ကုိယ္ထူးကုိယ္ခြ်န္ ခႏၶာကိုယ္ တစ္ပိုင္းျပတ္ လူသား

Posted on

Wirtten By ဦးဦးေမွာ္ဆရာ

၁၉၁၁ ခုႏွစ္ ၾသဂုတ္လ ၂၇ ရက္ေန႔မွာ အမ္မီလီယာ နဲ႔ ဂၽြန္ အက္ဟတ္ တို႔ ဇနီးေမာင္ႏွံဟာ ဂၽြန္ဂ်ဴနီယာ နဲ႔ ေရာဘတ္ လို႔ေခၚတဲ့ သားအမႊာႏွစ္ဦး ေမြးဖြားခဲ့ပါတယ္။ ဂၽြန္ဂ်ဴနီ(Johnny Eck) မွာသာ ခါးေအာက္ပိုင္းအစိတ္အပိုင္းေတြ ပါ၀င္ခဲ့မယ္ဆိုရင္ ဒီအမႊာညီအစ္ကိုႏွစ္ေယာက္ဟာ အေတာ္ေလးဆင္တူမွာ ျဖစ္ပါတယ္။ ခုေတာ့ ေရာဘတ္ မွာ ျပီးျပည့္စံုတဲ့ ကိုယ္ခႏၶာရွိခဲ့ေပမဲ့ ဂၽြန္ဂ်ဴနီယာကေတာ့ ကိုယ္တစ္ပိုင္းျပတ္ ကေလးငယ္ေလးအျဖစ္နဲ႔သာ ေမြးဖြားခဲ့ရပါတယ္ ။ဒီညီအစ္ကိုႏွစ္ေယာက္ဟာ ဘဲတီမိုးမွာၾကီးျပင္းခဲ့ၾကပါတယ္ ။

ဂၽြန္ ဟာ သူ႔ရဲ႕အားနည္းခ်က္ေတြကို မယံုၾကည္ႏိုင္စရာ ေကာင္းေလာက္ေအာင္အံတုႏိုင္ခဲ့ပါတယ္။ အသက္တစ္ႏွစ္သားေလာက္မွာ သူ႔အစ္ကိုေရာဘတ္က မတ္တပ္ရပ္ဖို႔ အႏိုင္ႏိုင္ျဖစ္ေနတဲ့အခ်ိန္ ဂၽြန္ က သူ႔လက္ေတြကို အသံုးခ်ျပီး လမ္းေလ်ာက္ေနပါျပီ ။

ဂၽြန္ ကပိုျပီး လွ်င္ျမန္စြာ ဖြ႔ံျဖိဳးလာျပီး သူ႔ရဲ့ လၽွ်င္ျမန္ျဖတ္လတ္မႈ နဲ႔ အမွီအခိုကင္းမႈေတြဟာသူ႔မိသားစုနဲ႔ သူငယ္ခ်င္းမ်ားကို အလြန္အံ႔အားသင့္ေစပါတယ္ ။ ၁၉၂၃ ခုႏွစ္ ရဲ့ တစ္ရက္မွာ သူတို႔ၿမိဳ႕က ဘုရားေက်ာင္းမွာ မ်က္လွည့္ပြဲတစ္ခုလုပ္ခဲ့တယ္ ။ အဲဒီမွာ မ်က္လွည့္ဆရာက ပရိတ္သတ္ထဲက ၀င္ေရာက္ကူညီေပးႏိုင္မဲ့သူကို ဖိတ္ေခၚတဲ့အခါ ဂၽြန္ဟာ တိရိစာၦန္တစ္ေကာင္လို လွ်င္ျမန္ျဖတ္လတ္စြာ စင္ေပၚတက္သြားေတာ့ မ်က္လွည့္ဆရာ ဂၽြန္ မက္အတ္စ္လန္ ခမ်ာ အလြန္အမင္း အံ႔ၾသတုန္လႈပ္သြားခဲ့ရတယ္ ။ မ်က္လွည့္ဆရာ မက္အတ္စ္လန္ ဟာ ဂၽြန္ကိုျမင္ေတာ့ အက်ိဳးအျမတ္ၾကီးၾကီးမားမား ရႏိုင္တာကို ေတြးမိျပီး သူ႔ မိသားစုေက်နပ္ေလာက္ေအာင္ ေပးကမ္းေျပာဆိုျပီး ဂၽြန္ နဲ့ ေရာဘတ္တို႔ ညီအစ္ကိုႏွစ္ဦးလံုးကို တစ္ႏွစ္စာခ်ဳပ္နဲ႔ မ်က္လွည့္ျပပြဲမွာ ေခၚေဆာင္သြားခဲ့တယ္ ။ ဒါေပမဲ့ လူလိမ္တစ္ဦးျဖစ္တဲ့ မက္အတ္စ္လန္ဟာ ေနာက္ပိုင္းတြင္ စာခ်ဳပ္မွာ ၁ ေနာက္က သုညတစ္လံုးထပ္ထည့္ျပီး ၁၀ ႏွစ္စာခ်ဳပ္ ျဖစ္ေအာင္လုပ္ခဲ့ပါတယ္ …

ဒီလိုလိမ္လည္အႏိုင္က်င့္မႈနဲ႔ၾကံဳခဲ့ရေသာ္လည္း သူတို႔ ညီအစ္ကိုႏွစ္ဦးဟာ မ်က္လွည့္ျပပြဲေတြနဲ႔ ေပ်ာ္ရြင္ေနခဲ့ၾကပါတယ္ ။လူတိုင္းကို အ့႔ၾသတုန္လႈပ္သြားေစတဲ့ ျပပြဲေတြကို သူတုိ႔ ညီအစ္ကိုႏွစ္ေယာက္ ပါ၀င္ျပသႏိုင္ခဲ့တယ္ေလ။ ဘယ္လိုျပသ သလဲဆိုေတာ့ … မ်က္လွည့္အဖြဲ႔မွ အိပ္ေမြ႔ခ်ဆရာၾကီး ရာဂ်ာ ေ၇ဘိြဳက္ က ပရိတ္သတ္ထဲမွ ကူညီေပးႏိုင္မဲ့သူ အျဖစ္ေရာဘတ္ကို လက္ညိႈးထိုး ဖိတ္ေခၚတယ္။ ဒီအခါ ပရိတ္သတ္အျဖစ္ ဟန္ေဆာင္ ထိုင္ေနတဲ့ ေရာဘတ္က ကူညီဖို႔ စင္ေပၚတက္သြားတယ္။ အိပ္ေမြ႕ခ်ဆရာၾကီးက ေရာဘတ္ကို အိပ္ေမြ႕ခ်ျပီး ဗီရိုတစ္ခုထဲ ထည့္လိုက္တယ္ ။ ဒီေသတၱာထဲမွာ ေရာဘတ္ဟာ ဂၽြန္နဲ႔ လ်ိဳ႕၀ွက္လွ်င္ျမန္စြာ လူစားလဲလိုက္တယ္ ။ဂၽြန္တစ္ေယာက္ထဲေတာ့ မဟုတ္ဘူးဗ် ။

ဂၽြန္က လူပုေလးတစ္ေယာက္ရဲ့ ေခါင္းေပၚမွာတက္ေနျပီး ၊ ေအာက္က လူပုေလးရဲ့ ေခါင္းကို လူမျမင္ေအာင္ ဖံုးအုပ္ဖို႔ ကုတ္အက်ၤီခပ္ရွည္ရွည္ကို ၀တ္ဆင္ထားေသးတယ္ ။ ဒီေနာက္မွာ ဓါးသမားတစ္ဦးက (ပရိတ္သတ္အျမင္မွာ) ေရာဘတ္ ရဲ့ ခါးလယ္ကေန ဓါးနဲ႔ပိုင္းျဖတ္လိုက္တယ္ ။ ျပီးေတာ့ ဗီရိုကို ဖြင့္လိုက္ေတာ့ ကိုယ္တစ္ပိုင္းျပတ္ေနတဲ့ ဂၽြန္ က သူ႔ရဲ့ ေျခေထာက္ေတြကို စင္ေပၚမွာ လိုက္လံဖမ္းဆီးေနပါေတာ့တယ္ … ပရိတ္သတ္ေတြဆီက လက္ခုပ္ၾသဘာသံေတြ ဆူညံသြားတဲ့အခါက်မွ အိပ္ေမြ႔ခ်ဆရာၾကီး ေရဘြိဳက္ က ျပတ္ေနတဲ့ ခႏၵာကိုယ္ကို ျပန္ဆက္ေပးလိုက္တယ္ ။ ပိုျပီး အသက္၀င္ေစရန္ Volunteer အျဖစ္ လုပ္ေဆာင္တဲ့ ေရာဘတ္က အိပ္ေမြ႔ခ်ဆရာၾကီးကို တရားစြဲမယ္လို႔ ျခမ္းေျခာက္ရတာေပါ့။ ဒီ ျပကြက္ဟာ စိတ္၀င္စားဖြယ္ ရယ္စရာျပကြက္တစ္ခုအျဖစ္သာ ရည္ရြယ္ျပသခဲ့တာျဖစ္ေပမဲ့ ပရိတ္သတ္အမ်ားစုဟာ အမွန္တကယ္ ေၾကာက္ရြံ႕တုန္လႈပ္ခဲ့ၾကပါတယ္ ။ ဒီျပကြက္ကို ၾကည့္ျပီး သတိလစ္ေမ့ေမ်ာသြားတာလည္း ခဏခဏ ျဖစ္ေလ့၇ွိပါတယ္ ။

ဂၽြန္ဟာ သူ႔ရဲ့ကိုယ္ပိုင္ အရည္အခ်င္းနဲ႔ ဆပ္ကပ္ေဖ်ာ္ေျဖေရးသမားအျဖစ္လည္း လူေတြ အေပၚဆြဲေဆာင္ႏိုင္ခဲ့ပါတယ္ ။ သူဟာ ကၽြမ္းက်င္တဲ့ ကၽြမ္းဘားသမား၊ ေတာရိုင္းတိရိစာၦန္မ်ားကို ထိန္းေက်ာင္းျပႏိုင္သူတစ္ဦးအျဖစ္ လူသိမ်ားခဲ့ပါတယ္။ အေျပးျပိဳင္ပြဲေတြမွာလည္း ၀င္ေရာက္ယွဥ္ျပိဳင္ခဲ့တဲ့အတြက္ ေျခေထာက္မဲ့ အေျပးသမားအျဖစ္ ထင္ရွားခဲ့ပါတယ္ ။
ျပပြဲေတြမရွိတဲ့အခါမွာ သူတို႔ ဘဲလ္တီမိုးျမိဳ႕က သံစံုသီး၀ိုင္းမွာ ၀င္ေရာက္ တီးခတ္ေလ့၇ွိသလို သူဟာအလြန္ ထူးခၽြန္တဲ့ ပန္းခ်ီဆရာတစ္ေယာက္လည္းျဖစ္ပါတယ္ တဲ့ …

၁၉၃၂ခုႏွစ္မွာေတာ့ ဂၽြန္ဟာ လူထူးလူဆန္း ဗီဒီယိုျပကြက္ေတြမွာ ၀င္ေရာက္ရိုက္ကူးခဲ့ပါတယ္ ။ သူဟာ တာဇံသံုးေယာက္ ဇါတ္ကားမွာ၀င္ေရာက္ သရုပ္ေဆာင္ခြင့္ ရတာကိုလည္း အလြန္ဂုဏ္ယူခဲ့ပါတယ္ ။ ဒီရုပ္ရွင္ရိုက္ကူးအျပီးမွာ ဂၽြန္တို႔ ညီအစ္ကိုႏွစ္ဦးဟာ ဆပ္ကပ္ျပပြဲေတြကေန အနားယူခဲ့ပါတယ္ ။ ဂၽြန္ ဟာ အလြန္ထူးခၽြန္တဲ့ အံ႔ဖြယ္လူသားတစ္ဦးျဖစ္ပါတယ္ ။သူ႔ရဲ့ ေမြးရာပါ ခႏၶာကိုယ္ခၽြတ္ယြင္းမႈကို ဘယ္တုန္းကမွ မရွက္ရြံ႕ခဲ့သလို ထိုခၽြတ္ယြင္းမႈကိုလည္း ေကာင္းစြာရင္ဆိုင္ေက်ာ္လြားႏိုင္ခဲ့ပါတယ္။ သူဟာ လူတစ္ဦးရဲ့ အေပၚယံသြင္ျပင္ တစ္ခုတည္းကိုၾကည့္ျပီး အေကာင္းအဆိုး မဆံုးျဖတ္တဲ့ လူေတြကို ခ်စ္ခင္စြာ ေပါင္းသင္းဆက္ဆံပါတယ္ ။

သို႔ေပမဲ့လည္း ၁၉၈၇ ခုႏွစ္မွာေတာ့ သူေနထိုင္ရာအိမ္ကို ဓါးျပအဖြဲ႔ေတြ ၀င္ေရာက္တိုက္ခိုက္တာ ခံခဲ့ရပါတယ္။ ဒီအခ်ိန္ကစျပီး လူသားေတြရဲ့ ရိုးသားမႈအေပၚ စိတ္ပ်က္သြားခဲ့တဲ့ အဘိုးအိုၾကီး ဂၽြန္ ဟာ က်န္တဲ့ သက္တမ္းတစ္ေလ်ာက္လံုး သူ႔အိမ္ထဲမွာတစ္ဦးတည္းေနထိုင္ရင္ ကုန္ဆံုးခဲ့ပါတယ္ ။ ၁၉၉၁ ခုႏွစ္ ဇန္္န၀ါရီလ ၅ ရက္ေန႔မွာ ကိုယ္တစ္ပိုင္းျပတ္လူသား ဂၽြန္ ဟာ ႏွလံုးေရာဂါျဖင့္ ကြယ္လြန္ခဲ့ပါတယ္ ။ သူ႔ရဲ႔ အမႊာအစ္ကို ေရာဘတ္ကေတာ့ ၁၉၉၅ ခုႏွစ္ အသက္ ၈၃ ႏွစ္အရြယ္မွာ ကြယ္လြန္ခဲ့ပါတယ္ ။ သူတို႔ပထမေနထိုင္ခဲ့တဲ့ ေျမာက္ပိုင္း မီလ္တန္မွာရွိတဲ့ အိမ္ၾကီးကိုေတာ့ ဂၽြန္ အက္ခ္ ျပတိုက္အျဖစ္ ျပဳလုပ္ျပသခဲ့တာ ဒီေန႔ထိ ၇ွိေနဆဲပါပဲ …


ကိုယ်ထူးကိုယ်ချွန် ခန္ဓာကိုယ် တစ်ပိုင်းပြတ် လူသား (unicode)

Wirtten By ဦးဦးမှော်ဆရာ

၁၉၁၁ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့မှာ အမ်မီလီယာ နဲ့ ဂျွန် အက်ဟတ် တို့ ဇနီးမောင်နှံဟာ ဂျွန်ဂျူနီယာ နဲ့ ရောဘတ် လို့ခေါ်တဲ့ သားအမွှာနှစ်ဦး မွေးဖွားခဲ့ပါတယ်။ ဂျွန်ဂျူနီ(Johnny Eck) မှာသာ ခါးအောက်ပိုင်းအစိတ်အပိုင်းတွေ ပါဝင်ခဲ့မယ်ဆိုရင် ဒီအမွှာညီအစ်ကိုနှစ်ယောက်ဟာ အတော်လေးဆင်တူမှာ ဖြစ်ပါတယ်။ ခုတော့ ရောဘတ် မှာ ပြီးပြည့်စုံတဲ့ ကိုယ်ခန္ဓာရှိခဲ့ပေမဲ့ ဂျွန်ဂျူနီယာကတော့ ကိုယ်တစ်ပိုင်းပြတ် ကလေးငယ်လေးအဖြစ်နဲ့သာ မွေးဖွားခဲ့ရပါတယ် ။ဒီညီအစ်ကိုနှစ်ယောက်ဟာ ဘဲတီမိုးမှာကြီးပြင်းခဲ့ကြပါတယ် ။

ဂျွန် ဟာ သူ့ရဲ့အားနည်းချက်တွေကို မယုံကြည်နိုင်စရာ ကောင်းလောက်အောင်အံတုနိုင်ခဲ့ပါတယ်။ အသက်တစ်နှစ်သားလောက်မှာ သူ့အစ်ကိုရောဘတ်က မတ်တပ်ရပ်ဖို့ အနိုင်နိုင်ဖြစ်နေတဲ့အချိန် ဂျွန် က သူ့လက်တွေကို အသုံးချပြီး လမ်းလျောက်နေပါပြီ ။

ဂျွန် ကပိုပြီး လျှင်မြန်စွာ ဖွံ့ဖြိုးလာပြီး သူ့ရဲ့ လျျှင်မြန်ဖြတ်လတ်မှု နဲ့ အမှီအခိုကင်းမှုတွေဟာသူ့မိသားစုနဲ့ သူငယ်ချင်းများကို အလွန်အံ့အားသင့်စေပါတယ် ။ ၁၉၂၃ ခုနှစ် ရဲ့ တစ်ရက်မှာ သူတို့မြို့က ဘုရားကျောင်းမှာ မျက်လှည့်ပွဲတစ်ခုလုပ်ခဲ့တယ် ။ အဲဒီမှာ မျက်လှည့်ဆရာက ပရိတ်သတ်ထဲက ဝင်ရောက်ကူညီပေးနိုင်မဲ့သူကို ဖိတ်ခေါ်တဲ့အခါ ဂျွန်ဟာ တိရိစ္ဆာန်တစ်ကောင်လို လျှင်မြန်ဖြတ်လတ်စွာ စင်ပေါ်တက်သွားတော့ မျက်လှည့်ဆရာ ဂျွန် မက်အတ်စ်လန် ခမျာ အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့ရတယ် ။ မျက်လှည့်ဆရာ မက်အတ်စ်လန် ဟာ ဂျွန်ကိုမြင်တော့ အကျိုးအမြတ်ကြီးကြီးမားမား ရနိုင်တာကို တွေးမိပြီး သူ့ မိသားစုကျေနပ်လောက်အောင် ပေးကမ်းပြောဆိုပြီး ဂျွန် နဲ့ ရောဘတ်တို့ ညီအစ်ကိုနှစ်ဦးလုံးကို တစ်နှစ်စာချုပ်နဲ့ မျက်လှည့်ပြပွဲမှာ ခေါ်ဆောင်သွားခဲ့တယ် ။ ဒါပေမဲ့ လူလိမ်တစ်ဦးဖြစ်တဲ့ မက်အတ်စ်လန်ဟာ နောက်ပိုင်းတွင် စာချုပ်မှာ ၁ နောက်က သုညတစ်လုံးထပ်ထည့်ပြီး ၁၀ နှစ်စာချုပ် ဖြစ်အောင်လုပ်ခဲ့ပါတယ် …

ဒီလိုလိမ်လည်အနိုင်ကျင့်မှုနဲ့ကြုံခဲ့ရသော်လည်း သူတို့ ညီအစ်ကိုနှစ်ဦးဟာ မျက်လှည့်ပြပွဲတွေနဲ့ ပျော်ရွင်နေခဲ့ကြပါတယ် ။လူတိုင်းကို အ့သြတုန်လှုပ်သွားစေတဲ့ ပြပွဲတွေကို သူတို့ ညီအစ်ကိုနှစ်ယောက် ပါဝင်ပြသနိုင်ခဲ့တယ်လေ။ ဘယ်လိုပြသ သလဲဆိုတော့ … မျက်လှည့်အဖွဲ့မှ အိပ်မွေ့ချဆရာကြီး ရာဂျာ ေ၇ဘွိုက် က ပရိတ်သတ်ထဲမှ ကူညီပေးနိုင်မဲ့သူ အဖြစ်ရောဘတ်ကို လက်ညှိုးထိုး ဖိတ်ခေါ်တယ်။ ဒီအခါ ပရိတ်သတ်အဖြစ် ဟန်ဆောင် ထိုင်နေတဲ့ ရောဘတ်က ကူညီဖို့ စင်ပေါ်တက်သွားတယ်။ အိပ်မွေ့ချဆရာကြီးက ရောဘတ်ကို အိပ်မွေ့ချပြီး ဗီရိုတစ်ခုထဲ ထည့်လိုက်တယ် ။ ဒီသေတ္တာထဲမှာ ရောဘတ်ဟာ ဂျွန်နဲ့ လျို့ဝှက်လျှင်မြန်စွာ လူစားလဲလိုက်တယ် ။ဂျွန်တစ်ယောက်ထဲတော့ မဟုတ်ဘူးဗျ ။

ဂျွန်က လူပုလေးတစ်ယောက်ရဲ့ ခေါင်းပေါ်မှာတက်နေပြီး ၊ အောက်က လူပုလေးရဲ့ ခေါင်းကို လူမမြင်အောင် ဖုံးအုပ်ဖို့ ကုတ်အင်္ကျီခပ်ရှည်ရှည်ကို ဝတ်ဆင်ထားသေးတယ် ။ ဒီနောက်မှာ ဓါးသမားတစ်ဦးက (ပရိတ်သတ်အမြင်မှာ) ရောဘတ် ရဲ့ ခါးလယ်ကနေ ဓါးနဲ့ပိုင်းဖြတ်လိုက်တယ် ။ ပြီးတော့ ဗီရိုကို ဖွင့်လိုက်တော့ ကိုယ်တစ်ပိုင်းပြတ်နေတဲ့ ဂျွန် က သူ့ရဲ့ ခြေထောက်တွေကို စင်ပေါ်မှာ လိုက်လံဖမ်းဆီးနေပါတော့တယ် … ပရိတ်သတ်တွေဆီက လက်ခုပ်သြဘာသံတွေ ဆူညံသွားတဲ့အခါကျမှ အိပ်မွေ့ချဆရာကြီး ရေဘွိုက် က ပြတ်နေတဲ့ ခန္ဒာကိုယ်ကို ပြန်ဆက်ပေးလိုက်တယ် ။ ပိုပြီး အသက်ဝင်စေရန် Volunteer အဖြစ် လုပ်ဆောင်တဲ့ ရောဘတ်က အိပ်မွေ့ချဆရာကြီးကို တရားစွဲမယ်လို့ ခြမ်းခြောက်ရတာပေါ့။ ဒီ ပြကွက်ဟာ စိတ်ဝင်စားဖွယ် ရယ်စရာပြကွက်တစ်ခုအဖြစ်သာ ရည်ရွယ်ပြသခဲ့တာဖြစ်ပေမဲ့ ပရိတ်သတ်အများစုဟာ အမှန်တကယ် ကြောက်ရွံ့တုန်လှုပ်ခဲ့ကြပါတယ် ။ ဒီပြကွက်ကို ကြည့်ပြီး သတိလစ်မေ့မျောသွားတာလည်း ခဏခဏ ဖြစ်လေ့၇ှိပါတယ် ။

ဂျွန်ဟာ သူ့ရဲ့ကိုယ်ပိုင် အရည်အချင်းနဲ့ ဆပ်ကပ်ဖျော်ဖြေရေးသမားအဖြစ်လည်း လူတွေ အပေါ်ဆွဲဆောင်နိုင်ခဲ့ပါတယ် ။ သူဟာ ကျွမ်းကျင်တဲ့ ကျွမ်းဘားသမား၊ တောရိုင်းတိရိစ္ဆာန်များကို ထိန်းကျောင်းပြနိုင်သူတစ်ဦးအဖြစ် လူသိများခဲ့ပါတယ်။ အပြေးပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် ခြေထောက်မဲ့ အပြေးသမားအဖြစ် ထင်ရှားခဲ့ပါတယ် ။
ပြပွဲတွေမရှိတဲ့အခါမှာ သူတို့ ဘဲလ်တီမိုးမြို့က သံစုံသီးဝိုင်းမှာ ဝင်ရောက် တီးခတ်လေ့၇ှိသလို သူဟာအလွန် ထူးချွန်တဲ့ ပန်းချီဆရာတစ်ယောက်လည်းဖြစ်ပါတယ် တဲ့ …

၁၉၃၂ခုနှစ်မှာတော့ ဂျွန်ဟာ လူထူးလူဆန်း ဗီဒီယိုပြကွက်တွေမှာ ဝင်ရောက်ရိုက်ကူးခဲ့ပါတယ် ။ သူဟာ တာဇံသုံးယောက် ဇါတ်ကားမှာဝင်ရောက် သရုပ်ဆောင်ခွင့် ရတာကိုလည်း အလွန်ဂုဏ်ယူခဲ့ပါတယ် ။ ဒီရုပ်ရှင်ရိုက်ကူးအပြီးမှာ ဂျွန်တို့ ညီအစ်ကိုနှစ်ဦးဟာ ဆပ်ကပ်ပြပွဲတွေကနေ အနားယူခဲ့ပါတယ် ။ ဂျွန် ဟာ အလွန်ထူးချွန်တဲ့ အံ့ဖွယ်လူသားတစ်ဦးဖြစ်ပါတယ် ။သူ့ရဲ့ မွေးရာပါ ခန္ဓာကိုယ်ချွတ်ယွင်းမှုကို ဘယ်တုန်းကမှ မရှက်ရွံ့ခဲ့သလို ထိုချွတ်ယွင်းမှုကိုလည်း ကောင်းစွာရင်ဆိုင်ကျော်လွားနိုင်ခဲ့ပါတယ်။ သူဟာ လူတစ်ဦးရဲ့ အပေါ်ယံသွင်ပြင် တစ်ခုတည်းကိုကြည့်ပြီး အကောင်းအဆိုး မဆုံးဖြတ်တဲ့ လူတွေကို ချစ်ခင်စွာ ပေါင်းသင်းဆက်ဆံပါတယ် ။

သို့ပေမဲ့လည်း ၁၉၈၇ ခုနှစ်မှာတော့ သူနေထိုင်ရာအိမ်ကို ဓါးပြအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ ဒီအချိန်ကစပြီး လူသားတွေရဲ့ ရိုးသားမှုအပေါ် စိတ်ပျက်သွားခဲ့တဲ့ အဘိုးအိုကြီး ဂျွန် ဟာ ကျန်တဲ့ သက်တမ်းတစ်လျောက်လုံး သူ့အိမ်ထဲမှာတစ်ဦးတည်းနေထိုင်ရင် ကုန်ဆုံးခဲ့ပါတယ် ။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ ကိုယ်တစ်ပိုင်းပြတ်လူသား ဂျွန် ဟာ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ် ။ သူ့ရဲ့ အမွှာအစ်ကို ရောဘတ်ကတော့ ၁၉၉၅ ခုနှစ် အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ် ။ သူတို့ပထမနေထိုင်ခဲ့တဲ့ မြောက်ပိုင်း မီလ်တန်မှာရှိတဲ့ အိမ်ကြီးကိုတော့ ဂျွန် အက်ခ် ပြတိုက်အဖြစ် ပြုလုပ်ပြသခဲ့တာ ဒီနေ့ထိ ၇ှိနေဆဲပါပဲ …

Leave a Reply