မိန္းမရဲ႕ ကားထဲကုိ သင္ခန္းစာေပးတဲ့အေနနဲ႔ ကြန္ကရစ္ေဖ်ာ္ရည္ေတြ ေလာင္းထည့္ခဲ့တဲ့ အမ်ဳိးသား

Posted on

ရုရွား ဆုိရွယ္နက္၀ဘ္ေတြမွာ နာမည္ႀကီးခဲ့တဲ့ျဖစ္ရပ္ပါ။ ႐ု႐ွားႏိုင္ငံ စိန္႔ပီတာစ္ဘတ္ ၿမိဳ႕က အမ်ိဳးသားတစ္ဦးဟာ သူ႔မိန္းမရဲ႕ ကား ထဲကိုကြန္ကရစ္ရည္ေတြ ေလာင္းထည့္ခဲ့တာပါ။ အေတာ္ထူးဆန္းတဲ့ျမင္ကြင္းျဖစ္ပါတယ္။ ဘာေၾကာင့္သူဒီလိုလုပ္ခဲ့ရတာလဲ။

သူကေတာ့ သူ႔မိန္းမကိုသင္ခန္းစာေပးခ်င္လို႔ဟုဆိုပါတယ္။ အေၾကာင္းကေတာ့ သူ႔မိန္းမဟာ သူ႔ရဲ႕ခြင့္ျပဳခ်က္မ႐ွိပဲ နာမည္ကိုတရားဝင္ေျပာင္းပစ္ခဲ့လို႔ပါ။ သူမေျပာင္းပစ္တာကလည္းအေၾကာင္း႐ွိပါတယ္။ စူပါမတ္ကတ္ တစ္ခုက ပ႐ိုမိုး႐ွင္းလုပ္တဲ့အေနနဲ႔ သူတို႔ရဲ႕brandကို တကယ့္နာမည္စစ္အျဖစ္ ေျပာင္းတဲ့သူမ်ားကို တစ္လ ေဒၚလာ၈၈၀ ေပးအပ္သြားတဲ့အစီအစဥ္ျပဳလုပ္ခဲ့လို႔ပါ။ ေဒၚလာ၈၈၀ ကိုလိုခ်င္တဲ့မိန္းမျဖစ္သူဟာ ခင္ပြန္းမသိေအာင္ နာမည္ကိုေျပာင္းပစ္ခဲ့တာပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း သိသြားတဲ့ေနာက္ ခင္ပြန္းျဖစ္သူဟာေပါက္ကဲြၿပီး ဒီျဖစ္ရပ္ကိုဖန္တီးခဲ့တာပဲျဖစ္ပါတယ္။ သူ႔မိန္းမဟာသူမရဲ႕ကားကို အရမ္းခ်စ္တယ္လို႔သိထားလို႔ပါတဲ့။

ကားထဲကို ကြန္ကရစ္အရည္ေတြ ေလာင္းထားတာကေတာ့ အေတာ့္ကိုဆိုးရြားပါတယ္။ ဒီျဖစ္ရပ္ကို မိန္းမျဖစ္သူက ဘယ္လို တုန္႔ျပန္႔ခဲ့သလဲ၊ ကားကို ဘယ္လို ျပန္လုပ္သလဲ ဆိုတာကိုေတာ့မသိရေသးပါဘူး။ လက္တေလာ ျပန္႔ေနတဲ့ ဒီ ဗီြဒီယိုဖိုင္ထဲက ေယာက်္ား လုပ္သူရဲ႕ လုပ္ရပ္ကိုေထာက္ခံသူမ်ား႐ွိသလို ႐ူးမိုက္သူလို႔ အျပစ္တင္ေနသူမ်ားလည္း႐ွိပါတယ္။ မိတ္ေဆြေရာ ဘယ္လိုထင္ပါသလဲ?


မိန်းမရဲ့ ကားထဲကို သင်ခန်းစာပေးတဲ့အနေနဲ့ ကွန်ကရစ်ဖျော်ရည်တွေ လောင်းထည့်ခဲ့တဲ့ အမျိုးသား (unicode)

ရုရှား ဆိုရှယ်နက်ဝဘ်တွေမှာ နာမည်ကြီးခဲ့တဲ့ဖြစ်ရပ်ပါ။ ရုရှားနိုင်ငံ စိန့်ပီတာစ်ဘတ် မြို့က အမျိုးသားတစ်ဦးဟာ သူ့မိန်းမရဲ့ ကား ထဲကိုကွန်ကရစ်ရည်တွေ လောင်းထည့်ခဲ့တာပါ။ အတော်ထူးဆန်းတဲ့မြင်ကွင်းဖြစ်ပါတယ်။ ဘာကြောင့်သူဒီလိုလုပ်ခဲ့ရတာလဲ။

သူကတော့ သူ့မိန်းမကိုသင်ခန်းစာပေးချင်လို့ဟုဆိုပါတယ်။ အကြောင်းကတော့ သူ့မိန်းမဟာ သူ့ရဲ့ခွင့်ပြုချက်မရှိပဲ နာမည်ကိုတရားဝင်ပြောင်းပစ်ခဲ့လို့ပါ။ သူမပြောင်းပစ်တာကလည်းအကြောင်းရှိပါတယ်။ စူပါမတ်ကတ် တစ်ခုက ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ သူတို့ရဲ့brandကို တကယ့်နာမည်စစ်အဖြစ် ပြောင်းတဲ့သူများကို တစ်လ ဒေါ်လာ၈၈၀ ပေးအပ်သွားတဲ့အစီအစဉ်ပြုလုပ်ခဲ့လို့ပါ။ ဒေါ်လာ၈၈၀ ကိုလိုချင်တဲ့မိန်းမဖြစ်သူဟာ ခင်ပွန်းမသိအောင် နာမည်ကိုပြောင်းပစ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သိသွားတဲ့နောက် ခင်ပွန်းဖြစ်သူဟာပေါက်ကွဲပြီး ဒီဖြစ်ရပ်ကိုဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ သူ့မိန်းမဟာသူမရဲ့ကားကို အရမ်းချစ်တယ်လို့သိထားလို့ပါတဲ့။

ကားထဲကို ကွန်ကရစ်အရည်တွေ လောင်းထားတာကတော့ အတော့်ကိုဆိုးရွားပါတယ်။ ဒီဖြစ်ရပ်ကို မိန်းမဖြစ်သူက ဘယ်လို တုန့်ပြန့်ခဲ့သလဲ၊ ကားကို ဘယ်လို ပြန်လုပ်သလဲ ဆိုတာကိုတော့မသိရသေးပါဘူး။ လက်တလော ပြန့်နေတဲ့ ဒီ ဗွီဒီယိုဖိုင်ထဲက ယောကျာ်း လုပ်သူရဲ့ လုပ်ရပ်ကိုထောက်ခံသူများရှိသလို ရူးမိုက်သူလို့ အပြစ်တင်နေသူများလည်းရှိပါတယ်။ မိတ်ဆွေရော ဘယ်လိုထင်ပါသလဲ?

Leave a Reply