ပါေတာ္မူၿပီးေနာက္ ပထမဆုံးေတာ္လွန္တုိက္ခိုက္ခဲ့သူ (သုိ႔) ၀န္းသိုေစာ္ဘြားႀကီး

Posted on

ျမန္မာ့သမုိင္းတြင္ ပါေတာ္မူၿပီးေနာက္ အဂၤလိပ္တုိ႔အား ပထမဆုံးတုိက္ခုိက္ခဲ့သူမွာ ၀န္းသုိေစာ္ဘြားႀကီး ဦးေအာင္ျမတ္ျဖစ္သည္။ မဟာ၀ံသသီရိဇယသုိဟုံဘြား ဘြဲ႔စံ ၀န္းသုိေစာ္ဘြားႀကီးအား ဦးေရႊသာ ႏွင့္ ေဒၚဒြန္းျဖဴ ေခၚ သု၀ဏၰာကယေဒ၀ီ တုိ႔မွ ၁၈၆၂ခုႏွစ္တြင္ ၀န္းသုိၿမဳိ႕၌ ေမြးဖြားခဲ့သည္။ ငယ္စဥ္က ၀န္းသိုဆရာေတ္ာ ဦးဂုဏ ထံတြင္ ပညာသင္ခဲ့ၿပီး အရြယ္ေရာက္လာသည့္အခါ ေစာ္ဘြားႀကီးက သားျဖစ္သူကို ကင္း၀န္မင္းႀကီးထံ အပ္ႏွံကာ နန္းဓေလ့ ႏွင့္ အုပ္ခ်ဳပ္ေရးပညာရပ္မ်ားကုိ သင္ယူေစခဲ့သည္။ ထုိ႔ေနာက္ သီေပါမင္းထံ ၌ ကြမ္းေရေတာ္ကုိင္စာေရးအျဖစ္ အမႈထမ္းခဲ့သည္။ ဦးေအာင္ျမတ္သည္ စာေပက်မ္းဂန္ ၊ ကဗ်ာ ၊ လကၤာ ၊ ေဗဒင္ ၊ သမုိင္း ၊ အုပ္ခ်ဳပ္ေရး ၊ ေဆးပညာ စသည့္ ပညာရပ္မ်ဳိးစုံကုိ ကြ်မ္းက်င္တတ္ေျမာက္ခဲ့သည္။

၀န္းသိုေစာ္ဘြား ဦးေရႊသာ မုိးေကာင္းၿမဳိ႕၀န္ျဖစ္ၿပီးေနာက္ ဦးေအာင္ျမတ္သည္ အသက္ ၂၁ႏွစ္အရြယ္တြင္ ၀န္းသုိေစာ္ဘြား ရာထူးကို ဆက္ခံခဲ့သည္။ မုိးညွင္းေဒသမွ ဗုိလ္၀ေခါင္းေဆာင္ေသာ သူပုန္မ်ားကုိ ေအာင္ျမင္စြာႏွိမ္ႏွင္းႏုိင္သျဖင့္ သီေပါမင္းက အားရေတာ္မူၿပီး ဦးေအာင္ျမတ္အား ‘ေမာရိယ မဟာ၀ံသ သီရိသုဓမၼာရာဇာ’ ဘြဲ႔အားခ်ီးျမွင့္ ခဲ့သည္။ ထုိ႔ေနာက္ သက္တူရြယ္တူျဖစ္သူ စကားေစာ္ဘြားသမီး ေစာေရႊၾကည္ႏွင့္ လက္ထပ္ခဲ့သည္။ ထုိစဥ္အတြင္း အဂၤလိပ္တုိ႔က မႏၱေလးကုိ သိမ္းရာ ဦးေအာင္ျမတ္သည္ လူသူလက္နက္စုေဆာင္းကာ အေျခအေနကို ေစာင့္ၿပီး တုိက္ခုိက္ရန္ ႀကဳိးစားခဲ့သည္။
အဂၤလိပ္တုိ႔အား ျပန္မတုိက္ခုိက္ရန္ ဆရာျဖစ္သူ ကင္း၀န္မင္းႀကီးထံမွ စာေရာက္လာသလုိ ၊ ငယ္ဆရာ ဦးဂုဏ ကလည္း ေျဖာင္းျဖခဲ့သည္။ ဆရာႏွစ္ပါးကုိ ေလးစားသျဖင့္ နာခံၿပီး သစ္လုပ္ငန္း ႏွင့္ စပါးလုပ္ငန္းမ်ားကို လုပ္ရင္းေအးေအးေဆးေဆးေနသည္။ သို႔ေသာ္ ဦးေအာင္ျမတ္၏လုပ္ငန္းေနရာမ်ားကို ရယူလုိသည့္ မသမာသူမ်ားက ဦးေအာင္ျမတ္စီးပြားရွာေနျခင္းမွာ ေငြေၾကးစုေဆာင္းၿပီး အဂၤလိပ္တုိ႔အားတုိက္ရန္ျဖစ္သည္ ဟု ကုန္းေခ်ာခဲ့ၾကသည္။ အဂၤလိပ္တုိ႔ကလည္း ဦးေအာင္ျမတ္အား ေနျပည္သုိ႔လာေရာက္အစစ္ေဆးခံရန္ ကင္း၀န္မင္းႀကီးအား အေၾကာင္းၾကားေစသည္။ ကင္း၀န္မင္းႀကီးက အေၾကာင္းၾကားရာ ဦးေအာင္ျမတ္က ေနျပည္ေတာ္သုိ႔လည္း မလာလုိေၾကာင္း ၊ တပါးကြ်န္လည္း မခံလုိေၾကာင္း ၊ အရုိအေသမျပဳႏုိင္ေၾကာင္း အေၾကာင္းျပန္ခဲ့သည္။ သည့္အတြက္ ကင္း၀န္မင္းႀကီးကုိယ္တုိင္လုိက္ၿပီး ဦးေအာင္ျမတ္အားေတြ႔ရန္လာေသာ္လည္း ဦးေအာင္ျမတ္မွာ မုိးေကာင္းေရာက္ေနသျဖင့္ မေတြ႔သြားခဲ့ရ။ အဂၤလိပ္တုိ႔ကလည္း ဦးေအာင္ျမတ္အား ရာထူး ေငြေၾကး မ်ားစြာျဖင့္စည္းရုံးခဲ့ေသာ္လည္း မရ။ ေနာက္ဆုံးတြင္ အဂၤလိပ္တုိ႔သည္ တပ္တစ္တပ္အား လႊတ္လုိက္ၿပီး ဦးေအာင္ျမတ္တုိ႔ သားအဖႏွစ္ေယာက္အား ဖမ္းဆီးရန္ အမိန္႔ထုတ္လုိက္သည္။

ဦးေအာင္ျမတ္ကလည္း ၀န္းသိုပတ္လည္တြင္ သစ္တပ္ၿမဳိ႕ရုိးမ်ား ၊ ကင္းမ်ားတည္ေဆာက္ကာ ၊ လူသူလက္နက္စုေဆာင္းၿပီး အသင့္ေစာင့္ေနခဲ့သည္။ မွန္ကင္းေတာင္စခန္းတြင္ အဂၤလိပ္တုိ႔ႏွင့္ ဦးေအာင္ျမတ္တပ္မ်ား တုိက္ပြဲျဖစ္ပြားရာ အဂၤလိပ္တုိ႔ရႈံးၿပီး ဆုတ္ခြာခဲ့ရသည္။ ဆုတ္ခြာသြားေသာတပ္အား လုိက္လံတုိက္ခုိက္ရာ အဂၤလိပ္စစ္ဗုိလ္တစ္ဦး ႏွင့္တပ္သား သုံးဦးက်ဆုံးခဲ့ၿပီး တုိက္ပြဲျဖစ္သည့္ေနရာတြင္ ကြ်န္းတုိင္ႀကီးတစ္တုိင္ စုိက္ထူထားခဲ့သည္။ ထုိအခ်ိန္မွ စ၍ ဦးေအာင္ျမတ္၏ အမည္သည္ ေက်ာ္ၾကားလာခဲ့သည္။ အဂၤလိပ္တုိ႔သည္ အင္အားျဖည့္တင္းၿပီးေနာက္တစ္ႀကိမ္ခ်ီတက္ျပန္ရာ ဦးေအာင္ျမတ္တပ္မ်ား၏ တုိက္ခုိက္မႈကုိ ခံရျပန္သည္။ သုိ႔ေသာ္ ဒီတစ္ႀကိမ္တြင္ အဂၤလိပ္တုိ႔က လူအင္အားလက္နက္အင္အားမ်ားစြာ သာလြန္သျဖင့္ ဦးေအာင္ျမတ္တပ္မ်ား ေနာက္ဆုတ္ကာ ေတာ္ထဲသို႔မွ်ားေခၚခဲ့သည္။ ေနရာကြ်မ္းက်င္မႈေၾကာင့္ အဂၤလိပ္တပ္မ်ားကို အက်အဆုံးမ်ားေအာင္တုိက္ႏုိင္ခဲ့သည္။ က်ဳိင္းခြင္ေတာင္ကုန္းတြင္ အဂၤလိပ္စစ္သားမ်ားေသဆုံးသည့္ေနရာတြင္ စုိက္ထူထားသည့္ ေက်ာက္တုိင္ကုိ ယေန႔ထိတုိင္ေတြ႔ျမင္ႏုိင္ေသးသည္။

ထုိေန႔တြင္ပင္ ဗုိလ္ႀကီး ဟတ္ခ်င္ဆန္ ဦးေဆာင္ေသာ အဂၤလိပ္တပ္ႏွင့္ ဥကၠံၿမဳိ႕အနီးတြင္ ဆက္လက္တုိက္ခုိက္ခဲ့ေသးရာ ႏွစ္ဖက္စလုံးအက်အဆုံးမ်ားၿပီး ဗုိလ္ႀကီး ဟတ္ခ်င္ဆန္လည္း ဒါဏ္ရာရခဲ့သည္။ ထုိဒါဏ္ရာႏွင့္ပင္ မၾကာမီေသဆုံးခဲ့သည္။ လူအင္အားလက္နက္အင္အား မမွ်ေသ္ာလည္း မ်ဳိးခ်စ္စိတ္ျပင္းထန္လွသျဖင့္ ၀န္းသိုေစာ္ဘြားႀကီးဦးေဆာင္ေသာ တပ္မ်ားသည္ အဂၤလိပ္တုိ႔အား ေနရာအႏွံ႔မွ တုိက္ခုိက္ရင္း အခက္အခဲျဖစ္ေစခဲ့သည္။ ထုိအခ်ိန္အထိ အဂၤလိပ္တုိ႔က ဦးေအာင္ျမတ္အား သူပုန္ဟု မေၾကျငာပဲ သူတုိ႔ဘက္ကိုလာပါက ရာထူး ၊ စည္းစိမ္အေျမာက္အမ်ားေပးၿပီး ေအးေဆးစြာေနရမည္ဟု ကမ္းလွမ္းခဲ့ျပန္သည္။ ၀န္းသုိေစာ္ဘြားႀကီးလက္မခံသျဖင့္ လက္ေအာက္ငယ္သားမ်ား ကို ေပးကမ္းစည္းရုံးရာ စိတ္မခုိင္ေသာ တပ္သားမ်ားမွာ အဂၤလိပ္တုိ႔ဘက္ပါသြားခဲ့သည္။ ၀န္းသုိတပ္အင္အားလည္း တျဖည္းျဖည္းနည္းလာခဲ့ရသည္။ က်န္လူမ်ားႏွင့္ ဆက္ လက္တုိက္ခုိက္လွ်င္ရေသးေသာ္လည္း အင္အားခ်င္းကြာျခားလြန္းလွသျဖင့္ အတုိက္အခုိက္ရပ္ရန္ ဆုံးျဖတ္ခဲ့သည္။

သုိ႔ေသာ္ အဂၤလိပ္တုိ႔ လက္ေအာက္ကုိ မ၀င္ပဲ ယူနန္စန္းတာၿမဳိ႕တြင္ သြားေရာက္ေနထုိင္ခဲ့သည္။ အဂၤလိပ္တုိ႔၏ အေပးအယူကုိလက္ခံလွ်င္ ေအးေဆးစြာေနရမည္ျဖစ္ေသာ္ လည္း သူတပါးလက္ေအာက္တြင္ မေနလုိေသာ ေစာ္ဘြားႀကီးသည္ စပါးအလုပ္ လုပ္ရင္း ၊ ေဆးကုရင္း ၾကပ္တည္းစြာေနထုိင္ခဲ့သည္။ အသက္အရြယ္ႀကီးရင့္လာေသာအခါ မဟာေဒ၀ီက ျပန္လာရန္ အတန္တန္ေခၚသျဖင့္ ေနရပ္သုိ႔ ျပန္လာခဲ့သည္။ အဂၤလိပ္အစုိးရက ထုိေခတ္ေငြ ၁၀၀ ေထာက္ပံသည္။ လာေရာက္ေပးသည့္ေငြအား သားသမီးမ်ား အားယူေစၿပီး ကိုယ္တုိင္က ေလာကုတၱရာဘက္တြင္သာ အားထုတ္ေနခဲ့သည္။ ဂ်ပန္တုိ႔လက္ထက္တြင္လည္း အဂၤလိပ္တုိ႔ကဲ့သုိ႔ပင္ လစဥ္ ေငြ ၁၀၀ စီေထာက္ပံ့ခဲ့သည္။ လြတ္ လပ္ေရးရၿပီးေနာက္ ျမန္မာအစိုးရက ၀န္းသိုေစာ္ဘြားႀကီးအားေက်းဇူးဆပ္သည့္အေနျဖင့္ သခင္ကုိယ္ေတာ္မႈိင္းႏွင့္တန္းတူ လစဥ္ ေငြ ၅၀၀ စီေပးခဲ့သည္။ ေစာ္ဘြားႀကီးသည္ ၁၉၆၅ခုႏွစ္ ဇန္န၀ါရီလ ၅ရက္ေန႔ အသက္ ၁၀၃ႏွစ္ အေရာက္တြင္ကြယ္လြန္ အနိစၥေရာက္ခဲ့သည္။

Ref;
တစ္ခ်ိန္က ထင္ရွားခဲ့ေသာပုဂၢဳိလ္ႀကီးမ်ား – ေရႊဥၾသ
ျမန္မာ့စြယ္စုံက်မ္း
ကုိလုိနီေခတ္အဘိဓာန္ – ျမဟန္


ပါတော်မူပြီးနောက် ပထမဆုံးတော်လှန်တိုက်ခိုက်ခဲ့သူ (သို့) ဝန်းသိုစော်ဘွားကြီး (unicode)

မြန်မာ့သမိုင်းတွင် ပါတော်မူပြီးနောက် အင်္ဂလိပ်တို့အား ပထမဆုံးတိုက်ခိုက်ခဲ့သူမှာ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ဖြစ်သည်။ မဟာဝံသသီရိဇယသိုဟုံဘွား ဘွဲ့စံ ဝန်းသိုစော်ဘွားကြီးအား ဦးရွှေသာ နှင့် ဒေါ်ဒွန်းဖြူ ခေါ် သုဝဏ္ဏာကယဒေဝီ တို့မှ ၁၈၆၂ခုနှစ်တွင် ဝန်းသိုမြို့၌ မွေးဖွားခဲ့သည်။ ငယ်စဉ်က ဝန်းသိုဆရာတော် ဦးဂုဏ ထံတွင် ပညာသင်ခဲ့ပြီး အရွယ်ရောက်လာသည့်အခါ စော်ဘွားကြီးက သားဖြစ်သူကို ကင်းဝန်မင်းကြီးထံ အပ်နှံကာ နန်းဓလေ့ နှင့် အုပ်ချုပ်ရေးပညာရပ်များကို သင်ယူစေခဲ့သည်။ ထို့နောက် သီပေါမင်းထံ ၌ ကွမ်းရေတော်ကိုင်စာရေးအဖြစ် အမှုထမ်းခဲ့သည်။ ဦးအောင်မြတ်သည် စာပေကျမ်းဂန် ၊ ကဗျာ ၊ လင်္ကာ ၊ ဗေဒင် ၊ သမိုင်း ၊ အုပ်ချုပ်ရေး ၊ ဆေးပညာ စသည့် ပညာရပ်မျိုးစုံကို ကျွမ်းကျင်တတ်မြောက်ခဲ့သည်။

ဝန်းသိုစော်ဘွား ဦးရွှေသာ မိုးကောင်းမြို့ဝန်ဖြစ်ပြီးနောက် ဦးအောင်မြတ်သည် အသက် ၂၁နှစ်အရွယ်တွင် ဝန်းသိုစော်ဘွား ရာထူးကို ဆက်ခံခဲ့သည်။ မိုးညှင်းဒေသမှ ဗိုလ်ဝခေါင်းဆောင်သော သူပုန်များကို အောင်မြင်စွာနှိမ်နှင်းနိုင်သဖြင့် သီပေါမင်းက အားရတော်မူပြီး ဦးအောင်မြတ်အား ‘မောရိယ မဟာဝံသ သီရိသုဓမ္မာရာဇာ’ ဘွဲ့အားချီးမြှင့် ခဲ့သည်။ ထို့နောက် သက်တူရွယ်တူဖြစ်သူ စကားစော်ဘွားသမီး စောရွှေကြည်နှင့် လက်ထပ်ခဲ့သည်။ ထိုစဉ်အတွင်း အင်္ဂလိပ်တို့က မန္တလေးကို သိမ်းရာ ဦးအောင်မြတ်သည် လူသူလက်နက်စုဆောင်းကာ အခြေအနေကို စောင့်ပြီး တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။

အင်္ဂလိပ်တို့အား ပြန်မတိုက်ခိုက်ရန် ဆရာဖြစ်သူ ကင်းဝန်မင်းကြီးထံမှ စာရောက်လာသလို ၊ ငယ်ဆရာ ဦးဂုဏ ကလည်း ဖြောင်းဖြခဲ့သည်။ ဆရာနှစ်ပါးကို လေးစားသဖြင့် နာခံပြီး သစ်လုပ်ငန်း နှင့် စပါးလုပ်ငန်းများကို လုပ်ရင်းအေးအေးဆေးဆေးနေသည်။ သို့သော် ဦးအောင်မြတ်၏လုပ်ငန်းနေရာများကို ရယူလိုသည့် မသမာသူများက ဦးအောင်မြတ်စီးပွားရှာနေခြင်းမှာ ငွေကြေးစုဆောင်းပြီး အင်္ဂလိပ်တို့အားတိုက်ရန်ဖြစ်သည် ဟု ကုန်းချောခဲ့ကြသည်။ အင်္ဂလိပ်တို့ကလည်း ဦးအောင်မြတ်အား နေပြည်သို့လာရောက်အစစ်ဆေးခံရန် ကင်းဝန်မင်းကြီးအား အကြောင်းကြားစေသည်။ ကင်းဝန်မင်းကြီးက အကြောင်းကြားရာ ဦးအောင်မြတ်က နေပြည်တော်သို့လည်း မလာလိုကြောင်း ၊ တပါးကျွန်လည်း မခံလိုကြောင်း ၊ အရိုအသေမပြုနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။ သည့်အတွက် ကင်းဝန်မင်းကြီးကိုယ်တိုင်လိုက်ပြီး ဦးအောင်မြတ်အားတွေ့ရန်လာသော်လည်း ဦးအောင်မြတ်မှာ မိုးကောင်းရောက်နေသဖြင့် မတွေ့သွားခဲ့ရ။ အင်္ဂလိပ်တို့ကလည်း ဦးအောင်မြတ်အား ရာထူး ငွေကြေး များစွာဖြင့်စည်းရုံးခဲ့သော်လည်း မရ။ နောက်ဆုံးတွင် အင်္ဂလိပ်တို့သည် တပ်တစ်တပ်အား လွှတ်လိုက်ပြီး ဦးအောင်မြတ်တို့ သားအဖနှစ်ယောက်အား ဖမ်းဆီးရန် အမိန့်ထုတ်လိုက်သည်။

ဦးအောင်မြတ်ကလည်း ဝန်းသိုပတ်လည်တွင် သစ်တပ်မြို့ရိုးများ ၊ ကင်းများတည်ဆောက်ကာ ၊ လူသူလက်နက်စုဆောင်းပြီး အသင့်စောင့်နေခဲ့သည်။ မှန်ကင်းတောင်စခန်းတွင် အင်္ဂလိပ်တို့နှင့် ဦးအောင်မြတ်တပ်များ တိုက်ပွဲဖြစ်ပွားရာ အင်္ဂလိပ်တို့ရှုံးပြီး ဆုတ်ခွာခဲ့ရသည်။ ဆုတ်ခွာသွားသောတပ်အား လိုက်လံတိုက်ခိုက်ရာ အင်္ဂလိပ်စစ်ဗိုလ်တစ်ဦး နှင့်တပ်သား သုံးဦးကျဆုံးခဲ့ပြီး တိုက်ပွဲဖြစ်သည့်နေရာတွင် ကျွန်းတိုင်ကြီးတစ်တိုင် စိုက်ထူထားခဲ့သည်။ ထိုအချိန်မှ စ၍ ဦးအောင်မြတ်၏ အမည်သည် ကျော်ကြားလာခဲ့သည်။ အင်္ဂလိပ်တို့သည် အင်အားဖြည့်တင်းပြီးနောက်တစ်ကြိမ်ချီတက်ပြန်ရာ ဦးအောင်မြတ်တပ်များ၏ တိုက်ခိုက်မှုကို ခံရပြန်သည်။ သို့သော် ဒီတစ်ကြိမ်တွင် အင်္ဂလိပ်တို့က လူအင်အားလက်နက်အင်အားများစွာ သာလွန်သဖြင့် ဦးအောင်မြတ်တပ်များ နောက်ဆုတ်ကာ တော်ထဲသို့မျှားခေါ်ခဲ့သည်။ နေရာကျွမ်းကျင်မှုကြောင့် အင်္ဂလိပ်တပ်များကို အကျအဆုံးများအောင်တိုက်နိုင်ခဲ့သည်။ ကျိုင်းခွင်တောင်ကုန်းတွင် အင်္ဂလိပ်စစ်သားများသေဆုံးသည့်နေရာတွင် စိုက်ထူထားသည့် ကျောက်တိုင်ကို ယနေ့ထိတိုင်တွေ့မြင်နိုင်သေးသည်။

ထိုနေ့တွင်ပင် ဗိုလ်ကြီး ဟတ်ချင်ဆန် ဦးဆောင်သော အင်္ဂလိပ်တပ်နှင့် ဥက္ကံမြို့အနီးတွင် ဆက်လက်တိုက်ခိုက်ခဲ့သေးရာ နှစ်ဖက်စလုံးအကျအဆုံးများပြီး ဗိုလ်ကြီး ဟတ်ချင်ဆန်လည်း ဒါဏ်ရာရခဲ့သည်။ ထိုဒါဏ်ရာနှင့်ပင် မကြာမီသေဆုံးခဲ့သည်။ လူအင်အားလက်နက်အင်အား မမျှသော်လည်း မျိုးချစ်စိတ်ပြင်းထန်လှသဖြင့် ဝန်းသိုစော်ဘွားကြီးဦးဆောင်သော တပ်များသည် အင်္ဂလိပ်တို့အား နေရာအနှံ့မှ တိုက်ခိုက်ရင်း အခက်အခဲဖြစ်စေခဲ့သည်။ ထိုအချိန်အထိ အင်္ဂလိပ်တို့က ဦးအောင်မြတ်အား သူပုန်ဟု မကြေငြာပဲ သူတို့ဘက်ကိုလာပါက ရာထူး ၊ စည်းစိမ်အမြောက်အများပေးပြီး အေးဆေးစွာနေရမည်ဟု ကမ်းလှမ်းခဲ့ပြန်သည်။ ဝန်းသိုစော်ဘွားကြီးလက်မခံသဖြင့် လက်အောက်ငယ်သားများ ကို ပေးကမ်းစည်းရုံးရာ စိတ်မခိုင်သော တပ်သားများမှာ အင်္ဂလိပ်တို့ဘက်ပါသွားခဲ့သည်။ ဝန်းသိုတပ်အင်အားလည်း တဖြည်းဖြည်းနည်းလာခဲ့ရသည်။ ကျန်လူများနှင့် ဆက် လက်တိုက်ခိုက်လျှင်ရသေးသော်လည်း အင်အားချင်းကွာခြားလွန်းလှသဖြင့် အတိုက်အခိုက်ရပ်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် အင်္ဂလိပ်တို့ လက်အောက်ကို မဝင်ပဲ ယူနန်စန်းတာမြို့တွင် သွားရောက်နေထိုင်ခဲ့သည်။ အင်္ဂလိပ်တို့၏ အပေးအယူကိုလက်ခံလျှင် အေးဆေးစွာနေရမည်ဖြစ်သော် လည်း သူတပါးလက်အောက်တွင် မနေလိုသော စော်ဘွားကြီးသည် စပါးအလုပ် လုပ်ရင်း ၊ ဆေးကုရင်း ကြပ်တည်းစွာနေထိုင်ခဲ့သည်။ အသက်အရွယ်ကြီးရင့်လာသောအခါ မဟာဒေဝီက ပြန်လာရန် အတန်တန်ခေါ်သဖြင့် နေရပ်သို့ ပြန်လာခဲ့သည်။ အင်္ဂလိပ်အစိုးရက ထိုခေတ်ငွေ ၁၀ဝ ထောက်ပံသည်။ လာရောက်ပေးသည့်ငွေအား သားသမီးများ အားယူစေပြီး ကိုယ်တိုင်က လောကုတ္တရာဘက်တွင်သာ အားထုတ်နေခဲ့သည်။ ဂျပန်တို့လက်ထက်တွင်လည်း အင်္ဂလိပ်တို့ကဲ့သို့ပင် လစဉ် ငွေ ၁၀ဝ စီထောက်ပံ့ခဲ့သည်။ လွတ် လပ်ရေးရပြီးနောက် မြန်မာအစိုးရက ဝန်းသိုစော်ဘွားကြီးအားကျေးဇူးဆပ်သည့်အနေဖြင့် သခင်ကိုယ်တော်မှိုင်းနှင့်တန်းတူ လစဉ် ငွေ ၅၀ဝ စီပေးခဲ့သည်။ စော်ဘွားကြီးသည် ၁၉၆၅ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့ အသက် ၁၀၃နှစ် အရောက်တွင်ကွယ်လွန် အနိစ္စရောက်ခဲ့သည်။

Ref;
တစ်ချိန်က ထင်ရှားခဲ့သောပုဂ္ဂိုလ်ကြီးများ – ရွှေဥသြ
မြန်မာ့စွယ်စုံကျမ်း
ကိုလိုနီခေတ်အဘိဓာန် – မြဟန်

Leave a Reply