လူသိနည္းတဲ့ ကမာၻေက်ာ္ ျမန္မာပုဂၢဳိလ္ႀကီးတစ္ဦး (သုိ႔) အာရွဖြံ႔ၿဖဳိးေရးဘဏ္ရဲ႕ ဖခင္ႀကီးဦးညြန္႔

Posted on

ဦးညြန္႔ဟာ ႏိုင္ငံတကာ ဆက္ဆံေရးစာမ်က္ႏွာတြင္ ျမန္မာတစ္ဦးအၿဖစ္သာမက အာရွတိုက္သား တစ္ဦးအျဖစ္ ေအာင္ျမင္ခဲ့သူ၊ ကုလသမဂၢ အဖြဲ႕ အစည္းတြင္ ျမန္မာႏိုင္ငံသားမ်ားထဲမွ ပထမဆံုး အဆင့္ျမင့္ရာထူးကုိ ထမ္းေဆာင္ခဲ့သူ၊ အာရွဖြံ႕ၿဖိဳးေရးဘဏ္ႀကီး ေပၚထြက္လာေရး၏ ဖခင္ႀကီးအျဖစ္ကမၻာက အသိအမွတ္ျပဳခဲ့သူ ျဖစ္ပါတယ္။

သူ႔ကို လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၀၇ႏွစ္ (၁၉၁၀ ျပည့္ႏွစ္၊ ဇန္န၀ါရီလ)က ဘားအံၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ အခု ကုလသမဂၢ အာရွႏွင့္ ပစိဖိတ္ေဒသ စီးပြားေရးႏွင့္ လူမႈေရး ေကာ္မရွင္ (အက္စ္ကက္ပ္) မတိုင္ခင္ရွိခဲ့တဲ့ အာရွႏွင့္ အေရွ႕ဖ်ား ေဒသဆိုင္ရာ စီးပြားေရးေကာ္မရွင္ (အီးကေဖး)ရဲ႕ အမႈေဆာင္ အတြင္း၀န္ အျဖစ္ ၁၄ ႏွစ္ၾကာ ေဆာင္ရြက္ခဲ့တဲ့ အတြက္ သူ႔ကို အီးကေဖး ဦးၫြန္႔လို႔ လူသိမ်ားပါတယ္။

၁၉၃၀ ျပည့္ႏွစ္မွာ ရန္ကုန္ တကၠသိုလ္ကေန ၀ိဇၨာဘြဲ႕ရရွိခဲ့ၿပီးေနာက္ပိုင္း ေအာက္စ္ဖို႔တကၠသိုလ္နဲ႔ လန္ဒန္တကၠသုိလ္တုိ႔မွာ ပညာသင္ ၾကားခဲ့တဲ့ ဦးၫြန္႔ဟာ ျမန္မာႏိုင္ငံေတာ္ ၀န္ထမ္းဘ၀နဲ႔ ၁၉၃၃ ခုႏွစ္ကေန ၁၉၇၂ ခုႏွစ္အထိ တာ၀န္ထမ္းေဆာင္ ခဲ့သူျဖစ္ပါတယ္။အေကာက္ခြန္မင္းႀကီး၊ ကုန္သြယ္ေရး၀န္ႀကီးဌာန အျမဲတမ္း အတြင္း၀န္တာ၀န္ေတြကိုလည္း ထမ္းေဆာင္ခဲ့ၿပီး ၁၉၅၂ ခုုႏွစ္မွာျမန္မာႏိုင္ငံေတာ္အစုိးရ ခြင့္ျပဳခ်က္ အရ ECAFE တြင္ စတင္ တာ၀န္ထမ္းေဆာင္ခဲ့ပါတယ္။ ၁၉၅၉ ခုႏွစ္မွာ ကုလသမဂၢ အေထြ ေထြအတြင္းေရးမႉးခ်ဳပ္ ဒက္ဟမ္းမား႐ႈိး က ECAFE ရဲ႕ အမႈေဆာင္အတြင္း၀န္ အျဖစ္ ခန္႔အပ္ခဲ့တဲ့ ဦးၫြန္႔ကို လူသိမ်ား ရတဲ့အခ်က္ေတြထဲက တစ္ခုက ကမၻာ့ စာမ်က္ႏွာမွာ အာရွ႐ုပ္ပံုလႊာကို စတင္ ျမႇင့္တင္ေပးႏုိင္ခဲ့လို႔ပဲျဖစ္ပါတယ္။

ဦးၫြန္႔ ECAFE ရဲ႕ အမႈေဆာင္ အတြင္း၀န္အျဖစ္ တာ၀န္ထမ္းေဆာင္ ေနခ်ိန္ဟာ အေနာက္ႏုိင္ငံေတြရဲ႕ စနက္နဲ႔ အာရွႏုိင္ငံေတြ ၾကားမွာ သေဘာ ထားကြဲလြဲမႈေတြ ျဖစ္ေပၚေနတဲ့ကာလ ျဖစ္ပါတယ္။ ECAFEရဲ႕ အစည္းအေ၀းေတြမွာ အမ်ားမဲအႏုိင္စနစ္နဲ႔ ဆံုးျဖတ္ခ်က္ေတြခ်မွတ္တဲ့ အေလ့ အထေၾကာင့္ အင္အားႀကီး ကိုလိုနီ ႏုိင္ငံေတြကသူတို႔ စိတ္ႀကိဳက္ျခယ္လွယ္ ႏုိင္ေနခဲ့တာ ျဖစ္ပါတယ္။ဒါေၾကာင့္ အာရွႏုိင္ငံေတြက
မိမိတို႔ သေဘာအတိုင္း အခ်င္းခ်င္းညႇိႏႈိင္း ေဆာင္ရြက္ႏုိင္မယ့္ အားလံုးစိတ္တူ သေဘာတူ (Consensus) ဆံုးျဖတ္တဲ့ အာရွလမ္းစဥ္(Asian Way)ကို ဦးၫြန္႔ က စတင္က်င့္သုံးခဲ့တာ ျဖစ္ပါတယ္။အဲဒီလမ္းစဥ္နဲ႔ပဲ
မဲေခါင္ျမစ္၀ွမ္း စီမံကိန္းကို အေကာင္အထည္ေဖာ္ၿပီး အာရွႏုိင္ငံေတြရဲ႕ စည္းလံုးမႈကို အစပ်ဳိး ေစခဲ့ပါတယ္။ အဲဒီေနာက္မွာ အာရွ ဖြံ႕ၿဖိဳးေရးဘက္၊ အာရွေငြေၾကးေပးေခ် မႈအုပ္စု စသျဖင့္ ဆက္လက္တည္ေထာင္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ကမၻာေပၚမွာသာမက အာရွမွာပါ အေရးပါတဲ့ အေျပာင္းအလဲေတြျဖစ္ေပၚခဲ့တဲ့ကာလမွာ တာ၀န္ထမ္း ေဆာင္ခဲ့တဲ့ ဦးၫြန္႔ဟာ ECAFE ရဲ႕ အမႈေဆာင္ အတြင္း၀န္ေတြထဲမွာ အေအာင္ျမင္ဆံုးလို႔ ဆိုႏုိင္ပါတယ္။အားကစားလည္းလိုက္စားတဲ့ ဦးၫြန္႔ ဟာ ရန္ကုန္တကၠသုိလ္ ေလွေလွာ္ အသင္းကိုယ္စားျပဳ အင္းလ်ားကန္ ျဖတ္ေရကူးသမား တစ္ဦးျဖစ္သလို တကၠသိုလ္ေလ့က်င့္ေရးတပ္၏ ႐ိုင္ဖယ္ ေသနတ္ပစ္ လက္ေျဖာင့္သမားလည္း ျဖစ္ပါတယ္။

“အခု ကန္ေတာ္ႀကီးဟိုတယ္ေနရာက အဲဒီေခတ္က လူျဖဴေတြခ်ည္းပဲပါတဲ့။ Rangoon Boat Club ကိုအႏုိင္ ေလွာ္ခဲ့ၾကတဲ့ထဲမွာ ပါတယ္။ အေဖ့ရဲ႕ ပင္ကိုအရည္အခ်င္းေတြက မ်ဳိးခ်စ္ စိတ္ဓာတ္ ျပင္းျပတယ္။ အမ်ဳိးဘာသာ ခ်စ္စိတ္လည္း ျပင္းျပတယ္”လို႔ ဦးညြန္႔ရဲ႔ ဒုတိယသား ၿဖစ္တဲ႔ ေဒါက္တာသန္းၫြန္႔က ေျပာျပပါတယ္။၁၉၇၃ ခုႏွစ္မွာ ဦးၫြန္႔ ဟာECAFE ရဲ႕ အမႈေဆာင္ အတြင္း၀န္အၿဖစ္ကေနအၿငိမ္းစားယူခဲ႔ပါတယ္။ ဦးၫြန္႔ ေနာက္ဆံုးအေနနဲ႔ တာ၀န္ယူက်င္းပေပးခဲ့ရတဲ့ ဂ်ပန္ႏိုင္ငံ၊ တိုက်ဳိၿမိဳ႕မွာ က်င္းပခဲ့တဲ့ ECAFE ရဲ႕ (၂၉)ႀကိမ္ေျမာက္ ညီလာခံ မွာ သူ႔ကို ခ်ီးက်ဴးဂုဏ္ျပဳတဲ့အေနနဲ႔ေႀကျငာခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီေႀကျငာခ်က္မွာ ဦးၫြန္႔က်င့္သံုးခဲ့ တဲ့ အာရွလမ္းစဥ္ကို ႏုိင္ငံအခ်င္းခ်င္း ညီရင္းအစ္ကိုကဲ့သုိ႔ ဆက္ဆံျခင္းလို႔ ေဖာ္ျပၿပီး အာရွ႐ုပ္ပံုလႊာ လ်င္လ်င္ျမန္ျမန္ေပၚထြန္းလာဖုိ႔ ႀကိဳးစားအားထုတ္ခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ရန္ကုန္တကၠသိုလ္ေက်ာင္းသားဘ၀ကတည္းက တကၠသိုလ္မွာ ခရစ္ယာန္ ဘုရားရွိခိုးေက်ာင္းပဲရွိၿပီး ဗုဒၶဘာသာ ဓမၼာ႐ံု တည္ေဆာက္ေရးအတြက္ လႈပ္ရွားခဲ့တဲ့ ဦးၫြန္႔ဟာ အၿငိမ္းစားယူၿပီး ေနာက္ပိုင္းမွာလည္း ဇနီးျဖစ္သူ ေဒၚသန္းတင္နဲ႔အတူ ဘာသာ သာသနာေရးကို အာ႐ံုစိုက္ခဲ့ပါတယ္။၁၉၇၅ ခုႏွစ္မွာ နိကာယ္သာသနာ ေတာ္ျပန္႔ပြားေရးအသင္း တည္ေထာင္ရာမွာ ပါ၀င္ခဲ့ၿပီး အသင္းဥကၠ႒အျဖစ္လည္းေဆာင္ရြက္ ခဲ့ပါတယ္။

ေရႊတိဂံု ေစတီနဲ႔ ကမၻာေအးေစတီတို႔မွာလည္း မီးေမာင္းေတြကို ပထမဆံုးအျဖစ္ တပ္ဆင္လႉဒါန္းခဲ့ပါတယ္။ ညဘက္မွာ ေစတီေတာ္ေတြကုိ မီးေရာင္ထိန္ထိန္နဲ႔ ဖူးေမွ်ာ္ႏုိင္ေအာင္ ဦးညြန္႔က လမ္းေဖာ္ေပးခဲ႔တာလုိ႔ ဆုိႏုိင္ပါတယ္။ ။ ႏုိင္ငံေတာ္ရဲ႕ စည္သူဘြဲ႔ရခဲ့တဲ့ ဦးညြန္႔ဟာ ၁၉၉၆ခုႏွစ္ ဧၿပီ ၈ရက္ အသက္ ၈၆ႏွစ္ အရြယ္မွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဘ၀တစ္ပါးကုိေျပာင္းေရြ႕သြားပါတယ္။ သားေလးေယာက္၊ သမီး တစ္ေယာက္ ထြန္းကားခဲ့တဲ့ ဦးၫြန္႔ဟာ သက္ရွိထင္ရွားရွိမယ္ဆိုရင္ အသက္ ၁၀၇ ျပည္႔ၿပီ ျဖစ္ပါတယ္။

(ဒီေဆာင္းပါးေလးကေတာ႔ လြန္ခဲ႔တဲ႔၆ ႏွစ္ေလာက္က ျမန္မာတုိင္းမ္ဂ်ာနယ္မွာ ပါတဲ႔ေဆာင္းပါးေလးပါ။ ကြ်န္ေတာ္လည္း ခုမွရွာေတြ႔ပါတယ္။ ဦးညြန္႔အေႀကာင္းကုိ ကြ်န္ေတာ္အရင္က လုံး၀မသိခဲ႔ပါဘူး။ ကမၻာေက်ာ္ ျမန္မာတစ္ေယာက္အတြက္ ကြ်န္ေတာ္အရမ္းဂုဏ္ယူႀကည္ႏူးရပါတယ္။ ကြ်န္ေတာ္ခံစားရသလုိကြ်န္ေတာ္႔သူငယ္ခ်င္းမ်ားလည္း အလားတူဂုဏ္ယူႀကည္ႏူးႀကေစဖုိ႔ကမၻာေက်ာ္ျမန္မာလူေတာ္တစ္ေယာက္အေႀကာင္းျပန္လည္ထုတ္ႏႈတ္ေရးသားတင္ျပေပးလုိက္ရပါတယ္။ အရင္က ေခတ္အဆက္ဆက္ျမန္မာေတြ အလြန္ေတာ္ခဲ႔ႀကပါတယ္။ ကြ်န္ေတာ္႔တုိ႔ေခတ္နဲ႔ ေနာင္လာမယ္႔မ်ိဳးဆက္မ်ားရဲ႔ ေခတ္မွာလည္း ကမၻာေက်ာ္ ျမန္မာလူေတာ္ အေျမာက္အျမားေပၚထြန္းႀကပါေစေႀကာင္း ဆုမြန္ေကာင္းေတာင္းလုိက္ရပါတယ္ခင္ဗ်ာ။)

အားလုံးကုိေလးစားစြာျဖင္႔
မင္းအရိပ္
ေရာင္စုံအခန္းငယ္


လူသိနည်းတဲ့ ကမ္ဘာကျော် မြန်မာပုဂ္ဂိုလ်ကြီးတစ်ဦး (သို့) အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ဖခင်ကြီးဦးညွန့်(unicode)

ဦးညွန့်ဟာ နိုင်ငံတကာ ဆက်ဆံရေးစာမျက်နှာတွင် မြန်မာတစ်ဦးအဖြစ်သာမက အာရှတိုက်သား တစ်ဦးအဖြစ် အောင်မြင်ခဲ့သူ၊ ကုလသမဂ္ဂ အဖွဲ့ အစည်းတွင် မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး အဆင့်မြင့်ရာထူးကို ထမ်းဆောင်ခဲ့သူ၊ အာရှဖွံ့ဖြိုးရေးဘဏ်ကြီး ပေါ်ထွက်လာရေး၏ ဖခင်ကြီးအဖြစ်ကမ္ဘာက အသိအမှတ်ပြုခဲ့သူ ဖြစ်ပါတယ်။

သူ့ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၇နှစ် (၁၉၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ)က ဘားအံမြို့မှာ မွေးဖွားခဲ့ပါတယ်။ အခု ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (အက်စ်ကက်ပ်) မတိုင်ခင်ရှိခဲ့တဲ့ အာရှနှင့် အရှေ့ဖျား ဒေသဆိုင်ရာ စီးပွားရေးကော်မရှင် (အီးကဖေး)ရဲ့ အမှုဆောင် အတွင်းဝန် အဖြစ် ၁၄ နှစ်ကြာ ဆောင်ရွက်ခဲ့တဲ့ အတွက် သူ့ကို အီးကဖေး ဦးညွန့်လို့ လူသိများပါတယ်။

၁၉၃၀ ပြည့်နှစ်မှာ ရန်ကုန် တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီးနောက်ပိုင်း အောက်စ်ဖို့တက္ကသိုလ်နဲ့ လန်ဒန်တက္ကသိုလ်တို့မှာ ပညာသင် ကြားခဲ့တဲ့ ဦးညွန့်ဟာ မြန်မာနိုင်ငံတော် ဝန်ထမ်းဘဝနဲ့ ၁၉၃၃ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပါတယ်။အကောက်ခွန်မင်းကြီး၊ ကုန်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ပြီး ၁၉၅၂ ခုနှစ်မှာမြန်မာနိုင်ငံတော်အစိုးရ ခွင့်ပြုချက် အရ ECAFE တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာ ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး က ECAFE ရဲ့ အမှုဆောင်အတွင်းဝန် အဖြစ် ခန့်အပ်ခဲ့တဲ့ ဦးညွန့်ကို လူသိများ ရတဲ့အချက်တွေထဲက တစ်ခုက ကမ္ဘာ့ စာမျက်နှာမှာ အာရှရုပ်ပုံလွှာကို စတင် မြှင့်တင်ပေးနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။

ဦးညွန့် ECAFE ရဲ့ အမှုဆောင် အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင် နေချိန်ဟာ အနောက်နိုင်ငံတွေရဲ့ စနက်နဲ့ အာရှနိုင်ငံတွေ ကြားမှာ သဘော ထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေတဲ့ကာလ ဖြစ်ပါတယ်။ ECAFEရဲ့ အစည်းအဝေးတွေမှာ အများမဲအနိုင်စနစ်နဲ့ ဆုံးဖြတ်ချက်တွေချမှတ်တဲ့ အလေ့ အထကြောင့် အင်အားကြီး ကိုလိုနီ နိုင်ငံတွေကသူတို့ စိတ်ကြိုက်ခြယ်လှယ် နိုင်နေခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့် အာရှနိုင်ငံတွေက
မိမိတို့ သဘောအတိုင်း အချင်းချင်းညှိနှိုင်း ဆောင်ရွက်နိုင်မယ့် အားလုံးစိတ်တူ သဘောတူ (Consensus) ဆုံးဖြတ်တဲ့ အာရှလမ်းစဉ်(Asian Way)ကို ဦးညွန့် က စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။အဲဒီလမ်းစဉ်နဲ့ပဲ
မဲခေါင်မြစ်ဝှမ်း စီမံကိန်းကို အကောင်အထည်ဖော်ပြီး အာရှနိုင်ငံတွေရဲ့ စည်းလုံးမှုကို အစပျိုး စေခဲ့ပါတယ်။ အဲဒီနောက်မှာ အာရှ ဖွံ့ဖြိုးရေးဘက်၊ အာရှငွေကြေးပေးချေ မှုအုပ်စု စသဖြင့် ဆက်လက်တည်ထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာသာမက အာရှမှာပါ အရေးပါတဲ့ အပြောင်းအလဲတွေဖြစ်ပေါ်ခဲ့တဲ့ကာလမှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ဦးညွန့်ဟာ ECAFE ရဲ့ အမှုဆောင် အတွင်းဝန်တွေထဲမှာ အအောင်မြင်ဆုံးလို့ ဆိုနိုင်ပါတယ်။အားကစားလည်းလိုက်စားတဲ့ ဦးညွန့် ဟာ ရန်ကုန်တက္ကသိုလ် လှေလှော် အသင်းကိုယ်စားပြု အင်းလျားကန် ဖြတ်ရေကူးသမား တစ်ဦးဖြစ်သလို တက္ကသိုလ်လေ့ကျင့်ရေးတပ်၏ ရိုင်ဖယ် သေနတ်ပစ် လက်ဖြောင့်သမားလည်း ဖြစ်ပါတယ်။

“အခု ကန်တော်ကြီးဟိုတယ်နေရာက အဲဒီခေတ်က လူဖြူတွေချည်းပဲပါတဲ့။ Rangoon Boat Club ကိုအနိုင် လှော်ခဲ့ကြတဲ့ထဲမှာ ပါတယ်။ အဖေ့ရဲ့ ပင်ကိုအရည်အချင်းတွေက မျိုးချစ် စိတ်ဓာတ် ပြင်းပြတယ်။ အမျိုးဘာသာ ချစ်စိတ်လည်း ပြင်းပြတယ်”လို့ ဦးညွန့်ရဲ့ ဒုတိယသား ဖြစ်တဲ့ ဒေါက်တာသန်းညွန့်က ပြောပြပါတယ်။၁၉၇၃ ခုနှစ်မှာ ဦးညွန့် ဟာECAFE ရဲ့ အမှုဆောင် အတွင်းဝန်အဖြစ်ကနေအငြိမ်းစားယူခဲ့ပါတယ်။ ဦးညွန့် နောက်ဆုံးအနေနဲ့ တာဝန်ယူကျင်းပပေးခဲ့ရတဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ ECAFE ရဲ့ (၂၉)ကြိမ်မြောက် ညီလာခံ မှာ သူ့ကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေငြာချက်မှာ ဦးညွန့်ကျင့်သုံးခဲ့ တဲ့ အာရှလမ်းစဉ်ကို နိုင်ငံအချင်းချင်း ညီရင်းအစ်ကိုကဲ့သို့ ဆက်ဆံခြင်းလို့ ဖော်ပြပြီး အာရှရုပ်ပုံလွှာ လျင်လျင်မြန်မြန်ပေါ်ထွန်းလာဖို့ ကြိုးစားအားထုတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝကတည်းက တက္ကသိုလ်မှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းပဲရှိပြီး ဗုဒ္ဓဘာသာ ဓမ္မာရုံ တည်ဆောက်ရေးအတွက် လှုပ်ရှားခဲ့တဲ့ ဦးညွန့်ဟာ အငြိမ်းစားယူပြီး နောက်ပိုင်းမှာလည်း ဇနီးဖြစ်သူ ဒေါ်သန်းတင်နဲ့အတူ ဘာသာ သာသနာရေးကို အာရုံစိုက်ခဲ့ပါတယ်။၁၉၇၅ ခုနှစ်မှာ နိကာယ်သာသနာ တော်ပြန့်ပွားရေးအသင်း တည်ထောင်ရာမှာ ပါဝင်ခဲ့ပြီး အသင်းဥက္ကဋ္ဌအဖြစ်လည်းဆောင်ရွက် ခဲ့ပါတယ်။

ရွှေတိဂုံ စေတီနဲ့ ကမ္ဘာအေးစေတီတို့မှာလည်း မီးမောင်းတွေကို ပထမဆုံးအဖြစ် တပ်ဆင်လှူဒါန်းခဲ့ပါတယ်။ ညဘက်မှာ စေတီတော်တွေကို မီးရောင်ထိန်ထိန်နဲ့ ဖူးမျှော်နိုင်အောင် ဦးညွန့်က လမ်းဖော်ပေးခဲ့တာလို့ ဆိုနိုင်ပါတယ်။ ။ နိုင်ငံတော်ရဲ့ စည်သူဘွဲ့ရခဲ့တဲ့ ဦးညွန့်ဟာ ၁၉၉၆ခုနှစ် ဧပြီ ၈ရက် အသက် ၈၆နှစ် အရွယ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘဝတစ်ပါးကိုပြောင်းရွေ့သွားပါတယ်။ သားလေးယောက်၊ သမီး တစ်ယောက် ထွန်းကားခဲ့တဲ့ ဦးညွန့်ဟာ သက်ရှိထင်ရှားရှိမယ်ဆိုရင် အသက် ၁၀၇ ပြည့်ပြီ ဖြစ်ပါတယ်။

(ဒီဆောင်းပါးလေးကတော့ လွန်ခဲ့တဲ့၆ နှစ်လောက်က မြန်မာတိုင်းမ်ဂျာနယ်မှာ ပါတဲ့ဆောင်းပါးလေးပါ။ ကျွန်တော်လည်း ခုမှရှာတွေ့ပါတယ်။ ဦးညွန့်အကြောင်းကို ကျွန်တော်အရင်က လုံးဝမသိခဲ့ပါဘူး။ ကမ္ဘာကျော် မြန်မာတစ်ယောက်အတွက် ကျွန်တော်အရမ်းဂုဏ်ယူကြည်နူးရပါတယ်။ ကျွန်တော်ခံစားရသလိုကျွန်တော့်သူငယ်ချင်းများလည်း အလားတူဂုဏ်ယူကြည်နူးကြစေဖို့ကမ္ဘာကျော်မြန်မာလူတော်တစ်ယောက်အကြောင်းပြန်လည်ထုတ်နှုတ်ရေးသားတင်ပြပေးလိုက်ရပါတယ်။ အရင်က ခေတ်အဆက်ဆက်မြန်မာတွေ အလွန်တော်ခဲ့ကြပါတယ်။ ကျွန်တော့်တို့ခေတ်နဲ့ နောင်လာမယ့်မျိုးဆက်များရဲ့ ခေတ်မှာလည်း ကမ္ဘာကျော် မြန်မာလူတော် အမြောက်အမြားပေါ်ထွန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။)

အားလုံးကိုလေးစားစွာဖြင့်
မင်းအရိပ်
ရောင်စုံအခန်းငယ်

Leave a Reply