Colosseum လူသတ္ဇာတ္ရုံႀကီးအေၾကာင္း

Posted on

ဒီ Colosseum ရဲ႕ပုံေတြကုိ ေရာမနဲ႔ဆုိင္တဲ့ ဇာတ္ကားေတြ ဓာတ္ပုံေတြမွာ မၾကာခဏျမင္ဖူးၾကမွာပါ။ ဒီတစ္ခါ ဒီ Colosseum ႀကီးရဲ႕အေၾကာင္းကို သုတဇုန္မိတ္ေဆြမ်ားထံ ဗဟုသုတ အေနနဲ႔မွ်ေ၀ေပးသြားပါမယ္။

ေက္ာလုိဆီယမ္ဆုိတာ အီတလီေရာမၿမဳိ႕ရဲ႕အလယ္ေခါင္မွာရွိတဲ့ ဧရာမကဇာတ္ရုံႀကီးျဖစ္ပါတယ္။ သူ႔ကုိ Flavian ကဇာတ္ရုံလုိ႔လည္းေခၚၾကပါတယ္။ ေရာမ Flavian မင္းဆက္မွာ တည္ေဆာက္ခဲ့လုိ႔ျဖစ္ပါတယ္။

နီရုိဘုရင္ႀကီးရဲ႕ေၾကးရုပ္တု(Colossus of Nero) အနီးမွာေဆာက္ခဲ့တဲ့ဇာတ္ရုံျဖစ္တာေၾကာင့္ Colosseum ဆုိတဲ့နာမည္ျဖစ္လာပါတယ္။

ဒီဇာတ္ရုံႀကီးကို ေအဒီ ၇၂ခုႏွစ္ ဘုရင္ Vespasian လက္ထက္မွာ တည္ေဆာက္ခဲ့ၿပီး သူ႔ရဲ႕သား Titus လက္ထက္ ေအဒီ ၈၁ခုႏွစ္(၉ႏွစ္အၾကာ) မွာ ၿပီစီးခဲ့ပါတယ္။ ဒီလုိတည္ေဆာက္တဲ့ေနရာမွာ ဂ်ဴးလူမ်ဳိးအေစခံ ၆ေသာင္းခန္႔ကုိ သုံးခဲ့ပါတယ္။ ေက်ာက္တုံးနဲ႔ ကြန္ကရစ္ကုိသုံးကာ တည္ေဆာက္ခဲ့တဲ့ ဇာတ္ရုံႀကီးျဖစ္ၿပီး ေဆာက္ခဲ့သမွ်ေရွးေဟာင္း ကြန္ကရစ္ဇာတ္ရုံေတြထဲမွာ အႀကီးဆုံးလည္းျဖစ္ပါတယ္။

ေျမဧက ၆ဧကေပၚမွာေဆာက္လုပ္ထားတဲ့ ဇာတ္ရုံႀကီးရဲ႕ပုံစံဟာ ဘဲဥပုံသ႑ာန္ရွိၿပီး အမုိးမပါပဲ ထုိင္ခုံတန္းမ်ားကို အ၀ိုင္းအဆင့္ဆင့္နဲ႔ တည္ေဆာက္ထားခဲ့ပါတယ္။ လူေပါင္း ၅ေသာင္းကေန ၈ေသာင္းအထိဆန္႔တဲ့ ဇာတ္ရုံႀကီးျဖစ္ပါတယ္။

 

ဇာတ္ရုံဟု ဆုိေပမယ့္ ဇာတ္ပြဲေတြျပတာမဟုတ္ပဲ။ တုိက္ခုိက္ပြဲ သတ္ျဖတ္ပြဲေတြ ျပဳလုပ္တာျဖစ္ပါတယ္။ စစ္သည္ ၊ သုံ႔ပန္း ၊ တိရစာၦန္မ်ားဟာ တစ္ဦးခ်င္း ၊ အုပ္စုလုိက္ စသည့္ျဖင့္ သတ္ျဖတ္သည့္ပြဲ ၊ လူကုိျခေသ့ၤစာေကြ်းပြဲေတြကို ၾကည့္ရႈသူေတြက အားေပးၾကတာျဖစ္ပါတယ္။ ဒီလုိတုိက္ပြဲေတြဟာ အဲဒီေခတ္က အပန္းေျဖၾကည့္ရႈ႕စရာျဖစ္ခဲ့ပါတယ္။ အမ်ားအားျဖင့္ ကြ်န္ေတြကုိ အၿမဲေလ့က်င့္ေစကာ လက္နက္ကိရိယာအမ်ဳိးမ်ဳိးနဲ႔ တုိက္ခုိက္ေစတာျဖစ္ပါတယ္။ ကြ်န္ေတြကုိ သူေဌးႀကီးေတြ ၊ အရာရွိႀကီးေတြက ပုိင္ဆုိင္ထားၿပီး ၿပဳိင္ပြဲမွာ ႏုိင္တဲ့ကြ်န္ဟာ သူတုိ႔ရဲ႕ဂုဏ္ကုိတက္ေစပါတယ္။

ဒီလုိတုိက္ပြဲေတြမွာ တစ္ေယာက္ေယာက္က လဲက်သြားၿပီး အရႈံးေပးရုံနဲ႔ ပြဲၿပီးေလ့မရွိပါဘူး။ အဲလုိအခါမ်ဳိးမွာ ပရိသတ္က သတ္ျဖတ္ဖုိ႔ေတာင္းဆုိေလ့ရွိၿပီး အႏုိင္ရရွိသူဟာ မသတ္ခ်င္သည့္တုိင္ေအာင္ လဲက်ေနသူကုိ သတ္ျဖတ္ျပရပါတယ္။ တကယ္လုိ႔မသတ္ပဲ လႊတ္ေပးပါက အႏုိင္ရေပမယ့္ ပရိသတ္ရဲ႕အားေပးမႈကုိမရပဲ ေလွာင္ေျပာင္မႈေတြကုိသာ ရမွာျဖစ္ပါတယ္။ အႏုိင္ရသူက မသတ္ျဖတ္ေပမယ့္ ရႈံးနိမ့္သူ အသက္ရွင္ဖုိ႔အခြင့္အလမ္းက နည္းပါးၿပီး သူ႔ရဲ႕ကံၾကမၼာဟာ သခင္က သတ္မသတ္ေပၚမွာ မူတည္ပါတယ္။

 

ဒီဇာတ္ရုံႀကီးမွာ ကြ်န္ေတြနဲ႔ တိရစာၦန္ေတြကို ထားတဲ့ေနရာေတြကိုလည္းထည့္သြင္းထားၿပီး ယေန႔တုိင္ျမင္ေတြ႔ႏုိင္ပါေသးတယ္။ တုိက္ခုိက္သတ္ျဖတ္ပြဲမ်ားကုိ ႏွစ္ေပါင္း ၃၉၀ ခန္႔ၾကာေအာင္ ဘုရင္အဆက္ဆက္က အစဥ္အလာတစ္ခုလုိ က်င္းပခဲ့ၿပီး ဒီကြင္းႀကီးမွာေသဆုံးခဲ့သူေပါင္းဟာ ၄သိန္းထက္မနည္းရွိခဲ့ၿပီး ၊ တိရစာၦန္ေပါင္းလည္း သိန္းနဲ႔ခ်ီၿပီး သတ္ျဖတ္ခံခဲ့ရပါတယ္။

လူေနမႈစနစ္ နဲ႔ အေတြးအေခၚမ်ားျမင့္တက္လာၿပီး ေခတ္အလယ္ပိုင္းေရာက္တဲ့အခါမွာေတာ့ သတ္ျဖတ္ပြဲေတြကုိ ဒီကြင္းႀကီးထဲမွာမလုပ္ေတာ့ပဲ ပုံမွန္ေဖ်ာ္ေျဖပြဲနဲ႔ ဘာသာေရးပြဲမ်ားသာ ျပဳလုပ္ေတာ့ပါတယ္။

ငလွ်င္ဒဏ္နဲ႔ ေက်ာက္တုံးမ်ားခုိးယူဖ်က္စီးသူမ်ားေၾကာင့္ ယခုအခါမွာ မူလဇာတ္ရုံရဲ႕ သုံးပုံ ႏွစ္ပုံသာ က်န္ပါေတာ့တယ္။

ယေန႔တုိင္ အထင္ရွားဆုံး ေရွးေဟာင္း ကဇာတ္ရုံတစ္ရုံအျဖစ္ ရပ္တည္ေနၿပီး ယူနက္စကုိရဲ႕ ကမာၻ႔ေရွးေဟာင္းအေမြအႏွစ္ တစ္ခုအျဖစ္သတ္မွတ္ထားခံရကာ ႏွစ္စဥ္ ကမာၻလွည့္ခရီးသြားေပါင္း သန္းခ်ီၿပီးလာေရာက္ေလ့ရွိတဲ့ေနရာလည္းျဖစ္ပါတယ္။

 

Colosseum လူသတ်ဇာတ်ရုံကြီးအကြောင်း (unicode)

ဒီ Colosseum ရဲ့ပုံတွေကို ရောမနဲ့ဆိုင်တဲ့ ဇာတ်ကားတွေ ဓာတ်ပုံတွေမှာ မကြာခဏမြင်ဖူးကြမှာပါ။ ဒီတစ်ခါ ဒီ Colosseum ကြီးရဲ့အကြောင်းကို သုတဇုန်မိတ်ဆွေများထံ ဗဟုသုတ အနေနဲ့မျှဝေပေးသွားပါမယ်။

ကော်လိုဆီယမ်ဆိုတာ အီတလီရောမမြို့ရဲ့အလယ်ခေါင်မှာရှိတဲ့ ဧရာမကဇာတ်ရုံကြီးဖြစ်ပါတယ်။ သူ့ကို Flavian ကဇာတ်ရုံလို့လည်းခေါ်ကြပါတယ်။ ရောမ Flavian မင်းဆက်မှာ တည်ဆောက်ခဲ့လို့ဖြစ်ပါတယ်။

နီရိုဘုရင်ကြီးရဲ့ကြေးရုပ်တု(Colossus of Nero) အနီးမှာဆောက်ခဲ့တဲ့ဇာတ်ရုံဖြစ်တာကြောင့် Colosseum ဆိုတဲ့နာမည်ဖြစ်လာပါတယ်။

 

ဒီဇာတ်ရုံကြီးကို အေဒီ ၇၂ခုနှစ် ဘုရင် Vespasian လက်ထက်မှာ တည်ဆောက်ခဲ့ပြီး သူ့ရဲ့သား Titus လက်ထက် အေဒီ ၈၁ခုနှစ်(၉နှစ်အကြာ) မှာ ပြီစီးခဲ့ပါတယ်။ ဒီလိုတည်ဆောက်တဲ့နေရာမှာ ဂျူးလူမျိုးအစေခံ ၆သောင်းခန့်ကို သုံးခဲ့ပါတယ်။ ကျောက်တုံးနဲ့ ကွန်ကရစ်ကိုသုံးကာ တည်ဆောက်ခဲ့တဲ့ ဇာတ်ရုံကြီးဖြစ်ပြီး ဆောက်ခဲ့သမျှရှေးဟောင်း ကွန်ကရစ်ဇာတ်ရုံတွေထဲမှာ အကြီးဆုံးလည်းဖြစ်ပါတယ်။

မြေဧက ၆ဧကပေါ်မှာဆောက်လုပ်ထားတဲ့ ဇာတ်ရုံကြီးရဲ့ပုံစံဟာ ဘဲဥပုံသဏ္ဍာန်ရှိပြီး အမိုးမပါပဲ ထိုင်ခုံတန်းများကို အဝိုင်းအဆင့်ဆင့်နဲ့ တည်ဆောက်ထားခဲ့ပါတယ်။ လူပေါင်း ၅သောင်းကနေ ၈သောင်းအထိဆန့်တဲ့ ဇာတ်ရုံကြီးဖြစ်ပါတယ်။

ဇာတ်ရုံဟု ဆိုပေမယ့် ဇာတ်ပွဲတွေပြတာမဟုတ်ပဲ။ တိုက်ခိုက်ပွဲ သတ်ဖြတ်ပွဲတွေ ပြုလုပ်တာဖြစ်ပါတယ်။ စစ်သည် ၊ သုံ့ပန်း ၊ တိရစ္ဆာန်များဟာ တစ်ဦးချင်း ၊ အုပ်စုလိုက် စသည့်ဖြင့် သတ်ဖြတ်သည့်ပွဲ ၊ လူကိုခြင်္သေ့စာကျွေးပွဲတွေကို ကြည့်ရှုသူတွေက အားပေးကြတာဖြစ်ပါတယ်။ ဒီလိုတိုက်ပွဲတွေဟာ အဲဒီခေတ်က အပန်းဖြေကြည့်ရှု့စရာဖြစ်ခဲ့ပါတယ်။ အများအားဖြင့် ကျွန်တွေကို အမြဲလေ့ကျင့်စေကာ လက်နက်ကိရိယာအမျိုးမျိုးနဲ့ တိုက်ခိုက်စေတာဖြစ်ပါတယ်။ ကျွန်တွေကို သူဌေးကြီးတွေ ၊ အရာရှိကြီးတွေက ပိုင်ဆိုင်ထားပြီး ပြိုင်ပွဲမှာ နိုင်တဲ့ကျွန်ဟာ သူတို့ရဲ့ဂုဏ်ကိုတက်စေပါတယ်။

ဒီလိုတိုက်ပွဲတွေမှာ တစ်ယောက်ယောက်က လဲကျသွားပြီး အရှုံးပေးရုံနဲ့ ပွဲပြီးလေ့မရှိပါဘူး။ အဲလိုအခါမျိုးမှာ ပရိသတ်က သတ်ဖြတ်ဖို့တောင်းဆိုလေ့ရှိပြီး အနိုင်ရရှိသူဟာ မသတ်ချင်သည့်တိုင်အောင် လဲကျနေသူကို သတ်ဖြတ်ပြရပါတယ်။ တကယ်လို့မသတ်ပဲ လွှတ်ပေးပါက အနိုင်ရပေမယ့် ပရိသတ်ရဲ့အားပေးမှုကိုမရပဲ လှောင်ပြောင်မှုတွေကိုသာ ရမှာဖြစ်ပါတယ်။ အနိုင်ရသူက မသတ်ဖြတ်ပေမယ့် ရှုံးနိမ့်သူ အသက်ရှင်ဖို့အခွင့်အလမ်းက နည်းပါးပြီး သူ့ရဲ့ကံကြမ္မာဟာ သခင်က သတ်မသတ်ပေါ်မှာ မူတည်ပါတယ်။

ဒီဇာတ်ရုံကြီးမှာ ကျွန်တွေနဲ့ တိရစ္ဆာန်တွေကို ထားတဲ့နေရာတွေကိုလည်းထည့်သွင်းထားပြီး ယနေ့တိုင်မြင်တွေ့နိုင်ပါသေးတယ်။ တိုက်ခိုက်သတ်ဖြတ်ပွဲများကို နှစ်ပေါင်း ၃၉၀ ခန့်ကြာအောင် ဘုရင်အဆက်ဆက်က အစဉ်အလာတစ်ခုလို ကျင်းပခဲ့ပြီး ဒီကွင်းကြီးမှာသေဆုံးခဲ့သူပေါင်းဟာ ၄သိန်းထက်မနည်းရှိခဲ့ပြီး ၊ တိရစ္ဆာန်ပေါင်းလည်း သိန်းနဲ့ချီပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။

လူနေမှုစနစ် နဲ့ အတွေးအခေါ်များမြင့်တက်လာပြီး ခေတ်အလယ်ပိုင်းရောက်တဲ့အခါမှာတော့ သတ်ဖြတ်ပွဲတွေကို ဒီကွင်းကြီးထဲမှာမလုပ်တော့ပဲ ပုံမှန်ဖျော်ဖြေပွဲနဲ့ ဘာသာရေးပွဲများသာ ပြုလုပ်တော့ပါတယ်။

ငလျှင်ဒဏ်နဲ့ ကျောက်တုံးများခိုးယူဖျက်စီးသူများကြောင့် ယခုအခါမှာ မူလဇာတ်ရုံရဲ့ သုံးပုံ နှစ်ပုံသာ ကျန်ပါတော့တယ်။

ယနေ့တိုင် အထင်ရှားဆုံး ရှေးဟောင်း ကဇာတ်ရုံတစ်ရုံအဖြစ် ရပ်တည်နေပြီး ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် တစ်ခုအဖြစ်သတ်မှတ်ထားခံရကာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားပေါင်း သန်းချီပြီးလာရောက်လေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ်။

Leave a Reply