အေမရိကန္ ကုိ အန္ကယ္ဆမ္ လုိ႔ေခၚရျခင္းအေၾကာင္း

Posted on

ႏုိင္ငံေရးသတင္းေတြ ေဆာင္းပါးေတြ ကာတြန္းေတြမွာနဲ႔ ႏုိင္ငံေရးနဲ႔ နီးတဲ့သူမ်ားကေတာ့ အန္ကယ္ဆမ္ အန္ကယ္ဆမ္(Uncle Sam) လုိ႔ မၾကာခဏသုံးေလ့ရွိပါတယ္။ ႏုိင္ငံေရးနဲ႔ အကြ်မ္းမ၀င္တဲ့ ကြ်န္တာ္တုိ႔ အမ်ားစုကေတာ့ အန္ကယ္ဆမ္ဆုိတဲ့စကားလုံးကုိ ၾကားဖူးေပမယ့္ ေသေသခ်ာခ်ာမသိၾကပါဘူး။ အန္ကယ္ဆမ္ဆုိတာ ဘယ္သူလဲ ၊ သမၼတလား ေခါင္းေဆာင္လား ဘယ္သူ႔ကုိေခၚတာလဲ ဘာလုိ႔ေခၚတာလဲ သိခ်င္တဲ့ သုတဇုန္ မိတ္ေဆြမ်ားအတြက္ ေ၀မွ်လုိက္ပါတယ္။

Uncle Sam ဆိုတဲ့စကားလုံးဟာ အေမရိကန္စစ္ပြဲကာလအတြင္း ၁၈၁၂ခုႏွစ္ခန္႔က ေပၚေပါက္လာခဲ့တာပါ။ အဲဒီတုန္းက အေမရိကန္စစ္တပ္အတြက္ ဆားစိမ္အမဲသား ၊ ၀က္သားစတဲ့ စားေသာက္ကုန္ေတြကုိ Samuel Wilson ဆုိတဲ့အသားကုန္သည္ တစ္ေယာက္က ကန္ထရုိက္စာခ်ဳပ္နဲ႔ တာ၀န္ယူတင္သြင္းပါတယ္။

ဒီလုိသြင္းတဲ့အခါ အသားေတြကုိ စည္ပုိင္းေတြနဲ႔ထည့္တယ္ စည္ပုိင္းေတြေပၚမွာ အေမရိကန္စစ္တပ္ကုိပုိ႔မွာျဖစ္တာေၾကာင့္ U.S လုိ႔ေရးဖုိ႔ Wilson က သူ႔၀န္ထမ္းေတြကုိ ခုိင္းခဲ့ပါတယ္။ United Sates ရဲ႕ အတုိေကာက္ US စာလုံးဟာ အဲဒီတုန္းက သိပ္မတြင္က်ယ္ေသးပါဘူး။ ဒါေၾကာင့္ Wilson သြားပို႔တဲ့အခါ စစ္သားေတြက U.S ရဲ႕အဓိပၸါယ္ကိုေမးၾကပါတယ္။ Wilson ကုိဦးေလးဆန္ (Uncle Sam) လုိ႔ေခၚၾကပါတယ္။ အဲလုိေမးေတာ့ Wilson က ေနာက္တဲ့သေဘာနဲ႔ US ဆိုတာ Uncle Sam ေလကြာ လုိ႔ေျဖေျဖလႊတ္ပါတယ္။

Wilson ရဲ႕အေျဖကို တခ်ဳိ႕ကေနာက္မွန္း သိေပမယ့္ တခ်ဳိ႕ကေတာ့ တကယ္ထင္သြားၾကပါတယ္။ သိတဲ့သူေတြက မသိတဲ့သူေတြကုိ ေနာက္ရင္းေနာက္ရင္း Uncle Sam ဆုိတဲ့စကားလုံးက တြင္က်ယ္သြားပါတယ္။ စစ္သားအခ်င္းခ်င္းလည္း US က Uncle Sam ဆုိေတာ့ ငါတုိ႔က အန္ကယ္ဆမ္ရဲ႕လူကေလးေတြ(Uncle Sam’s Boy) ပဲေပါ့လုိ႔ ေနာက္ေျပာင္ေခၚၾကပါတယ္။

အဲဒီကစလုိ႔ US လုိ႔ ႏွိပ္ထားတဲ့ပစၥည္းမ်ား အေမရိကန္ရဲ႕ပစၥည္းမ်ားဟာ အန္ကယ္ဆမ္ရဲ႕ပစၥည္းမ်ားသာျဖစ္ေၾကာင္း သတင္းစာေတြကာတြန္းေတြမွာပါ နာမည္ေျပာင္ေပးခံရတဲ့အထိ တြင္က်ယ္ခဲ့ပါတယ္။ ေနာက္ပုိင္းမွာ ဒီစကားလုံးဟာ အေမရိကန္ သာမက အျခားႏုိင္ငံေတြကုိပါျပန္႔ႏွံ႔သြားၿပီး အခါအခြင့္သင့္တုိင္း အေမရိကန္ႏုိင္ငံ အစား အန္ကယ္ဆမ္လုိ႔အစားထုိး သုံးၾကပါေတာ့တယ္။ ဆုိရွယ္နက္၀ဘ္ေပၚမွာလည္း မၾကာခဏသုံးၾကတာကို ျမင္ဖူးၾကမွာပါ။

မၾကာခဏျမင္ေနရတဲ့ I WANT YOU FOR U.S.ARMY စာသားပါတဲ့ အန္ကယ္ဆမ္ရဲ႕ပုံ ကိုေတာ့ ကာတြန္းဆရာေသာမတ္နက္စ္က ေရးဆြဲခဲ့ၿပီး အေမရိကန္သမၼတႀကီးလင္ကြန္းနဲ႔ ဆင္တူေအာင္ မုတ္ဆိတ္ေမႊး ပသုိင္းေမႊးေတြထည့္သြင္းကာ ေရးဆြဲထားတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ အန္ကယ္ဆမ္ ဆုိတာ အေမရိကန္ႏုိင္ငံ ကုိ ေနာက္ေျပာင္ေခၚတဲ့နာမည္သာျဖစ္ပါေၾကာင္း…

 


အမေရိကန် ကို အန်ကယ်ဆမ် လို့ခေါ်ရခြင်းအကြောင်း)

နိုင်ငံရေးသတင်းတွေ ဆောင်းပါးတွေ ကာတွန်းတွေမှာနဲ့ နိုင်ငံရေးနဲ့ နီးတဲ့သူများကတော့ အန်ကယ်ဆမ် အန်ကယ်ဆမ်(Uncle Sam) လို့ မကြာခဏသုံးလေ့ရှိပါတယ်။ နိုင်ငံရေးနဲ့ အကျွမ်းမဝင်တဲ့ ကျွန်တာ်တို့ အများစုကတော့ အန်ကယ်ဆမ်ဆိုတဲ့စကားလုံးကို ကြားဖူးပေမယ့် သေသေချာချာမသိကြပါဘူး။ အန်ကယ်ဆမ်ဆိုတာ ဘယ်သူလဲ ၊ သမ္မတလား ခေါင်းဆောင်လား ဘယ်သူ့ကိုခေါ်တာလဲ ဘာလို့ခေါ်တာလဲ သိချင်တဲ့ သုတဇုန် မိတ်ဆွေများအတွက် ဝေမျှလိုက်ပါတယ်။

Uncle Sam ဆိုတဲ့စကားလုံးဟာ အမေရိကန်စစ်ပွဲကာလအတွင်း ၁၈၁၂ခုနှစ်ခန့်က ပေါ်ပေါက်လာခဲ့တာပါ။ အဲဒီတုန်းက အမေရိကန်စစ်တပ်အတွက် ဆားစိမ်အမဲသား ၊ ဝက်သားစတဲ့ စားသောက်ကုန်တွေကို Samuel Wilson ဆိုတဲ့အသားကုန်သည် တစ်ယောက်က ကန်ထရိုက်စာချုပ်နဲ့ တာဝန်ယူတင်သွင်းပါတယ်။ ဒီလိုသွင်းတဲ့အခါ အသားတွေကို စည်ပိုင်းတွေနဲ့ထည့်တယ် စည်ပိုင်းတွေပေါ်မှာ အမေရိကန်စစ်တပ်ကိုပို့မှာဖြစ်တာကြောင့် U.S လို့ရေးဖို့ Wilson က သူ့ဝန်ထမ်းတွေကို ခိုင်းခဲ့ပါတယ်။ United Sates ရဲ့ အတိုကောက် US စာလုံးဟာ အဲဒီတုန်းက သိပ်မတွင်ကျယ်သေးပါဘူး။ ဒါကြောင့် Wilson သွားပို့တဲ့အခါ စစ်သားတွေက U.S ရဲ့အဓိပ္ပါယ်ကိုမေးကြပါတယ်။ Wilson ကိုဦးလေးဆန် (Uncle Sam) လို့ခေါ်ကြပါတယ်။ အဲလိုမေးတော့ Wilson က နောက်တဲ့သဘောနဲ့ US ဆိုတာ Uncle Sam လေကွာ လို့ဖြေဖြေလွှတ်ပါတယ်။

Wilson ရဲ့အဖြေကို တချို့ကနောက်မှန်း သိပေမယ့် တချို့ကတော့ တကယ်ထင်သွားကြပါတယ်။ သိတဲ့သူတွေက မသိတဲ့သူတွေကို နောက်ရင်းနောက်ရင်း Uncle Sam ဆိုတဲ့စကားလုံးက တွင်ကျယ်သွားပါတယ်။ စစ်သားအချင်းချင်းလည်း US က Uncle Sam ဆိုတော့ ငါတို့က အန်ကယ်ဆမ်ရဲ့လူကလေးတွေ(Uncle Sam’s Boy) ပဲပေါ့လို့ နောက်ပြောင်ခေါ်ကြပါတယ်။ အဲဒီကစလို့ US လို့ နှိပ်ထားတဲ့ပစ္စည်းများ အမေရိကန်ရဲ့ပစ္စည်းများဟာ အန်ကယ်ဆမ်ရဲ့ပစ္စည်းများသာဖြစ်ကြောင်း သတင်းစာတွေကာတွန်းတွေမှာပါ နာမည်ပြောင်ပေးခံရတဲ့အထိ တွင်ကျယ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီစကားလုံးဟာ အမေရိကန် သာမက အခြားနိုင်ငံတွေကိုပါပြန့်နှံ့သွားပြီး အခါအခွင့်သင့်တိုင်း အမေရိကန်နိုင်ငံ အစား အန်ကယ်ဆမ်လို့အစားထိုး သုံးကြပါတော့တယ်။ ဆိုရှယ်နက်ဝဘ်ပေါ်မှာလည်း မကြာခဏသုံးကြတာကို မြင်ဖူးကြမှာပါ။

မကြာခဏမြင်နေရတဲ့ I WANT YOU FOR U.S.ARMY စာသားပါတဲ့ အန်ကယ်ဆမ်ရဲ့ပုံ ကိုတော့ ကာတွန်းဆရာသောမတ်နက်စ်က ရေးဆွဲခဲ့ပြီး အမေရိကန်သမ္မတကြီးလင်ကွန်းနဲ့ ဆင်တူအောင် မုတ်ဆိတ်မွှေး ပသိုင်းမွှေးတွေထည့်သွင်းကာ ရေးဆွဲထားတာပဲဖြစ်ပါတယ်။ ဒါကြောင့် အန်ကယ်ဆမ် ဆိုတာ အမေရိကန်နိုင်ငံ ကို နောက်ပြောင်ခေါ်တဲ့နာမည်သာဖြစ်ပါကြောင်း…

 

Leave a Reply