အသက္အငယ္ဆုံး စစ္ဘုရင္ (သုိ႔) မင္းရဲေက်ာ္စြာ

Posted on

မင္းရဲေက်ာ္စြာ ဟု ဆုိလုိက္လွ်င္ ယေန႔ထိတုိင္ အမ်ားစု သိေနၾကဆဲျဖစ္မွာပါ။ ဘုရင္မျဖစ္ေသာ္ျငား ဘုရင္ေတြနဲ႔ တန္းတူ နာမည္ေက်ာ္ၾကားခဲ့သူပါ။
ရာဇ၀င္မွာေတာ့ မင္းရဲေက်ာ္စြာဟာ ရာဇာဓိရာဇ္ရဲ႕သား ေဗာေလာက်န္းေဒါ ျဖစ္ခဲ့ဖူးတယ္ လုိ႔ ဆုိပါတယ္။ ေဗာေလာက်န္းေဒါ အရြယ္မေရာက္ခင္ ဆင္ျမင္း လက္နက္ေတြနဲ႔ ေလ့က်င့္ေနတာကို ရာဇာဓိရာဇ္သိတဲ့အခါ ” အရြယ္မေရာက္ခင္ကပင္ ဆင္ျမင္းေလ့က်င့္ေနၿပီ ၊ အရြယ္ေရာက္လွ်င္ ငါ့စည္းစိမ္ကုိ လုလိမ့္မည္” ဟု ေတြးကာ သတ္ေစခဲ့ပါတယ္။ ေဗာေလာက်န္းေဒါ က သတ္ရန္ေစလာသူတုိ႔ကို ေတာင္းပန္ကာ လက္၀တ္တန္ဆာမ်ားကုိ ခြ်တ္ၿပီး ေရႊေမာ္ေဓာေစတီသုိ႔ လွဴကာ ေနာင္ဘ၀တြင္း အင္း၀မင္း သားေတာ္ျဖစ္ကာ ရာဇာဓိရာဇ္ ႏွင့္ စီးခ်င္းထုိး စစ္ခင္းလုိေၾကာင္း ဆုပန္ခဲ့ပါတယ္။ ထုိအေၾကာင္းကို ရာဇာဓိရာဇ္ၾကားေသာ္ ဆုေတာင္းႀကီးလွေလသည္ ဟု ေရႊေမာ္ေဓာဘုရားကို ကုိယ္လုံးေတာ္ျပည့္ ေရႊခ်၍ “ဤအက်ဳိးေၾကာင့္ ျဖစ္ေလရာဘ၀မွာ ရန္သူႀကံ၍ မျဖစ္ႏုိင္ေစသတည္း” ဟု ဆုေတာင္းခဲ့ပါတယ္။

ေဗာေလာက်န္းေဒါ သည္ အင္း၀ဘုရင္မင္းေခါင္၏ မိဖုရား ရွင္မိေနာက္ ၀မ္းတြင္ ပဋိသေႏၶတည္ခဲ့ တယ္လုိ႔ ဆုိပါတယ္။ ကုိယ္၀န္လြယ္ထားစဥ္မွာ မိဖုရားဟာ မြန္ျပည္နယ္ ဒလၿမဳိ႕ရွိ သရက္သီး ၊ မုတၱမ ေျမသင္းခဲ ၊ ပြတ္စလုိင္ေရ တုိ႔ကုိ စားခ်င္ေသာက္ခ်င္ ခ်ဥ္ျခင္းတက္တာေၾကာင့္ ၎တုိ႔ရႏုိင္မယ့္ မြန္ဘုရင္ထံ လက္ေဆာင္မ်ားနဲ႔ ေစလႊတ္ခဲ့ပါတယ္။ ထုိအခါ ရာဇာဓိရာဇ္ရဲ႕ ဟူးရားပညာရွိတုိ႔က အရွည္ကုိျမင္သျဖင့္ ထုိခ်ဥ္ျခင္းတက္သည့္ စားေသာက္ဖြယ္ရာမ်ားကုိ ဘုန္းနိမ့္ေအာင္ အထူးစီမံၿပီး ေပးေစခဲ့ပါတယ္။ အခ်ိန္တန္၍ ေမြးဖြားလာခဲ့တဲ့အခါ မင္းျဖဴလုိ႔ နာမည္ေပးပါတယ္။ ေမြးစက ငုိလွ်င္ မည္သုိ႔မွ်ေခ်ာ့လုိ႔မရပဲ “လူေလးႀကီးလာရင္ စစ္တပ္ႀကီးကို ဦးေဆာင္ၿပီး ဟံသာ၀တီကုိ တုိက္ခုိက္ေစမည္” လုိ႔ေခ်ာ့မွ ရပါသတဲ့။

မင္းရဲေက်ာ္စြာသည္ ငယ္စဥ္ကပင္ စစ္ေရးကို စိတ္၀င္စားကာ အရြယ္နဲ႔မလုိက္ေအာင္ ကြ်မ္းက်င္ခဲ့ပါတယ္။ ရခုိင္ဘုရင္ေထာရာႀကီးက ေဆာ နဲ႔ ေလာင္းရွည္တုိ႔ကို ထိပါးခဲ့တဲ့အခါ ဘုရင္မင္းေခါင္ဟာ သားေတာ္မင္းရဲေက်ာ္စြာကုိ ဗုိလ္မွဴးခန္႔ၿပီး တပ္ဆယ္တပ္ နဲ႔ ရခုိင္ကုိ ခ်ီေစပါတယ္။ ထုိအခ်ိန္က မင္းရဲေက်ာ္စြာရဲ႕ အသက္မွာ ၁၃သာ ရွိပါေသးတယ္။ ကေလးစိတ္မေပ်ာက္ေသးတာေၾကာင့္ စခန္းခ်ရာေနရာမွာ သူငယ္ေဖာ္မ်ားႏွင့္ ဂ်င္ ကစားေနေလ့ရွိပါတယ္။ မင္းရဲေက်ာ္စြာရဲ႕ တပ္ကုိ ေထာရာႀကီးက ေစာင့္ၿပီးခုခံပါတယ္။ ရခုိင္တပ္က အင္အားႀကီးတာေၾကာင့္ မင္းရဲေက်ာ္စြာက ဒီအတုိင္းတုိက္လုိ႔ေတာ့မျဖစ္ ၊ စစ္ေၾကာင္းခြဲတုိက္မွရမည္ ဟု ဆုိကာ လက္၀ဲလက္ယာ ၃တပ္စီ ခြဲေစကာ ကုိယ္တုိင္က အလယ္ေၾကာင္း ၄တပ္ကို ဦးေဆာင္ကာ ေရွ႕ဆုံးမွေန၍ ရဲျမတ္စြာဆင္ကိုစီးၿပီး တုိက္ခုိက္ခဲ့ပါတယ္။ ထုိတုိက္ပြဲတြင္ တစ္ဖက္ဘုရင္က်ဆုံးၿပီး မင္းရဲေက်ာ္စြာရဲ႕ ပထမဆုံးေအာင္ပြဲျဖစ္ခဲ့ပါတယ္။

ေနာက္တစ္ခါမွာေတာ့ ဖခင္ထံခြင့္ေတာင္းကာ ဟံသာ၀တီသုိ႔ စစ္ခ်ီခဲ့ပါတယ္။ ပုသိမ္ ၊ ခဲေပါင္ၿမဳိ႕မ်ားကို လုပ္ႀကံရာ မေအာင္ျမင္သျဖင့္ မလုပ္ႀကံေတာ့ပဲ အထက္သုိ႔ဆန္တက္ကာ ရခုိင္ သံတြဲကို တုိက္ခိုက္ေအာင္ျမင္ၿပီး အင္း၀သို႔ ျပန္ခဲ့ပါတယ္။ ခမည္းေတာ္က ဆုလာဘ္မ်ားစြာ ေပးခဲ့ပါတယ္။ သိႏၵိေစာ္ဘြားက အင္း၀သုိ႔ တပ္ႀကီးနဲ႔ ခ်ီလာတဲ့အခါ ပထမျမင္းတပ္ခ်င္းတုိက္ၾကပါတယ္။ ထုိ႔ေနာက္ မင္းရဲေက်ာ္စြာ နဲ႔ သိႏၵီေစာ္ဘြားတုိ႔ စီးခ်င္းထုိးၾကတဲ့အခါ မင္းရဲေက်ာ္စြာက သိႏၵိေစာ္ဘြားရဲ႕ဆင္ေပၚသို႔ ခုန္တက္ၿပီး ေစာ္ဘြားႏွင့္တကြကုန္လယ္ ၊ ပဲ့စီးတုိ႔ကုိ ခုတ္ခ်ၿပီး အႏုိင္ယူခဲ့ပါတယ္။ ေနာက္တစ္ႀကိမ္သိႏၵီတပ္မ်ားက တရုတ္တုိ႔ရဲ႕ အကူအညီကုိ ယူၿပီးခ်ီတက္လာတဲ့အခါမွာလည္း မင္းရဲေက်ာ္စြာ ဦးေဆာင္တုိက္ခုိက္ေအာင္ျမင္ၿပီး ဆင္ ၊ ျမင္း ၊ သုံ႔ပန္း အမ်ားအျပားကုိ ရရွိခဲ့ပါတယ္။

တစ္ခါမင္းရဲေက်ာ္စြာ ခဲေပါင္ၿမဳိ႕ကိုလုပ္ႀကံရာ၌ က်ဳံးေရကုိေဖာက္ထုတ္ေစၿပီး ေလွကားေထာင္၍ ခ်ီတက္ေစရာ ၿမဳိ႕တြင္းက အုတ္ ၊ ေက်ာက္ ၊ လွံတံမ်ားျဖင့္ ပစ္ခ်သျဖင့္ အေသ အေပ်ာက္မ်ားၿပီး ဆုတ္ခြာရပါတယ္။ ခဲေပါင္မွ တပ္မွဴးမ်ားက ဟယ္မင္းသားငယ္ ငါတုိ႔ၿမဳိ႕ကုိ ႏွစ္ႀကိမ္ သုံးႀကိမ္ တုိက္၍ မရႏုိင္ပဲ ျပန္ရသည္ကုိ မရွက္ပါသေလာ။ နင့္ဆီကုိ ထမီႏွင့္ ယပ္ ပုိ႔လုိက္မည္ ဟု ေလွာင္ေျပာင္ၾကရာ အလြန္ရွက္လွသျဖင့္ ဆင္ေတာ္ငခ်စ္ခုိင္ကုိ စီးကာ ဆင္ေျခဖုံးသူရဲ ရွစ္ေထာင္ႏွင့္ ျပန္လွည့္တုိက္ပါတယ္။ တပ္သားမ်ားက ထိတ္လန္႔ေနသျဖင့္ တြန္႔ဆုတ္ဆုတ္လုပ္ေနရာ တပ္မွဴးမ်ားက မတုိက္သူကုိတပ္မည္ဟု အျပင္းအျပေစခုိင္းခဲ့ပါတယ္။ က်ဳံးနားသုိ႔ေရာက္ၿပီး ဆက္မတက္၀ံ့တဲ့ တပ္သားတစ္ေယာက္ကို စစ္ကဲက ခုတ္ခ်လုိက္ရာ က်န္သူမ်ားမေနႏုိင္ေတာ့ပဲ အသက္စြန္႔ကာ တက္ၾကသျဖင့္ မၾကာမီၿမဳိ႕ရုိးေပါက္ကာ ခဲေပါင္ၿမဳိ႕ကုိ ရခဲ့ပါတယ္။

ေနာက္ဆုံးတုိက္ပြဲမွာေတာ့ မင္းရဲေက်ာ္စြာဟာ ဟံသာ၀တီကုိ အင္အားအလုံးအရင္း နဲ႔ စစ္ခ်ီခဲ့ပါတယ္။ မင္းရဲေက်ာ္စြာရဲ႕ အင္းအားႀကီးလြန္းတဲ့အျပင္ ရာဇာဓိရာဇ္ရဲ႕ ကံဇာတာနိမ့္ေနတယ္လုိ႔ မွဴးမတ္တုိ႔က တြက္ခ်က္ၾကတာေၾကာင့္ ရာဇာဓိရာဇ္ဟာ မုတၱမကုိ ခတၱေရွာင္ေနခဲ့ၿပီး ဇာတာသန္႔ၿပီဆုိေတာ့မွ ဟံသာ၀တီကုိျပန္ပါတယ္။ ဒီေတာ့ မင္းရဲေက်ာ္စြာက စိတ္ဆုိးၿပီး ရာဇာဓိရာဇ္ထံသို႔ စာေစပါတယ္။

“ဘႀကီးေတာ္ ငါလာ၍ မုတၱမသုိ႔ေျပးသည္ဟု ၾကားသည္။ ယခုျပန္လာၿပီျဖစ္၍ ငါ၏ အလုိအတုိင္းစီးခ်င္းတုိက္ပါ။ ဘႀကီးေတာ္ မတက္၀ံ့ ၊ မဆင္း၀ံ့ႏွင့္ စစ္ကုိေၾကာက္ေနပါသေလာ။ ငါ့ကုိ ပဲခူးတုိင္ေအာင္ တက္ခဲ့ပါဆုိလည္း ငါတက္လာမည္ သုိ႔မဟုတ္ ဘႀကီးေတာ္လာလွ်င္လည္း ငါႀကဳိႏွင့္မည္” လုိ႔ စာေစေတာ့
“တူေတာ္ ငါပင္ ဒလသုိ႔ ခ်ီခဲ့မည္ ၊ ခုခံရန္ ျပင္ဆင္ေတာ့” ဟု ရာဇာဓိရာဇ္က စကားျပန္ပါတယ္။
ရာဇာဓိရာဇ္၏ မွဴးမတ္မ်ားက ၇၇၈ခုႏွစ္ တန္ခူးလဆန္း ၄ ရက္တြင္ တုိက္ပါက မင္းရဲေက်ာ္စြာအား ႏုိင္ပါလိမ့္မည္ ဟု အခါေပးပါတယ္။ အဲဒီေနာက္ေတာ့ ရာဇာဓိရာဇ္ဟာ မင္းရဲေက်ာ္စြာရွိရာ ဒလကုိ အင္အားအျပည့္ နဲ႔ စစ္ခ်ီခဲ့ပါတယ္။ မင္းရဲေက်ာ္စြာအား သတိႏွင့္ေနရန္ မွဴးမတ္မ်ားက ၀ုိင္း၀န္းေလွ်ာက္ၾကေသာ္လည္း မိမိကုိယ္ကို အထင္ႀကီးလြန္းတဲ့ မင္းရဲေက်ာ္စြာဟာ နားမေထာင္ပဲ ေသာက္စားလွ်က္သာ ေနပါတယ္။ ရာဇာဓိရာဇ္ က မင္းရဲေက်ာ္စြာကို စစ္ျမဴဖုိ႔ အမတ္ဒိန္ကုိ ခုိင္းပါတယ္။ အမတ္ဒိန္ကလည္း မင္းရဲေက်ာ္စြာတပ္ နဲ႔ မနီးမေ၀းမွာ တပ္သားအနည္းငယ္နဲ႔ ေနရာျပင္ဆင္ပါတယ္။ မင္းရဲေက်ာ္စြာ က ေမးတဲ့အခါ မင္းရဲေက်ာ္စြာ၏ တပ္ကုိ ၀ုိင္းဖုိ႔လာေၾကာင္း ျပန္ေလွ်ာက္တဲ့အတြက္ မင္းရဲေက်ာ္စြာ အေတာ္ေဒါသထြက္သြားပါတယ္။ အင္အား အနည္းငယ္နဲ႔ သူရဲ႕တပ္ႀကီးကို မခန္႔ေလးစားလာလုပ္တာဆုိေတာ့ ေဒါသထြက္ၿပီး တုိက္ဖုိ႔ျပင္ပါတယ္။ မွဴးမတ္မ်ားက မဟုတ္ေၾကာင္း သတိေပးေပမယ့္ မင္းရဲေက်ာ္စြာကုိ မထိန္းႏုိင္ခဲ့ပါဘူး။ ဆင္ေတာ္ငခ်စ္ခုိင္ကုိ အရက္ပိုတုိက္ၿပီး မိမိကုိယ္တုိင္လည္း ခါတုိင္းထက္ပုိေသာက္ကာ တပ္မင္းစစ္ကဲ မ်ားအား တပ္အျမန္ျပင္ၿပီး လုိက္ခဲ့ဟုဆုိၿပီး ကုိယ္တုိင္က အရင္ထြက္ပါတယ္။ ေနာက္က တပ္ေတြလုိက္ဖုိ႔ျပင္တဲ့အခါ ဆင္ေတာ္ဗကမတ္က သူ႔ကိုစီးတဲ့ေျမဒူးစားကုိ ခါခ်ၿပီးျမင္သမွ် ဆင္ ၊ ျမင္း ၊ လူ တုိ႔ကုိ လုိက္လံေ၀ွ႔ရာ မွဴးမတ္မ်ားမွာ မင္းရဲေက်ာ္စြာေနာက္သုိ႔ ခ်က္ခ်င္းမလုိက္ႏုိင္ေတာ့ေပ။ ဗကမတ္ ဆင္ေၾကာင့္ ရာဇာဓိရာဇ္ စစ္ႏုိင္သည္ ဟု ဆုိ၍ပင္ ရပါတယ္။

အေၾကာင္းကေတာ့ ဒလ တုိက္ပြဲမတုိင္ခင္ ခဲေပါင္တုိက္ပြဲမွာ မင္းရဲေက်ာ္စြာဟာ ဟံသာ၀တီတပ္ကုိ ႏုိင္ခဲ့ၿပီး သမိန္ဗရမ္း ႏွင့္ တကြ မြန္ဆင္ေတာ္ ဗကမတ္ကုိပါ ဖမ္းမိခဲ့ပါတယ္။ ဒလ တုိက္ပြဲမတုိင္မီ တစ္ညက ရာဇာဓိရာဇ္ဟာ ဆင္ဦးစီး ငပ်ံကို ေခၚ၍ ငါတုိ႔ဆင္ကုိ သူတုိ႔ရထားသည္။ ငါတုိ႔တြင္ ဗကမတ္ကုိ ႏုိင္မည့္ ဆင္မရွိ ။ မည္သုိ႔ျပဳရမည္နည္း ဟု တုိင္ပင္ရာ ငပ်ံက တုိက္ပြဲတြင္ ဗကမတ္ဆင္ မတုိက္ႏုိင္ေအာင္ ေျခေထာက္ကုိ သံႏွင့္ရုိက္ခဲ့မည္ဟု ဆုိ၍ ဗကမတ္ရွိရာသုိ႔ အေဖာ္ႏွစ္ေယာက္ႏွင့္အတူ တိတ္တဆိတ္၀င္ပါတယ္။ ဗကမတ္ကလည္း သခင္အနံ႔ရတာေၾကာင့္ ခ်က္ခ်င္းႏုိးလာတဲ့အခါ ငပ်ံဟာ သံနဲ႔မရိုက္ရက္ေတာ့ပဲ ႀကံသုံးေခ်ာင္းကို ဗကမတ္အားေပးၿပီး “မင္းကို သံႏွင့္ရုိက္ရန္ ငါလာသည္။ ယခုမျပဳရက္ေတာ့ ။ မနက္ျဖန္ျမင္သမွ် ဆင္ျမင္းလူတုိ႔ကုိလုိက္လံတုိးေ၀ွ႔ပါ။ သုိ႔ပါမွ ငါတုိ႔အသက္ရွင္လိမ့္မည္” ဟု ေျပာဆုိရာ ဗကမတ္ဆင္က ၿငိမ္သက္ေနပါတယ္။

ဆင္ကုိ ငပ်ံ႕သံႏွင့္ မရုိက္ခဲ့တဲ့အေၾကာင္း ရာဇာဓိရာဇ္သိရာ မနက္ျဖန္မင္းေျပာခဲ့သလုိ ဆင္က မလုပ္ခဲ့ရင္ မင္းနဲ႔ မိသားစုကို မီးရႈိ႕သတ္မည္ဟု ဆုိၿပီး ငပ်ံကုိ အက်ဥ္းခ်ထားလုိက္ ပါတယ္။ ငပ်ံခုိင္းတဲ့အတုိင္း ဆင္ေတာ္ဗကမတ္ က လုပ္ခဲ့တဲ့အတြက္ မင္းရဲေက်ာ္စြာ တစ္ေယာက္တည္း ေရွ႕ကုိကြ်ံ႕လာခဲ့ၿပီး ေနာက္က တပ္မ်ားခ်က္ခ်င္း လုိက္ပါလာႏုိင္ျခင္း မရွိေတာ့ ။ ေလာႀကီးတဲ့ မင္းရဲေက်ာ္စြာရဲ႕ အမွားပါ။ မင္းရဲေက်ာ္စြာဟာ လက္ရုံးရည္ ထက္ျမင္လွတဲ့အတြက္ အစပိုင္း မြန္တပ္ ၄တပ္ကုိ ပ်က္ေအာင္တုိက္ခဲ့ပါတယ္။ ေနာက္ တစ္တပ္ကုိ တုိက္တဲ့အခ်ိန္မွာေတာ့ အေတာ္ပင္ပန္းလွၿပီး ေနာက္က တပ္ကူလည္းမရွိသျဖင့္ ဆင္ေတာ္ကို မတုိက္ေတာ့ပဲ ရပ္ပါတယ္။ ဒီအခ်ိန္မွာ ရာဇာဓိရာဇ္ရဲ႕ သားေတာ္သုံးဦးက ဆင္ အစီး ၃၀ နဲ႔ မင္းရဲေက်ာ္စြာကို ၀ိုင္းတုိက္ပါတယ္။ ဆင္ေတာ္ကုိ လွံခ်က္ေပါင္းမ်ားစြာ ထိတာေၾကာင့္ ခါခ်တဲ့အတြက္ မင္းရဲေက်ာ္စြာျပဳတ္က်ၿပီး လမ္းမေလွ်ာက္ႏုိင္ေတာ့။ တြားတြားလွ်က္ ေရကန္အနီးမွ သစ္ပင္အနီးမွာ ၀ပ္ခဲ့ပါတယ္။ ေနာက္ဆုံးမွာ မင္းရဲေက်ာ္စြာကို ရာဇာဓိရာဇ္က ရွာေတြ႔ဖမ္းဆီးႏုိင္ခဲ့ၿပီး
” မင္းသားငယ္အေပၚ ငါျပစ္မယူ၊ အစာစားပါ ။ ေဆးစားပါ။ က်န္းမာ၍ ဒီမွာေနလုိလွ်င္ သမီးေတာ္ႏွင့္ စုံဖက္၍ အိမ္ေရွ႕စံေပးမည္။ အင္း၀သို႔ ျပန္လုိပါကလည္း ေကာင္းစြာ ျပန္ပုိ႔ေပးမည္။ က်န္းမာ
ေအာင္သာေနပါ” ဟု မိန္႔၍ ေဆး၀ါးမ်ားေပးရာ မင္းရဲေက်ာ္စြာက-
“ငါသည္ ဟံသာ၀တီကုိ သိမ္းရန္လာခဲ့သည္။ ယခု သည္သို႔ျဖစ္ၿပီး သူ႔ကြ်န္မခံႏုိင္ၿပီ ။ ကြ်န္လုိအသက္ရွင္တာထက္ ေသတာကမွ ျမတ္ပါေသးသည္။ ေဆးမစားၿပီ။ သတ္လုိကသတ္ပါ” ဟု ဆုိပါတယ္။ အဲဒီညမွာပဲ အနာသည္းၿပီး မင္းရဲေက်ာ္စြာ အနိစၥေရာက္ပါတယ္။

မင္းရဲေက်ာ္စြာဆုံးတဲ့အေၾကာင္းကို ထုိညမွာပဲ အင္း၀ ကုကၠဳိပင္ေစာင့္နတ္က ကုိယ္ထင္ျပ၍ ဆုိတာေၾကာင့္ အင္း၀က သိႏွင့္ေနၿပီးျဖစ္ပါတယ္။ မုိးေသာက္လွ်င္ မွဴးမတ္တုိ႔က မင္းရဲေက်ာ္စြာဆုံးေၾကာင္း စာေရး၍ သဃၤရာဇာေမြးထားတဲ့ လင္းတမွာ ခ်ိတ္ဆြဲကာ အင္း၀ကုိလႊတ္ပါတယ္။ အင္း၀ကုိ ညေန ၃ နာရီမွ စာကေရာက္ပါတယ္။ စာေရာက္တဲ့အခါ ဘုရင္မင္းေခါင္ ကုိယ္တုိင္ ဒလသုိ႔ စုန္ဆင္းလာခဲ့ၿပီး သားေတာ္၏ အရုိးကို တူးေဖာ္ကာ ေရႊအုိးတြင္ထည့္၍ ပသီ၀မွ ေရသုိ႔ခ်ပါတယ္။

မင္းရဲေက်ာ္စြာဟာ ၇၅၂ ခုဖြားျဖစ္ၿပီး အသက္ ၁၃ႏွစ္က စ၍ ေသသည္အထိ တုိက္ပြဲမ်ားကို အဆက္ျပတ္ဆင္ႏြဲခဲ့ေသာ စစ္ဘုရင္ျဖစ္ပါတယ္။ လက္ရုံးရည္တြင္ စံတင္ေလာက္သူ အျဖစ္ မွတ္တမ္းတင္ျခင္းခံရသူျဖစ္ပါတယ္။ သူေသၿပီးတဲ့ေနာက္မွာ ရုိးရာကုိးကြယ္ၾကသည့္ အျပင္ ၃၇ မင္း နတ္တြင္အပါအ၀င္ျဖစ္သည့္ ဒလဆုံးကုိႀကီးေက်ာ္ (ေမာင္မင္းျဖဴ)နတ္အျဖစ္ သတ္မွတ္ကုိးကြယ္ျခင္းခံရပါတယ္။


အသက်အငယ်ဆုံး စစ်ဘုရင် (သို့) မင်းရဲကျော်စွာ (unicode)

မင်းရဲကျော်စွာ ဟု ဆိုလိုက်လျှင် ယနေ့ထိတိုင် အများစု သိနေကြဆဲဖြစ်မှာပါ။ ဘုရင်မဖြစ်သော်ငြား ဘုရင်တွေနဲ့ တန်းတူ နာမည်ကျော်ကြားခဲ့သူပါ။
ရာဇဝင်မှာတော့ မင်းရဲကျော်စွာဟာ ရာဇာဓိရာဇ်ရဲ့သား ဗောလောကျန်းဒေါ ဖြစ်ခဲ့ဖူးတယ် လို့ ဆိုပါတယ်။ ဗောလောကျန်းဒေါ အရွယ်မရောက်ခင် ဆင်မြင်း လက်နက်တွေနဲ့ လေ့ကျင့်နေတာကို ရာဇာဓိရာဇ်သိတဲ့အခါ ” အရွယ်မရောက်ခင်ကပင် ဆင်မြင်းလေ့ကျင့်နေပြီ ၊ အရွယ်ရောက်လျှင် ငါ့စည်းစိမ်ကို လုလိမ့်မည်” ဟု တွေးကာ သတ်စေခဲ့ပါတယ်။ ဗောလောကျန်းဒေါ က သတ်ရန်စေလာသူတို့ကို တောင်းပန်ကာ လက်ဝတ်တန်ဆာများကို ချွတ်ပြီး ရွှေမော်ဓောစေတီသို့ လှူကာ နောင်ဘဝတွင်း အင်းဝမင်း သားတော်ဖြစ်ကာ ရာဇာဓိရာဇ် နှင့် စီးချင်းထိုး စစ်ခင်းလိုကြောင်း ဆုပန်ခဲ့ပါတယ်။ ထိုအကြောင်းကို ရာဇာဓိရာဇ်ကြားသော် ဆုတောင်းကြီးလှလေသည် ဟု ရွှေမော်ဓောဘုရားကို ကိုယ်လုံးတော်ပြည့် ရွှေချ၍ “ဤအကျိုးကြောင့် ဖြစ်လေရာဘဝမှာ ရန်သူကြံ၍ မဖြစ်နိုင်စေသတည်း” ဟု ဆုတောင်းခဲ့ပါတယ်။

ဗောလောကျန်းဒေါ သည် အင်းဝဘုရင်မင်းခေါင်၏ မိဖုရား ရှင်မိနောက် ဝမ်းတွင် ပဋိသန္ဓေတည်ခဲ့ တယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်လွယ်ထားစဉ်မှာ မိဖုရားဟာ မွန်ပြည်နယ် ဒလမြို့ရှိ သရက်သီး ၊ မုတ္တမ မြေသင်းခဲ ၊ ပွတ်စလိုင်ရေ တို့ကို စားချင်သောက်ချင် ချဉ်ခြင်းတက်တာကြောင့် ၎င်းတို့ရနိုင်မယ့် မွန်ဘုရင်ထံ လက်ဆောင်များနဲ့ စေလွှတ်ခဲ့ပါတယ်။ ထိုအခါ ရာဇာဓိရာဇ်ရဲ့ ဟူးရားပညာရှိတို့က အရှည်ကိုမြင်သဖြင့် ထိုချဉ်ခြင်းတက်သည့် စားသောက်ဖွယ်ရာများကို ဘုန်းနိမ့်အောင် အထူးစီမံပြီး ပေးစေခဲ့ပါတယ်။ အချိန်တန်၍ မွေးဖွားလာခဲ့တဲ့အခါ မင်းဖြူလို့ နာမည်ပေးပါတယ်။ မွေးစက ငိုလျှင် မည်သို့မျှချော့လို့မရပဲ “လူလေးကြီးလာရင် စစ်တပ်ကြီးကို ဦးဆောင်ပြီး ဟံသာဝတီကို တိုက်ခိုက်စေမည်” လို့ချော့မှ ရပါသတဲ့။

မင်းရဲကျော်စွာသည် ငယ်စဉ်ကပင် စစ်ရေးကို စိတ်ဝင်စားကာ အရွယ်နဲ့မလိုက်အောင် ကျွမ်းကျင်ခဲ့ပါတယ်။ ရခိုင်ဘုရင်ထောရာကြီးက ဆော နဲ့ လောင်းရှည်တို့ကို ထိပါးခဲ့တဲ့အခါ ဘုရင်မင်းခေါင်ဟာ သားတော်မင်းရဲကျော်စွာကို ဗိုလ်မှူးခန့်ပြီး တပ်ဆယ်တပ် နဲ့ ရခိုင်ကို ချီစေပါတယ်။ ထိုအချိန်က မင်းရဲကျော်စွာရဲ့ အသက်မှာ ၁၃သာ ရှိပါသေးတယ်။ ကလေးစိတ်မပျောက်သေးတာကြောင့် စခန်းချရာနေရာမှာ သူငယ်ဖော်များနှင့် ဂျင် ကစားနေလေ့ရှိပါတယ်။ မင်းရဲကျော်စွာရဲ့ တပ်ကို ထောရာကြီးက စောင့်ပြီးခုခံပါတယ်။ ရခိုင်တပ်က အင်အားကြီးတာကြောင့် မင်းရဲကျော်စွာက ဒီအတိုင်းတိုက်လို့တော့မဖြစ် ၊ စစ်ကြောင်းခွဲတိုက်မှရမည် ဟု ဆိုကာ လက်ဝဲလက်ယာ ၃တပ်စီ ခွဲစေကာ ကိုယ်တိုင်က အလယ်ကြောင်း ၄တပ်ကို ဦးဆောင်ကာ ရှေ့ဆုံးမှနေ၍ ရဲမြတ်စွာဆင်ကိုစီးပြီး တိုက်ခိုက်ခဲ့ပါတယ်။ ထိုတိုက်ပွဲတွင် တစ်ဖက်ဘုရင်ကျဆုံးပြီး မင်းရဲကျော်စွာရဲ့ ပထမဆုံးအောင်ပွဲဖြစ်ခဲ့ပါတယ်။

နောက်တစ်ခါမှာတော့ ဖခင်ထံခွင့်တောင်းကာ ဟံသာဝတီသို့ စစ်ချီခဲ့ပါတယ်။ ပုသိမ် ၊ ခဲပေါင်မြို့များကို လုပ်ကြံရာ မအောင်မြင်သဖြင့် မလုပ်ကြံတော့ပဲ အထက်သို့ဆန်တက်ကာ ရခိုင် သံတွဲကို တိုက်ခိုက်အောင်မြင်ပြီး အင်းဝသို့ ပြန်ခဲ့ပါတယ်။ ခမည်းတော်က ဆုလာဘ်များစွာ ပေးခဲ့ပါတယ်။ သိန္ဒိစော်ဘွားက အင်းဝသို့ တပ်ကြီးနဲ့ ချီလာတဲ့အခါ ပထမမြင်းတပ်ချင်းတိုက်ကြပါတယ်။ ထို့နောက် မင်းရဲကျော်စွာ နဲ့ သိန္ဒီစော်ဘွားတို့ စီးချင်းထိုးကြတဲ့အခါ မင်းရဲကျော်စွာက သိန္ဒိစော်ဘွားရဲ့ဆင်ပေါ်သို့ ခုန်တက်ပြီး စော်ဘွားနှင့်တကွကုန်လယ် ၊ ပဲ့စီးတို့ကို ခုတ်ချပြီး အနိုင်ယူခဲ့ပါတယ်။ နောက်တစ်ကြိမ်သိန္ဒီတပ်များက တရုတ်တို့ရဲ့ အကူအညီကို ယူပြီးချီတက်လာတဲ့အခါမှာလည်း မင်းရဲကျော်စွာ ဦးဆောင်တိုက်ခိုက်အောင်မြင်ပြီး ဆင် ၊ မြင်း ၊ သုံ့ပန်း အများအပြားကို ရရှိခဲ့ပါတယ်။

တစ်ခါမင်းရဲကျော်စွာ ခဲပေါင်မြို့ကိုလုပ်ကြံရာ၌ ကျုံးရေကိုဖောက်ထုတ်စေပြီး လှေကားထောင်၍ ချီတက်စေရာ မြို့တွင်းက အုတ် ၊ ကျောက် ၊ လှံတံများဖြင့် ပစ်ချသဖြင့် အသေ အပျောက်များပြီး ဆုတ်ခွာရပါတယ်။ ခဲပေါင်မှ တပ်မှူးများက ဟယ်မင်းသားငယ် ငါတို့မြို့ကို နှစ်ကြိမ် သုံးကြိမ် တိုက်၍ မရနိုင်ပဲ ပြန်ရသည်ကို မရှက်ပါသလော။ နင့်ဆီကို ထမီနှင့် ယပ် ပို့လိုက်မည် ဟု လှောင်ပြောင်ကြရာ အလွန်ရှက်လှသဖြင့် ဆင်တော်ငချစ်ခိုင်ကို စီးကာ ဆင်ခြေဖုံးသူရဲ ရှစ်ထောင်နှင့် ပြန်လှည့်တိုက်ပါတယ်။ တပ်သားများက ထိတ်လန့်နေသဖြင့် တွန့်ဆုတ်ဆုတ်လုပ်နေရာ တပ်မှူးများက မတိုက်သူကိုတပ်မည်ဟု အပြင်းအပြစေခိုင်းခဲ့ပါတယ်။ ကျုံးနားသို့ရောက်ပြီး ဆက်မတက်ဝံ့တဲ့ တပ်သားတစ်ယောက်ကို စစ်ကဲက ခုတ်ချလိုက်ရာ ကျန်သူများမနေနိုင်တော့ပဲ အသက်စွန့်ကာ တက်ကြသဖြင့် မကြာမီမြို့ရိုးပေါက်ကာ ခဲပေါင်မြို့ကို ရခဲ့ပါတယ်။

နောက်ဆုံးတိုက်ပွဲမှာတော့ မင်းရဲကျော်စွာဟာ ဟံသာဝတီကို အင်အားအလုံးအရင်း နဲ့ စစ်ချီခဲ့ပါတယ်။ မင်းရဲကျော်စွာရဲ့ အင်းအားကြီးလွန်းတဲ့အပြင် ရာဇာဓိရာဇ်ရဲ့ ကံဇာတာနိမ့်နေတယ်လို့ မှူးမတ်တို့က တွက်ချက်ကြတာကြောင့် ရာဇာဓိရာဇ်ဟာ မုတ္တမကို ခတ္တရှောင်နေခဲ့ပြီး ဇာတာသန့်ပြီဆိုတော့မှ ဟံသာဝတီကိုပြန်ပါတယ်။ ဒီတော့ မင်းရဲကျော်စွာက စိတ်ဆိုးပြီး ရာဇာဓိရာဇ်ထံသို့ စာစေပါတယ်။

“ဘကြီးတော် ငါလာ၍ မုတ္တမသို့ပြေးသည်ဟု ကြားသည်။ ယခုပြန်လာပြီဖြစ်၍ ငါ၏ အလိုအတိုင်းစီးချင်းတိုက်ပါ။ ဘကြီးတော် မတက်ဝံ့ ၊ မဆင်းဝံ့နှင့် စစ်ကိုကြောက်နေပါသလော။ ငါ့ကို ပဲခူးတိုင်အောင် တက်ခဲ့ပါဆိုလည်း ငါတက်လာမည် သို့မဟုတ် ဘကြီးတော်လာလျှင်လည်း ငါကြိုနှင့်မည်” လို့ စာစေတော့
“တူတော် ငါပင် ဒလသို့ ချီခဲ့မည် ၊ ခုခံရန် ပြင်ဆင်တော့” ဟု ရာဇာဓိရာဇ်က စကားပြန်ပါတယ်။
ရာဇာဓိရာဇ်၏ မှူးမတ်များက ၇၇၈ခုနှစ် တန်ခူးလဆန်း ၄ ရက်တွင် တိုက်ပါက မင်းရဲကျော်စွာအား နိုင်ပါလိမ့်မည် ဟု အခါပေးပါတယ်။ အဲဒီနောက်တော့ ရာဇာဓိရာဇ်ဟာ မင်းရဲကျော်စွာရှိရာ ဒလကို အင်အားအပြည့် နဲ့ စစ်ချီခဲ့ပါတယ်။ မင်းရဲကျော်စွာအား သတိနှင့်နေရန် မှူးမတ်များက ဝိုင်းဝန်းလျှောက်ကြသော်လည်း မိမိကိုယ်ကို အထင်ကြီးလွန်းတဲ့ မင်းရဲကျော်စွာဟာ နားမထောင်ပဲ သောက်စားလျှက်သာ နေပါတယ်။ ရာဇာဓိရာဇ် က မင်းရဲကျော်စွာကို စစ်မြူဖို့ အမတ်ဒိန်ကို ခိုင်းပါတယ်။ အမတ်ဒိန်ကလည်း မင်းရဲကျော်စွာတပ် နဲ့ မနီးမဝေးမှာ တပ်သားအနည်းငယ်နဲ့ နေရာပြင်ဆင်ပါတယ်။ မင်းရဲကျော်စွာ က မေးတဲ့အခါ မင်းရဲကျော်စွာ၏ တပ်ကို ဝိုင်းဖို့လာကြောင်း ပြန်လျှောက်တဲ့အတွက် မင်းရဲကျော်စွာ အတော်ဒေါသထွက်သွားပါတယ်။ အင်အား အနည်းငယ်နဲ့ သူရဲ့တပ်ကြီးကို မခန့်လေးစားလာလုပ်တာဆိုတော့ ဒေါသထွက်ပြီး တိုက်ဖို့ပြင်ပါတယ်။ မှူးမတ်များက မဟုတ်ကြောင်း သတိပေးပေမယ့် မင်းရဲကျော်စွာကို မထိန်းနိုင်ခဲ့ပါဘူး။ ဆင်တော်ငချစ်ခိုင်ကို အရက်ပိုတိုက်ပြီး မိမိကိုယ်တိုင်လည်း ခါတိုင်းထက်ပိုသောက်ကာ တပ်မင်းစစ်ကဲ များအား တပ်အမြန်ပြင်ပြီး လိုက်ခဲ့ဟုဆိုပြီး ကိုယ်တိုင်က အရင်ထွက်ပါတယ်။ နောက်က တပ်တွေလိုက်ဖို့ပြင်တဲ့အခါ ဆင်တော်ဗကမတ်က သူ့ကိုစီးတဲ့မြေဒူးစားကို ခါချပြီးမြင်သမျှ ဆင် ၊ မြင်း ၊ လူ တို့ကို လိုက်လံဝှေ့ရာ မှူးမတ်များမှာ မင်းရဲကျော်စွာနောက်သို့ ချက်ချင်းမလိုက်နိုင်တော့ပေ။ ဗကမတ် ဆင်ကြောင့် ရာဇာဓိရာဇ် စစ်နိုင်သည် ဟု ဆို၍ပင် ရပါတယ်။

အကြောင်းကတော့ ဒလ တိုက်ပွဲမတိုင်ခင် ခဲပေါင်တိုက်ပွဲမှာ မင်းရဲကျော်စွာဟာ ဟံသာဝတီတပ်ကို နိုင်ခဲ့ပြီး သမိန်ဗရမ်း နှင့် တကွ မွန်ဆင်တော် ဗကမတ်ကိုပါ ဖမ်းမိခဲ့ပါတယ်။ ဒလ တိုက်ပွဲမတိုင်မီ တစ်ညက ရာဇာဓိရာဇ်ဟာ ဆင်ဦးစီး ငပျံကို ခေါ်၍ ငါတို့ဆင်ကို သူတို့ရထားသည်။ ငါတို့တွင် ဗကမတ်ကို နိုင်မည့် ဆင်မရှိ ။ မည်သို့ပြုရမည်နည်း ဟု တိုင်ပင်ရာ ငပျံက တိုက်ပွဲတွင် ဗကမတ်ဆင် မတိုက်နိုင်အောင် ခြေထောက်ကို သံနှင့်ရိုက်ခဲ့မည်ဟု ဆို၍ ဗကမတ်ရှိရာသို့ အဖော်နှစ်ယောက်နှင့်အတူ တိတ်တဆိတ်ဝင်ပါတယ်။ ဗကမတ်ကလည်း သခင်အနံ့ရတာကြောင့် ချက်ချင်းနိုးလာတဲ့အခါ ငပျံဟာ သံနဲ့မရိုက်ရက်တော့ပဲ ကြံသုံးချောင်းကို ဗကမတ်အားပေးပြီး “မင်းကို သံနှင့်ရိုက်ရန် ငါလာသည်။ ယခုမပြုရက်တော့ ။ မနက်ဖြန်မြင်သမျှ ဆင်မြင်းလူတို့ကိုလိုက်လံတိုးဝှေ့ပါ။ သို့ပါမှ ငါတို့အသက်ရှင်လိမ့်မည်” ဟု ပြောဆိုရာ ဗကမတ်ဆင်က ငြိမ်သက်နေပါတယ်။

ဆင်ကို ငပျံ့သံနှင့် မရိုက်ခဲ့တဲ့အကြောင်း ရာဇာဓိရာဇ်သိရာ မနက်ဖြန်မင်းပြောခဲ့သလို ဆင်က မလုပ်ခဲ့ရင် မင်းနဲ့ မိသားစုကို မီးရှို့သတ်မည်ဟု ဆိုပြီး ငပျံကို အကျဉ်းချထားလိုက် ပါတယ်။ ငပျံခိုင်းတဲ့အတိုင်း ဆင်တော်ဗကမတ် က လုပ်ခဲ့တဲ့အတွက် မင်းရဲကျော်စွာ တစ်ယောက်တည်း ရှေ့ကိုကျွံ့လာခဲ့ပြီး နောက်က တပ်များချက်ချင်း လိုက်ပါလာနိုင်ခြင်း မရှိတော့ ။ လောကြီးတဲ့ မင်းရဲကျော်စွာရဲ့ အမှားပါ။ မင်းရဲကျော်စွာဟာ လက်ရုံးရည် ထက်မြင်လှတဲ့အတွက် အစပိုင်း မွန်တပ် ၄တပ်ကို ပျက်အောင်တိုက်ခဲ့ပါတယ်။ နောက် တစ်တပ်ကို တိုက်တဲ့အချိန်မှာတော့ အတော်ပင်ပန်းလှပြီး နောက်က တပ်ကူလည်းမရှိသဖြင့် ဆင်တော်ကို မတိုက်တော့ပဲ ရပ်ပါတယ်။ ဒီအချိန်မှာ ရာဇာဓိရာဇ်ရဲ့ သားတော်သုံးဦးက ဆင် အစီး ၃၀ နဲ့ မင်းရဲကျော်စွာကို ဝိုင်းတိုက်ပါတယ်။ ဆင်တော်ကို လှံချက်ပေါင်းများစွာ ထိတာကြောင့် ခါချတဲ့အတွက် မင်းရဲကျော်စွာပြုတ်ကျပြီး လမ်းမလျှောက်နိုင်တော့။ တွားတွားလျှက် ရေကန်အနီးမှ သစ်ပင်အနီးမှာ ဝပ်ခဲ့ပါတယ်။ နောက်ဆုံးမှာ မင်းရဲကျော်စွာကို ရာဇာဓိရာဇ်က ရှာတွေ့ဖမ်းဆီးနိုင်ခဲ့ပြီး
” မင်းသားငယ်အပေါ် ငါပြစ်မယူ၊ အစာစားပါ ။ ဆေးစားပါ။ ကျန်းမာ၍ ဒီမှာနေလိုလျှင် သမီးတော်နှင့် စုံဖက်၍ အိမ်ရှေ့စံပေးမည်။ အင်းဝသို့ ပြန်လိုပါကလည်း ကောင်းစွာ ပြန်ပို့ပေးမည်။ ကျန်းမာ
အောင်သာနေပါ” ဟု မိန့်၍ ဆေးဝါးများပေးရာ မင်းရဲကျော်စွာက-
“ငါသည် ဟံသာဝတီကို သိမ်းရန်လာခဲ့သည်။ ယခု သည်သို့ဖြစ်ပြီး သူ့ကျွန်မခံနိုင်ပြီ ။ ကျွန်လိုအသက်ရှင်တာထက် သေတာကမှ မြတ်ပါသေးသည်။ ဆေးမစားပြီ။ သတ်လိုကသတ်ပါ” ဟု ဆိုပါတယ်။ အဲဒီညမှာပဲ အနာသည်းပြီး မင်းရဲကျော်စွာ အနိစ္စရောက်ပါတယ်။

မင်းရဲကျော်စွာဆုံးတဲ့အကြောင်းကို ထိုညမှာပဲ အင်းဝ ကုက္ကိုပင်စောင့်နတ်က ကိုယ်ထင်ပြ၍ ဆိုတာကြောင့် အင်းဝက သိနှင့်နေပြီးဖြစ်ပါတယ်။ မိုးသောက်လျှင် မှူးမတ်တို့က မင်းရဲကျော်စွာဆုံးကြောင်း စာရေး၍ သင်္ဃရာဇာမွေးထားတဲ့ လင်းတမှာ ချိတ်ဆွဲကာ အင်းဝကိုလွှတ်ပါတယ်။ အင်းဝကို ညနေ ၃ နာရီမှ စာကရောက်ပါတယ်။ စာရောက်တဲ့အခါ ဘုရင်မင်းခေါင် ကိုယ်တိုင် ဒလသို့ စုန်ဆင်းလာခဲ့ပြီး သားတော်၏ အရိုးကို တူးဖော်ကာ ရွှေအိုးတွင်ထည့်၍ ပသီဝမှ ရေသို့ချပါတယ်။

မင်းရဲကျော်စွာဟာ ၇၅၂ ခုဖွားဖြစ်ပြီး အသက် ၁၃နှစ်က စ၍ သေသည်အထိ တိုက်ပွဲများကို အဆက်ပြတ်ဆင်နွဲခဲ့သော စစ်ဘုရင်ဖြစ်ပါတယ်။ လက်ရုံးရည်တွင် စံတင်လောက်သူ အဖြစ် မှတ်တမ်းတင်ခြင်းခံရသူဖြစ်ပါတယ်။ သူသေပြီးတဲ့နောက်မှာ ရိုးရာကိုးကွယ်ကြသည့် အပြင် ၃၇ မင်း နတ်တွင်အပါအဝင်ဖြစ်သည့် ဒလဆုံးကိုကြီးကျော် (မောင်မင်းဖြူ)နတ်အဖြစ် သတ်မှတ်ကိုးကွယ်ခြင်းခံရပါတယ်။

Leave a Reply