ကမာၻ႔အလုပ္အရႈပ္ဆုံးေနရာ (သုိ႔) ပင္တဂြန္ စစ္ဌာနခ်ဳပ္အေၾကာင္း သိေကာင္းစရာ

Posted on

ပင္တဂြန္ စစ္ဌာနခ်ဳပ္ဆုိတဲ့ နာမည္ကုိ ဗီဒီယုိကားေတြ ၊ သတင္းေတြ ၊ စာအုပ္ေတြထဲ မွာ မၾကာခဏေတြ႔ဖူးၾကပါတယ္။ အေမရိကန္ရဲ႕ အထင္ကရ ကမာၻ႔အႀကီးမားဆုံး ၊ ၾသဇာလြမ္းမုိးမႈ အရွိဆုံး ရုံးဆုိရင္လည္း မမွားပါဘူး။

ပင္တဂြန္ အေမရိကန္ ၀ါရွင္တန္နယ္ေျမ Virginia က Arlington County မွာ တည္ရွိၿပီး အက်ယ္အ၀န္း ၆.၅သန္း စတုရန္းမီတာ က်ယ္၀န္းပါတယ္။ ဒါေၾကာင့္ ကမာၻ႔အႀကီးမားဆုံး ရုံးလုိ႔ေခၚရျခင္းပါ။

ဒီအေဆာက္အအုံႀကီးကုိ ၁၉၄၁ စက္တင္ဘာလမွာ တည္ေဆာက္ခဲ့ၿပီး ၁၉၄၃ ခုႏွစ္မွာေတာ့ စတင္အသုံးျပဳခဲ့ပါတယ္။ ၂ႏွစ္အခ်ိန္အတြင္း ၿပီးခဲ့ရတဲ့အေၾကာင္းကေတာ့ ၂၄ နာရီအျပည့္ အဆုိင္းေတြနဲ႔ တည္ေဆာက္ခဲ့လုိ႔ပဲ ျဖစ္ပါတယ္။

အထပ္အျမင့္ ငါးထပ္ ရွိၿပီး ေျမေအာက္မွာ ၂ထပ္ကို လ်ဳိ႕၀ွက္ေဆာက္ထားတယ္လုိ႔လည္း ဆုိၾကပါတယ္။

ျပတင္းေပါက္ေတြကုိ ၇လက္မ ထူၿပီး ၁တန္ခန္႔ေလးတဲ့ မွန္ေတြနဲ႔ ျပဳလုပ္ထားပါတယ္။

ဒီအဆာက္အအုံမွာ ေလွကား ၁၃၁ ခု ၊ ေရခ်ဳိးခန္း ၂၈၄ခု ၊ နာရီေပါင္း ၄၂၀၀ နဲ႔ စက္ေလွကား ၁၉ခု ၊ ေရပန္း ၆၉၁ ခု တို႔ရွိေပမယ့္ ဓာတ္ေလွကားမရွိပါဘူးတဲ့။

ကားပါကင္ ၁၆ ခု ရွိၿပီး ကားအစီးေရ ၁ေသာင္း၀န္က်င္ခန္႔ ပါကင္ထုိးႏုိင္ပါတယ္။

ပုံစံက မ်က္ႏွာစာ ငါးဘက္ရွိတဲ့ ပဥၥဂံပုံစံျဖစ္တာေၾကာင့္ ပင္တဂြန္(pentagon) လုိ႔ေခၚတာျဖစ္ၿပီး အဲဒီအခ်ိန္က ေဆာက္လုပ္စရိတ္ ေဒၚလာ ၈၃သန္းခန္႔ကုန္က်ခဲ့ၿပီး ယေန႔ဆုိရင္ ေဒၚလာ ၁လီလ်ံေက်္ာ တန္ဖုိးခန္႔ရွိေနပါၿပီ။

ရုံးကုိ ၂၄ နာရီ ဖြင့္ထားၿပီး ၀န္ထမ္းေပါင္း ၁သိန္းေက်ာ္ ရွိပါတယ္။ ၀န္ထမ္းမ်ားအတြက္ စားေသာက္ဆုိင္ ၊ ေရွာ့ပင္းေမာ ၊ အားကစားခန္းမ စတာေတြကိုပါ ထားရွိေပးထားပါတယ္။

အႀကီးမားဆုံး ပ်က္စီးမႈကေတာ့ အေနနဲ႔ ၂၀၁၁ ခုႏွစ္မွာ ဘင္လာဒင္စီစဥ္တယ္ဆုိတဲ့ American Airlines Flight 77 ေလယာဥ္ကိုအႀကမ္းဖက္ကာ အေဆာက္အအုံရဲ႕ အေနာက္ပိုင္းကို တုိက္ျခင္းခံခဲ့ရပါတယ္။ လူေပါင္း ၁၈၉ဦး ေသဆုံးခဲ့ရပါတယ္။

အဲဒီေနာက္ပုိင္းမွာေတာ့ ပင္တဂြန္ရဲ႕ လုံၿခဳံေရးကို အျမင့္ဆုံးျမွင့္တင္လုိက္ၿပီး ဒုံးက်ည္ကာကြယ္ေရး ၊ ေျခရာခံစနစ္ေတြကုိပါ ထားရွိလာပါတယ္။

ဒီေနရာဟာ အေမရိကန္ရဲ႕ အဓိကေနရာတစ္ခုျဖစ္ပါတယ္။ အေၾကာင္းကေတာ့ စစ္တပ္ထိပ္သီး ေထာက္လွမ္းေရးအႀကီးအကဲမ်ား ရွိေနၿပီး ကမာၻတစ္၀ွမ္းက အေမရိကန္စစ္သားေတြရဲ႕ လက္နက္ေတြကုိ ဒီေနရာကပဲ ထိန္းခ်ဳပ္ထားတာျဖစ္လုိ႔ပါ။ အတုိက္ခံရဖုိ႔အေျခအေနအမ်ားဆုံးေနရာလုိ႔ အသိအမွတ္ျပဳထားၾကပါတယ္။

ဒီေနရာကို သူခုိးႀကီးမ်ားေနရာလုိ႔လည္း ေခၚတြင္ၾကပါတယ္။ အေၾကာင္းကေတာ့ တစ္ကမာၻလုံးက ေခါင္းေဆာင္ေတြရဲ႕ ဖုန္းေတြကို ၾကားျဖတ္ခုိးနားေထာင္ျခင္း ၊ သတင္းအခ်က္အလက္မ်ားခုိးယူျခင္းတုိ႔ကို ျပဳလုပ္ၿပီး ထိပ္သိမ္း Hacker ေတြ ရွိတဲ့ေနရာလည္းျဖစ္ေနလုိ႔ပါ။

ေန႔စဥ္ ဖုန္းေခၚဆုိျခင္း နဲ႔ အီးေမးအ၀င္အထက္ သန္းခ်ီ ျပဳလုပ္ေနရတဲ့ေနရာလည္းျဖစ္ၿပီး ကမာၻ႔အလုပ္အရႈပ္ဆုံးရုံးလည္းျဖစ္ပါတယ္။


ကမ္ဘာ့အလုပ်အရှုပ်ဆုံးနေရာ (သို့) ပင်တဂွန် စစ်ဌာနချုပ်အကြောင်း သိကောင်းစရာ (unicode)

ပင်တဂွန် စစ်ဌာနချုပ်ဆိုတဲ့ နာမည်ကို ဗီဒီယိုကားတွေ ၊ သတင်းတွေ ၊ စာအုပ်တွေထဲ မှာ မကြာခဏတွေ့ဖူးကြပါတယ်။ အမေရိကန်ရဲ့ အထင်ကရ ကမ္ဘာ့အကြီးမားဆုံး ၊ သြဇာလွမ်းမိုးမှု အရှိဆုံး ရုံးဆိုရင်လည်း မမှားပါဘူး။

ပင်တဂွန် အမေရိကန် ဝါရှင်တန်နယ်မြေ Virginia က Arlington County မှာ တည်ရှိပြီး အကျယ်အဝန်း ၆.၅သန်း စတုရန်းမီတာ ကျယ်ဝန်းပါတယ်။ ဒါကြောင့် ကမ္ဘာ့အကြီးမားဆုံး ရုံးလို့ခေါ်ရခြင်းပါ။

ဒီအဆောက်အအုံကြီးကို ၁၉၄၁ စက်တင်ဘာလမှာ တည်ဆောက်ခဲ့ပြီး ၁၉၄၃ ခုနှစ်မှာတော့ စတင်အသုံးပြုခဲ့ပါတယ်။ ၂နှစ်အချိန်အတွင်း ပြီးခဲ့ရတဲ့အကြောင်းကတော့ ၂၄ နာရီအပြည့် အဆိုင်းတွေနဲ့ တည်ဆောက်ခဲ့လို့ပဲ ဖြစ်ပါတယ်။

အထပ်အမြင့် ငါးထပ် ရှိပြီး မြေအောက်မှာ ၂ထပ်ကို လျို့ဝှက်ဆောက်ထားတယ်လို့လည်း ဆိုကြပါတယ်။

ပြတင်းပေါက်တွေကို ၇လက်မ ထူပြီး ၁တန်ခန့်လေးတဲ့ မှန်တွေနဲ့ ပြုလုပ်ထားပါတယ်။

ဒီအဆာက်အအုံမှာ လှေကား ၁၃၁ ခု ၊ ရေချိုးခန်း ၂၈၄ခု ၊ နာရီပေါင်း ၄၂၀ဝ နဲ့ စက်လှေကား ၁၉ခု ၊ ရေပန်း ၆၉၁ ခု တို့ရှိပေမယ့် ဓာတ်လှေကားမရှိပါဘူးတဲ့။

ကားပါကင် ၁၆ ခု ရှိပြီး ကားအစီးရေ ၁သောင်းဝန်ကျင်ခန့် ပါကင်ထိုးနိုင်ပါတယ်။

ပုံစံက မျက်နှာစာ ငါးဘက်ရှိတဲ့ ပဉ္စဂံပုံစံဖြစ်တာကြောင့် ပင်တဂွန်(pentagon) လို့ခေါ်တာဖြစ်ပြီး အဲဒီအချိန်က ဆောက်လုပ်စရိတ် ဒေါ်လာ ၈၃သန်းခန့်ကုန်ကျခဲ့ပြီး ယနေ့ဆိုရင် ဒေါ်လာ ၁လီလျံကျော် တန်ဖိုးခန့်ရှိနေပါပြီ။

ရုံးကို ၂၄ နာရီ ဖွင့်ထားပြီး ဝန်ထမ်းပေါင်း ၁သိန်းကျော် ရှိပါတယ်။ ဝန်ထမ်းများအတွက် စားသောက်ဆိုင် ၊ ရှော့ပင်းမော ၊ အားကစားခန်းမ စတာတွေကိုပါ ထားရှိပေးထားပါတယ်။

အကြီးမားဆုံး ပျက်စီးမှုကတော့ အနေနဲ့ ၂၀၁၁ ခုနှစ်မှာ ဘင်လာဒင်စီစဉ်တယ်ဆိုတဲ့ American Airlines Flight 77 လေယာဉ်ကိုအကြမ်းဖက်ကာ အဆောက်အအုံရဲ့ အနောက်ပိုင်းကို တိုက်ခြင်းခံခဲ့ရပါတယ်။ လူပေါင်း ၁၈၉ဦး သေဆုံးခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ပင်တဂွန်ရဲ့ လုံခြုံရေးကို အမြင့်ဆုံးမြှင့်တင်လိုက်ပြီး ဒုံးကျည်ကာကွယ်ရေး ၊ ခြေရာခံစနစ်တွေကိုပါ ထားရှိလာပါတယ်။

ဒီနေရာဟာ အမေရိကန်ရဲ့ အဓိကနေရာတစ်ခုဖြစ်ပါတယ်။ အကြောင်းကတော့ စစ်တပ်ထိပ်သီး ထောက်လှမ်းရေးအကြီးအကဲများ ရှိနေပြီး ကမ္ဘာတစ်ဝှမ်းက အမေရိကန်စစ်သားတွေရဲ့ လက်နက်တွေကို ဒီနေရာကပဲ ထိန်းချုပ်ထားတာဖြစ်လို့ပါ။ အတိုက်ခံရဖို့အခြေအနေအများဆုံးနေရာလို့ အသိအမှတ်ပြုထားကြပါတယ်။

ဒီနေရာကို သူခိုးကြီးများနေရာလို့လည်း ခေါ်တွင်ကြပါတယ်။ အကြောင်းကတော့ တစ်ကမ္ဘာလုံးက ခေါင်းဆောင်တွေရဲ့ ဖုန်းတွေကို ကြားဖြတ်ခိုးနားထောင်ခြင်း ၊ သတင်းအချက်အလက်များခိုးယူခြင်းတို့ကို ပြုလုပ်ပြီး ထိပ်သိမ်း Hacker တွေ ရှိတဲ့နေရာလည်းဖြစ်နေလို့ပါ။

နေ့စဉ် ဖုန်းခေါ်ဆိုခြင်း နဲ့ အီးမေးအဝင်အထက် သန်းချီ ပြုလုပ်နေရတဲ့နေရာလည်းဖြစ်ပြီး ကမ္ဘာ့အလုပ်အရှုပ်ဆုံးရုံးလည်းဖြစ်ပါတယ်။

Leave a Reply