နာဇီတုိ႔ကုိ ေႀကာက္လန္႔ေစခဲ့တဲ့ အမ်ဳိးသမီး ဖုိက္တာမ်ား (သုိ႔) ညဥ့္စုန္းမမ်ား

Posted on

ဒုတိယ ကမာၻစစ္အတြင္းက နာဇီတုိ႔ ေႀကာက္လန္႔ခဲ့ရတဲ့ ဆုိဗီယက္ အမ်ဳိးသမီး Fighter Pilot အဖြဲ႔တစ္ဖြဲ႔ရွိခဲ့ပါတယ္။ ဘယ္ေလာက္ထိေႀကာက္ လန္႔သလဲ ဆုိ သူတုိ႔ထဲက ေလယာဥ္တစ္စီးကုိ ပစ္ခ်ႏုိင္သူတုိင္းကုိ Iron Cross (ဂ်ာမန္ေတြရဲ႕ အထြဋ္အထိပ္ ဆုတံဆိပ္) လုိ႔ေခၚတဲ့ ဆုတံဆိပ္ ခ်ီးၿမင့္ခံရတဲ့အထိ ေႀကာက္လန္႔ပါတယ္။

ဒီအဖြဲ႔ရဲ႕နာမည္ကုိေတာ့ Night Witches (ညဥ့္စုန္းမမ်ား) လုိ႔ ဂ်ာမန္ေတြက အမည္ေပးထားပါတယ္။ ဒီအဖြဲ႔ကုိ ဆုိဗီယက္ယူနီယုံရဲ႕ ေခါင္းေဆာင္ၿဖစ္သူ စတာလင္(Joseph Stalin) ရဲ႕ အမိန္႔နဲ႔ ရရွားရဲ႕ Amelia Earhart လုိ႔ေခၚႀကတဲ့ အမ်ဳိးသမီးဗုိလ္မွဴးႀကီး Marina Raskova ေနာက္အမ်ဳိးသမီး ဗုိလ္မွဴး တစ္ေယာက္ၿဖစ္တဲ့ Yevdokia Bershanskaya တုိ႔က ဦးေဆာင္ ဖြဲ႔စည္းခဲ့ပါတယ္။ သူတုိ႔ရဲ႕အဖြဲ႔ကုိ 588th Night Bomber Regiment လုိ႔ေခၚၿပီး ေနာက္ပုိင္း 46th “Taman” Guards Night Bomber Aviation Regiment အဖြဲ႔အၿဖစ္လူသိမ်ားပါတယ္။

ဒီအဖြဲ႔မွာပါ၀င္ဖုိ႔ အမ်ဳိးသမီးတပ္သားေတြကုိ Raskova ဟာ ခက္ခက္ခဲခဲ ႀကဳိးပမ္းစည္းရုံးခဲ့ရပါတယ္။ သူ႔ရဲ႕စည္းရုံးမႈ နဲ႔ ဦးေဆာင္မႈရဲ႕ေအာက္မွာ ဒီအမ်ဳိးသမီးသီးသန္႔အဖြဲ႔ဟာ ေအာင္ပြဲအလီလီ ရရွိခဲ့ပါတယ္။ ဒီအဖြဲ႔မွာေလသူရဲ၊ မကင္းနစ္၊ ဗုိလ္ေတြ အားလုံးဟာ အသက္ ၁၇ႏွစ္ကေန ၂၆ ႏွစ္အတြင္းရွိတဲ့ အမ်ဳိးသမီးေတြခ်ည္းပဲ ၿဖစ္ပါတယ္။ သူတုိ႔ဟာ တုိင္းၿပည္အတြက္ အသက္စြန္႔ႀကဳိးစားခဲ့ႀကသူေတြၿဖစ္ေပမယ့္ လုံေလာက္ တဲ့ေထာက္ပံ့မႈေတာ့ မရခဲ့ပါဘူး။

ဆံပင္ကုိ တုိတုိညွပ္၊ ဖိနပ္ က အစ ဦးထုပ္အဆုံး သူတုိ႔နဲ႔မေတာ္တဲ့ စစ္သားေတြရဲ႕ ၀တ္စုံေဟာင္းေတြကုိ ၀တ္ဆင္ခဲ့ရပါတယ္။ သူတုိ႔ကုိေပးသုံးတဲ့ ေလယာဥ္ေတြကလည္း Polikarpov Po-2 လုိ႔ေခၚတဲ့ ေလယာဥ္အစုတ္ေတြပဲ ၿဖစ္ပါတယ္။ ဒါေပမယ့္ သူတုိ႔ဟာ စစ္ပြဲတေလ်ာက္ အခါေပါင္း ၃၀၀၀၀ေလာက္ပ်ံသန္းခဲ့ၿပီး အေလးခ်ိန္ တန္ ၂၃၀၀၀ ေလာက္ရွိတဲ့ ဗုံးေတြကုိ ရန္သူေတြဆီ ပစ္ခ်ႏုိင္ခဲ့ပါတယ္။ အမ်ဳိးသမီးေတြဆုိေသာ္ၿငား အမ်ဳိးသားေတြနဲ႔ရင္ေဘာင္တန္းကာ လေပါင္းမ်ားစြာ မရပ္မနားပဲ ရန္သူကုိ ဇြဲေကာင္းေကာင္းနဲ႔တုိက္ခဲ့ပါတယ္။ စစ္ႀကီးအၿပီးမွာေတာ့ Night Witches (ညဥ့္စုန္းမမ်ား) အဖြဲ႔မွ ေလယာဥ္မွဴး အေယာက္ ၃၀ က်ဆုံးခဲ့ၿပီး က်န္ခဲ့တဲ့ Popova အပါအ၀င္ အမ်ဳိးသမီး ၂၃ ေယာက္ဟာ ဆုိဗီယက္ ဂုဏ္ထူးေဆာင္ သူရဲေကာင္းမ်ားအၿဖစ္ ဆုခ်ီးၿမွင့္ခံခဲ့ရပါတယ္။

Night Witches (ညဥ့္စုန္းမမ်ား) အဖြဲ႔မွာ အေကာင္းစားေလယာဥ္ေတြ၊ အလြန္အစြမ္းထက္တဲ့ဗုံးေတြ၊ ေနာက္ဆုံး ပုံမွန္ေထာက္ပံမႈၿဖစ္တဲ့ အ၀တ္အထည္ေတြေတာင္ ေကာင္းေကာင္းမြန္မြန္ မရွိခဲ့ေပမယ့္ သူတုိ႔ဟာ သူတုိ႔ရဲ႕အေႀကာက္အလန္႔မရွိတဲ့ သတၱိ၊ ခုိင္မာတဲ့ဇြဲနဲ႔ အမ်ဳိးသမီးေတြ ရဲ႕အစြမ္းကုိ ၿပသခဲ့ပါတယ္။ ဒါေႀကာင့္လည္း အမ်ဳိးသမီးမ်ားသာ ၿဖစ္ေပမယ့္ ဒုတိယကမာၻစစ္ရဲ႕ အေကာင္းဆုံးတပ္ဖြဲ႔ေတြထဲက တစ္ဖြဲ႔အၿဖစ္ သမုိင္းမွတ္တမ္း အတင္ခံခဲ့ရပါတယ္။


နာဇီတို့ကို ကြောက်လန့်စေခဲ့တဲ့ အမျိုးသမီး ဖိုက်တာများ (သို့) ညဉ့်စုန်းမများ (unicode)

ဒုတိယ ကမ္ဘာစစ်အတွင်းက နာဇီတို့ ကြောက်လန့်ခဲ့ရတဲ့ ဆိုဗီယက် အမျိုးသမီး Fighter Pilot အဖွဲ့တစ်ဖွဲ့ရှိခဲ့ပါတယ်။ ဘယ်လောက်ထိကြောက် လန့်သလဲ ဆို သူတို့ထဲက လေယာဉ်တစ်စီးကို ပစ်ချနိုင်သူတိုင်းကို Iron Cross (ဂျာမန်တွေရဲ့ အထွဋ်အထိပ် ဆုတံဆိပ်) လို့ခေါ်တဲ့ ဆုတံဆိပ် ချီးမြင့်ခံရတဲ့အထိ ကြောက်လန့်ပါတယ်။

ဒီအဖွဲ့ရဲ့နာမည်ကိုတော့ Night Witches (ညဉ့်စုန်းမများ) လို့ ဂျာမန်တွေက အမည်ပေးထားပါတယ်။ ဒီအဖွဲ့ကို ဆိုဗီယက်ယူနီယုံရဲ့ ခေါင်းဆောင်ဖြစ်သူ စတာလင်(Joseph Stalin) ရဲ့ အမိန့်နဲ့ ရရှားရဲ့ Amelia Earhart လို့ခေါ်ကြတဲ့ အမျိုးသမီးဗိုလ်မှူးကြီး Marina Raskova နောက်အမျိုးသမီး ဗိုလ်မှူး တစ်ယောက်ဖြစ်တဲ့ Yevdokia Bershanskaya တို့က ဦးဆောင် ဖွဲ့စည်းခဲ့ပါတယ်။ သူတို့ရဲ့အဖွဲ့ကို 588th Night Bomber Regiment လို့ခေါ်ပြီး နောက်ပိုင်း 46th “Taman” Guards Night Bomber Aviation Regiment အဖွဲ့အဖြစ်လူသိများပါတယ်။

ဒီအဖွဲ့မှာပါဝင်ဖို့ အမျိုးသမီးတပ်သားတွေကို Raskova ဟာ ခက်ခက်ခဲခဲ ကြိုးပမ်းစည်းရုံးခဲ့ရပါတယ်။ သူ့ရဲ့စည်းရုံးမှု နဲ့ ဦးဆောင်မှုရဲ့အောက်မှာ ဒီအမျိုးသမီးသီးသန့်အဖွဲ့ဟာ အောင်ပွဲအလီလီ ရရှိခဲ့ပါတယ်။ ဒီအဖွဲ့မှာလေသူရဲ၊ မကင်းနစ်၊ ဗိုလ်တွေ အားလုံးဟာ အသက် ၁၇နှစ်ကနေ ၂၆ နှစ်အတွင်းရှိတဲ့ အမျိုးသမီးတွေချည်းပဲ ဖြစ်ပါတယ်။ သူတို့ဟာ တိုင်းပြည်အတွက် အသက်စွန့်ကြိုးစားခဲ့ကြသူတွေဖြစ်ပေမယ့် လုံလောက် တဲ့ထောက်ပံ့မှုတော့ မရခဲ့ပါဘူး။

ဆံပင်ကို တိုတိုညှပ်၊ ဖိနပ် က အစ ဦးထုပ်အဆုံး သူတို့နဲ့မတော်တဲ့ စစ်သားတွေရဲ့ ဝတ်စုံဟောင်းတွေကို ဝတ်ဆင်ခဲ့ရပါတယ်။ သူတို့ကိုပေးသုံးတဲ့ လေယာဉ်တွေကလည်း Polikarpov Po-2 လို့ခေါ်တဲ့ လေယာဉ်အစုတ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ စစ်ပွဲတလျောက် အခါပေါင်း ၃၀ဝ၀ဝလောက်ပျံသန်းခဲ့ပြီး အလေးချိန် တန် ၂၃၀ဝ၀ လောက်ရှိတဲ့ ဗုံးတွေကို ရန်သူတွေဆီ ပစ်ချနိုင်ခဲ့ပါတယ်။ အမျိုးသမီးတွေဆိုသော်ငြား အမျိုးသားတွေနဲ့ရင်ဘောင်တန်းကာ လပေါင်းများစွာ မရပ်မနားပဲ ရန်သူကို ဇွဲကောင်းကောင်းနဲ့တိုက်ခဲ့ပါတယ်။ စစ်ကြီးအပြီးမှာတော့ Night Witches (ညဉ့်စုန်းမများ) အဖွဲ့မှ လေယာဉ်မှူး အယောက် ၃၀ ကျဆုံးခဲ့ပြီး ကျန်ခဲ့တဲ့ Popova အပါအဝင် အမျိုးသမီး ၂၃ ယောက်ဟာ ဆိုဗီယက် ဂုဏ်ထူးဆောင် သူရဲကောင်းများအဖြစ် ဆုချီးမြှင့်ခံခဲ့ရပါတယ်။

Night Witches (ညဉ့်စုန်းမများ) အဖွဲ့မှာ အကောင်းစားလေယာဉ်တွေ၊ အလွန်အစွမ်းထက်တဲ့ဗုံးတွေ၊ နောက်ဆုံး ပုံမှန်ထောက်ပံမှုဖြစ်တဲ့ အဝတ်အထည်တွေတောင် ကောင်းကောင်းမွန်မွန် မရှိခဲ့ပေမယ့် သူတို့ဟာ သူတို့ရဲ့အကြောက်အလန့်မရှိတဲ့ သတ္တိ၊ ခိုင်မာတဲ့ဇွဲနဲ့ အမျိုးသမီးတွေ ရဲ့အစွမ်းကို ပြသခဲ့ပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးများသာ ဖြစ်ပေမယ့် ဒုတိယကမ္ဘာစစ်ရဲ့ အကောင်းဆုံးတပ်ဖွဲ့တွေထဲက တစ်ဖွဲ့အဖြစ် သမိုင်းမှတ်တမ်း အတင်ခံခဲ့ရပါတယ်။

Leave a Reply