အခ်စ္အတြက္ ေတာင္ႀကီးတစ္ေတာင္လုံးကို လမ္းေဖာက္ပစ္ခဲ့သူ (သုိ႔) ဇြဲ႔မေလွ်ာ့တဲ့ ေတာင္လူသား

Posted on

တရုတ္ဒ႑ာရီပုံျပင္တခ်ဳိ႕မွာ ေတာင္ႀကီးႏွစ္ေတာင္ကုိ ေရြ႕ခဲ့တဲ့ မိသားစုအေၾကာင္းကုိ ၾကားဖူးဖတ္ဖူးၾကမွာပါ။ သူတုိ႔လုိပဲ ေတာင္ႀကီးတစ္ေတာင္လုံးကိုမေရြ႕ႏုိင္ေပမယ့္ ေတာင္ႀကီးတစ္ေတာင္ကုိ ဖ်က္ၿပီးလမ္းေဖာက္ခဲ့တဲ့ အာဂလူသားတစ္ေယာက္ အျပင္ေလာကမွာ တကယ္ရွိခဲ့ပါတယ္။

သူကေတာ့ အိႏၵိယႏုိင္ငံ Gehlaur ေက်းရြာ က သာမန္အလုပ္သမားတစ္ေယာက္ျဖစ္တဲ့  Dashrath Manjhi ဆုိသူပါ။ ျဖစ္ႏုိင္ဖုိ႔အလြန္ခက္ခဲတဲ့အရာကို ဇြဲမေလွ်ာ့တမ္းလုပ္ခဲ့တာေၾကာင့္ ေတာင္လူသား ဆုိတဲ့အမည္နဲ႔ ကမာၻေက်ာ္ခဲ့သူျဖစ္ပါတယ္။

Dashrath Manjhi ဟာ ငယ္စဥ္ကတည္းက ရြာကေနထြက္ၿပီး  Dhanbad ေက်ာက္မီးေသြးတြင္းမွာ အလုပ္လုပ္ခဲ့သူပါ။ အဲဒီေနာက္ေတာ့ ရြာကိုျပန္လာၿပီး Falguni Devi ဆုိသူ မိန္းမပ်ဳိနဲ႔ ခ်စ္ႀကဳိက္ေတြဆုံၿပီး လက္ထပ္ခဲ့ပါတယ္။ သူဟာ သူဇနီးကို အလြန္ခ်စ္ၿပီး ရြာအနီးမွာပဲေနထုိင္လုပ္ကုိင္ခဲ့တယ္။ တစ္ေန႔ သူလုပ္လုပ္တဲ့ဆီက ေန႔လည္စာလာပုိ႔တဲ့ ဇနီးျဖစ္သူဟာ ေတာင္ေၾကာေပၚကေျခေခ်ာ္ၾကပါတယ္။ ဇနီးျဖစ္သူကုိ အျမန္ဆုံး ၿမဳိ႕ကေဆးရုံပုိ႔ဖုိ႔ႀကဳိးစားေပမယ့္ ခရီးေ၀းလြန္းတဲ့အတြက္ အသက္မမီေတာ့ပါဘူး။

တကယ္ေတာ့ ခရီးက အတည့္အတုိင္းဆုိရင္ ၉မုိင္ ၀န္းက်င္ပဲရွိေပမယ့္ Gehlour ေတာင္ႀကီး ကာဆီးေနတာေၾကာင့္ ေကြ႔ပတ္ၿပီးသြားရတဲ့ ၃၄မုိင္ခန္႔ျဖစ္သြားပါတယ္။ ေတာင္ႀကီးသာ မရွိရင္ သူမိန္းမကို ေဆးရုံကို အခ်ိန္မီပို႔ႏုိင္ခဲ့လိမ့္မယ္လုိ႔ သူထင္ခဲ့တယ္။ ေတာင္ႀကီးဟာ သူတုိ႔ရြာရဲ႕တုိးတက္မႈကို လည္းပိတ္ထားတယ္ လုိ႔သူသိခဲ့တယ္။ တစ္ညလုံးထုိင္ေတြးၿပီး ညဥ့္သန္းေခါင္ေလာက္မွာေတာ့ သူဆုံးျဖတ္ခ်က္ခ်ခဲ့တယ္။ သူ႔ရဲ႕ရန္သူေတာ္ေတာင္ႀကီးကုိ ၿဖဳိခ်ၿပီးလမ္းေဖာက္လုပ္ဖုိ႔ဆုိတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ပါတယ္။

ေနာက္တစ္ေန႔မွာေတာ့ သူဟာ ေတာင္ကိုၿဖဳိဖုိ႔စတင္ပါတယ္။ ၿဖဳိဖုိ႔လက္နက္မရွိတာေၾကာင့္ သူ႔ရဲ႕တစ္ခုတည္းပုိင္ဆုိင္မႈျဖစ္တဲ့ ဆိတ္ကိုေရာင္းကာ တူနဲ႔ ေဆာက္ေတြ၀ယ္ယူခဲ့ပါတယ္။ အဲဒိေနာက္ေတာ့ ေတာင္ဆီကုိသြားကာ စတင္ၿဖဳိပါေတာ့တယ္။ သူ႔ရဲ႕အမ်ဳိး မိတ္ေဆြေတြသာမက ရြာကလူအားလုံးက သူ႔ကုိရူးသြားၿပီလုိ႔ ထင္မွတ္ၾကတယ္။ ဘယ္သူဘာေျပာေျပာ သူ႔ရဲ႕ဆုံးျဖတ္ခ်က္အတုိင္း တစုိက္မတ္မတ္လုပ္ခဲ့ပါတယ္။ သူ႔ကုိသနားတဲ့လူအနည္းငယ္ကေတာ့ သူစားေသာက္ဖုိ႔ အစာေရစာ အနည္းငယ္နဲ႔ ကိရိယာတန္ဆာပလာေတြကုိ ေတာက္ပံ့ေပးကမ္းၾကပါတယ္။

သူတစ္ေယာက္တည္းေတာင္ကိုၿဖဳိတယ္ ၊ ဖ်က္တယ္ ၊ ရွင္းလင္းတယ္။ ရက္ေတြ လေတြ ႏွစ္ေတြ ၾကာသြားေပမယ့္ ဘာမွထူးျခားမႈ မရွိခဲ့ပါဘူး။ ဒါေပမယ့္ သူမေလွ်ာ့ခဲ့ပါဘူး။ ေတာင္ကုိၿဖဳိရင္းနဲ႔ ေသရင္ေသပေစဆုိတဲ့ စိတ္ဓာတ္နဲ႔ ဆက္လက္လုပ္ပါတယ္။ ဒီလုိနဲ႔ႏွစ္ေပါင္းမ်ားစြာၾကာသြားတယ္။ သူ႔အေၾကာင္းသတင္းစာမွာပါသြားလို႔ အစိုးရကေထာက္ပံ့ေငြေပးေပမယ့္ ရြာအုပ္ခ်ဳပ္ေရးမွဴးက ျဖတ္စားသြားလို႔ တစ္ျပားမွမရလိုက္ဘူး။ အဲဒီေတာ့ ဒုံရင္းအတိုင္း တေရြ႕ေရြ႕နဲ႔ ဇြဲမေလွ်ာ့ပဲဆက္တူးခဲ့တယ္။

အဲဒီေနာက္ေတာ့ အတိအက်ေျပာရရင္ ၂၂ႏွစ္(၁၉၆၀-၁၉၈၃) ေက်ာ္ ၾကာသြားၿပီးတဲ့ေနာက္မွာ ေတာင္ႀကီးေနရာမွာ လမ္းတစ္လမ္းေပၚလာခဲ့ပါတယ္။ ဟုတ္ပါတယ္။ အာဂလူသား Dashrath Manjhi ဟာ ေတာင္ကိုၿဖဳိကာ လမ္းတစ္လမ္းကိုေအာင္ျမင္စြာ ေဖာက္ပစ္ႏုိင္ခဲ့ပါတယ္။ သူ႔ရဲ႕ေတာင္ၾကားလမ္းဟာ ၂၅ေပက်ယ္ၿပီး အရွည္ ၃၆၀ေပ ရွိပါတယ္။

သူ႔ရဲ႕ေက်းဇူးေၾကာင့္ အခုဆုိရင္ ရြာနဲ႔ ၿမဳိ႕အကြာအေ၀းဟာ ၃၄မုိင္ကေန ၉မုိင္ျဖစ္သြားခဲ့ၿပီး ၿမဳိ႕နဲ႔ရြာကိုအလြယ္တကူသြားလာႏုိင္ခဲ့ပါၿပီ။ ေဘးမွာ ေပ၂၀နီးပါးျမင့္တဲ့ေတာင္ၾကားလမ္းကိုၾကည့္လုိက္ရင္ လူတစ္ေယာက္တည္းေဖာက္ဖုိ႔အတြက္ မျဖစ္ႏုိင္သေယာင္ထင္ရပါတယ္။ ဒါေပမယ့္ မျဖစ္ႏုိင္ဘူးဆုိတဲ့ အရာကုိ Dashrath Manjhi  က တစုိက္မတ္မတ္လုပ္ရင္း မျဖစ္ႏုိင္ဘူးဆိုတာမရွိဘူး ဆိုတဲ့စကားကို သက္ေသျပလုိက္ပါတယ္။

အာဂလူသား Dashrath Manjhi ဟာ အသက္ ၇၂ႏွစ္အရြယ္ ( 17 Aug 2007) မွာ ဆီးအိမ္ကင္ဆာနဲ႔ ေသဆုံးခဲ့ပါတယ္။ မေသခင္မွာ သူ႔ရဲ႕အံမခန္းဇြဲေၾကာင့္ ဆုေပါင္းမ်ားစြာရရွိခဲ့ပါတယ္။ သူ႔ရဲစ်ာပနကုိ အေလးအျမတ္ျပဳတဲ့အေနနဲ႔ ဘီဟာျပည္နယ္အစုိးရက ဦးစီးက်င္းပေပးခဲ့ပါတယ္။ The Man Who Moved the Mountain ,  Manjhi – The Mountain Man, Olave Mandara ,  Bhoomi Thayiya Chochchala Maga စတဲ့ဇာတ္လမ္းေတြဟာ Dashrath ရဲ႕ဘ၀ဇာတ္ေၾကာင္းကို အေျခခံရုိက္ကူးထားတာပဲျဖစ္ပါတယ္။

သူေသဆုံးသြားေပမယ့္ သူေဖာက္ထားခဲ့တဲ့လမ္းက ရွိေနဆဲျဖစ္သလုိ သူ႔ကုိနာမည္ေပးထားတဲ့ ေတာင္လူသား ဆုိတဲ့နာမည္ကုိ အားလုံးမွတ္မိေနၾကမွာပါ။ တခုခု အဆင္မေျပလုိ႔စိတ္ေလွ်ာ့တတ္တဲ့သူတုိင္းကုိ သူေမးေလ့ရွိတဲ့စကားတစ္ခြန္းရွိပါတယ္။

“မင္းအခက္အခဲက ေတာင္ၿဖဳိတာထက္ ပုိပင္ပမ္း၊ ပုိခက္လုိ႔လား” တဲ့

VIDEO

—————————-

ဒုက္ခပေးနေတဲ့တောင်ကြီးကို ရွေ့ပစ်ခဲ့သူ (သို့) ဇွဲ့မလျှော့တဲ့ တောင်လူသား (unicode)

တရုတ်ဒဏ္ဍာရီပုံပြင်တချို့မှာ တောင်ကြီးနှစ်တောင်ကို ရွေ့ခဲ့တဲ့ မိသားစုအကြောင်းကို ကြားဖူးဖတ်ဖူးကြမှာပါ။ သူတို့လိုပဲ တောင်ကြီးတစ်တောင်လုံးကိုမရွေ့နိုင်ပေမယ့် တောင်ကြီးတစ်တောင်ကို ဖျက်ပြီးလမ်းဖောက်ခဲ့တဲ့ အာဂလူသားတစ်ယောက် အပြင်လောကမှာ တကယ်ရှိခဲ့ပါတယ်။ သူကတော့ အိန္ဒိယနိုင်ငံ Gehlaur ကျေးရွာ က သာမန်အလုပ်သမားတစ်ယောက်ဖြစ်တဲ့  Dashrath Manjhi ဆိုသူပါ။ ဖြစ်နိုင်ဖို့အလွန်ခက်ခဲတဲ့အရာကို ဇွဲမလျှော့တမ်းလုပ်ခဲ့တာကြောင့် တောင်လူသား ဆိုတဲ့အမည်နဲ့ ကမ္ဘာကျော်ခဲ့သူဖြစ်ပါတယ်။

Dashrath Manjhi ဟာ ငယ်စဉ်ကတည်းက ရွာကနေထွက်ပြီး  Dhanbad ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ခဲ့သူပါ။ အဲဒီနောက်တော့ ရွာကိုပြန်လာပြီး Falguni Devi ဆိုသူ မိန်းမပျိုနဲ့ ချစ်ကြိုက်တွေဆုံပြီး လက်ထပ်ခဲ့ပါတယ်။ သူဟာ သူဇနီးကို အလွန်ချစ်ပြီး ရွာအနီးမှာပဲနေထိုင်လုပ်ကိုင်ခဲ့တယ်။ တစ်နေ့ သူလုပ်လုပ်တဲ့ဆီက နေ့လည်စာလာပို့တဲ့ ဇနီးဖြစ်သူဟာ တောင်ကြောပေါ်ကခြေချော်ကြပါတယ်။ ဇနီးဖြစ်သူကို အမြန်ဆုံး မြို့ကဆေးရုံပို့ဖို့ကြိုးစားပေမယ့် ခရီးဝေးလွန်းတဲ့အတွက် အသက်မမီတော့ပါဘူး။ တကယ်တော့ ခရီးက အတည့်အတိုင်းဆိုရင် ၉မိုင် ဝန်းကျင်ပဲရှိပေမယ့် Gehlour တောင်ကြီး ကာဆီးနေတာကြောင့် ကွေ့ပတ်ပြီးသွားရတဲ့ ၃၄မိုင်ခန့်ဖြစ်သွားပါတယ်။ တောင်ကြီးသာ မရှိရင် သူမိန်းမကို ဆေးရုံကို အချိန်မီပို့နိုင်ခဲ့လိမ့်မယ်လို့ သူထင်ခဲ့တယ်။ တောင်ကြီးဟာ သူတို့ရွာရဲ့တိုးတက်မှုကို လည်းပိတ်ထားတယ် လို့သူသိခဲ့တယ်။ တစ်ညလုံးထိုင်တွေးပြီး ညဉ့်သန်းခေါင်လောက်မှာတော့ သူဆုံးဖြတ်ချက်ချခဲ့တယ်။ သူ့ရဲ့ရန်သူတော်တောင်ကြီးကို ဖြိုချပြီးလမ်းဖောက်လုပ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

နောက်တစ်နေ့မှာတော့ သူဟာ တောင်ကိုဖြိုဖို့စတင်ပါတယ်။ ဖြိုဖို့လက်နက်မရှိတာကြောင့် သူ့ရဲ့တစ်ခုတည်းပိုင်ဆိုင်မှုဖြစ်တဲ့ ဆိတ်ကိုရောင်းကာ တူနဲ့ ဆောက်တွေဝယ်ယူခဲ့ပါတယ်။ အဲဒိနောက်တော့ တောင်ဆီကိုသွားကာ စတင်ဖြိုပါတော့တယ်။ သူ့ရဲ့အမျိုး မိတ်ဆွေတွေသာမက ရွာကလူအားလုံးက သူ့ကိုရူးသွားပြီလို့ ထင်မှတ်ကြတယ်။ ဘယ်သူဘာပြောပြော သူ့ရဲ့ဆုံးဖြတ်ချက်အတိုင်း တစိုက်မတ်မတ်လုပ်ခဲ့ပါတယ်။ သူ့ကိုသနားတဲ့လူအနည်းငယ်ကတော့ သူစားသောက်ဖို့ အစာရေစာ အနည်းငယ်နဲ့ ကိရိယာတန်ဆာပလာတွေကို တောက်ပံ့ပေးကမ်းကြပါတယ်။ သူတစ်ယောက်တည်းတောင်ကိုဖြိုတယ် ၊ ဖျက်တယ် ၊ ရှင်းလင်းတယ်။ ရက်တွေ လတွေ နှစ်တွေ ကြာသွားပေမယ့် ဘာမှထူးခြားမှု မရှိခဲ့ပါဘူး။ ဒါပေမယ့် သူမလျှော့ခဲ့ပါဘူး။ တောင်ကိုဖြိုရင်းနဲ့ သေရင်သေပစေဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်လက်လုပ်ပါတယ်။ ဒီလိုနဲ့နှစ်ပေါင်းများစွာကြာသွားတယ်။ အတိအကျပြောရရင် ၂၂နှစ်(၁၉၆၀-၁၉၈၃) ကျော် ကြာသွားပြီးတဲ့နောက်မှာ တောင်ကြီးနေရာမှာ လမ်းတစ်လမ်းပေါ်လာခဲ့ပါတယ်။

ဟုတ်ပါတယ်။ အာဂလူသား Dashrath Manjhi ဟာ တောင်ကိုဖြိုကာ လမ်းတစ်လမ်းကိုအောင်မြင်စွာ ဖောက်ပစ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့တောင်ကြားလမ်းဟာ ၂၅ပေကျယ်ပြီး အရှည် ၃၆၀ပေ ရှိပါတယ်။ သူ့ရဲ့ကျေးဇူးကြောင့် အခုဆိုရင် ရွာနဲ့ မြို့အကွာအဝေးဟာ ၃၄မိုင်ကနေ ၉မိုင်ဖြစ်သွားခဲ့ပြီး မြို့နဲ့ရွာကိုအလွယ်တကူသွားလာနိုင်ခဲ့ပါပြီ။ ဘေးမှာ ပေ၂၀နီးပါးမြင့်တဲ့တောင်ကြားလမ်းကိုကြည့်လိုက်ရင် လူတစ်ယောက်တည်းဖောက်ဖို့အတွက် မဖြစ်နိုင်သယောင်ထင်ရပါတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတဲ့ အရာကို Dashrath Manjhi  က တစိုက်မတ်မတ်လုပ်ရင်း မဖြစ်နိုင်ဘူးဆိုတာမရှိဘူး ဆိုတဲ့စကားကို သက်သေပြလိုက်ပါတယ်။

အာဂလူသား Dashrath Manjhi ဟာ အသက် ၇၂နှစ်အရွယ် ( 17 Aug 2007) မှာ ဆီးအိမ်ကင်ဆာနဲ့ သေဆုံးခဲ့ပါတယ်။ မသေခင်မှာ သူ့ရဲ့အံမခန်းဇွဲကြောင့် ဆုပေါင်းများစွာရရှိခဲ့ပါတယ်။ သူ့ရဲဈာပနကို အလေးအမြတ်ပြုတဲ့အနေနဲ့ ဘီဟာပြည်နယ်အစိုးရက ဦးစီးကျင်းပပေးခဲ့ပါတယ်။ The Man Who Moved the Mountain ,  Manjhi – The Mountain Man, Olave Mandara ,  Bhoomi Thayiya Chochchala Maga စတဲ့ဇာတ်လမ်းတွေဟာ Dashrath ရဲ့ဘဝဇာတ်ကြောင်းကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူသေဆုံးသွားပေမယ့် သူဖောက်ထားခဲ့တဲ့လမ်းက ရှိနေဆဲဖြစ်သလို သူ့ကိုနာမည်ပေးထားတဲ့ တောင်လူသား ဆိုတဲ့နာမည်ကို အားလုံးမှတ်မိနေကြမှာပါ။ တခုခု အဆင်မပြေလို့စိတ်လျှော့တတ်တဲ့သူတိုင်းကို သူမေးလေ့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်။

“မင်းအခက်အခဲက တောင်ဖြိုတာထက် ပိုပင်ပမ်း၊ ပိုခက်လို့လား” တဲ့

Leave a Reply