အႏွစ္ ၄၀ စစ္ပြဲ ဆုိသည္မွာ

Posted on

ရာဇဓိရာဇ္လုိ႔ ဆုိလုိက္ရင္ အင္း၀ဘုရင္မင္းေခါင္နဲ႔ ႏွစ္ေပါင္းမ်ားစြာ စစ္ပြဲေတြဆင္ႏြဲခဲ့သူအျဖစ္သိၾကမွာပါ။ အင္း၀ နဲ႔ ဟံသာ၀တီ ႏွစ္ေပါင္းမ်ားစြာ တုိက္ခုိက္ခဲ့တဲ့စစ္ပြဲကုိ အႏွစ္ ၄၀ စစ္ပြဲလုိ႔ အားလုံးသိၿပီးျဖစ္မွာပါ။ အႏွစ္ ၄၀ လုိ႔ေခၚေပမယ့္ တကယ္တမ္းက ၃၆ ႏွစ္ပါ။ အမ်ားဆုံးတုိက္ခဲ့ႀကတာေတာ့ အင္း၀ဘုရင္မင္းေခါင္ နဲ႔ ဟံသာ၀တီဘုရင္ရာဇာဓိရာဇ္တုိ႔ၿဖစ္ေပမယ့္ ဒီစစ္ပြဲရဲ႕အစကေတာ့ ဘုရင္မင္းေခါင္ရဲ႕ ခမည္းေတာ္ မင္းႀကီးစြာေစာ္ကဲ လက္ထက္မွာ စတင္ခဲ့တာၿဖစ္ပါတယ္။ ေအဒီ ၁၃၈၄ ခုႏွစ္မွာ ဟံသာ၀တီၿပည့္ရွင္ဗညားဦးမင္း နတ္ရြာစံတဲ့အခါ သားေတာ္ အပသုံပုိင္စက္ ေခၚ ဗညားႏြဲ႔က ရာဇာဓိရာဇ္ဘြဲ႕ခံကာ နန္းတက္ခဲ့ပါတယ္။ ထုိအခါ ဦးရီးေတာ္ေၿမာင္းၿမစားေလာက္ဖ်ားက မေက်နပ္တာေၾကာင့္ အင္း၀ဘုရင္ မင္းႀကီးစြာထံ စစ္ကူလႊတ္ကာ “ကြ်န္ေတာ္မ်ဳိးဘက္မွ ဟံသာ၀တီကုိ ကူတုိက္ေပးပါ။ ႏုိင္လွ်င္အရွင္မင္းႀကီး အႏွစ္ကုိ ယူ၍ ကြ်န္ေတာ္မ်ဳိးအား အကာကုိေပးပါ” ဟူ၍ ေလွ်ာက္ခဲ့ပါတယ္။ တုိင္းၿပည္တစ္ၿပည္ရမည့္အေရးၿဖစ္တာေၾကာင့္ မင္းႀကီးစြာလဲ နည္းနည္းမွမစဥ္းစားပဲ ဟံသာ၀တီကုိ တုိက္ရာ ႏွစ္ ၄၀ စစ္ပြဲ စတင္ပါေတာ့တယ္။

ႏွစ္ေပါင္း ၄၀ လုံးလုံးတုိက္ခဲ့ေသာ္လည္း လူမ်ဳိးေရး စီးပြားေရးတုိ႔ေႀကာင့္ အမုန္းပြားကာ အၿငဳိးထားတုိက္ခဲ့ၿခင္း မဟုတ္ပဲ ပေဒသရာဇ္အခ်င္းခ်င္း ဘုန္းတန္ခုိး ၿပဳိင္သည့္အေနႏွင့္သာ တုိက္ခဲ့ေသာစစ္ပြဲၿဖစ္ပါတယ္။ တစ္ဖက္ႏွင့္တစ္ဖက္ ၿပတ္ၿပတ္သတ္သတ္အႏုိင္မရခဲ့တဲ့ တုိက္ပြဲလည္းၿဖစ္ပါတယ္။ တုိက္ပြဲအတြင္း စစ္ေၿပၿငိမ္းကာ သင့္ၿမတ္သြားေသာအခုိက္အတန္႔မ်ားလည္း ရွိခဲ့ပါတယ္။ သုိ႔ေသာ္ တစ္ဖက္ဖက္ကေဖာက္၍ သစၥာပ်က္ကာ ၿပန္တုိက္ရသည္ခ်ည္းသာ။ ဘုရင္မင္းေခါင္ ႏွင့္ ရာဇာဓိရာဇ္လက္ထက္တြင္ တက္ဖက္ဖက္မွ အၿပတ္အသတ္အႏုိင္ရသည္ မရွိ။ သူတၿပန္ကုိယ္တၿပန္ ရႈံးလုိက္ ႏုိင္လုိက္ခ်ည္းသာ ၿဖစ္ပါတယ္။ တုိက္ပြဲႏွင့္ အတူ အင္း၀ ဟံသာ၀တီ ႏွစ္ဖက္လုံးတြင္ လက္ရုံးရည္ ႏွလုံးရည္ ၿပည့္စုံေသာ သူရဲေကာင္း အမတ္မ်ား ထြက္ေပၚလာခဲ့ပါတယ္။

အင္း၀ဘက္မွ မင္းႀကီးစြာ၊ ဘုရင္မင္းေခါင္ ၊ မင္းရဲေက်ာ္စြာ ၊ လက်ာ္ပ်ံခ်ီ ၊ ဖုိးရာဇာ ၊ မုိးညွင္းသတုိး ႏွင့္ အၿခားသူရဲေကာင္းမ်ားစြာ ေပၚထြက္လာခဲ့သလုိ ဟံသာ၀တီဘက္မွာလည္း ရာဇာဓိရာဇ္ ၊ ဗိုလ္မင္းၿဗတ္ဇၨ ၊ အမတ္ဒိန္ ၊ လဂြန္းအိန္ ၊ သမိန္ဗရမ္း ၊ သမိန္အ၀နံႏုိင္ ႏွင့္ အၿခားသူရဲေကာင္းမ်ားစြာေပၚထြက္ခဲ့ပါတယ္။ မင္းရဲေက်ာ္စြာ က်ဆုံးၿပီး ဘုရင္မင္းေခါင္ေဒါသ အေလွ်ာက္လက္စားေခ်ရန္ တစ္ႀကိမ္လာေရာက္တုိက္ခုိက္ၿပီး အင္း၀ ႏွင့္ ဟံသာ၀တီတုိ႔ စစ္အႀကီးအက်ယ္တုိက္ခုိက္ႀကၿခင္း မရွိေတာ့ေပ။ ရာဇာဓိရာဇ္ ႏွင့္ ဘုရင္မင္းေခါင္တုိ႔ အသီးသီးနတ္ရြာစံႀကၿပီးေနာက္ ဟံသာ၀တီထီးနန္းဆက္ခံေရး ရႈပ္ေထြးေနခ်ိန္တြင္ သီဟသူက ဟံသာ၀တီသုိ႔ စစ္ခ်ီလာခဲ့ေသးေသာ္လည္း ဟံသာ၀တီမင္းဗညားရမ္းက ရွင္ေစာပုကုိ သီဟသူထံ ဆက္သလုိက္ၿပီးေနာက္ ၿမန္မာတပ္တုိ႔ၿပန္ဆုတ္သြားကာ အႏွစ္ ၄၀ စစ္ႀကီးလည္း ၿပီးဆုံးသြားခဲ့ပါတယ္။

စစ္ႀကီးၿပီးဆုံးသြားခဲ့ေသာ္လည္း ထုိ အႏွစ္ ၄၀ စစ္ႀကီး၏ စစ္ပန္းမႈေႀကာင့္ အင္း၀ ႏွင့္ ဟံသာ၀တီ တုိ႔သည္ ႏုိင္ငံေရး၊ စီးပြားေရး ႏွင့္ ယဥ္ေက်းမႈမ်ား တုိးတက္သင့္သေလာက္မတုိးတက္ပဲ ၿဖစ္ခဲ့ရပါတယ္။ စစ္ႀကီး၏ အက်ဳိးဆက္ေႀကာင့္ ႏွစ္ႏုိင္ငံလုံး စစ္ပန္းၿပီး ႀသဇာေမွးမွိန္ခ်ိန္တြင္ သုရွင္တရာရြတ္ပိ၏ ဟံသာ၀တီကို ေတာင္ငူဘုရင္ တပင္ေရႊထီး၏ သိမ္းယူၿခင္းခံခဲ့ရသလုိ အင္း၀သည္လည္း အင္အားႀကီးလာသည့္ ရွမ္းေစာ္ဘြားမ်ား၏ ထုိးစစ္ကုိမခံႏုိင္ေတာ့ပဲ မုိးညွင္းစလုံ ၏ သိမ္းယူၿခင္းကို ခံခဲ့ရပါေတာ့တယ္။


အနှစ် ၄၀ စစ်ပွဲ ဆိုသည်မှာ (unicode)

ရာဇဓိရာဇ်လို့ ဆိုလိုက်ရင် အင်းဝဘုရင်မင်းခေါင်နဲ့ နှစ်ပေါင်းများစွာ စစ်ပွဲတွေဆင်နွဲခဲ့သူအဖြစ်သိကြမှာပါ။ အင်းဝ နဲ့ ဟံသာဝတီ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တဲ့စစ်ပွဲကို အနှစ် ၄၀ စစ်ပွဲလို့ အားလုံးသိပြီးဖြစ်မှာပါ။ အနှစ် ၄၀ လို့ခေါ်ပေမယ့် တကယ်တမ်းက ၃၆ နှစ်ပါ။ အများဆုံးတိုက်ခဲ့ကြတာတော့ အင်းဝဘုရင်မင်းခေါင် နဲ့ ဟံသာဝတီဘုရင်ရာဇာဓိရာဇ်တို့ဖြစ်ပေမယ့် ဒီစစ်ပွဲရဲ့အစကတော့ ဘုရင်မင်းခေါင်ရဲ့ ခမည်းတော် မင်းကြီးစွာစော်ကဲ လက်ထက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ အေဒီ ၁၃၈၄ ခုနှစ်မှာ ဟံသာဝတီပြည့်ရှင်ဗညားဦးမင်း နတ်ရွာစံတဲ့အခါ သားတော် အပသုံပိုင်စက် ခေါ် ဗညားနွဲ့က ရာဇာဓိရာဇ်ဘွဲ့ခံကာ နန်းတက်ခဲ့ပါတယ်။ ထိုအခါ ဦးရီးတော်မြောင်းမြစားလောက်ဖျားက မကျေနပ်တာကြောင့် အင်းဝဘုရင် မင်းကြီးစွာထံ စစ်ကူလွှတ်ကာ “ကျွန်တော်မျိုးဘက်မှ ဟံသာဝတီကို ကူတိုက်ပေးပါ။ နိုင်လျှင်အရှင်မင်းကြီး အနှစ်ကို ယူ၍ ကျွန်တော်မျိုးအား အကာကိုပေးပါ” ဟူ၍ လျှောက်ခဲ့ပါတယ်။ တိုင်းပြည်တစ်ပြည်ရမည့်အရေးဖြစ်တာကြောင့် မင်းကြီးစွာလဲ နည်းနည်းမှမစဉ်းစားပဲ ဟံသာဝတီကို တိုက်ရာ နှစ် ၄၀ စစ်ပွဲ စတင်ပါတော့တယ်။

နှစ်ပေါင်း ၄၀ လုံးလုံးတိုက်ခဲ့သော်လည်း လူမျိုးရေး စီးပွားရေးတို့ကြောင့် အမုန်းပွားကာ အငြိုးထားတိုက်ခဲ့ခြင်း မဟုတ်ပဲ ပဒေသရာဇ်အချင်းချင်း ဘုန်းတန်ခိုး ပြိုင်သည့်အနေနှင့်သာ တိုက်ခဲ့သောစစ်ပွဲဖြစ်ပါတယ်။ တစ်ဖက်နှင့်တစ်ဖက် ပြတ်ပြတ်သတ်သတ်အနိုင်မရခဲ့တဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ပြေငြိမ်းကာ သင့်မြတ်သွားသောအခိုက်အတန့်များလည်း ရှိခဲ့ပါတယ်။ သို့သော် တစ်ဖက်ဖက်ကဖောက်၍ သစ္စာပျက်ကာ ပြန်တိုက်ရသည်ချည်းသာ။ ဘုရင်မင်းခေါင် နှင့် ရာဇာဓိရာဇ်လက်ထက်တွင် တက်ဖက်ဖက်မှ အပြတ်အသတ်အနိုင်ရသည် မရှိ။ သူတပြန်ကိုယ်တပြန် ရှုံးလိုက် နိုင်လိုက်ချည်းသာ ဖြစ်ပါတယ်။ တိုက်ပွဲနှင့် အတူ အင်းဝ ဟံသာဝတီ နှစ်ဖက်လုံးတွင် လက်ရုံးရည် နှလုံးရည် ပြည့်စုံသော သူရဲကောင်း အမတ်များ ထွက်ပေါ်လာခဲ့ပါတယ်။

အင်းဝဘက်မှ မင်းကြီးစွာ၊ ဘုရင်မင်းခေါင် ၊ မင်းရဲကျော်စွာ ၊ လကျာ်ပျံချီ ၊ ဖိုးရာဇာ ၊ မိုးညှင်းသတိုး နှင့် အခြားသူရဲကောင်းများစွာ ပေါ်ထွက်လာခဲ့သလို ဟံသာဝတီဘက်မှာလည်း ရာဇာဓိရာဇ် ၊ ဗိုလ်မင်းဗြတ်ဇ္ဇ ၊ အမတ်ဒိန် ၊ လဂွန်းအိန် ၊ သမိန်ဗရမ်း ၊ သမိန်အဝနံနိုင် နှင့် အခြားသူရဲကောင်းများစွာပေါ်ထွက်ခဲ့ပါတယ်။ မင်းရဲကျော်စွာ ကျဆုံးပြီး ဘုရင်မင်းခေါင်ဒေါသ အလျှောက်လက်စားချေရန် တစ်ကြိမ်လာရောက်တိုက်ခိုက်ပြီး အင်းဝ နှင့် ဟံသာဝတီတို့ စစ်အကြီးအကျယ်တိုက်ခိုက်ကြခြင်း မရှိတော့ပေ။ ရာဇာဓိရာဇ် နှင့် ဘုရင်မင်းခေါင်တို့ အသီးသီးနတ်ရွာစံကြပြီးနောက် ဟံသာဝတီထီးနန်းဆက်ခံရေး ရှုပ်ထွေးနေချိန်တွင် သီဟသူက ဟံသာဝတီသို့ စစ်ချီလာခဲ့သေးသော်လည်း ဟံသာဝတီမင်းဗညားရမ်းက ရှင်စောပုကို သီဟသူထံ ဆက်သလိုက်ပြီးနောက် မြန်မာတပ်တို့ပြန်ဆုတ်သွားကာ အနှစ် ၄၀ စစ်ကြီးလည်း ပြီးဆုံးသွားခဲ့ပါတယ်။

စစ်ကြီးပြီးဆုံးသွားခဲ့သော်လည်း ထို အနှစ် ၄၀ စစ်ကြီး၏ စစ်ပန်းမှုကြောင့် အင်းဝ နှင့် ဟံသာဝတီ တို့သည် နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှုများ တိုးတက်သင့်သလောက်မတိုးတက်ပဲ ဖြစ်ခဲ့ရပါတယ်။ စစ်ကြီး၏ အကျိုးဆက်ကြောင့် နှစ်နိုင်ငံလုံး စစ်ပန်းပြီး သြဇာမှေးမှိန်ချိန်တွင် သုရှင်တရာရွတ်ပိ၏ ဟံသာဝတီကို တောင်ငူဘုရင် တပင်ရွှေထီး၏ သိမ်းယူခြင်းခံခဲ့ရသလို အင်းဝသည်လည်း အင်အားကြီးလာသည့် ရှမ်းစော်ဘွားများ၏ ထိုးစစ်ကိုမခံနိုင်တော့ပဲ မိုးညှင်းစလုံ ၏ သိမ်းယူခြင်းကို ခံခဲ့ရပါတော့တယ်။

Leave a Reply