ဂ်ပန္ကုိႀကဲဖုိ႔ ႏ်ဴကလီးယားဗုံးသယ္ေဆာင္ခဲ့တဲ့ ၇၂ႏွစ္အၾကာ ဒုတိယကမာၻစစ္က သေဘၤာကိုျပန္ေတြ႔

Posted on

ဒီသေဘၤာရဲ႕နာမည္ကေတာ့ USS Indianapolis ျဖစ္ၿပီး အေမရိကန္စစ္သေဘၤာတစ္စီးျဖစ္ပါတယ္။ ဒုတိယကမာၻစစ္ၿပီးဆုံးခါနီး ၁၉၄၅ခုႏွစ္ ဇူလုိင္လ ၃၀ရက္ေန႔မွာ Atom ဗံုးကုိ သယ္ေဆာင္လာစဥ္ ဂ်ပန္ေရငုပ္သေဘၤာရဲ႕တုိက္ခုိက္ျခင္းကုိ ခံခဲ့ရၿပီးနစ္ျမဳပ္သြားခဲ့တာပါ။ တုိက္ခုိက္ခံခဲ့ရတဲ့ေနရာကေတာ့ ဖိလစ္ပုိင္ပင္လယ္ျပင္ထဲက ဂူအမ္ကြ်န္းနဲ႔ ေလေတကြ်န္းၾကား မွာျဖစ္ပါတယ္။

နစ္ျမဳပ္သြားခဲ့တာ ႏွစ္ေပါင္း ၇၂ႏွစ္ရွိၿပီျဖစ္တဲ့ သေဘၤာႀကီးကို အခုျပန္ေတြ႔ပါၿပီ။ မုိက္ခရုိေဆာ့ဖ္တြဲဖက္တည္ေထာင္သူ ေပါအလန္ရဲ႕ဦးေဆာင္မႈ နဲ႔ အဖြဲ႔အစည္းတစ္ခုက ရွာေတြ႔ခဲ့တာပဲျဖစ္ပါတယ္။ တုိက္ခုိက္ခံရစဥ္မွာ သတင္းေပးပုိ႔ျခင္းမရွိခဲ့တာေၾကာင့္ သေဘၤာနစ္ျမဳပ္တဲ့ေနရာကို အတိအက်မခန္႔မွန္းႏုိင္ေတာ့ပဲ ေရတပ္သမုိင္းပညာရွင္ တစ္ဦးရဲ႕ သုေတသနျပဳခ်က္ကို အားကုိးၿပီးရွာခဲ့ၾကတာပါ။ ဒီသေဘၤာႀကီးကုိ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၈ရက္ေန႔က ပင္လယ္ေရေအာက္ၾကမ္းျပင္ အနက္ေပ ၁၈၀၀၀ ခန္႔မွာ ေတြ႔ရွိခဲ့တာပဲျဖစ္ပါတယ္။

USS Indianapolis သေဘၤာဟာ ဂ်ပန္ႏုိင္ငံ ဟီရိုရွီးမားကို ႏ်ဴကလီးယားဗံုးၾကဲဖို႕ လိုအပ္တဲ့ အေရးၾကီး အစိတ္အပိုင္းေတြ အားလံုးကို လွ်ိဳ႕၀ွက္ အစီအစဥ္နဲ႔ သယ္ခဲ့စဥ္ ဂ်ပန္ေရငုပ္သေဘၤာရဲ႕တုိက္ခုိက္ျခင္းခံခဲ့ရပါတယ္။ အဲဒီတုန္းက တပ္ဖြဲ႔၀င္ ၁၁၉၆ဦး မွာ ၃၁၆ဦးကို ပဲ ကယ္ဆယ္ႏုိင္ခဲ့ပါတယ္။ သေဘၤာတုိက္ခုိက္ခံရစဥ္မွာ ၉၀၀ဦးခန္႔ခုန္ဆင္း လြတ္ေျမာက္ခဲ့ေပမယ့္ သတင္းေပးပုိ႔ျခင္းမရွိခဲ့တဲ့အျပင္ အဲဒီေနရာဟာ ငါးမန္းေတြေပါမ်ားလြန္းတဲ့အတြက္ ၃၁၆ဦးကုိပဲ ကယ္ဆယ္ႏုိင္ခဲ့တာျဖစ္ပါတယ္။ လြတ္ေျမာက္ခဲ့သူတစ္ဦးရဲ႕ေျပာၾကားခ်က္အရ ဒီ အရွည္ ေပ ၆၀၀ ရွိတဲ့သေဘၤာႀကီးဟာ ၁၂မိနစ္အတြင္းမွာ နစ္ျမဳပ္ခဲ့တယ္ လုိ႔ သိရပါတယ္။

နာဂါစကီကုိ ဗုံးႀကဲအၿပီးမွာ ဂ်ပန္တုိ႔လက္နက္ခ်ကာ ဒုတိယကမာၻစစ္လည္း အဆုံးသတ္ခဲ့ပါတယ္။ အခုလုိ ျပန္လည္ေတြ႔ရွိခဲ့တဲ့ USS Indianapolis ဟာ အေမရိကန္ရဲ႕ သမုိင္း၀င္ စစ္သေဘၤာတစ္စီးလည္းျဖစ္ခဲ့ပါတယ္။


ဂျပန်ကိုကြဲဖို့ နျူကလီးယားဗုံးသယ်ဆောင်ခဲ့တဲ့ ၇၂နှစ်အကြာက ဒုတိယကမ္ဘာစစ်က သင်္ဘောကိုပြန်တွေ့

ဒီသင်္ဘောရဲ့နာမည်ကတော့ USS Indianapolis ဖြစ်ပြီး အမေရိကန်စစ်သင်္ဘောတစ်စီးဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီး ၁၉၄၅ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့မှာ Atom ဗုံးကို သယ်ဆောင်လာစဉ် ဂျပန်ရေငုပ်သင်္ဘောရဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနစ်မြုပ်သွားခဲ့တာပါ။ တိုက်ခိုက်ခံခဲ့ရတဲ့နေရာကတော့ ဖိလစ်ပိုင်ပင်လယ်ပြင်ထဲက ဂူအမ်ကျွန်းနဲ့ လေတေကျွန်းကြား မှာဖြစ်ပါတယ်။

နစ်မြုပ်သွားခဲ့တာ နှစ်ပေါင်း ၇၂နှစ်ရှိပြီဖြစ်တဲ့ သင်္ဘောကြီးကို အခုပြန်တွေ့ပါပြီ။ မိုက်ခရိုဆော့ဖ်တွဲဖက်တည်ထောင်သူ ပေါအလန်ရဲ့ဦးဆောင်မှု နဲ့ အဖွဲ့အစည်းတစ်ခုက ရှာတွေ့ခဲ့တာပဲဖြစ်ပါတယ်။ တိုက်ခိုက်ခံရစဉ်မှာ သတင်းပေးပို့ခြင်းမရှိခဲ့တာကြောင့် သင်္ဘောနစ်မြုပ်တဲ့နေရာကို အတိအကျမခန့်မှန်းနိုင်တော့ပဲ ရေတပ်သမိုင်းပညာရှင် တစ်ဦးရဲ့ သုတေသနပြုချက်ကို အားကိုးပြီးရှာခဲ့ကြတာပါ။ ဒီသင်္ဘောကြီးကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ရက်နေ့က ပင်လယ်ရေအောက်ကြမ်းပြင် အနက်ပေ ၁၈၀ဝဝ ခန့်မှာ တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

USS Indianapolis သင်္ဘောဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားကို နျူကလီးယားဗုံးကြဲဖို့ လိုအပ်တဲ့ အရေးကြီး အစိတ်အပိုင်းတွေ အားလုံးကို လျှို့ဝှက် အစီအစဉ်နဲ့ သယ်ခဲ့စဉ် ဂျပန်ရေငုပ်သင်္ဘောရဲ့တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ အဲဒီတုန်းက တပ်ဖွဲ့ဝင် ၁၁၉၆ဦး မှာ ၃၁၆ဦးကို ပဲ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ သင်္ဘောတိုက်ခိုက်ခံရစဉ်မှာ ၉၀ဝဦးခန့်ခုန်ဆင်း လွတ်မြောက်ခဲ့ပေမယ့် အဲဒီနေရာဟာ ငါးမန်းတွေပေါများလွန်းတဲ့အတွက် ၃၁၆ဦးကိုပဲ ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။ လွတ်မြောက်ခဲ့သူတစ်ဦးရဲ့ပြောကြားချက်အရ ဒီ အရှည် ပေ ၆၀ဝ ရှိတဲ့သင်္ဘောကြီးဟာ ၁၂မိနစ်အတွင်းမှာ နစ်မြုပ်ခဲ့တယ် လို့ သိရပါတယ်။

နာဂါစကီကို ဗုံးကြဲအပြီးမှာ ဂျပန်တို့လက်နက်ချကာ ဒုတိယကမ္ဘာစစ်လည်း အဆုံးသတ်ခဲ့ပါတယ်။ အခုလို ပြန်လည်တွေ့ရှိခဲ့တဲ့ USS Indianapolis ဟာ အမေရိကန်ရဲ့ သမိုင်းဝင် စစ်သင်္ဘောတစ်စီးလည်းဖြစ်ခဲ့ပါတယ်။

Leave a Reply