ပညာရွင္မ်ား အေျဖရွာ၍မရႏုိင္ေသာအံ့ဖြယ္ အီစတာကြ်န္း (သို႔) ကမၻာေျမႀကီး၏ ခ်က္

Posted on

ေရးသားသူ – Dr.Aung

ခ်ီလီႏိုင္ငံ ရဲ႕ Concepcion ၿမိဳ႕ရဲ႕ေတာင္ဘက္ပိုင္းမွာ ရွိၿပီး ခ်ီလီႏိုင္ငံ ႏွင့္ တီဟီတီ ရဲ႕ အလယ္ေလာက္ မွာ ရွိတဲ႔ ႀတိဂံ ပံုသ႑ာန္ ရွိ မီးေတာင္ ကြ်န္းေလးပါ။ ထိုေနရာေလး သည္ ကမာၻပၚတြင္ အျခားေနရာမ်ား ႏွင့္ အလြန္ ကြာေဝးကာ အလြန္ပင္ အထီးက်န္ ဆန္လွေသာ ေနရာတစ္ခုျဖစ္ပါသည္။ သို႔ေသာ္ ထို ကြ်န္းေလးေပၚတြင္ ေရွးပေဝသဏီ က အသိရ ခက္ေသာ မ်ိဳးႏြယ္စု တစ္စုသည္ တန္ ၉၀ ေက်ာ္ေလးေသာ ေက်ာက္သား ႀကီးမ်ားကို ထူးဆန္းေသာ ပံုပန္းသ႑န္ရွိေသာ ရုပ္ထုႀကီးမ်ား ထုဆစ္ကာေႏွာင္းလူသား တို႔ အတြက္ ပေဟ႒ိမ်ားကို ထားရွိခဲ႔ၾကေလသည္။

အီစတာကြ်န္း ၏ အဓိက ထူးျခားခ်က္ မွာ ၈၈၇ ခုေသာ ဧရာမ မီးေတာင္ ေခ်ာ္ ရုပ္ထု ေခၚ မိြဳင္ ေတြပါပဲ။ထို မိြဳင္ မ်ားသည္ ၁၂ ေပမွ ၁၅ ေပအထိ အျမင့္ရွိကာ ပ်မ္းမ် အေလး ခ်ိန္သည္ တန္ ၂၀ ခန္႔ အထိရွိေၾကာင္း ေတြ႕ရွိရပါသည္။ ဤကြ်န္းေလး ကို ေရွးယခင္က ‘Te Pito o te Henua’ လို႔ေခၚဆိုခဲ႔ ျပီး ကမာၻၾကီး ရဲ႕ ခ်က္ လို႔ အမည္ တြင္ခဲ႔တာ က လည္း ပိုမို ထူးျခား ဆန္းၾကယ္ ေစတဲ႔ အခ်က္ တစ္ခ်က္ ပါ။ ကြ်န္း အႏွံ႔အျပား မွာ ပလက္ေဖာင္းေတြ ထုဆစ္ ခဲ႔ၾကၿပီး ထိုအေပၚမွာ မိြဳင္ ေတြဟာ ပင္လယ္ဘက္ ကို မ်က္ႏွာမူၿပီး ရပ္တည္ ေနခဲ႔ၾက တာပါ။ မိြဳင္ အမ်ားစု ကို အဝါေရာင္ မီးေတာင္ ေက်ာက္သား နဲ႔ ထုဆစ္ ခဲ႔ၾကၿပီး လက္ရာကလည္း အင္မတန္ ညက္ေညာ ေျပျပစ္တာ ကို ေတြ႕ရမွာ ျဖစ္ပါတယ္။

ထူးျခားတာက ေတာ့ ေဘးအႏၱရာယ္ တစ္ခုခု ႀကံဳေတြ႕ခဲ႔ရၿပီး ကြ်န္းေပၚမွာ မၿပီးျပတ္ ေသးေသာ ထုဆစ္ လက္စ မိြဳင္ ရုပ္ထုေတြ ကိုလည္း ေတြ႕ျမင္ေနရ တာပါ။ ေက်ာက္တံုး အစအနေတြ ကို ၾကည့္ျခင္း အားျဖင့္ ကြ်န္းသူ ကြ်န္းသားေတြ ဟာ ေဘးအႏၲရာယ္ တစ္ခုခုေၾကာင့္ ထုဆစ္ လက္စ မိြဳင္ ေတြကို စြန္႔ျပစ္ ထြက္ေျပး ခဲ့ ၾကတယ္ လို႔ ယူဆစရာ ရွိေနခဲ႔ ပါတယ္။ ဒါ့အျပင္ အီစတာကြ်န္း ေပၚက Rongorongo အမည္ ရေသာ အေရးအသား ဟာလည္း သမုဒၵရာ ေဒသပိုင္း မွာ ေတြ႕ခဲ႔ရတဲ႔ တစ္ခုတည္းေသာ ေရွးေဟာင္းစာ အေရးအသား ျဖစ္ၿပီး ယခု ထက္ထိ ဘာသာျပန္ ပံုေဖာ္ႏိုင္ျခင္း မရွိေသးတာ ကလည္း အီစတာကြ်န္း ကို ပိုမို ထူးဆန္း ေလးနက္ ေစခဲ႔တာပါ။

ဒီေတာ့ အီစတာကြ်န္း မွာ ဘယ္လူမ်ိဳးစုေတြ ႀကီးစိုး ေနထိုင္ ခဲ့လဲ….
ကမာၻ႔ လူမႈ ေဂဟစနစ္ ႏွင့္ အေဝးကြာ အထီးအက်န္ဆံုး ျဖစ္ေသာ အီစတာကြ်န္း ကို ေအဒီ ၇၀၀ မွ ၁၁၀၀ ၾကား ကာလမ်ား တြင္ ပိုလီနီးရွန္း မ်ိဳးႏြယ္စု မွ မေတာ္တဆ ရွာေဖြ ေတြ႕ရွိခဲ႔ၿပီး လက္မႈပညာ အလြန္ ေခတ္မွီ ထြန္းကားခဲ႔ဟန္ ရွိသည္ ကို မြိဳင္ ရုပ္ထုမ်ား ကို ၾကည့္ျခင္းျဖင့္ သိရွိႏိုင္ ပါသည္။ အစပိုင္း တြင္ လူဦးေရ ၁၅၀၀၀ ခန္႔ရွိသည္ ဟု ခန္႔မွန္း ရၿပီး ေနာက္ပိုင္း တြင္ ပိုလီနီးရွန္း ၾကြက္မ်ား Outbreak ျဖစ္လာျခင္း, လူဦးေရ အဆမတန္ ထူထပ္လာျခင္း ႏွင့္ သဘာဝ အရင္း အျမစ္မ်ား ႏွင့္ သစ္ေတာမ်ား ျပဳန္းတီးလာျခင္း တို႔ေၾကာင့္ ေအဒီ ၁၇၂၂ ခုႏွစ္ တြင္ လူဦးေရသည္ ၂၀၀၀ မွ ၃၀၀၀ ၾကား အထိ က်ဆင္း လာခဲ႔သည္ ဟု သိရွိ ရသည္။ ေအဒီ ၁၈၆၀ မွ စတင္ ၍ ေရာဂါဘယ မ်ား ဆိုးရြား လာျခင္း ႏွင့္ ကြ်န္ျပဳ ခိုင္းေစ ခံရမႈ တို႔ေၾကာင့္ ေအဒီ ၁၈၇၇ ခုႏွစ္ တြင္ ကြ်န္းသူ ကြ်န္းသား ဦးေရ ၁၁၁ ေယာက္သာ က်န္ရွိ သည္ အထိ လူဦးေရ ေလ်ာ့က် ခဲ႔ရ ပါသည္။ ေလ့လာသူ အမ်ားစုသည္ ကြ်န္းသူ ကြ်န္းသားတို႔ ၏ ရာဇဝင္ သမိုင္းေၾကာင္း ကို ဤမ် အထိ ေျခရာခံ ေလ့လာ ႏိုင္ခဲ႔ၾက ေသာ္လည္း ယင္း ေက်ာက္ရုပ္ထုႀကီးမ်ား ကို မည္ သည့္ ရည္ရြယ္ခ်က္ ႏွင့္ ထုဆစ္ ခဲ့ ၾကပါ သနည္း…..
ထုဆစ္ခဲ့ ၾကေသာ ပညာရွင္မ်ား သည္ အဘယ္ေၾကာင့္ သဲလြန္စ မက်န္ပဲ ေပ်ာက္ကြယ္ သြားၾက သနည္း… ဆိုသည့္ ေမးခြန္းမ်ား ၏ အေျဖ ကို ရွာေဖြ ေလ့လာ ႏိုင္ခဲ့ျခင္း မရွိ ခဲ႔ပါ။

ထို႔အျပင္ ေရဒီယို ကာဗြန္နည္း အရ ေက်ာက္ရုပ္ထုမ်ား ကို စမ္းသပ္ စစ္ေဆးရာ တြင္ ကြ်န္းသူ ကြ်န္းသားတို႔ ၏ ေက်ာက္ဆစ္ ထုဆစ္ျခင္း မွာ ေအဒီ ၁၆၅၀ ခုႏွစ္ တြင္ လံုးဝ ရပ္ဆိုင္း သြားခဲ႔ေၾကာင္း အံ႔ဖြယ္ ေတြ႕ရွိခဲ့ရ ပါသည္။ ဤ အခ်က္ ကို ၾကည့္ျခင္း အားျဖင့္ ကြ်န္းသူ ကြ်န္းသားတို႔ ၏ ေက်ာက္ဆစ္ ထြင္းထုျခင္း အတတ္ မွာ လြန္စြာ ေခတ္လြန္ ေနေၾကာင္း ကို သိရွိရမည္ ျဖစ္ပါသည္။ ဤ ၾကီးမားေသာ ေက်ာက္ဆစ္ ရုပ္ႀကီးမ်ား ကို မည္သည့္ နည္းျဖင့္ ထြင္းထု ၍ တစ္ေန ရာ မွ တစ္ေနရာ ေရြ႕ေျပာင္းကာ ကြ်န္းအႏွံ႔ စိုက္ထူ ခဲ႔သနည္း ဟူေသာ ေမးခြန္း မွာ ဒ႑ာရီ တစ္ခု အျဖစ္သာ က်န္ရစ္ခဲ႔မည္ ျဖစ္ပါေတာ့ သည္။

လြန္ခဲ႔ေသာ မၾကာမီ ႏွစ္မ်ား အတြင္း အသစ္ ရွာေဖြ ေတြ႕ရွိမႈမ်ား ကလည္း အီစတာ ကြ်န္းေပၚ မွ သံသယ ေမးခြန္းမ်ား ကို ထပ္ဆင့္ တိုးပြား ေစမည္ ျဖစ္ပါသည္။ အသစ္ ရွာေဖြ ေတြ႕ရွိမႈမ်ား အရ အီစတာကြ်န္း ေပၚမွ မိြဳင္ ရုပ္ထုႀကီးမ်ား သည္ ေျမျပင္ ေပၚတြင္ ထိုးထြက္ ေနေသာ ရုပ္ထု အစိတ္အပိုင္း မ်သာ ျဖစ္ၿပီး တူးေဖာ္ လိုက္ပါ က ေအာက္ဘက္ ပိုင္းတြင္ ဧရာမ ကိုယ္ထည္ တစ္ခုပါ ထြက္ေပၚလာေၾကာင္း အံ႔ဖြယ္ ေတြ႕ ရွိရမည္ ျဖစ္သည္။ ‘Art within Art’ ဆိုသည့္ အတိုင္း ထို ကိုယ္ထည္ပိုင္း ၏ ေက်ာဘက္တြင္ မူ အေသး စိတ္ ထြင္းထု ထားေသာ ေက်ာက္ဆစ္ ကႏုတ္မ်ား ကို ထင္ရွားစြာ ရွာေဖြေတြ႕ ရွိခဲ႔ရပါ သည္။

ထို႔ေၾကာင့္ အီစတာကြ်န္း ကို ေလ့လာေနသူ ပညာရွင္မ်ား အဖို႔ ယခင္ ေမးခြန္း ၏ အေျဖမ်ား ကို ရွာေဖြ ေတြ႕ရွိျခင္း မရွိေသးပဲ အသစ္ အသစ္ေသာ ပေဟဠိမ်ား သာ ဆက္လက္ ရွာေဖြ ေတြ႕ ရွိ ခဲ႔ပါေၾကာင္း ႏွင့္…….မိြဳင္ ေခၚ ဧရာမ ေက်ာက္ဆစ္ ရုပ္ထုႀကီးေတြ ကို ဘယ္လို သယ္ေဆာင္ ထြင္းထု ျပီး အဘယ္ အေၾကာင္း ေၾကာင့္ ကိုယ္ထည္ေတြ ဟာ ေျမႀကီးေအာက္ ေရာက္ ခဲ႔ရ ပါ သလဲ
ပိုလီနီးရွန္း လူမ်ိဳးစု ေတြရဲ႕ ဗိသုကာ လက္ရာ ဟာ ေအဒီ ၁၅၀၀ မတိုင္မီ ႏွစ္မ်ား ကတည္း က ဘယ္လိုျဖစ္ၿပီး အဲ႔ဒီ ေလာက္ ေခတ္လြန္ ေနခဲ႔ရ တာလဲ ….
သုံးထပ္ တိုက္ေလာက္ အျမင့္ရွိေန တဲ႔ မိြဳင္ ေတြက ကြ်န္းသူ ကြ်န္းသားေတြ ရဲ႕ လက္ရာ မဟုတ္ပဲ အျခား ျဂိဳလ္ ကမ႓ာက လာတဲ႔ ၿဂိဳလ္သားေတြ ရဲ႕ လက္ရာ ေလလား ….
လူ အမ်ား ေတြးထင္ ေနၾက သလို အီစတာကြ်န္း ဟာ ကမာၻ႔ ေျမႀကီးတစ္ခု ရဲ႕ ေရေပၚ တင္က်န္ ခဲ႔တဲ႔ အစိတ္အပိုင္း တစ္ခု သက္သက္ လား ….
ဆိုတဲ႔ ပေဟဠိမ်ား ၏ အေျဖ ကား အီစတာကြ်န္း ပတ္ပတ္လည္ တြင္ ပင္လယ္ဘက္ သို႔ မ်က္ႏွာ မူလ်က္ရွိေသာ မိြဳင္ ရုပ္ထုႀကီးမ်ား မွ လြဲ၍ အျခားသူမ်ား အဖို႔ အံ႔ဖြယ္ ပုစၧာ တစ္ပုဒ္ အျဖစ္ က်န္ရွိ ေနဦးမည္ ျဖစ္ပါ ေၾကာင္း…….


ပညာရှင်များ အဖြေရှာ၍မရနိုင်သောအံ့ဖွယ် အီစတာကျွန်း (သို့) ကမ္ဘာမြေကြီး၏ ချက် (unicode)

ရေးသားသူ – Dr.Aung

ချီလီနိုင်ငံ ရဲ့ Concepcion မြို့ရဲ့တောင်ဘက်ပိုင်းမှာ ရှိပြီး ချီလီနိုင်ငံ နှင့် တီဟီတီ ရဲ့ အလယ်လောက် မှာ ရှိတဲ့ တြိဂံ ပုံသဏ္ဍာန် ရှိ မီးတောင် ကျွန်းလေးပါ။ ထိုနေရာလေး သည် ကမ္ဘာပါ်တွင် အခြားနေရာများ နှင့် အလွန် ကွာဝေးကာ အလွန်ပင် အထီးကျန် ဆန်လှသော နေရာတစ်ခုဖြစ်ပါသည်။ သို့သော် ထို ကျွန်းလေးပေါ်တွင် ရှေးပဝေသဏီ က အသိရ ခက်သော မျိုးနွယ်စု တစ်စုသည် တန် ၉၀ ကျော်လေးသော ကျောက်သား ကြီးများကို ထူးဆန်းသော ပုံပန်းသဏ္ဍန်ရှိသော ရုပ်ထုကြီးများ ထုဆစ်ကာနှောင်းလူသား တို့ အတွက် ပဟေဋ္ဌိများကို ထားရှိခဲ့ကြလေသည်။

အီစတာကျွန်း ၏ အဓိက ထူးခြားချက် မှာ ၈၈၇ ခုသော ဧရာမ မီးတောင် ချော် ရုပ်ထု ခေါ် မွိုင် တွေပါပဲ။ထို မွိုင် များသည် ၁၂ ပေမှ ၁၅ ပေအထိ အမြင့်ရှိကာ ပျမ်းမျ အလေး ချိန်သည် တန် ၂၀ ခန့် အထိရှိကြောင်း တွေ့ရှိရပါသည်။ ဤကျွန်းလေး ကို ရှေးယခင်က ‘Te Pito o te Henua’ လို့ခေါ်ဆိုခဲ့ ပြီး ကမ္ဘာကြီး ရဲ့ ချက် လို့ အမည် တွင်ခဲ့တာ က လည်း ပိုမို ထူးခြား ဆန်းကြယ် စေတဲ့ အချက် တစ်ချက် ပါ။ ကျွန်း အနှံ့အပြား မှာ ပလက်ဖောင်းတွေ ထုဆစ် ခဲ့ကြပြီး ထိုအပေါ်မှာ မွိုင် တွေဟာ ပင်လယ်ဘက် ကို မျက်နှာမူပြီး ရပ်တည် နေခဲ့ကြ တာပါ။ မွိုင် အများစု ကို အဝါရောင် မီးတောင် ကျောက်သား နဲ့ ထုဆစ် ခဲ့ကြပြီး လက်ရာကလည်း အင်မတန် ညက်ညော ပြေပြစ်တာ ကို တွေ့ရမှာ ဖြစ်ပါတယ်။

ထူးခြားတာက တော့ ဘေးအန္တရာယ် တစ်ခုခု ကြုံတွေ့ခဲ့ရပြီး ကျွန်းပေါ်မှာ မပြီးပြတ် သေးသော ထုဆစ် လက်စ မွိုင် ရုပ်ထုတွေ ကိုလည်း တွေ့မြင်နေရ တာပါ။ ကျောက်တုံး အစအနတွေ ကို ကြည့်ခြင်း အားဖြင့် ကျွန်းသူ ကျွန်းသားတွေ ဟာ ဘေးအန္တရာယ် တစ်ခုခုကြောင့် ထုဆစ် လက်စ မွိုင် တွေကို စွန့်ပြစ် ထွက်ပြေး ခဲ့ ကြတယ် လို့ ယူဆစရာ ရှိနေခဲ့ ပါတယ်။ ဒါ့အပြင် အီစတာကျွန်း ပေါ်က Rongorongo အမည် ရသော အရေးအသား ဟာလည်း သမုဒ္ဒရာ ဒေသပိုင်း မှာ တွေ့ခဲ့ရတဲ့ တစ်ခုတည်းသော ရှေးဟောင်းစာ အရေးအသား ဖြစ်ပြီး ယခု ထက်ထိ ဘာသာပြန် ပုံဖော်နိုင်ခြင်း မရှိသေးတာ ကလည်း အီစတာကျွန်း ကို ပိုမို ထူးဆန်း လေးနက် စေခဲ့တာပါ။

ဒီတော့ အီစတာကျွန်း မှာ ဘယ်လူမျိုးစုတွေ ကြီးစိုး နေထိုင် ခဲ့လဲ….
ကမ္ဘာ့ လူမှု ဂေဟစနစ် နှင့် အဝေးကွာ အထီးအကျန်ဆုံး ဖြစ်သော အီစတာကျွန်း ကို အေဒီ ၇၀ဝ မှ ၁၁၀ဝ ကြား ကာလများ တွင် ပိုလီနီးရှန်း မျိုးနွယ်စု မှ မတော်တဆ ရှာဖွေ တွေ့ရှိခဲ့ပြီး လက်မှုပညာ အလွန် ခေတ်မှီ ထွန်းကားခဲ့ဟန် ရှိသည် ကို မွိုင် ရုပ်ထုများ ကို ကြည့်ခြင်းဖြင့် သိရှိနိုင် ပါသည်။ အစပိုင်း တွင် လူဦးရေ ၁၅၀ဝ၀ ခန့်ရှိသည် ဟု ခန့်မှန်း ရပြီး နောက်ပိုင်း တွင် ပိုလီနီးရှန်း ကြွက်များ Outbreak ဖြစ်လာခြင်း, လူဦးရေ အဆမတန် ထူထပ်လာခြင်း နှင့် သဘာဝ အရင်း အမြစ်များ နှင့် သစ်တောများ ပြုန်းတီးလာခြင်း တို့ကြောင့် အေဒီ ၁၇၂၂ ခုနှစ် တွင် လူဦးရေသည် ၂၀ဝ၀ မှ ၃၀ဝ၀ ကြား အထိ ကျဆင်း လာခဲ့သည် ဟု သိရှိ ရသည်။ အေဒီ ၁၈၆၀ မှ စတင် ၍ ရောဂါဘယ များ ဆိုးရွား လာခြင်း နှင့် ကျွန်ပြု ခိုင်းစေ ခံရမှု တို့ကြောင့် အေဒီ ၁၈၇၇ ခုနှစ် တွင် ကျွန်းသူ ကျွန်းသား ဦးရေ ၁၁၁ ယောက်သာ ကျန်ရှိ သည် အထိ လူဦးရေ လျော့ကျ ခဲ့ရ ပါသည်။ လေ့လာသူ အများစုသည် ကျွန်းသူ ကျွန်းသားတို့ ၏ ရာဇဝင် သမိုင်းကြောင်း ကို ဤမျ အထိ ခြေရာခံ လေ့လာ နိုင်ခဲ့ကြ သော်လည်း ယင်း ကျောက်ရုပ်ထုကြီးများ ကို မည် သည့် ရည်ရွယ်ချက် နှင့် ထုဆစ် ခဲ့ ကြပါ သနည်း…..
ထုဆစ်ခဲ့ ကြသော ပညာရှင်များ သည် အဘယ်ကြောင့် သဲလွန်စ မကျန်ပဲ ပျောက်ကွယ် သွားကြ သနည်း… ဆိုသည့် မေးခွန်းများ ၏ အဖြေ ကို ရှာဖွေ လေ့လာ နိုင်ခဲ့ခြင်း မရှိ ခဲ့ပါ။

ထို့အပြင် ရေဒီယို ကာဗွန်နည်း အရ ကျောက်ရုပ်ထုများ ကို စမ်းသပ် စစ်ဆေးရာ တွင် ကျွန်းသူ ကျွန်းသားတို့ ၏ ကျောက်ဆစ် ထုဆစ်ခြင်း မှာ အေဒီ ၁၆၅၀ ခုနှစ် တွင် လုံးဝ ရပ်ဆိုင်း သွားခဲ့ကြောင်း အံ့ဖွယ် တွေ့ရှိခဲ့ရ ပါသည်။ ဤ အချက် ကို ကြည့်ခြင်း အားဖြင့် ကျွန်းသူ ကျွန်းသားတို့ ၏ ကျောက်ဆစ် ထွင်းထုခြင်း အတတ် မှာ လွန်စွာ ခေတ်လွန် နေကြောင်း ကို သိရှိရမည် ဖြစ်ပါသည်။ ဤ ကြီးမားသော ကျောက်ဆစ် ရုပ်ကြီးများ ကို မည်သည့် နည်းဖြင့် ထွင်းထု ၍ တစ်နေ ရာ မှ တစ်နေရာ ရွေ့ပြောင်းကာ ကျွန်းအနှံ့ စိုက်ထူ ခဲ့သနည်း ဟူသော မေးခွန်း မှာ ဒဏ္ဍာရီ တစ်ခု အဖြစ်သာ ကျန်ရစ်ခဲ့မည် ဖြစ်ပါတော့ သည်။

လွန်ခဲ့သော မကြာမီ နှစ်များ အတွင်း အသစ် ရှာဖွေ တွေ့ရှိမှုများ ကလည်း အီစတာ ကျွန်းပေါ် မှ သံသယ မေးခွန်းများ ကို ထပ်ဆင့် တိုးပွား စေမည် ဖြစ်ပါသည်။ အသစ် ရှာဖွေ တွေ့ရှိမှုများ အရ အီစတာကျွန်း ပေါ်မှ မွိုင် ရုပ်ထုကြီးများ သည် မြေပြင် ပေါ်တွင် ထိုးထွက် နေသော ရုပ်ထု အစိတ်အပိုင်း မျသာ ဖြစ်ပြီး တူးဖော် လိုက်ပါ က အောက်ဘက် ပိုင်းတွင် ဧရာမ ကိုယ်ထည် တစ်ခုပါ ထွက်ပေါ်လာကြောင်း အံ့ဖွယ် တွေ့ ရှိရမည် ဖြစ်သည်။ ‘Art within Art’ ဆိုသည့် အတိုင်း ထို ကိုယ်ထည်ပိုင်း ၏ ကျောဘက်တွင် မူ အသေး စိတ် ထွင်းထု ထားသော ကျောက်ဆစ် ကနုတ်များ ကို ထင်ရှားစွာ ရှာဖွေတွေ့ ရှိခဲ့ရပါ သည်။

ထို့ကြောင့် အီစတာကျွန်း ကို လေ့လာနေသူ ပညာရှင်များ အဖို့ ယခင် မေးခွန်း ၏ အဖြေများ ကို ရှာဖွေ တွေ့ရှိခြင်း မရှိသေးပဲ အသစ် အသစ်သော ပဟေဠိများ သာ ဆက်လက် ရှာဖွေ တွေ့ ရှိ ခဲ့ပါကြောင်း နှင့်…….မွိုင် ခေါ် ဧရာမ ကျောက်ဆစ် ရုပ်ထုကြီးတွေ ကို ဘယ်လို သယ်ဆောင် ထွင်းထု ပြီး အဘယ် အကြောင်း ကြောင့် ကိုယ်ထည်တွေ ဟာ မြေကြီးအောက် ရောက် ခဲ့ရ ပါ သလဲ
ပိုလီနီးရှန်း လူမျိုးစု တွေရဲ့ ဗိသုကာ လက်ရာ ဟာ အေဒီ ၁၅၀ဝ မတိုင်မီ နှစ်များ ကတည်း က ဘယ်လိုဖြစ်ပြီး အဲ့ဒီ လောက် ခေတ်လွန် နေခဲ့ရ တာလဲ ….
သုံးထပ် တိုက်လောက် အမြင့်ရှိနေ တဲ့ မွိုင် တွေက ကျွန်းသူ ကျွန်းသားတွေ ရဲ့ လက်ရာ မဟုတ်ပဲ အခြား ဂြိုလ် ကမ္ဘာက လာတဲ့ ဂြိုလ်သားတွေ ရဲ့ လက်ရာ လေလား ….
လူ အများ တွေးထင် နေကြ သလို အီစတာကျွန်း ဟာ ကမ္ဘာ့ မြေကြီးတစ်ခု ရဲ့ ရေပေါ် တင်ကျန် ခဲ့တဲ့ အစိတ်အပိုင်း တစ်ခု သက်သက် လား ….
ဆိုတဲ့ ပဟေဠိများ ၏ အဖြေ ကား အီစတာကျွန်း ပတ်ပတ်လည် တွင် ပင်လယ်ဘက် သို့ မျက်နှာ မူလျက်ရှိသော မွိုင် ရုပ်ထုကြီးများ မှ လွဲ၍ အခြားသူများ အဖို့ အံ့ဖွယ် ပုစ္ဆာ တစ်ပုဒ် အဖြစ် ကျန်ရှိ နေဦးမည် ဖြစ်ပါ ကြောင်း…….

 

One thought on “ပညာရွင္မ်ား အေျဖရွာ၍မရႏုိင္ေသာအံ့ဖြယ္ အီစတာကြ်န္း (သို႔) ကမၻာေျမႀကီး၏ ခ်က္

  1. ဒါဟုတ္မွဟုတ္္လီမ့္မည္တန္၂၀ကလူတဦးေပါဖိခ်ထာတန္တူညီ၍ၾကာင့္ကမာ႓အေလးခ်ီန္သို႔မဟုတ္ကမာ႓ေပါက်ေရာက္မည့္…တန္ျပန္ႏိုင္မည္ေလာ…အဲ့….ကာကြယ္..သူတို႔ယျပည္

Leave a Reply