ကမာၻ႔သမုိင္းထဲက ေဘဘီလုံၿမဳိ႕အေၾကာင္း သိေကာင္းစရာ

Posted on


အမ္မို႐ိုက္မ်ိဳးႏြယ္တို႔၏ အႀကီးအကဲျဖစ္သည့္ ဟမ္မူရာဘီ ဘုရင္သည္ ႏွစ္ေပါင္း၃၀မၽွ အယ္လ္မိုက္တို႔ႏွင့္ စစ္ျပဳၿပီးေနာက္တြင္ ယူဖေရးတီး-တိုက္ဂရစ္ ျမစ္ႏွစ္သြယ္ ေဒသကို ဗဟိုျပဳလ်က္ ေဘဘီလုံအင္ပါယာေခတ္ကို တည္ေထာင္သည္။ ၿမိဳ႕ေတာ္မွာ ယူဖေရးတီး ျမစ္ကမ္းေပၚရွိ ေဘဘီလုံၿမိဳ႕ျဖစ္သည္။ ၎ကိုအစြဲျပဳ၍ ထိုျမစ္ဝွမ္းလြင္ျပင္ကို ယခင္အမည္ေဟာင္း ျဖစ္သည့္ ႐ႈိင္းနားလြင္ျပင္မွ အမည္သစ္အျဖစ္ ေဘဘီလိုးနီးယားလြင္ျပင္ဟု ေျပာင္းလဲေခၚဆိုၾကသည္။

စစ္ပြဲကာလလြန္ေျမာက္ၿပီးေနာက္တြင္ ဟမ္မူရာဘီသည္ ၁၂ႏွစ္ေက်ာ္မၽွ ထီးနန္းစိုးစံကာ အုပ္ခ်ဳပ္ေရးဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈမ်ားကို ေဆာင္႐ြက္ျခင္းအားျဖင့္ သူသည္ လက္႐ုံးရည္သာမက၊ ႏွလုံးရည္ျဖင့္ပါ ျပည့္စုံေၾကာင္းကို သက္ေသထူျပခဲ့သည္။ တစ္ဖက္မွလည္း ၿမိဳ႕ေတာ္ ေဘဘီလုံအား ယဥ္ေက်းမႈဆိုင္ရာ အျမင့္ဆုံးၿမိဳ႕ေတာ္ အျဖစ္သို႔ေရာက္ရွိလာရန္ စြမ္းေဆာင္ခဲ့သည္။ ထိုယဥ္ေက်းမႈအား ေဘဘီလုံယဥ္ေက်းမႈ ဟုေခၚဆိုသည္။

ေဘဘီလုံသည္ မက္ဆိုပိုေတးမီးယား(Mesopotamia) ေဒသတြင္ တည္ရွိေသာ ေရွးေဟာင္း ၿမိဳ႕ျပႏိုင္ငံေတာ္ႀကီး ျဖစ္ၿပီး ယခု အီရတ္ႏိုင္ငံ ၿမိဳ႕ေတာ္ ဘဂၢဒတ္(Baghdad) ၏ေတာင္ဘက္ ၅၅ မိုင္ အကြာ ဘာေဘးလ္ျပည္နယ္ အဲေဟးလာၿမိဳ႕ (Al Hillah) အနီးတြင္ ဤၿမိဳ႕ေဟာင္းကို ေတြ႕ႏိုင္သည္။ ေရွးယခင္က အလြန္ေက်ာ္ၾကားခဲ့ေသာ ေဘဘီလုံ၏ အုတ္ၿမိဳ႕႐ိုးေဟာင္း၊ အေဆာက္အအုံမ်ား ႏွင့္ ႐ႊံခြက္စာမ်ားကို ယူဖိုးရီးယား- တီဂရစ္ျမစ္ႏွစ္သြယ္ၾကား ( Euphrates and Tigris river system) မက္ဆိုပိုေတးမီးယားလြင္ျပင္တြင္ တူးေဖၚရရွိခဲ့သည္။

ေဘဘီလုံေခတ္ဦး ဆူမီ႐ို-အကာဒီယန္းေခတ္

မက္ဆိုပိုေတးမီးယားေဒသသည္ ယူဖေရးတီးႏွင့္ တိုက္ဂရစ္ျမစ္ ႏွစ္သြယ္တို႔သည္ ႏွစ္စဥ္ ေရလႊမ္းမိုးေလ့ရွိေသာေၾကာင့္ ႏုံးေျမမ်ား ကမ္းေျခေပၚတင္၍ က်န္ခဲ့ရာ ေျမဩဇာထက္ သန္ေကာင္းမြန္၍ ျမစ္ ၂ သြယ္မွ ေရကိုလည္း လုံေလာက္စြာ ရႏိုင္သျဖင့္ ထိုေဒသ တစ္ဝိုက္သည္ စိုက္ပ်ိဳးျဖစ္ထြန္းသည္။ အာရွအလယ္ပိုင္းမွ ေျမသစ္ ေနရာသစ္ ရွာေဖြ သူမ်ားသည္ ျမစ္ ႏွစ္ႁမႊာေဒသတြင္ အေျခစိုက္ ေနထိုင္ၾက ျခင္းျဖစ္သည္။

မိုးပါးေသာ္လည္း ျမစ္ ႏွစ္သြယ္မွ ေရသြယ္ တူးေျမာင္းမ်ား ျဖင့္ စိုက္ပ်ိဳးလုပ္ကိုင္ ႏိုင္သျဖင့္ ထိုေဒသတြင္ လာေရာက္ေနထိုင္သူမ်ား တစ္စတစ္စ မ်ားျပားလာေလသည္။ ျမစ္ႏွစ္ႁမႊာေဒသတြင္ လူတို႔စတင္ ဝင္ေရာက္ေနထိုင္ သည့္ေခတ္မွာ ဘီစီ ၅ဝဝဝ ခန္႔က ျဖစ္သည္။ ထိုေဒသ တြင္ စတင္လာေရာက္ေနထိုင္သူမ်ားသည္ ဆီးမိုက္ႏွင့္ ဆီးမိုက္ မဟုတ္ေသာ လူမ်ိဳးမ်ား ျဖစ္ၾကသည္။

ဆီးမိုက္မဟုတ္ေသာ လူမ်ိဳးအုပ္စုထဲတြင္ ဆူမားရီးယန္းလူမ်ိဳးတို႔ကာ ယဥ္ေက်းမႈအရာတြင္ ေခါင္းေဆာင္မ်ား ျဖစ္ၾကသည္။ ဘီစီ ၃ဝဝဝ ေက်ာ္ခန္႔တြင္ ျမစ္ႏွစ္ႁမႊာေဒသ တစ္ေလၽွာက္၌ ဆူမားရီးယန္တို႔သည္ ေဘဘီလုံ အပါအဝင္ ၿမိဳ႕႐ိုးျဖင့္ ဝန္းရံထားေသာ သီးျခားလြတ္လပ္သည့္ ၿမိဳ႕ကေလး ေပါင္း ေျမာက္ျမားစြာ တည္ေထာင္ေနထိုင္ၾကသည္မွာ ဘီစီ ၂၅ဝဝ ခန္႔တိုင္ေအာင္ ျဖစ္သည္။ ေဘဘီလုံၿမိဳ႕ ထိုစဥ္က ထိုေဒသတစ္ေလၽွာက္ကို ဆူမားဟု ေခၚေဝၚၾက ေလသည္။

ဘီစီ ၂၅ဝဝ ခန္႔တြင္ ဆူမားၿမိဳ႕ကေလးမ်ား၏ေျမာက္ဘက္ အက္ကတ္ေဒသမွ ဆာဂြန္အမည္ရွိ ဆီးမိုက္လူမ်ိဳးသိုးထိန္း ေခါင္းေဆာင္ႀကီး တစ္ဦးသည္ စစ္ေရးစစ္ရာ၌ ကၽြမ္းက်င္သျဖင့္ ၿမိဳ႕ကေလးမ်ားကို တစ္ၿမိဳ႕ၿပီးတစ္ၿမိဳ႕ တိုက္ခိုက္သိမ္းပိုက္ကာ၊ ေဘဘီလုံၿမိဳ႕ကို အေျချပဳၿပီးလၽွင္၊ ေဘဘီလုံႏိုင္ငံကို စတင္ ထူေထာင္ေလသည္။ ဆီးမိုက္တို႔သည္ ဆူမားတို႔ေလာက္ ယဥ္ေက်းမႈအဆင့္အတန္း မရွိေပ။ ထို႔ေၾကာင့္ ဆူးမားတို႔၏ ယဥ္ေက်းမႈကို အတုယူက်င့္သုံးၾကသည္။

သို႔ေသာ္ ေျမာက္ဘက္ ပိုင္းတြင္ ဆီးမိုက္လူမ်ိဳးတို႔၏ ဓေလ့ထုံးစံမ်ားလည္း လႊမ္းမိုးခဲ့ သည္ျဖစ္၍ ေဘဘီလုံႏိုင္ငံေျမာက္ပိုင္းကို အက္ကတ္ ဟူ၍လည္းေကာင္း၊ ေတာင္ပိုင္းကို ဆူမားဟူ၍ လည္းေကာင္း ေခၚေဝၚၾကျခင္း ျဖစ္ေလသည္။ သို႔ေသာ္ ေနာင္အခါ ေဘဘီလုံ နီးယားဟူ၍ ေခၚေဝၚလာၾကေလသည္။

ပထမ ေဘဘီလုံအင္ပါယာ

ဆာဂြန္၏ လက္ထက္လြန္ၿပီးသည့္ေနာက္တြင္ ေဘဘီလုံႏိုင္ငံသည္ ၫႈိးမွိန္လာေလသည္။ ႏိုင္ငံတြင္း သို႔အျခားလူမ်ိဳးမ်ား ဝင္ေရာက္တိုက္ခိုက္ျခင္း ျပဳၾကသျဖင့္ ေနာက္ဆုံးတြင္ ႏိုင္ငံႀကီး ၿပိဳကြဲပ်က္စီးရေလသည္။ သို႔ေသာ္ ဘီစီ ၂ဝဝဝ ခန္႔တြင္ ဆာဂြန္၏ အႏြယ္ေတာ္ျဖစ္ေသာ ဟမ္မူရာဘီမင္းသည္ ၿပိဳကြဲေနေသာ ေဘဘီလုံႏိုင္ငံကို ျပန္လည္စုစည္းသည္။

ႏိုင္ငံကို ေမာ္ကြန္း တင္ေလာက္ေအာင္ စနစ္က်နစြာ အုပ္ခ်ဳပ္သည္။ အုပ္ခ်ဳပ္ေရး စနစ္ေကာင္းမ်ားကိုလည္း ထြင္ခဲ့သည္။ အထူးသျဖင့္ ဟမ္မူရာဘီမင္းႀကီးသည္ ယင္းျပဳစုခဲ့ေသာ ဥပေဒမ်ားအတြက္ ႏိုင္ငံ သမိုင္းတြင္ ထင္ရွားေက်ာ္ၾကားေသာ မင္းတစ္ပါး ျဖစ္ခဲ့ေလ သည္။

ဟမ္မူရာဘီ၏ ကိုဓဥပေဒ ႏွင့္ ကာကြယ္ေရး

ဟမ္မူရာဘီလက္ထက္တြင္ ကမ္ဘာ့ပထမဆုံး တရားစီရင္ေရး ဥပေဒအျဖစ္ ဟမ္မူရာဘီ၏ ကိုဓဥပေဒ ကိုျပဳစုခဲ့သည္။ စာေၾကာင္းေရေပါင္း၃၆၀၀ေက်ာ္ပါဝင္သည့္ ထိုဥပေဒကို ေဘဘီလုံၿမိဳ႕ေတာ္ရွိ မာဒပ္နတ္မင္း အားရည္စူးတည္ေဆာက္ထားသည့္ ဝတ္ေက်ာင္းေတာ္အတြင္းတြင္ အျမင့္ရွစ္ေပရွိ ေက်ာက္စာတိုင္တြင္ ေရးထြင္း၍ စိုက္ထူထားခဲ့သည္ကို ယေန႔တိုင္ မပ်က္မစီးေသးဘဲ ေတြ႕ျမင္ႏိုင္သည္။

ထိုဥပေဒတြင္ မုဆိုးမ၊ မိဘမဲ့ကေလးသူငယ္ ႏွင့္ ဆင္းရဲသားတို႔အတြက္ အထူးကာကြယ္ေပးရန္ ျပဌာန္းထားသည္။ လာဘ္ေပးလာဘ္ယူမႈမ်ားအား ျပင္းထန္စြာ စီရင္ေစသည္။ ယေန႔ေခတ္အျမင္အားျဖင့္ ရက္စက္ၾကမ္းၾကဳတ္သည့္ မ်က္လုံးတစ္လုံးအတြက္ မ်က္လုံးတစ္လုံး၊ သြားတစ္ေခ်ာင္းအတြက္ သြားတစ္ေခ်ာင္း အေလၽွာ္ေပးရမည္ဟု ဆိုသည့္ ဥပေဒမ်ိဳးပါဝင္ေသာ္လည္း ေရွးေခတ္ကာလ အေျခအေနအားျဖင့္မူ တရားမၽွတမႈကို ျပဌာန္းေပးသည္ဟု ဆိုရမည္ျဖစ္သည္။ ကာကြယ္ေရးအေနျဖင့္ အၿမဲတမ္းစစ္တပ္ဖြဲ႕စည္းထားၿပီး နယ္ျခားေဒသမ်ားကို ကာကြယ္ေပးထားသျဖင့္ တိုင္းျပည္ေအးခ်မ္းသာယာသည္။

စီးပြားေရး
အဓိကထုတ္ကုန္မွာ စိုက္ပ်ိဳးေရးမွျဖစ္ထြန္းသည့္ ေကာက္ပဲသီးႏွံမ်ား ေရာင္းဝယ္ေရးျဖစ္သည္။ စြန္ပလြံသီးမွာ အဓိက ေရာင္းကုန္ျဖစ္ၿပီး အျခားထုတ္ကုန္မ်ားမွာ သိုးေမြးႏွင့္ သိုးသားေရတို႔ျဖစ္ၾကသည္။ သိုးေမြး ရက္လုပ္ျခင္းမွာလည္း ေအာင္ျမင္သည့္ လုပ္ငန္းအျဖစ္ ရပ္တည္ႏိုင္ခဲ့သည္။

ဘာသာေရး
ဘာသာေရးတြင္ ဆူမားရီးယန္းနတ္မ်ားကို ဆက္လက္ကိုးကြယ္ၾကေသာ္လည္း အမ္မို႐ိုက္မ်ားက အုပ္ခ်ဳပ္သည့္ ေခတ္ျဖစ္သည့္အာေလ်ာ္စြာ ၎တို႔ကိုးကြယ္သည့္ မာဒပ္နတ္မင္းႀကီးအား အႀကီးအကဲနတ္မင္း အျဖစ္သတ္မွတ္ ပူေဇာ္သည္။ နတ္သမီးမ်ားအနက္ အစ္ရွတာ(Ishtar) အမည္ရွိ အခ်စ္နတ္သမီးအား အႀကီးအကဲအျဖစ္ သတ္မွတ္သည္။ ဆူမား-အက္ကတ္ေခတ္က ကဲ့သို႔ပင္ နတ္ဆရာမ်ား၏ ယဇ္ပူေဇာ္ျခင္းအားျဖင့္ေသာ္လည္းေကာင္း နက္ခတာရာမ်ားအား ၾကည့္႐ႈေလ့လာျခင္းအားျဖင့္ေသာ္လည္းေကာင္း ေရွ႕ျဖစ္အေဟာမ်ားကို ယုံၾကည္ၾကသည္။

လူမႈေရး
ေခတ္ကာလအေျခအေနအရ စာေပအေရးအဖတ္ တတ္ေျမာက္သူ ရွားပါးျခင္းေၾကာင့္ စာေရးစာခ်ီ အလုပ္သည္ အထက္တန္းစားအလုပ္မ်ိဳးျဖစ္သည္။ အက်ိဳးဆက္အေနျဖင့္ စာအေရးအသား ကၽြမ္းက်င္လၽွင္ အထက္တန္းက်သည္ဟု ယူဆ၍ ကေလးအ႐ြယ္မွစကာ စာေပသင္ၾကားေရးကို စတင္ေစသည္။

 ေဘဘီလုံအင္ပါယာ ပ်က္စီးျခင္း

ဟမ္မူရာဘီ လြန္ၿပီးေနာက္ မၾကာမီမွာပင္ ေဘဘီလိုးနီးယားလြင္ျပင္အေရွ႕ဖက္ႏွင့္ ေျမာက္ဖက္ေဒသမ်ားရွိ ကုန္ျမင့္မ်ားေပၚတြင္ ေနထိုင္ေသာ ကက္ဆိုက္လူမ်ိဳး(Kassites) မ်ားသည္ ေဘဘီလိုးနီးယားလြင္ျပင္သို႔ ဆင္းသက္ အေျခခ်ေနထိုင္လာၾကသည္။ ထိုသို႔ အေျခခ်လာသည္ကို ဟမ္မူရာဘီ ေနာက္ဆက္ခံသည့္ မင္းမ်ားက မည္သို႔မၽွ တားျမစ္ႏိုင္ျခင္းမရွိခဲ့ၾကေပ။ ဟမ္မူရာဘီကြယ္လြန္ၿပီး ႏွစ္၂၀၀မၽွ ၾကာေသာအခါတြင္ လြင္ျပင္ႀကီး၏ အေနာက္ေျမာက္ဖက္မွ ဟစ္တိုက္လူမ်ိဳး မ်ားက ေဘဘီလိုးနီးယားလြင္ျပင္ႀကီးသို႔ က်ဴးေက်ာ္ကာ ၿမိဳ႕ေတာ္ ေဘဘီလုံကို သိမ္းပိုက္ကာ စည္းစိမ္တို႔ကို လုယက္ယူငင္ၿပီး ျပန္ေလသည္။

သို႔ျဖင့္ ေဘဘီလုံတြင္ ဟမ္မူရာဘီ၏ မင္းဆက္ျပတ္ကာ ႏိုင္ငံအား ဦးေဆာင္ထိန္းသိမ္းႏိုင္သည့္ ေခါင္းေဆာင္ေကာင္းလည္း မရွိသျဖင့္ ဖ႐ိုဖရဲအေျခအေနျဖင့္ ဘီစီ ၁၇၄၆အထိ ရွိေနစဥ္ ကက္ဆိုက္လူမ်ိဳးမ်ားက ေဘဘီလုံတြင္ အခက္အခဲမရွိ အုပ္ခ်ဳပ္သူျဖစ္လာေတာ့သည္။ ဤသို႔ျဖင့္ အခ်ိန္တိုအတြင္း အထက္တန္းက်ၿပီး ျမင့္မားေသာ ေဘဘီလိုးနီးယန္း ယဥ္ေက်းမႈသည္လည္း ထိုအခ်ိန္မွစကာ ႏွစ္ေပါင္း ၁၀၀၀ေက်ာ္မၽွ ေပ်ာက္ကြယ္သြားခဲ့ရသည္။

ကက္ဆိုက္ေခတ္ (Kassite Dynasty)

ဟမ္မူရာဗီမင္းႀကီး ကံကုန္ၿပီးေနာက္တြင္ အေရွ႕ ေျမာက္ဘက္ေဒသမ်ားမွ ကက္ဆိုက္ လူ႐ိုင္းမ်ိဳးတို႔သည္ ခ်ဥ္းနင္းတိုက္ခိုက္ၿပီးေသာ္၊ ေဘဘီလုံနီးယား ႏိုင္ငံအတြင္း ဝင္ေရာက္ေနထိုင္ၾကသည္။ တစ္စႏွင့္တစ္စ ႏိုင္ငံအတြင္း၌ စိုးမိုးမင္းမူခဲ့ၾကသည္မွာ ဘီစီ ၁ရ၅ဝ မွ ၁၂ဝဝ ခန္႔တိုင္ ေအာင္ပင္ ျဖစ္၏။ သို႔ေသာ္ ေဘဘီလုံႏိုင္ငံ အတြင္းမွ ရွိရင္း စြဲလူမ်ိဳးမ်ားက ကက္ဆိုက္တို႔ကို တျဖည္းျဖည္း ျပန္လည္ လႊမ္းမိုးၿပီးေနာက္ ေဘဘီလုံနီးယားတြင္ မူလတိုင္းရင္းသား မင္းတို႔ျပန္လည္အုပ္စိုး ၾကေလသည္။

ေဘဘီလုံယဥ္ေက်းမႈ

ဘီစီ ၃၅ဝဝ ခန္႔ကပင္ ေဘဘီလုံႏိုင္ငံ ျဖစ္လာမည့္ ျမစ္ႏွစ္ႁမႊာေဒသ တစ္ေလၽွာက္တြင္ ေနထိုင္ေသာ ဆူမား လူမ်ိဳးတို႔သည္ စာေရး၊ စာဖတ္တတ္ၾကသည္။ ဆူမားတို႔၏ အကၡရာမ်ားမွာ ျမားဦးပုံ သဏၭာန္ရွိ၍ ႐ႊံ႕ျပားကေလးမ်ားေပၚတြင္ သုံးေျမႇာင့္ပုံ က်ဴ႐ိုးအရင္းႏွင့္ ဖိႏွိပ္ ေရးသားၾကသည္။ ေရးသားၿပီးေသာ ႐ႊံ႕ခ်ပ္မ်ားကို ေနလွန္းမီးဖုတ္ေသာေၾကာင့္ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ခိုင္ခံ့ေလသည္။

ဆူမားတို႔၏ စာေရးနည္းကို ေနာင္အခါ ျမစ္ႏွစ္ႁမႊာေဒသကို ဝင္ေရာက္စိုးမိုးေသာ ဆီးမိုက္လူမ်ိဳးမ်ား၊ အဆီးရီးယန္း လူမ်ိဳးမ်ား၊ အယ္လမိုက္ လူမ်ိဳးမ်ား၊ ဟစ္တိုက္လူမ်ိဳးမ်ား၊ ပါရွန္းလူမ်ိဳးမ်ားကလည္း လက္ခံၾကသည္။ ယဥ္ေက်းေသာလူမ်ိဳးတို႔၏ အေလ့အထအတိုင္း ဆူးမားတို႔သည္ ေျမေရေလ စေသာ သဘာဝမ်ားကို ကိုးကြယ္ၾကသည့္ျပင္ လယ္သမားမ်ား ျဖစ္ၾကသည့္အတိုင္း ေက်းဇူးရွင္ ႏြားမ်ားကိုလည္း ကိုးကြယ္ၾကသည္။

လက္မႈအႏုပညာရပ္ႏွင့္ စပ္လ်ဥ္း၍ ေဘဘီလုံနီးယား ႏိုင္ငံသားတို႔ျပဳလုပ္ခဲ့ေသာ လက္မႈပစၥည္းမ်ားအနက္ ေရွးအက်ဆုံးပစၥည္းမ်ားမွာ ဘီစီ ၃ဝဝဝ ေက်ာ္ခန္႔က အိုးခြက္ မ်ားျဖစ္သည္။ ယင္းသည့္ အိုးခြက္မ်ားကို ေဆးေရာင္မ်ား ျခယ္၍ ပုံစံဒီဇိုင္းမ်ား ေဖာ္ျပထားသည္ကို ေတြ႕ရသည္။ ဘီစီ ၃ဝဝဝ ခန္႔တြင္ ေက်ာက္တုံးမ်ားကို ထုထြင္းျခင္း၊ ႐ုပ္တုမ်ား ထုလုပ္ျခင္း၊ ေ႐ႊေငြတို႔ျဖင့္ အဆင္တန္ဆာမ်ား လုပ္ကိုင္ျခင္းကိုလည္း ျပဳလုပ္ၾကသည္။ ထိုျပင္ စာခ်ဳပ္ စာတမ္းမ်ားအတြက္ တံဆိပ္တုံးမ်ား အသုံးျပဳသည္ကိုလည္း ေတြ႕ရေလသည္။

ဆူမားတို႔သည္ မူလက ႐ႊံ႕ႏွင့္ က်ဴပင္မ်ားျဖင့္ ျပဳလုပ္သည့္ တဲအိမ္မ်ားျဖင့္ ေနထိုင္ခဲ့ရာမွ၊ ေနာင္အခါ ေနလွန္းအုတ္၊ မီးဖုတ္အုတ္မ်ားျဖင့္ ျပဳလုပ္ေသာ တစ္ထပ္အုတ္တိုက္မ်ားျဖင့္ ေနထိုင္လာၾကသည္။ ထိုျပင္ ယင္းတို႔ကိုးကြယ္ရာ နတ္အမ်ိဳးမ်ိဳးတို႔အတြက္ ဗိမာန္ျဖစ္ေသာ တန္ေဆာင္းျမင့္ျမင့္ႀကီးမ်ားကို ေဆာက္လုပ္ၾကသည္။ ၿမိဳ႕႐ိုးတန္တိုင္မ်ား ျပဳလုပ္ရာ၌လည္း ေဘဘီလုံနီးယားႏိုင္ငံသားတို႔လက္ေျမာက္ၾကေပသည္။ ယင္းသို႔ျဖင့္ ေဘဘီလုံနီးယား ႏိုင္ငံသားတို႔သည္ ႏိုင္ငံႏွင့္ ယဥ္ေက်းမႈႏွင့္ အေစာဆုံး ေနထိုင္လာၾကသူမ်ားတြင္ ပါဝင္ ခဲ့ေလသည္။

ကမၻာ့သမိုင္းတြင္ အေစာဆုံး ေပၚထြက္ခဲ့ေသာ ယဥ္ေက်းမႈ မ်ားအနက္ ေဘဘီလုံနီးယန္းႏွင့္ အီဂ်စ္ယဥ္ေက်းမႈတို႔သည္ မည္သည္ကေရွးက်၍ မည္သည္က ေနာက္က်သည္ဟူေသာ ျပႆနာအတြက္ ပညာရွင္တို႔အျငင္းပြားေနၾကဆဲပင္ျဖစ္၏။ သို႔ေသာ္ ယဥ္ေက်းမႈဆိုင္ရာ အေရးပါေသာ တိုးတက္မႈတို႔သည္ ေဘဘီလုံနီးယား၌ ဦးစြာစတင္ခဲ့သည္။ သိပၸံပညာ၊ အုပ္ခ်ဳပ္ေရးစံနစ္၊ အယူဝါဒေရး၊ လက္မႈပညာရပ္စသည္တို႔သည္ ေဘဘီလုံနီး ယား၌ အစပ်ိဳးခဲ့၍ ေဘဘီလုံနီးယန္း ယဥ္ေက်းမႈ သည္ ေႏွာင္းေခတ္ အာရွတိုက္ အေနာက္ပိုင္း ယဥ္ေက်းမႈမ်ား၏ ျမစ္ဖ်ားခံရာ ျဖစ္ခဲ့ေလသည္။

ေဘဘီလုံၿမဳိ႕ေဟာင္း(ယေန႔ အီရတ္ႏုိ္င္ငံ)

Via: ျမန္မာ့စြယ္စုံက်မ္း


ကမ္ဘာ့သမိုင်းထဲက ဘေဘီလုံအင်ပါယာ (unicode)

အမ်မိုရိုက်မျိုးနွယ်တို့၏ အကြီးအကဲဖြစ်သည့် ဟမ်မူရာဘီ ဘုရင်သည် နှစ်ပေါင်း၃၀မျှ အယ်လ်မိုက်တို့နှင့် စစ်ပြုပြီးနောက်တွင် ယူဖရေးတီး-တိုက်ဂရစ် မြစ်နှစ်သွယ် ဒေသကို ဗဟိုပြုလျက် ဘေဘီလုံအင်ပါယာခေတ်ကို တည်ထောင်သည်။ မြို့တော်မှာ ယူဖရေးတီး မြစ်ကမ်းပေါ်ရှိ ဘေဘီလုံမြို့ဖြစ်သည်။ ၎င်းကိုအစွဲပြု၍ ထိုမြစ်ဝှမ်းလွင်ပြင်ကို ယခင်အမည်ဟောင်း ဖြစ်သည့် ရှိုင်းနားလွင်ပြင်မှ အမည်သစ်အဖြစ် ဘေဘီလိုးနီးယားလွင်ပြင်ဟု ပြောင်းလဲခေါ်ဆိုကြသည်။
စစ်ပွဲကာလလွန်မြောက်ပြီးနောက်တွင် ဟမ်မူရာဘီသည် ၁၂နှစ်ကျော်မျှ ထီးနန်းစိုးစံကာ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခြင်းအားဖြင့် သူသည် လက်ရုံးရည်သာမက၊ နှလုံးရည်ဖြင့်ပါ ပြည့်စုံကြောင်းကို သက်သေထူပြခဲ့သည်။ တစ်ဖက်မှလည်း မြို့တော် ဘေဘီလုံအား ယဉ်ကျေးမှုဆိုင်ရာ အမြင့်ဆုံးမြို့တော် အဖြစ်သို့ရောက်ရှိလာရန် စွမ်းဆောင်ခဲ့သည်။ ထိုယဉ်ကျေးမှုအား ဘေဘီလုံယဉ်ကျေးမှု ဟုခေါ်ဆိုသည်။
ဘေဘီလုံသည် မက်ဆိုပိုတေးမီးယား(Mesopotamia) ဒေသတွင် တည်ရှိသော ရှေးဟောင်း မြို့ပြနိုင်ငံတော်ကြီး ဖြစ်ပြီး ယခု အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒတ်(Baghdad) ၏တောင်ဘက် ၅၅ မိုင် အကွာ ဘာဘေးလ်ပြည်နယ် အဲဟေးလာမြို့ (Al Hillah) အနီးတွင် ဤမြို့ဟောင်းကို တွေ့နိုင်သည်။ ရှေးယခင်က အလွန်ကျော်ကြားခဲ့သော ဘေဘီလုံ၏ အုတ်မြို့ရိုးဟောင်း၊ အဆောက်အအုံများ နှင့် ရွှံခွက်စာများကို ယူဖိုးရီးယား- တီဂရစ်မြစ်နှစ်သွယ်ကြား ( Euphrates and Tigris river system) မက်ဆိုပိုတေးမီးယားလွင်ပြင်တွင် တူးဖေါ်ရရှိခဲ့သည်။

ဘေဘီလုံခေတ်ဦး ဆူမီရို-အကာဒီယန်းခေတ်
မက်ဆိုပိုတေးမီးယားဒေသသည် ယူဖရေးတီးနှင့် တိုက်ဂရစ်မြစ် နှစ်သွယ်တို့သည် နှစ်စဉ် ရေလွှမ်းမိုးလေ့ရှိသောကြောင့် နုံးမြေများ ကမ်းခြေပေါ်တင်၍ ကျန်ခဲ့ရာ မြေဩဇာထက် သန်ကောင်းမွန်၍ မြစ် ၂ သွယ်မှ ရေကိုလည်း လုံလောက်စွာ ရနိုင်သဖြင့် ထိုဒေသ တစ်ဝိုက်သည် စိုက်ပျိုးဖြစ်ထွန်းသည်။ အာရှအလယ်ပိုင်းမှ မြေသစ် နေရာသစ် ရှာဖွေ သူများသည် မြစ် နှစ်မြွှာဒေသတွင် အခြေစိုက် နေထိုင်ကြ ခြင်းဖြစ်သည်။ မိုးပါးသော်လည်း မြစ် နှစ်သွယ်မှ ရေသွယ် တူးမြောင်းများ ဖြင့် စိုက်ပျိုးလုပ်ကိုင် နိုင်သဖြင့် ထိုဒေသတွင် လာရောက်နေထိုင်သူများ တစ်စတစ်စ များပြားလာလေသည်။ မြစ်နှစ်မြွှာဒေသတွင် လူတို့စတင် ဝင်ရောက်နေထိုင် သည့်ခေတ်မှာ ဘီစီ ၅ဝဝဝ ခန့်က ဖြစ်သည်။ ထိုဒေသ တွင် စတင်လာရောက်နေထိုင်သူများသည် ဆီးမိုက်နှင့် ဆီးမိုက် မဟုတ်သော လူမျိုးများ ဖြစ်ကြသည်။
ဆီးမိုက်မဟုတ်သော လူမျိုးအုပ်စုထဲတွင် ဆူမားရီးယန်းလူမျိုးတို့ကာ ယဉ်ကျေးမှုအရာတွင် ခေါင်းဆောင်များ ဖြစ်ကြသည်။ ဘီစီ ၃ဝဝဝ ကျော်ခန့်တွင် မြစ်နှစ်မြွှာဒေသ တစ်လျှောက်၌ ဆူမားရီးယန်တို့သည် ဘေဘီလုံ အပါအဝင် မြို့ရိုးဖြင့် ဝန်းရံထားသော သီးခြားလွတ်လပ်သည့် မြို့ကလေး ပေါင်း မြောက်မြားစွာ တည်ထောင်နေထိုင်ကြသည်မှာ ဘီစီ ၂၅ဝဝ ခန့်တိုင်အောင် ဖြစ်သည်။ ဘေဘီလုံမြို့ ထိုစဉ်က ထိုဒေသတစ်လျှောက်ကို ဆူမားဟု ခေါ်ဝေါ်ကြ လေသည်။ ဘီစီ ၂၅ဝဝ ခန့်တွင် ဆူမားမြို့ကလေးများ၏မြောက်ဘက် အက်ကတ်ဒေသမှ ဆာဂွန်အမည်ရှိ ဆီးမိုက်လူမျိုးသိုးထိန်း ခေါင်းဆောင်ကြီး တစ်ဦးသည် စစ်ရေးစစ်ရာ၌ ကျွမ်းကျင်သဖြင့် မြို့ကလေးများကို တစ်မြို့ပြီးတစ်မြို့ တိုက်ခိုက်သိမ်းပိုက်ကာ၊ ဘေဘီလုံမြို့ကို အခြေပြုပြီးလျှင်၊ ဘေဘီလုံနိုင်ငံကို စတင် ထူထောင်လေသည်။ ဆီးမိုက်တို့သည် ဆူမားတို့လောက် ယဉ်ကျေးမှုအဆင့်အတန်း မရှိပေ။ ထို့ကြောင့် ဆူးမားတို့၏ ယဉ်ကျေးမှုကို အတုယူကျင့်သုံးကြသည်။ သို့သော် မြောက်ဘက် ပိုင်းတွင် ဆီးမိုက်လူမျိုးတို့၏ ဓလေ့ထုံးစံများလည်း လွှမ်းမိုးခဲ့ သည်ဖြစ်၍ ဘေဘီလုံနိုင်ငံမြောက်ပိုင်းကို အက်ကတ် ဟူ၍လည်းကောင်း၊ တောင်ပိုင်းကို ဆူမားဟူ၍ လည်းကောင်း ခေါ်ဝေါ်ကြခြင်း ဖြစ်လေသည်။ သို့သော် နောင်အခါ ဘေဘီလုံ နီးယားဟူ၍ ခေါ်ဝေါ်လာကြလေသည်။

ပထမ ဘေဘီလုံအင်ပါယာ
ဆာဂွန်၏ လက်ထက်လွန်ပြီးသည့်နောက်တွင် ဘေဘီလုံနိုင်ငံသည် ညှိုးမှိန်လာလေသည်။ နိုင်ငံတွင်း သို့အခြားလူမျိုးများ ဝင်ရောက်တိုက်ခိုက်ခြင်း ပြုကြသဖြင့် နောက်ဆုံးတွင် နိုင်ငံကြီး ပြိုကွဲပျက်စီးရလေသည်။ သို့သော် ဘီစီ ၂ဝဝဝ ခန့်တွင် ဆာဂွန်၏ အနွယ်တော်ဖြစ်သော ဟမ်မူရာဘီမင်းသည် ပြိုကွဲနေသော ဘေဘီလုံနိုင်ငံကို ပြန်လည်စုစည်းသည်။ နိုင်ငံကို မော်ကွန်း တင်လောက်အောင် စနစ်ကျနစွာ အုပ်ချုပ်သည်။ အုပ်ချုပ်ရေး စနစ်ကောင်းများကိုလည်း ထွင်ခဲ့သည်။ အထူးသဖြင့် ဟမ်မူရာဘီမင်းကြီးသည် ယင်းပြုစုခဲ့သော ဥပဒေများအတွက် နိုင်ငံ သမိုင်းတွင် ထင်ရှားကျော်ကြားသော မင်းတစ်ပါး ဖြစ်ခဲ့လေ သည်။

ဟမ်မူရာဘီ၏ ကိုဓဥပဒေ နှင့် ကာကွယ်ရေး
ဟမ်မူရာဘီလက်ထက်တွင် ကမ်ဘာ့ပထမဆုံး တရားစီရင်ရေး ဥပဒေအဖြစ် ဟမ်မူရာဘီ၏ ကိုဓဥပဒေ ကိုပြုစုခဲ့သည်။ စာကြောင်းရေပေါင်း၃၆၀၀ကျော်ပါဝင်သည့် ထိုဥပဒေကို ဘေဘီလုံမြို့တော်ရှိ မာဒပ်နတ်မင်း အားရည်စူးတည်ဆောက်ထားသည့် ဝတ်ကျောင်းတော်အတွင်းတွင် အမြင့်ရှစ်ပေရှိ ကျောက်စာတိုင်တွင် ရေးထွင်း၍ စိုက်ထူထားခဲ့သည်ကို ယနေ့တိုင် မပျက်မစီးသေးဘဲ တွေ့မြင်နိုင်သည်။
ထိုဥပဒေတွင် မုဆိုးမ၊ မိဘမဲ့ကလေးသူငယ် နှင့် ဆင်းရဲသားတို့အတွက် အထူးကာကွယ်ပေးရန် ပြဌာန်းထားသည်။ လာဘ်ပေးလာဘ်ယူမှုများအား ပြင်းထန်စွာ စီရင်စေသည်။ ယနေ့ခေတ်အမြင်အားဖြင့် ရက်စက်ကြမ်းကြုတ်သည့် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း အလျှော်ပေးရမည်ဟု ဆိုသည့် ဥပဒေမျိုးပါဝင်သော်လည်း ရှေးခေတ်ကာလ အခြေအနေအားဖြင့်မူ တရားမျှတမှုကို ပြဌာန်းပေးသည်ဟု ဆိုရမည်ဖြစ်သည်။ ကာကွယ်ရေးအနေဖြင့် အမြဲတမ်းစစ်တပ်ဖွဲ့စည်းထားပြီး နယ်ခြားဒေသများကို ကာကွယ်ပေးထားသဖြင့် တိုင်းပြည်အေးချမ်းသာယာသည်။

စီးပွားရေး
အဓိကထုတ်ကုန်မှာ စိုက်ပျိုးရေးမှဖြစ်ထွန်းသည့် ကောက်ပဲသီးနှံများ ရောင်းဝယ်ရေးဖြစ်သည်။ စွန်ပလွံသီးမှာ အဓိက ရောင်းကုန်ဖြစ်ပြီး အခြားထုတ်ကုန်များမှာ သိုးမွေးနှင့် သိုးသားရေတို့ဖြစ်ကြသည်။ သိုးမွေး ရက်လုပ်ခြင်းမှာလည်း အောင်မြင်သည့် လုပ်ငန်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ဘာသာရေး
ဘာသာရေးတွင် ဆူမားရီးယန်းနတ်များကို ဆက်လက်ကိုးကွယ်ကြသော်လည်း အမ်မိုရိုက်များက အုပ်ချုပ်သည့် ခေတ်ဖြစ်သည့်အာလျော်စွာ ၎င်းတို့ကိုးကွယ်သည့် မာဒပ်နတ်မင်းကြီးအား အကြီးအကဲနတ်မင်း အဖြစ်သတ်မှတ် ပူဇော်သည်။ နတ်သမီးများအနက် အစ်ရှတာ(Ishtar) အမည်ရှိ အချစ်နတ်သမီးအား အကြီးအကဲအဖြစ် သတ်မှတ်သည်။ ဆူမား-အက်ကတ်ခေတ်က ကဲ့သို့ပင် နတ်ဆရာများ၏ ယဇ်ပူဇော်ခြင်းအားဖြင့်သော်လည်းကောင်း နက်ခတာရာများအား ကြည့်ရှုလေ့လာခြင်းအားဖြင့်သော်လည်းကောင်း ရှေ့ဖြစ်အဟောများကို ယုံကြည်ကြသည်။

လူမှုရေး
ခေတ်ကာလအခြေအနေအရ စာပေအရေးအဖတ် တတ်မြောက်သူ ရှားပါးခြင်းကြောင့် စာရေးစာချီ အလုပ်သည် အထက်တန်းစားအလုပ်မျိုးဖြစ်သည်။ အကျိုးဆက်အနေဖြင့် စာအရေးအသား ကျွမ်းကျင်လျှင် အထက်တန်းကျသည်ဟု ယူဆ၍ ကလေးအရွယ်မှစကာ စာပေသင်ကြားရေးကို စတင်စေသည်။

= ဘေဘီလုံအင်ပါယာ ပျက်စီးခြင်း
ဟမ်မူရာဘီ လွန်ပြီးနောက် မကြာမီမှာပင် ဘေဘီလိုးနီးယားလွင်ပြင်အရှေ့ဖက်နှင့် မြောက်ဖက်ဒေသများရှိ ကုန်မြင့်များပေါ်တွင် နေထိုင်သော ကက်ဆိုက်လူမျိုး(Kassites) များသည် ဘေဘီလိုးနီးယားလွင်ပြင်သို့ ဆင်းသက် အခြေချနေထိုင်လာကြသည်။ ထိုသို့ အခြေချလာသည်ကို ဟမ်မူရာဘီ နောက်ဆက်ခံသည့် မင်းများက မည်သို့မျှ တားမြစ်နိုင်ခြင်းမရှိခဲ့ကြပေ။ ဟမ်မူရာဘီကွယ်လွန်ပြီး နှစ်၂၀၀မျှ ကြာသောအခါတွင် လွင်ပြင်ကြီး၏ အနောက်မြောက်ဖက်မှ ဟစ်တိုက်လူမျိုး များက ဘေဘီလိုးနီးယားလွင်ပြင်ကြီးသို့ ကျူးကျော်ကာ မြို့တော် ဘေဘီလုံကို သိမ်းပိုက်ကာ စည်းစိမ်တို့ကို လုယက်ယူငင်ပြီး ပြန်လေသည်။ သို့ဖြင့် ဘေဘီလုံတွင် ဟမ်မူရာဘီ၏ မင်းဆက်ပြတ်ကာ နိုင်ငံအား ဦးဆောင်ထိန်းသိမ်းနိုင်သည့် ခေါင်းဆောင်ကောင်းလည်း မရှိသဖြင့် ဖရိုဖရဲအခြေအနေဖြင့် ဘီစီ ၁၇၄၆အထိ ရှိနေစဉ် ကက်ဆိုက်လူမျိုးများက ဘေဘီလုံတွင် အခက်အခဲမရှိ အုပ်ချုပ်သူဖြစ်လာတော့သည်။
ဤသို့ဖြင့် အချိန်တိုအတွင်း အထက်တန်းကျပြီး မြင့်မားသော ဘေဘီလိုးနီးယန်း ယဉ်ကျေးမှုသည်လည်း ထိုအချိန်မှစကာ နှစ်ပေါင်း ၁၀၀၀ကျော်မျှ ပျောက်ကွယ်သွားခဲ့ရသည်။

ကက်ဆိုက်ခေတ် (Kassite Dynasty)
ဟမ်မူရာဗီမင်းကြီး ကံကုန်ပြီးနောက်တွင် အရှေ့ မြောက်ဘက်ဒေသများမှ ကက်ဆိုက် လူရိုင်းမျိုးတို့သည် ချဉ်းနင်းတိုက်ခိုက်ပြီးသော်၊ ဘေဘီလုံနီးယား နိုင်ငံအတွင်း ဝင်ရောက်နေထိုင်ကြသည်။ တစ်စနှင့်တစ်စ နိုင်ငံအတွင်း၌ စိုးမိုးမင်းမူခဲ့ကြသည်မှာ ဘီစီ ၁ရ၅ဝ မှ ၁၂ဝဝ ခန့်တိုင် အောင်ပင် ဖြစ်၏။ သို့သော် ဘေဘီလုံနိုင်ငံ အတွင်းမှ ရှိရင်း စွဲလူမျိုးများက ကက်ဆိုက်တို့ကို တဖြည်းဖြည်း ပြန်လည် လွှမ်းမိုးပြီးနောက် ဘေဘီလုံနီးယားတွင် မူလတိုင်းရင်းသား မင်းတို့ပြန်လည်အုပ်စိုး ကြလေသည်။

ဘေဘီလုံယဉ်ကျေးမှု
ဘီစီ ၃၅ဝဝ ခန့်ကပင် ဘေဘီလုံနိုင်ငံ ဖြစ်လာမည့် မြစ်နှစ်မြွှာဒေသ တစ်လျှောက်တွင် နေထိုင်သော ဆူမား လူမျိုးတို့သည် စာရေး၊ စာဖတ်တတ်ကြသည်။ ဆူမားတို့၏ အက္ခရာများမှာ မြားဦးပုံ သဏ္ဌာန်ရှိ၍ ရွှံ့ပြားကလေးများပေါ်တွင် သုံးမြှောင့်ပုံ ကျူရိုးအရင်းနှင့် ဖိနှိပ် ရေးသားကြသည်။ ရေးသားပြီးသော ရွှံ့ချပ်များကို နေလှန်းမီးဖုတ်သောကြောင့် နှစ်ပေါင်းများစွာကြာအောင် ခိုင်ခံ့လေသည်။
ဆူမားတို့၏ စာရေးနည်းကို နောင်အခါ မြစ်နှစ်မြွှာဒေသကို ဝင်ရောက်စိုးမိုးသော ဆီးမိုက်လူမျိုးများ၊ အဆီးရီးယန်း လူမျိုးများ၊ အယ်လမိုက် လူမျိုးများ၊ ဟစ်တိုက်လူမျိုးများ၊ ပါရှန်းလူမျိုးများကလည်း လက်ခံကြသည်။ ယဉ်ကျေးသောလူမျိုးတို့၏ အလေ့အထအတိုင်း ဆူးမားတို့သည် မြေရေလေ စသော သဘာဝများကို ကိုးကွယ်ကြသည့်ပြင် လယ်သမားများ ဖြစ်ကြသည့်အတိုင်း ကျေးဇူးရှင် နွားများကိုလည်း ကိုးကွယ်ကြသည်။

လက်မှုအနုပညာရပ်နှင့် စပ်လျဉ်း၍ ဘေဘီလုံနီးယား နိုင်ငံသားတို့ပြုလုပ်ခဲ့သော လက်မှုပစ္စည်းများအနက် ရှေးအကျဆုံးပစ္စည်းများမှာ ဘီစီ ၃ဝဝဝ ကျော်ခန့်က အိုးခွက် များဖြစ်သည်။ ယင်းသည့် အိုးခွက်များကို ဆေးရောင်များ ခြယ်၍ ပုံစံဒီဇိုင်းများ ဖော်ပြထားသည်ကို တွေ့ရသည်။ ဘီစီ ၃ဝဝဝ ခန့်တွင် ကျောက်တုံးများကို ထုထွင်းခြင်း၊ ရုပ်တုများ ထုလုပ်ခြင်း၊ ရွှေငွေတို့ဖြင့် အဆင်တန်ဆာများ လုပ်ကိုင်ခြင်းကိုလည်း ပြုလုပ်ကြသည်။ ထိုပြင် စာချုပ် စာတမ်းများအတွက် တံဆိပ်တုံးများ အသုံးပြုသည်ကိုလည်း တွေ့ရလေသည်။
ဆူမားတို့သည် မူလက ရွှံ့နှင့် ကျူပင်များဖြင့် ပြုလုပ်သည့် တဲအိမ်များဖြင့် နေထိုင်ခဲ့ရာမှ၊ နောင်အခါ နေလှန်းအုတ်၊ မီးဖုတ်အုတ်များဖြင့် ပြုလုပ်သော တစ်ထပ်အုတ်တိုက်များဖြင့် နေထိုင်လာကြသည်။ ထိုပြင် ယင်းတို့ကိုးကွယ်ရာ နတ်အမျိုးမျိုးတို့အတွက် ဗိမာန်ဖြစ်သော တန်ဆောင်းမြင့်မြင့်ကြီးများကို ဆောက်လုပ်ကြသည်။ မြို့ရိုးတန်တိုင်များ ပြုလုပ်ရာ၌လည်း ဘေဘီလုံနီးယားနိုင်ငံသားတို့လက်မြောက်ကြပေသည်။ ယင်းသို့ဖြင့် ဘေဘီလုံနီးယား နိုင်ငံသားတို့သည် နိုင်ငံနှင့် ယဉ်ကျေးမှုနှင့် အစောဆုံး နေထိုင်လာကြသူများတွင် ပါဝင် ခဲ့လေသည်။ ကမ္ဘာ့သမိုင်းတွင် အစောဆုံး ပေါ်ထွက်ခဲ့သော ယဉ်ကျေးမှု များအနက် ဘေဘီလုံနီးယန်းနှင့် အီဂျစ်ယဉ်ကျေးမှုတို့သည် မည်သည်ကရှေးကျ၍ မည်သည်က နောက်ကျသည်ဟူသော ပြဿနာအတွက် ပညာရှင်တို့အငြင်းပွားနေကြဆဲပင်ဖြစ်၏။ သို့သော် ယဉ်ကျေးမှုဆိုင်ရာ အရေးပါသော တိုးတက်မှုတို့သည် ဘေဘီလုံနီးယား၌ ဦးစွာစတင်ခဲ့သည်။ သိပ္ပံပညာ၊ အုပ်ချုပ်ရေးစံနစ်၊ အယူဝါဒရေး၊ လက်မှုပညာရပ်စသည်တို့သည် ဘေဘီလုံနီး ယား၌ အစပျိုးခဲ့၍ ဘေဘီလုံနီးယန်း ယဉ်ကျေးမှု သည် နှောင်းခေတ် အာရှတိုက် အနောက်ပိုင်း ယဉ်ကျေးမှုများ၏ မြစ်ဖျားခံရာ ဖြစ်ခဲ့လေသည်။

Leave a Reply