အာကာသထဲကုိ ပထမဆုံးေရာက္ခဲ့တဲ့ သနားစရာ ေခြးမေလးရဲ႕ဘ၀

Posted on

အာကာသထဲကုိ ပထမဆုံးေရာက္ခဲ့တဲ့ တိရစာၦန္ဆုိရင္ ေမ်ာက္ကေလး Albert II နဲ႔ ခ်င္ပန္ဇီ Ham လုိ႔ သင္ေျဖေကာင္းေျဖႏုိင္ပါတယ္။ ဒါေပမယ့္ တကယ္တမ္းေရာက္ခဲ့တဲ့ တိရစာၦန္ကေတာ့ ေခြးမေလး Laika ပဲ ျဖစ္ပါတယ္။ အာကာသထဲကုိ ပထမဆုံးေရာက္ခဲ့တဲ့ သက္ရွိဆုိရင္လည္း မမွားပါဘူး။

တကယ္ေတာ့ေခြးမေလး Laika ဟာ ေမာ္စကုိၿမဳိ႕ရဲ႕လမ္းေတြေပၚက ေလလြင့္ေခြးေလး တစ္ေကာင္သာျဖစ္ပါတယ္။ ဒါေပမယ့္ ၁၉၅၇ခုနွစ္ မွာ သူ႔ကုိ ဆုိဗီယက္ သိပၸံပညာရွင္ေတြက သမုိင္းတြင္မယ့္ အကာသခရီးအတြက္ေရြးခ်ယ္ခဲ့ပါတယ္။ ဒါဟာ ရရွားအာကာသယာဥ္မွဴး ယူရီဂါဂါရင္ မတုိင္မီ စမ္းသပ္ခဲ့တဲ့ စမ္းသပ္ခ်က္ပါ။ ယူရီဂါဂါရင္ဟာ ၁၉၆၁ ခုႏွစ္မွ အာကာသ ထဲကုိ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ၀မ္းနည္းဖုိ႔ေကာင္းတာကေတာ့ သိပၸံပညာရွင္ေတြရဲ႕ အစီအစဥ္ေတြထဲမွာ ေခြးမေလးအတြက္ အိမ္ျပန္ဖုိ႔အစီအစဥ္မပါရွိခဲ့တာပါပဲ။ ေနာက္ဆုံးမွာေတာ့ ေခြးမေလးဟာ သိပၸံပညာအတြက္ အစမ္းသပ္ခံ ယဇ္ေကာင္တစ္ေကာင္ ျဖစ္သြားခဲ့ရပါတယ္။

ဆုိဗီယက္ဟာ ပထမဆုံးလူလုပ္ၿဂဳိလ္တု တစ္လုံးျဖစ္တဲ့ Sputnik 1 ကို လႊင့္တင္ႏုိင္ခဲ့ပါတယ္။ ေနာက္တစ္လအၾကာ ေဗာ္ရွိဘစ္ေခတ္ေျပာင္းေတာ္လွန္ေရး ႏွစ္ ၄၀ အထိမ္းအမွတ္အတြက္ ပုိေကာင္းတဲ့ စမ္းသပ္ခ်က္တစ္ခု ျပဳလုပ္ဖုိ႔ႀကံရြယ္ခဲ့ၾကတာပါ။ ဒါကေတာ့ Sputnik 2 ကို သက္ရွိ တိရစာၦန္တစ္ေကာင္နဲ႔ အတူ အာကာသထဲကုိလႊတ္ဖုိ႔ပါပဲ။ ဒီအတြက္ ေခြးမေလး Laika ကိုေရြးခ်ယ္ခဲ့ပါတယ္။ ေလလြင့္ေခြးျဖစ္တဲ့အတြက္ ရာသီဥတုဆုိးရြားမႈဒါဏ္ေတြ နဲ႔ ဆာေလာင္မႈဒါဏ္ေတြကို ခံႏုိင္ရည္ ရွိၿပီး ျဖစ္မယ္လုိ႔ ယုံၾကည္တဲ့အတြက္ေၾကာင့္ပါ။

ေခြးမေလးကုိ ေလွာင္အိမ္ေသးေသးေလးတစ္ခုထဲမွာထားကာ ဒုံးပ်ံကဲ့သုိ႔အျမန္ႏႈန္းရွိတဲ့စက္တစ္ခုနဲ႔ မၾကာခဏ ေလ့က်င့္ေပးခဲ့ပါတယ္။ Sputnik 2 ထဲမွာ ေအာက္ဆီဂ်င္ထုတ္စက္ နဲ႔ ပန္ကာတစ္ခုတုိ႔ပဲ ပါ၀င္ပါတယ္။ ေခြးမေလးကုိေတာ့ တစ္ပတ္စာခံႏုိင္မယ့္ အဟာရျဖည့္စြက္ေပးလုိက္ပါတယ္။ ဒုံးပ်ံမလႊတ္မီမွာ သိပၸံပညာရွင္ထဲကတစ္ေယာက္ဟာ ေခြးမေလးကုိ သူ႔အိမ္ေခၚသြားပါတယ္။ သူ႔ရဲ႕ကေလးနဲ႔ေဆာ့ေစခဲ့ပါတယ္။ အဲဒီတည္းက သူမဟာ ၾကာၾကာအသက္မရွင္ႏုိင္ဘူးလုိ႔ သိခဲ့တယ္ ထင္ပါတယ္။

၁၉၅၇ခုႏွစ္ ႏုိ၀င္ဘာ ၃ ရက္ေန႔မွာ Sputnik 2 ကုိလႊတ္တင္ႏုိင္ခဲ့ပါတယ္။ အကာသလမ္းေၾကာင္းထဲမွာ ဒုံးပ်ံထိပ္ဖူးကုိ မွန္ကန္စြာ ျဖဳတ္ခ်ႏုိင္ခဲ့ေပမယ့္ အပူေပးစနစ္ဟာ အလုပ္မလုပ္ေတာ့ပါဘူး။ ဒါေၾကာင့္ေခြးမေလးဟာ ပ်ံသန္းခ်ိန္ ၅ နာရီ နဲ႔ ၇နာရီ အၾကားမွာ အပူဒါဏ္ျမင့္မားမႈေၾကာင့္ ေသဆုံးသြားလိမ့္မယ္လုိ႔ ယုံၾကည္ၾကပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ Laika ဟာေအာက္ဆီဂ်င္ျပတ္သြားၿပီးေနာက္ ညွင္ညွင္သာသာေသဆုံးသြားတယ္ လုိ႔ အခုိင္အမာေျပာဆုိခဲ့ပါတယ္။

လူသားတုိ႔ရဲ႕ အာကာသခရီးအတြက္ အသက္ေပးသြားခဲ့တဲ့ ေခြးမေလး Laika ကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ သူမေလ့က်င့္ခဲ့တဲ့ေနရာရဲ႕ အျပင္ဘက္မွာ အထိမ္းအမွတ္ရုပ္ထုကုိ တည္ေဆာက္ေပးခဲ့ပါတယ္။


အာကာသထဲကို ပထမဆုံးရောက်ခဲ့တဲ့ သနားစရာ ခွေးမလေးရဲ့ဘဝ (unicode)

အာကာသထဲကို ပထမဆုံးရောက်ခဲ့တဲ့ တိရစ္ဆာန်ဆိုရင် မျောက်ကလေး Albert II နဲ့ ချင်ပန်ဇီ Ham လို့ သင်ဖြေကောင်းဖြေနိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းရောက်ခဲ့တဲ့ တိရစ္ဆာန်ကတော့ ခွေးမလေး Laika ပဲ ဖြစ်ပါတယ်။ အာကာသထဲကို ပထမဆုံးရောက်ခဲ့တဲ့ သက်ရှိဆိုရင်လည်း မမှားပါဘူး။

တကယ်တော့ခွေးမလေး Laika ဟာ မော်စကိုမြို့ရဲ့လမ်းတွေပေါ်က လေလွင့်ခွေးလေး တစ်ကောင်သာဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၅၇ခုနှစ် မှာ သူ့ကို ဆိုဗီယက် သိပ္ပံပညာရှင်တွေက သမိုင်းတွင်မယ့် အကာသခရီးအတွက်ရွေးချယ်ခဲ့ပါတယ်။ ဒါဟာ ရရှားအာကာသယာဉ်မှူး ယူရီဂါဂါရင် မတိုင်မီ စမ်းသပ်ခဲ့တဲ့ စမ်းသပ်ချက်ပါ။ ယူရီဂါဂါရင်ဟာ ၁၉၆၁ ခုနှစ်မှ အာကာသ ထဲကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဝမ်းနည်းဖို့ကောင်းတာကတော့ သိပ္ပံပညာရှင်တွေရဲ့ အစီအစဉ်တွေထဲမှာ ခွေးမလေးအတွက် အိမ်ပြန်ဖို့အစီအစဉ်မပါရှိခဲ့တာပါပဲ။ နောက်ဆုံးမှာတော့ ခွေးမလေးဟာ သိပ္ပံပညာအတွက် အစမ်းသပ်ခံ ယဇ်ကောင်တစ်ကောင် ဖြစ်သွားခဲ့ရပါတယ်။

ဆိုဗီယက်ဟာ ပထမဆုံးလူလုပ်ဂြိုလ်တု တစ်လုံးဖြစ်တဲ့ Sputnik 1 ကို လွှင့်တင်နိုင်ခဲ့ပါတယ်။ နောက်တစ်လအကြာ ဗော်ရှိဘစ်ခေတ်ပြောင်းတော်လှန်ရေး နှစ် ၄၀ အထိမ်းအမှတ်အတွက် ပိုကောင်းတဲ့ စမ်းသပ်ချက်တစ်ခု ပြုလုပ်ဖို့ကြံရွယ်ခဲ့ကြတာပါ။ ဒါကတော့ Sputnik 2 ကို သက်ရှိ တိရစ္ဆာန်တစ်ကောင်နဲ့ အတူ အာကာသထဲကိုလွှတ်ဖို့ပါပဲ။ ဒီအတွက် ခွေးမလေး Laika ကိုရွေးချယ်ခဲ့ပါတယ်။ လေလွင့်ခွေးဖြစ်တဲ့အတွက် ရာသီဥတုဆိုးရွားမှုဒါဏ်တွေ နဲ့ ဆာလောင်မှုဒါဏ်တွေကို ခံနိုင်ရည် ရှိပြီး ဖြစ်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်ပါ။

ခွေးမလေးကို လှောင်အိမ်သေးသေးလေးတစ်ခုထဲမှာထားကာ ဒုံးပျံကဲ့သို့အမြန်နှုန်းရှိတဲ့စက်တစ်ခုနဲ့ မကြာခဏ လေ့ကျင့်ပေးခဲ့ပါတယ်။ Sputnik 2 ထဲမှာ အောက်ဆီဂျင်ထုတ်စက် နဲ့ ပန်ကာတစ်ခုတို့ပဲ ပါဝင်ပါတယ်။ ခွေးမလေးကိုတော့ တစ်ပတ်စာခံနိုင်မယ့် အဟာရဖြည့်စွက်ပေးလိုက်ပါတယ်။ ဒုံးပျံမလွှတ်မီမှာ သိပ္ပံပညာရှင်ထဲကတစ်ယောက်ဟာ ခွေးမလေးကို သူ့အိမ်ခေါ်သွားပါတယ်။ သူ့ရဲ့ကလေးနဲ့ဆော့စေခဲ့ပါတယ်။ အဲဒီတည်းက သူမဟာ ကြာကြာအသက်မရှင်နိုင်ဘူးလို့ သိခဲ့တယ် ထင်ပါတယ်။

၁၉၅၇ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့မှာ Sputnik 2 ကိုလွှတ်တင်နိုင်ခဲ့ပါတယ်။ အကာသလမ်းကြောင်းထဲမှာ ဒုံးပျံထိပ်ဖူးကို မှန်ကန်စွာ ဖြုတ်ချနိုင်ခဲ့ပေမယ့် အပူပေးစနစ်ဟာ အလုပ်မလုပ်တော့ပါဘူး။ ဒါကြောင့်ခွေးမလေးဟာ ပျံသန်းချိန် ၅ နာရီ နဲ့ ၇နာရီ အကြားမှာ အပူဒါဏ်မြင့်မားမှုကြောင့် သေဆုံးသွားလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့ Laika ဟာအောက်ဆီဂျင်ပြတ်သွားပြီးနောက် ညှင်ညှင်သာသာသေဆုံးသွားတယ် လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

လူသားတို့ရဲ့ အာကာသခရီးအတွက် အသက်ပေးသွားခဲ့တဲ့ ခွေးမလေး Laika ကို ဂုဏ်ပြုတဲ့အနေနဲ့ သူမလေ့ကျင့်ခဲ့တဲ့နေရာရဲ့ အပြင်ဘက်မှာ အထိမ်းအမှတ်ရုပ်ထုကို တည်ဆောက်ပေးခဲ့ပါတယ်။

Leave a Reply