုိလည္ေကာင္း ၊ မင္းရဲေက်ာ္စြာတပ္မ်ားကို ငါတုိ႔ တုိက္ခုိက္မည့္အခ်ိန္ကုိလည္ေကာင္း ပဲခူးၿမဳိ႕တြင္းမွ ငါ့သားေတာ္မ်ားကုိ ပသုိ႔ သိေစအံသနည္း” ဟု ေမး၏။ မွဴးမတ္မ်ားစြာရွိေသာ္လည္း အသံတစ္သံမွ ထြက္မလာသၿဖင့္ ရာဇာဓိရာဇ္က စုိးရိမ္စြာၿဖင့္-
“သမိန္ၿဗာဇၨ ႏွင့္ လဂြန္းအိန္တုိ႕သာ ရွိေနခဲ့လွ်င္ သည္ေလာက္ေသာ ကိစၥကို ငါပူပင္ရန္မလုိ။ ယခုငါ့လက္ႏွစ္ဖက္လုံး ၿပတ္သြားသည္ႏွင့္ တူသၿဖင့္ အႀကံအစည္ တစ္ခုခုကို ငါႀကံ၍ မၿပည့္စုံႏုိင္ေတာ့ၿပီ” ဟု မိန္႔ေတာ္မူသည္။

ထုိအခါ ေနာက္ဆုံးနားမွ ခစားေနေသာ အမတ္သူရဲေကာင္း အဲမြန္ဒယာထံက “ သမိန္ျဗာဇၨ ႏွင့္လဂြန္းအိန္တို႕မရွိေသာ္လည္း ကြ်နု္ပ္ရွိပါေသးသည္ ။ ေရႊဖ၀ါး ေတာ္ေအာက္တြင္ ကြ်ႏု္ပ္ခစားလ်က္ အရွင္ ၏ အမိန္႔ ကို နာခံပါမည္ ။ တာဝန္ယူပါမည္ ။ ဥပါယ္ျပဳ၍ ဟံသာဝတီၿမိဳ႕ သို႔အေရာက္သြား ပါမည္ ။ အရွင္၏ အမိန္႕ ကို သားေတာ္ထံ အေရာက္ ကြ်နု္ပ္ပို႕ဆက္ပါမည္” ဟုေလွ်ာက္ေလရာ ရာဇာဓိရာဇ္သည္ လြန္စြာ၀မ္းသာသြားၿပီး
“ပဲခူးၿမဳိ႕ပတ္လည္မွာ သူတုိ႔ခုိင္ခံစြာ ၀န္းရံထားသည္ကုိ ပသုိ႔ မင္း၀င္မည္နည္း” ဟု ဆုိေသာ္ အဲမြန္ဒယာက
“သာမန္အားၿဖင့္ သြား၍ မရပါ။ မိမိေက်ာကုိ ကြဲေအာင္ ႀကိမ္လုံးၿဖင့္ ရုိက္ေစၿပီးမွ သြားလွ်င္ ၿဖစ္ႏုိင္ပါသည္” ဟု ေလွ်ာက္၏။

ႀကိမ္ၿဖင့္ရုိက္ၿပီးေနာက္ အဲမြန္ဒယာ ႏွင့္ သူ႔ရဲေဘာ္ ရွစ္ေယာက္သုိ႔သည္ ဟံသာ၀တီသို႔ သြား၏။ အင္း၀ကင္းတပ္မ်ား ၿမင္ေတြ႔သြားရာမွ မင္းရဲေက်ာ္စြာဆီ ပုိ႔ေဆာင္ေစရာ အဲမြန္ဒယာက “ရာဇာဓိရာဇ္သည္ အရွင္ကဲ့သုိ႔ သူရဲေကာင္းမ်ားကုိ မေၿမွာက္စားပါ။ ကြ်ႏု္ပ္သက္စြန္႔ႀကဳိးပမ္း အမႈထမ္းခဲ့ေသာ္လည္း တစ္ႀကိမ္မွ ေပးေတာ္မမူပါ။ ထုိ႔ေႀကာင့္ အရွင့္သား၏ လက္ေအာက္တြင္ တာ၀န္ထမ္းေဆာင္လုိ၍ ေရာက္ရွိလာပါသည္” ဟု ေလွ်ာက္တင္ေသာ္လည္း မင္းရဲေက်ာ္စြာက ယုံႀကည္ေတာ္မမူပဲ အားလုံးကုိ အခ်ဳပ္ခ်ထားလုိက္သည္။

“အဲမြန္ဒယာက မိမိတုိ႔ကုိ မယုံႀကည္လွ်င္ ယခုတုိက္ခုိက္ေနေသာ တုိက္ပြဲအတြင္းသုိ႔ လႊတ္ပါ၊ မြန္မ်ားကို တုိက္ခုိက္ပါမည္” ဟု ဆုိသၿဖင့္ တုိက္ပြဲအတြင္းသုိ႔လႊတ္ရာ မြန္စစ္သားမ်ားကုိ တုိက္ခုိက္သတ္ၿဖတ္သၿဖင့္ မင္းရဲေက်ာ္စြာ ယုံႀကည္ေတာ္မူသြားကာ အခ်ဳပ္မွ လႊတ္ေစသည္။ (တကယ္ေတာ့ အဲမြန္ဒယာက ေသခါနီးမြန္စစ္သားမ်ားကုိသာ တုိက္ခုိက္ဖုိ႔ သူ႔ရဲေဘာ္မ်ားအား မွာခဲ့ၿပီး ၿဖစ္သည္)

ေနာက္တစ္ႀကိမ္ထပ္မံတုိက္ခုိက္ေစရာ အဲမြန္ဒရာႏွင့္ သူ႔ရဲေဘာ္မ်ားသည္ မြန္မ်ားကုိ တုိက္ခုိက္ေတာ့မေယာင္ၿပဳကာ သူတုိ႔မွန္းသိေစရန္ ေအာ္ဟစ္ကာ ပဲခူးၿမဳိ႕အတြင္းသုိ႔ေၿပး၀င္သြားႀက၏။ ဒီေတာ့မွ မင္းရဲေက်ာ္စြာသည္ အဲမြန္ဒယာရဲ႕ လွည့္ၿဖားမႈကိုခံရေႀကာင္း သိကာ အမ်က္ထြက္ေတာ္မူသည္။ ပဲခူးရွိ ဗညားက်န္း သည္ အဲမြန္ဒယာ ေရာက္လာသျဖင့္ လြန္စြာ ၀မ္းသာအားရ ေတာ္မူသည္ ။ “ မင္းဘယ္ကဲ့သို႔ ငါ့ထံ ၀င္ႏိုင္သနည္း “ ဟု ဗညားက်န္း ေမးေသာ္ အဲမြန္ဒယာသည္ မည္ကဲ့သို ပရိယာယ္ ျပဳ၍ လာရပံု အေၾကာင္းကို အေသးစိတ္ ေလွ်ာက္ၾကား၏ ။

ထိုေနာက္ – “ ယခု ခမည္းေတာ္ ရာဇာဓိရာဇ္ သည္ ဇာတာေတာ္သန္႔ ၍ ေဘးအႏၳရာယ္ ကင္းၿပီးျဖစ္သျဖင့္ မုတၱမမွခြာခ့ဲျပီ ။ သန္လ်င္တြင္ စခန္းခ် ေနပါသည္ ။ အျပင္ကေနျပီး မင္းရဲေက်ာ္စြာတို ့ကို တိုက္ခိုက္မည့္အေၾကာင္းကို အရွင့္သားေတာ္ မသိမည္စိုး၍ ကြ်ႏု္ပ္အားေစလႊတ္ေတာ္မူသည္ ။ လဆန္းသံုးရက္ ၊ ေသာၾကာေန ့တြင္ စစ္မႀကီးခ်ီ၍ မင္းရဲေက်ာ္စြာ တို႔ကို တိုက္ခိုက္မည္ ။ အေနာက္ဘက္ကစတိုက္မည္ ။ အရွင့္သားေတာ္လည္းအဆင္သင့္စီမံ၍ ညီညြတ္စြာ တိုက္ခိုက္ၾကမည္” ဟု ေလွ်ာက္တင္၏။

ေဒါသထြက္ေနေသာ အင္း၀တပ္မ်ားက ၿမဳိ႕ရုိးအၿပင္ဘက္မွေန၍ “ ဟယ္- အဲမြန္ဒယာ ၊ လူလိမ္ ၊ လူေကာက္ ၊ လူစဥ္းလဲ ၊ မုသားစကား ၊ ပလီပလာ ေျပာျပီး ျမိဳ႔တြင္းသို႔၀င္ေျပးသည္ ။ မင္းေကာင္း ေကာင္းေန ၊ မၾကာမီ ငါတို႔ ႏွင့္ေတြ႔ ရဦးမည္” ဟု ႀကဳံး၀ါးသည္ကုိ အဲမြန္ဒယာႀကားေသာ္
“သည္ ပဲခူးၿမဳိ႕တြင္း ငါ၀င္ခဲ့ၿပီးေသာ္လည္း ငါဒီမွာမေန ၊ မနက္မုိးေသာက္လွ်င္ ငါၿပန္ထြက္မည္၊ မင္းတုိ႔မိေအာင္ဖမ္းေခ်” ဟု ေခ်ပ ေၿပာဆုိလုိက္၏။

မင္းရဲေက်ာ္စြာ ၏ အင္း၀တပ္မ်ားသည္ ပုိမိုတင္းႀကပ္စြာေစာင့္ႀကည့္ႀကသည္။ မနက္မုိးေသာက္ေသာ္ အဲမြန္ဒယာသည္ လူေသဟန္ေဆာင္၍ အ၀တ္ၿဖဴမ်ားႏွင့္ပတ္ကာ ေဖာင္ထက္တြင္ေနသည္။ အနီး၌ လင္ေသသည္ဟု ငိုယုိေနေသာ မိန္းမတစ္ေယာက္အားထား၍ ေဖာင္ကိုေမွ်ာေစသည္။ အင္း၀တပ္မ်ားက ေဖာင္ကုိေတြ႔ေသာ္လည္း အေလာင္းေဖာင္ဟု သာထင္မွတ္ႀကၿပီး ေဖာင္ကုိပင္ ၿမစ္တြင္းသုိ႔ တြန္းပုိ႔ႀကပါတယ္။ အင္း၀တပ္မ်ားကို ေက်ာ္လြန္သည့္ေနရာသုိ႔ေရာက္ေသာ္ အဲမြန္ဒယာသည္ ၀ါးကပ္ကုိခြဲ၍ ကုန္းထက္သုိ႔တက္ကာ သန္လွ်င္သုိ႔သြားေလ၏။ ရာဇာဓိရာဇ္ထံသုိ႔ ေရာက္ေသာ္ “အဲမြန္ဒယာသည္ ပညာရွိ၍ ထက္ၿမက္လွသည္” ဟု ခ်ီးမြမ္းကာ ဆုေတာ္လာဘ္ေတာ္မ်ား ခ်ီးၿမွင့္သည္။

ေနာက္တစ္ရက္ေရာက္ေသာ္ အင္း၀တပ္မ်ားသည္ ပဲခူးၿမဳိ႕တံခါးအနီးသုိ႔သြားကာ “ဟယ္ အဲမြန္ဒယာ၊ မင္းမုသားစကားေၿပာသည္။ ထြက္မည္ဆုိၿပီး ဘာေႀကာင့္မထြက္ေသးသနည္း ၊ ေခါင္းၿပတ္မည္စုိး၍ မထြက္၀ံ့သေလာ” ဟု ေအာ္ဟစ္ႀကေသာ္ မြန္စစ္သားမ်ားက
“ဟယ္ ငမုိက္သားမ်ား မင္းတုိ႔ကန္းေနႀကသေလာ၊ အဲမြန္ဒယာသည္ မင္းတုိ႔ေရွ႕မွာပင္ထြက္သြားၿပီ” ဟု ရယ္ေမာကာ ၿပန္လည္ေအာ္ဟစ္ႀကသည္။

ထုိအေႀကာင္းကို မင္းရဲေက်ာ္စြာႀကားေသာ္ မယုံ။ ဟုတ္မဟုတ္အေႀကာင္းကုိ သိလုိ၍ အမတ္တစ္ေယာက္ကို လႊတ္ကာ သန္လွ်င္သို႔သြားေရာက္ႀကည့္ေစရာ အမွန္တကယ္ပင္ အဲမြန္ဒယာသည္ သန္လွ်င္သို႔ေရာက္ေနေႀကာင္း သိသြားေသာ အခါ “အဲမြန္ဒယာသည္ အစြမ္းသတၱိႏွင့္ ဥာဏ္ ပညာၾကီးလွေပသည္” ဟု ခ်ီးမြမ္းေတာ္မူေလသည္။

Ref:
ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္း – ေဒါက္တာႏုိင္ပန္းလွ
ျမန္မာ႔ဂုဏ္ရည္ရာဇ၀င္ဖတ္စာ – ဦးဖုိးက်ား


လဂွန်းအိန် နဲ့ သမိန်ဗြာဇ္ဇတို့မရှိသည့်နောက် ရာဇာဓိရာဇ်ရဲ့အခက်အခဲကိုဖြေရှင်းပေးခဲ့သူ (သို့) အဲမွန်ဒယာ
(unicode)

လဂွန်းအိန် ကျဆုံးကာ သမိန်ဗရမ်းလည်း အဖမ်းခံရပြီးနောက် ရာဇာဓိရာဇ်သည် တပ်များကိုပြန်နှုတ်၍ ဟံသာဝတီသို့ ပြန်လေသည်။ ထို့နောက် ဇာတာမသန့်ဟု ဆိုကာ နန်းစည်းစိမ်ကို သားတော်ဗညားကျန်း အား နှင်းအပ်ပြီး ကိုယ်တော်ကား မုတ္တမသို့ ပြောင်းရွှေ့စံတော်မူသည်။ တစ်နှစ်စာ ရိက္ခာများကို ကူညီရိုင်းပင်း ထောက်ပံ့ရန် သားတော်အငယ် ရာဇာမနုအား တာဝန်ပေးတော်မူ၏ ။

မင်းရဲကျော်စွာ၏ အင်းဝတပ်ကြီးသည် မွန်မြို့ရွာများကို တိုက်ခိုက်သိမ်းပိုက်ပြီး ဟံသာဝတီ(ပဲခူး) သို့ ချီတက်တိုက်ခိုက်သည်။ ဗညားကျန်း နှင့် ရာဇမနု တို့က မြို့တွင်းမှ ကြံ့ကြံ့ခိုင်ခိုင် ခုခံသောကြောင့် မင်းရဲကျော်စွာသည် ပဲခူးမြို့ကို မသိမ်းနိုင်ပဲ မြို့ကိုသာ ဝန်းရံနေလေသည်။ ရာဇာဓိရာဇ် မုတ္တမတွင် သုံးလတိတိနေတော်မူပြီး ဇာတာတော်သန့်၍ အန္တရာယ်ကင်းပြီ ဟု ပရောဟိတ်တို့က လျှောက်တင်သောအခါ သိဒ္ဓိသောမမင်း ဘွဲ့ခံယူပြီး သန်လျှင်သို့ ကူးတော်မူ၏။ သန်လျှင်ရောက်သော် ပဲခူးမြို့အတွက် မှူးမတ်များနှင့် ဆွေးနွေးတိုင်ပင်သည်။

“ဟံသာဝတီကို မင်းရဲကျော်စွာတို့ ဝိုင်းရံထားသည်။ ယခုငါတို့စစ်ချီလာသည်ကိုလည်ကောင်း ၊ မင်းရဲကျော်စွာတပ်များကို ငါတို့ တိုက်ခိုက်မည့်အချိန်ကိုလည်ကောင်း ပဲခူးမြို့တွင်းမှ ငါ့သားတော်များကို ပသို့ သိစေအံသနည်း” ဟု မေး၏။ မှူးမတ်များစွာရှိသော်လည်း အသံတစ်သံမှ ထွက်မလာသဖြင့် ရာဇာဓိရာဇ်က စိုးရိမ်စွာဖြင့်-
“သမိန်ဗြာဇ္ဇ နှင့် လဂွန်းအိန်တို့သာ ရှိနေခဲ့လျှင် သည်လောက်သော ကိစ္စကို ငါပူပင်ရန်မလို။ ယခုငါ့လက်နှစ်ဖက်လုံး ပြတ်သွားသည်နှင့် တူသဖြင့် အကြံအစည် တစ်ခုခုကို ငါကြံ၍ မပြည့်စုံနိုင်တော့ပြီ” ဟု မိန့်တော်မူသည်။

ထိုအခါ နောက်ဆုံးနားမှ ခစားနေသော အမတ်သူရဲကောင်း အဲမွန်ဒယာထံက “ သမိန်ဗြာဇ္ဇ နှင့်လဂွန်းအိန်တို့မရှိသော်လည်း ကျွန်ုပ်ရှိပါသေးသည် ။ ရွှေဖဝါး တော်အောက်တွင် ကျွန်ုပ်ခစားလျက် အရှင် ၏ အမိန့် ကို နာခံပါမည် ။ တာဝန်ယူပါမည် ။ ဥပါယ်ပြု၍ ဟံသာဝတီမြို့ သို့အရောက်သွား ပါမည် ။ အရှင်၏ အမိန့် ကို သားတော်ထံ အရောက် ကျွန်ုပ်ပို့ဆက်ပါမည်” ဟုလျှောက်လေရာ ရာဇာဓိရာဇ်သည် လွန်စွာဝမ်းသာသွားပြီး
“ပဲခူးမြို့ပတ်လည်မှာ သူတို့ခိုင်ခံစွာ ဝန်းရံထားသည်ကို ပသို့ မင်းဝင်မည်နည်း” ဟု ဆိုသော် အဲမွန်ဒယာက
“သာမန်အားဖြင့် သွား၍ မရပါ။ မိမိကျောကို ကွဲအောင် ကြိမ်လုံးဖြင့် ရိုက်စေပြီးမှ သွားလျှင် ဖြစ်နိုင်ပါသည်” ဟု လျှောက်၏။

ကြိမ်ဖြင့်ရိုက်ပြီးနောက် အဲမွန်ဒယာ နှင့် သူ့ရဲဘော် ရှစ်ယောက်သို့သည် ဟံသာဝတီသို့ သွား၏။ အင်းဝကင်းတပ်များ မြင်တွေ့သွားရာမှ မင်းရဲကျော်စွာဆီ ပို့ဆောင်စေရာ အဲမွန်ဒယာက “ရာဇာဓိရာဇ်သည် အရှင်ကဲ့သို့ သူရဲကောင်းများကို မမြှောက်စားပါ။ ကျွန်ုပ်သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့သော်လည်း တစ်ကြိမ်မှ ပေးတော်မမူပါ။ ထို့ကြောင့် အရှင့်သား၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လို၍ ရောက်ရှိလာပါသည်” ဟု လျှောက်တင်သော်လည်း မင်းရဲကျော်စွာက ယုံကြည်တော်မမူပဲ အားလုံးကို အချုပ်ချထားလိုက်သည်။

“အဲမွန်ဒယာက မိမိတို့ကို မယုံကြည်လျှင် ယခုတိုက်ခိုက်နေသော တိုက်ပွဲအတွင်းသို့ လွှတ်ပါ၊ မွန်များကို တိုက်ခိုက်ပါမည်” ဟု ဆိုသဖြင့် တိုက်ပွဲအတွင်းသို့လွှတ်ရာ မွန်စစ်သားများကို တိုက်ခိုက်သတ်ဖြတ်သဖြင့် မင်းရဲကျော်စွာ ယုံကြည်တော်မူသွားကာ အချုပ်မှ လွှတ်စေသည်။ (တကယ်တော့ အဲမွန်ဒယာက သေခါနီးမွန်စစ်သားများကိုသာ တိုက်ခိုက်ဖို့ သူ့ရဲဘော်များအား မှာခဲ့ပြီး ဖြစ်သည်)

နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်စေရာ အဲမွန်ဒရာနှင့် သူ့ရဲဘော်များသည် မွန်များကို တိုက်ခိုက်တော့မယောင်ပြုကာ သူတို့မှန်းသိစေရန် အော်ဟစ်ကာ ပဲခူးမြို့အတွင်းသို့ပြေးဝင်သွားကြ၏။ ဒီတော့မှ မင်းရဲကျော်စွာသည် အဲမွန်ဒယာရဲ့ လှည့်ဖြားမှုကိုခံရကြောင်း သိကာ အမျက်ထွက်တော်မူသည်။ ပဲခူးရှိ ဗညားကျန်း သည် အဲမွန်ဒယာ ရောက်လာသဖြင့် လွန်စွာ ဝမ်းသာအားရ တော်မူသည် ။ “ မင်းဘယ်ကဲ့သို့ ငါ့ထံ ဝင်နိုင်သနည်း “ ဟု ဗညားကျန်း မေးသော် အဲမွန်ဒယာသည် မည်ကဲ့သို ပရိယာယ် ပြု၍ လာရပုံ အကြောင်းကို အသေးစိတ် လျှောက်ကြား၏ ။

ထိုနောက် – “ ယခု ခမည်းတော် ရာဇာဓိရာဇ် သည် ဇာတာတော်သန့် ၍ ဘေးအန္ထရာယ် ကင်းပြီးဖြစ်သဖြင့် မုတ္တမမှခွာခဲ့ပြီ ။ သန်လျင်တွင် စခန်းချ နေပါသည် ။ အပြင်ကနေပြီး မင်းရဲကျော်စွာတို ့ကို တိုက်ခိုက်မည့်အကြောင်းကို အရှင့်သားတော် မသိမည်စိုး၍ ကျွန်ုပ်အားစေလွှတ်တော်မူသည် ။ လဆန်းသုံးရက် ၊ သောကြာနေ ့တွင် စစ်မကြီးချီ၍ မင်းရဲကျော်စွာ တို့ကို တိုက်ခိုက်မည် ။ အနောက်ဘက်ကစတိုက်မည် ။ အရှင့်သားတော်လည်းအဆင်သင့်စီမံ၍ ညီညွတ်စွာ တိုက်ခိုက်ကြမည်” ဟု လျှောက်တင်၏။

ဒေါသထွက်နေသော အင်းဝတပ်များက မြို့ရိုးအပြင်ဘက်မှနေ၍ “ ဟယ်- အဲမွန်ဒယာ ၊ လူလိမ် ၊ လူကောက် ၊ လူစဉ်းလဲ ၊ မုသားစကား ၊ ပလီပလာ ပြောပြီး မြို့တွင်းသို့ဝင်ပြေးသည် ။ မင်းကောင်း ကောင်းနေ ၊ မကြာမီ ငါတို့ နှင့်တွေ့ ရဦးမည်” ဟု ကြုံးဝါးသည်ကို အဲမွန်ဒယာကြားသော်
“သည် ပဲခူးမြို့တွင်း ငါဝင်ခဲ့ပြီးသော်လည်း ငါဒီမှာမနေ ၊ မနက်မိုးသောက်လျှင် ငါပြန်ထွက်မည်၊ မင်းတို့မိအောင်ဖမ်းချေ” ဟု ချေပ ပြောဆိုလိုက်၏။

မင်းရဲကျော်စွာ ၏ အင်းဝတပ်များသည် ပိုမိုတင်းကြပ်စွာစောင့်ကြည့်ကြသည်။ မနက်မိုးသောက်သော် အဲမွန်ဒယာသည် လူသေဟန်ဆောင်၍ အဝတ်ဖြူများနှင့်ပတ်ကာ ဖောင်ထက်တွင်နေသည်။ အနီး၌ လင်သေသည်ဟု ငိုယိုနေသော မိန်းမတစ်ယောက်အားထား၍ ဖောင်ကိုမျှောစေသည်။ အင်းဝတပ်များက ဖောင်ကိုတွေ့သော်လည်း အလောင်းဖောင်ဟု သာထင်မှတ်ကြပြီး ဖောင်ကိုပင် မြစ်တွင်းသို့ တွန်းပို့ကြပါတယ်။ အင်းဝတပ်များကို ကျော်လွန်သည့်နေရာသို့ရောက်သော် အဲမွန်ဒယာသည် ဝါးကပ်ကိုခွဲ၍ ကုန်းထက်သို့တက်ကာ သန်လျှင်သို့သွားလေ၏။ ရာဇာဓိရာဇ်ထံသို့ ရောက်သော် “အဲမွန်ဒယာသည် ပညာရှိ၍ ထက်မြက်လှသည်” ဟု ချီးမွမ်းကာ ဆုတော်လာဘ်တော်များ ချီးမြှင့်သည်။

နောက်တစ်ရက်ရောက်သော် အင်းဝတပ်များသည် ပဲခူးမြို့တံခါးအနီးသို့သွားကာ “ဟယ် အဲမွန်ဒယာ၊ မင်းမုသားစကားပြောသည်။ ထွက်မည်ဆိုပြီး ဘာကြောင့်မထွက်သေးသနည်း ၊ ခေါင်းပြတ်မည်စိုး၍ မထွက်ဝံ့သလော” ဟု အော်ဟစ်ကြသော် မွန်စစ်သားများက
“ဟယ် ငမိုက်သားများ မင်းတို့ကန်းနေကြသလော၊ အဲမွန်ဒယာသည် မင်းတို့ရှေ့မှာပင်ထွက်သွားပြီ” ဟု ရယ်မောကာ ပြန်လည်အော်ဟစ်ကြသည်။

ထိုအကြောင်းကို မင်းရဲကျော်စွာကြားသော် မယုံ။ ဟုတ်မဟုတ်အကြောင်းကို သိလို၍ အမတ်တစ်ယောက်ကို လွှတ်ကာ သန်လျှင်သို့သွားရောက်ကြည့်စေရာ အမှန်တကယ်ပင် အဲမွန်ဒယာသည် သန်လျှင်သို့ရောက်နေကြောင်း သိသွားသော အခါ “အဲမွန်ဒယာသည် အစွမ်းသတ္တိနှင့် ဉာဏ် ပညာကြီးလှပေသည်” ဟု ချီးမွမ်းတော်မူလေသည်။

Ref:
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း – ဒေါက်တာနိုင်ပန်းလှ
မြန်မာ့ဂုဏ်ရည်ရာဇဝင်ဖတ်စာ – ဦးဖိုးကျား

Leave a Reply