အချက်ပြ မီးခိုး
Posted on
အခကျြပွ မီးခိုး (unicode)
လူတစ်ယောက်ဟာသင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းပေါ် တစ်ယောက်တည်းရောက်သွားသတဲ့..။ နေ့တိုင်းနေ့တိုင်းဘုရားသခင် သူ့ကိုကယ်ဖို့ဆုတောင်းတယ်…နေ့တိုင်းနေ့တိုင်း တစ်ယောက်ယောက်များလာကယ်မလား မိုးကုတ်စက်ဝန်းကိုမျှော်ကြည့်တယ်။
နောက်တော့.ရာသီဥတုဒဏ်ခံနိုင်ဖို့တဲလေးတစ်လုံးဆောက်ပြီးသူနေရတယ်..။ တစ်နေ့တော့သူ..အစာသွားရှာပြီးပြန်လာတော့သူတဲလေးမီးလောင်နေတာတွေ့တယ်..။ ကံဆိုးမိုးမှောင်ကျလှတဲ့သူ့ဘဝကိုသူကျိန်ဆဲ.. ငိုကြွေးပြီး..အိပ်ပျော်သွားတယ်…။
နောက်နေ့မနက်မှာတော့…သူ့ကိုသင်္ဘောတစ်စီးကလာကယ်တယ်…။
သင်္ဘောကတ်ပတိန်ကိုမေးတယ်သူဒီမှာရှိမှန်းခင်ဗျားတို့ဘယ်လိုသိသလဲပေါ့..။ ကတ်ပတိန်ကပြောတယ်…
ခင်ဗျားမီးခိုးနဲ့အချက်ပြခဲ့တယ်လေတဲ့..။
တစ်ခါတစ်လေဘဝမှာ ကိုယ်တန်ဖိုးထားရတဲ့အရာတွေလည်း ဆုံးရှံးရတတ်ပါတယ်။ ဒီတစ်ခါသင်ချစ်ရတဲ့..သင့်ရဲ့တစ်ခုတည်းသောပိုင်ဆိုင်မူ..တဲလေးမီးလောင်သွားရင်..မငိုပါနဲ့…။ အဲဒါဟာ ပိုကောင်းတဲ့အရာတစ်ခုခု ဖြစ်လာဖို့ အတွက်လည်း ဖြစ်နိုင်ပါသေးတယ်။ အဲဒါဟာ..သင့်အတွက် အချက်ပြမီးခိုး.ဖြစ်နိုင်ပါသေးတယ်…။
Leave a Reply