ျမန္မာ့သမိုင္းထဲက ဖိနပ္တိုက္ပြဲ

Posted on

ဖိနပ္တိုက္ပြဲ ဟု ဆိုေသာေျကာင့္ ဖိနပ္ေတြကို တိုက္သည့္ပြဲမဟုတ္သလို အျပန္အလွန္ထိုးသတ္ရေသာ တိုက္ပြဲလည္း မဟုတ္ေျကာင္းပါ။ ဘုရားေက်ာင္းကန္မ်ားတြင္ ဖိနပ္စီးျကေသာ ဥေရာပလူမ်ိုးမ်ားကို ျမန္မာလူမ်ိုးမ်ား အျပင္းအထန္ ဆန့္က်င္ကန့္ကြက္ခဲ့ျကေသာ ျပႆနာျကီးတစ္ရပ္သာ ျဖစ္သည္။

ကိုလိုနီေခတ္အတြင္းက အဂၤလိပ္လူမ်ိုးအပါအဝင္ အေနာက္ဥေရာပသားမ်ားသည္ ဗုဒၶဘာသာတို့ အထြတ္အျမတ္ထားရာ ေက်ာင္းကန္ ဘုရားမ်ားတြင္ ဖိနပ္စီးကာ ဝင္ထြက္သြားလာလွ်က္ရွိသည္။ ထိုအျပုအမႈကို သက္ဆိုင္ရာေဂါပကမ်ားက မကန့္ကြက္ရဲျက။ မျကိုက္လွေသာ္လည္း ေျကာက္ရြံ့သျဖင့္ ျငိမ္ခံေနသလိုျဖစ္ခဲ့သည္။

အဂၤလန္မွ ဝတ္လံုေတာ္ဘြဲ့ရကာ ျပန္လာေသာ ဦးသိမ္းေမာင္သည္ ျပည္ျမို့ေရွြဆံေတာ္ဘုရားကို သြားရာမွ ဘုရားအဝင္အဝတြင္ ေရးထားေသာ “ျဗိတိသွ်လူမ်ိုးမ်ားနွင့္ ဥေရာပတိုက္သားမ်ားမွအပ မည္သူမွ်ဖိနပ္မစီးရ”ဟူေသာ စာတန္းကို ျမင္ကာအေတာ္ခံျပင္းသြားသည္။ အဂၤလိပ္နွင့္ နိုင္ငံျခားသားမ်ားကို တရားဝင္ဖိနပ္စီးခြင့္ ျပုထားသကဲ့သို့ ျဖစ္ေနသည္။ ဦးသိမ္းေမာင္သည္ ေဂါပကအဖြဲ့အား အက်ိုးအေျကာင္းရွင္းျပရာ လက္ခံျပီး “မည္သူမွ် ဖိနပ္မစီးရ” ဟူေသာ စာတန္းကို ေျပာင္းလဲခ်ိတ္ဆြဲခဲ့သည္။ မျကာမီ အႏၵိယဘုရင္ခံခ်ုပ္ျမန္မာျပည္ကိုလာမည္ျဖစ္ျပီး ဘုရားမ်ားကိုလည္း ေရာက္ရွိမည္ျဖစ္သည္။ ျပည္ျမို့အေရးပိုင္က “မည္သူမွ် ဖိနပ္မစီးရ” ဟူေသာ စာတန္းကို ျဖုတ္ခိုင္းသည္။ ေဂါပကအဖြဲ့က ဦးသိမ္းေမာင္ အားေပးမႈျဖင့္ ျဖုတ္မေပးေပ။ ဤတြင္ ဖိနပ္ျပႆနာျကီးေပၚေပါက္လာေတာ့သည္။

ကံအားေလွ်ာ္စြာ အိႏၵိယဘုရင္ခံခ်ုပ္ လာမည့္အစီအစဉ္ပ်က္သြားေသာ္လည္း ဖိနပ္ျပႆနာမွာ ျပီးမသြားပါ။ ဦးသိမ္းေမာင္က တစ္နိုင္ငံလံုးရွိ ဘုရားေက်ာင္းကန္ ေစတီမ်ားတြင္ ဖိနပ္လံုးဝ မစီးေရး တိုက္တြန္းလံႈေဆာ္သည္။ သာသနာပိုင္ ဆရာေတာ္ျကီးမ်ားထံ ေလွ်ာက္ထားေသာ္လည္း ဤကိစၥနွင့္ပတ္သတ္၍ အခ်ိန္မက်ေသး ဟု အမိန့္ရွိသည္။ သို့ေသာ္ ဦးသိမ္းေမာင္က မေလွ်ာ့ ၊ ၁၉၁၇ ပ်ဉ္းမနားတြင္ျပုလုပ္ေသာ ဝိုင္အမ္ဘီေအ ျပည္လံုးကြ်တ္ညီလာခံတြင္ ဖိနပ္ျပႆနာကို တင္ျပခဲ့သည္။ ညီလာခံက ဦးသိမ္းေမာင္အဆိုကို ေထာက္ခံကာ ေက်ာင္းကန္မ်ားတြင္ နိုင္ငံျခားသားမ်ား လံုးဝ ဖိနပ္မစီးရဟု ဆံုးျဖတ္လိုက္ျကသည္။

ဤသို့ ျဖင့္တတိုင္းျပည္လံုး ထိုျပႆနာကို ကန့္ကြက္ျကသည္။ စာေရးဆရာ သတင္းစာဆရာမ်ားကလည္း ကန့္ကြက္သည္။ အထင္ရွားဆံုးမွာ ဦးဘကေလး၏ သူရိယသတင္းစာပါ ကာတြန္းျဖစ္သည္။ ထိုကာတြန္းမွာ အဂၤလိပ္ဇနီးေမာင္နွံအား ေရွြတိဂံုကုန္းေတာ္ေပၚကို ဘုရားလူျကီးနွစ္ဦးက ထမ္းတင္ေနပံုနွင့္ ထိုသို့ထမ္းတင္ေပးေသာေျကာင့္ ဖိနပ္မခြ်တ္ပဲ ဘုရားေပၚသို့ ေရာက္ရ၍ ေက်းဇူးတင္ေျကာင္း ေျပာဟန္ပါသည့္ ကာတြန္းျဖစ္သည္။ ေဂါပက အဖြဲ့က ယင္းကာတြန္းကို မေက်နပ္၍ ရန္ကုန္ပုလိပ္မင္းျကီးထံ တိုင္ျကားရာ သူရိယတိုက္ပိုင္ရွင္ ဦးဘေဘ နွင့္ အုပ္ခ်ုပ္သူ ဦးလွေဖတို့ကို ေခၚ၍ ဆူပူျကိမ္းေမာင္းသည္။ ထိုသတင္းကို ျပည္သူလူထုက မေက်နပ္ျက။ ဝိုင္အမ္ဘီေအက ျကီးမႉး၍ ဂ်ူဗလီေဟာတြင္ ထိုဖိနပ္မစီးေရး ျပႆနာကို အျပင္းအထန္ကန့္ကြက္ေလေတာ့သည္။ ဖိနပ္ျပႆနာေျကာင့္ တတိုင္းျပည္လံုးစည္းလံုးခဲ့ရသည္။

ဖိနပ္ျပႆနာသည္ နိုင္ငံေရး နွင့္ အမ်ိုးသားေရးျပႆနာျဖလာေသာအခါ အဂၤလိပ္အစိုးရအေနျဖင့္ အေျဖရွာလာရေတာ့သည္။ ပထမတြင္ အဂၤလိပ္လူမ်ိုးမ်ားအား ဘုရားေက်ာင္းကန္မ်ားသို့ မသြားျကရန္ ညွြန္ျကားခဲ့ေသာ္လည္း လံုးဝတား၍မရသျဖင့္ ၁၉၁၉ခုနွစ္တြင္ ဘုရားေစတီပုထိုးမ်ားတြင္ “နိုင္ငံျခားသားမ်ား ဖိနပ္မစီးရ” ဟူေသာအမိန့္ကို တရားဝင္ ထုတ္ျပန္ေပးခဲ့သည္။ ဖိနပ္ျပႆနာျပီးဆံုးသြားျပီးေနာက္ ဦးေဆာင္တိုက္ပြဲဝင္ခဲ့ေသာ ဦးသိမ္းေမာင္သည္လည္း “ဖိနပ္သိမ္းေမာင္” ဟု နာမည္ေက်ာ္သြားေလေတာ့သည္။

Ref;
ကိုလိုနီေခတ္ ျမန္မာ့သမိုင္း အဘိဓာန္ – ျမဟန္
ျမန္မာ့စြယ္စံုက်မ္း


မြန်မာ့သမိုင်းထဲက ဖိနပ်တိုက်ပွဲ

ဖိနပ်တိုက်ပွဲ ဟု ဆိုသောကြောင့် ဖိနပ်တွေကို တိုက်သည့်ပွဲမဟုတ်သလို အပြန်အလှန်ထိုးသတ်ရသော တိုက်ပွဲလည်း မဟုတ်ကြောင်းပါ။ ဘုရားကျောင်းကန်များတွင် ဖိနပ်စီးကြသော ဥရောပလူမျိုးများကို မြန်မာလူမျိုးများ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသော ပြဿနာကြီးတစ်ရပ်သာ ဖြစ်သည်။

ကိုလိုနီခေတ်အတွင်းက အင်္ဂလိပ်လူမျိုးအပါအဝင် အနောက်ဥရောပသားများသည် ဗုဒ္ဓဘာသာတို့ အထွတ်အမြတ်ထားရာ ကျောင်းကန် ဘုရားများတွင် ဖိနပ်စီးကာ ဝင်ထွက်သွားလာလျှက်ရှိသည်။ ထိုအပြုအမှုကို သက်ဆိုင်ရာဂေါပကများက မကန့်ကွက်ရဲကြ။ မကြိုက်လှသော်လည်း ကြောက်ရွံ့သဖြင့် ငြိမ်ခံနေသလိုဖြစ်ခဲ့သည်။

အင်္ဂလန်မှ ဝတ်လုံတော်ဘွဲ့ရကာ ပြန်လာသော ဦးသိမ်းမောင်သည် ပြည်မြို့ရွှေဆံတော်ဘုရားကို သွားရာမှ ဘုရားအဝင်အဝတွင် ရေးထားသော “ဗြိတိသျှလူမျိုးများနှင့် ဥရောပတိုက်သားများမှအပ မည်သူမျှဖိနပ်မစီးရ”ဟူသော စာတန်းကို မြင်ကာအတော်ခံပြင်းသွားသည်။ အင်္ဂလိပ်နှင့် နိုင်ငံခြားသားများကို တရားဝင်ဖိနပ်စီးခွင့် ပြုထားသကဲ့သို့ ဖြစ်နေသည်။ ဦးသိမ်းမောင်သည် ဂေါပကအဖွဲ့အား အကျိုးအကြောင်းရှင်းပြရာ လက်ခံပြီး “မည်သူမျှ ဖိနပ်မစီးရ” ဟူသော စာတန်းကို ပြောင်းလဲချိတ်ဆွဲခဲ့သည်။ မကြာမီ အန္ဒိယဘုရင်ခံချုပ်မြန်မာပြည်ကိုလာမည်ဖြစ်ပြီး ဘုရားများကိုလည်း ရောက်ရှိမည်ဖြစ်သည်။ ပြည်မြို့အရေးပိုင်က “မည်သူမျှ ဖိနပ်မစီးရ” ဟူသော စာတန်းကို ဖြုတ်ခိုင်းသည်။ ဂေါပကအဖွဲ့က ဦးသိမ်းမောင် အားပေးမှုဖြင့် ဖြုတ်မပေးပေ။ ဤတွင် ဖိနပ်ပြဿနာကြီးပေါ်ပေါက်လာတော့သည်။

ကံအားလျှော်စွာ အိန္ဒိယဘုရင်ခံချုပ် လာမည့်အစီအစဉ်ပျက်သွားသော်လည်း ဖိနပ်ပြဿနာမှာ ပြီးမသွားပါ။ ဦးသိမ်းမောင်က တစ်နိုင်ငံလုံးရှိ ဘုရားကျောင်းကန် စေတီများတွင် ဖိနပ်လုံးဝ မစီးရေး တိုက်တွန်းလှုံဆော်သည်။ သာသနာပိုင် ဆရာတော်ကြီးများထံ လျှောက်ထားသော်လည်း ဤကိစ္စနှင့်ပတ်သတ်၍ အချိန်မကျသေး ဟု အမိန့်ရှိသည်။ သို့သော် ဦးသိမ်းမောင်က မလျှော့ ၊ ၁၉၁၇ ပျဉ်းမနားတွင်ပြုလုပ်သော ဝိုင်အမ်ဘီအေ ပြည်လုံးကျွတ်ညီလာခံတွင် ဖိနပ်ပြဿနာကို တင်ပြခဲ့သည်။ ညီလာခံက ဦးသိမ်းမောင်အဆိုကို ထောက်ခံကာ ကျောင်းကန်များတွင် နိုင်ငံခြားသားများ လုံးဝ ဖိနပ်မစီးရဟု ဆုံးဖြတ်လိုက်ကြသည်။

ဤသို့ ဖြင့်တတိုင်းပြည်လုံး ထိုပြဿနာကို ကန့်ကွက်ကြသည်။ စာရေးဆရာ သတင်းစာဆရာများကလည်း ကန့်ကွက်သည်။ အထင်ရှားဆုံးမှာ ဦးဘကလေး၏ သူရိယသတင်းစာပါ ကာတွန်းဖြစ်သည်။ ထိုကာတွန်းမှာ အင်္ဂလိပ်ဇနီးမောင်နှံအား ရွှေတိဂုံကုန်းတော်ပေါ်ကို ဘုရားလူကြီးနှစ်ဦးက ထမ်းတင်နေပုံနှင့် ထိုသို့ထမ်းတင်ပေးသောကြောင့် ဖိနပ်မချွတ်ပဲ ဘုရားပေါ်သို့ ရောက်ရ၍ ကျေးဇူးတင်ကြောင်း ပြောဟန်ပါသည့် ကာတွန်းဖြစ်သည်။ ဂေါပက အဖွဲ့က ယင်းကာတွန်းကို မကျေနပ်၍ ရန်ကုန်ပုလိပ်မင်းကြီးထံ တိုင်ကြားရာ သူရိယတိုက်ပိုင်ရှင် ဦးဘဘေ နှင့် အုပ်ချုပ်သူ ဦးလှဖေတို့ကို ခေါ်၍ ဆူပူကြိမ်းမောင်းသည်။ ထိုသတင်းကို ပြည်သူလူထုက မကျေနပ်ကြ။ ဝိုင်အမ်ဘီအေက ကြီးမှူး၍ ဂျူဗလီဟောတွင် ထိုဖိနပ်မစီးရေး ပြဿနာကို အပြင်းအထန်ကန့်ကွက်လေတော့သည်။ ဖိနပ်ပြဿနာကြောင့် တတိုင်းပြည်လုံးစည်းလုံးခဲ့ရသည်။

ဖိနပ်ပြဿနာသည် နိုင်ငံရေး နှင့် အမျိုးသားရေးပြဿနာဖြလာသောအခါ အင်္ဂလိပ်အစိုးရအနေဖြင့် အဖြေရှာလာရတော့သည်။ ပထမတွင် အင်္ဂလိပ်လူမျိုးများအား ဘုရားကျောင်းကန်များသို့ မသွားကြရန် ညွှန်ကြားခဲ့သော်လည်း လုံးဝတား၍မရသဖြင့် ၁၉၁၉ခုနှစ်တွင် ဘုရားစေတီပုထိုးများတွင် “နိုင်ငံခြားသားများ ဖိနပ်မစီးရ” ဟူသောအမိန့်ကို တရားဝင် ထုတ်ပြန်ပေးခဲ့သည်။ ဖိနပ်ပြဿနာပြီးဆုံးသွားပြီးနောက် ဦးဆောင်တိုက်ပွဲဝင်ခဲ့သော ဦးသိမ်းမောင်သည်လည်း “ဖိနပ်သိမ်းမောင်” ဟု နာမည်ကျော်သွားလေတော့သည်။

Ref;
ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန် – မြဟန်
မြန်မာ့စွယ်စုံကျမ်း

Leave a Reply