သမုိင္းထဲက ထီးႏႇင့္နန္းကို ျငင္းဆန္ၾကသူမ်ား

Posted on

သမိုင္းမွ ထီးႏႇင့္နန္းကို ျငင္းဆန္သူ ၇ ေယာက္အေႀကာင္း ကုိ စုစည္း ေကာက္ႏုတ္ တင္ျပပါသည္။

(၁) ဘုရင့္ေနာင္
ပုဂံသကၠရာဇ္ ၉၀၁ ခုႏႇစ္တြင္ တပင္ေရႊထီးသည္ ဟံသာ၀တီကို ျပဳျပင္ခ်ဲ႕ထြင္၍ ဟံသာ၀တီ၌ စံေလသည္။ ၁၉၀၃ ခုႏႇစ္တြင္ ယိုးဒယားကို ႏိုင္သည္။ယုိးဒယားကအျပန္ သေဘၤာသား ေပၚတူဂီဘုရင္ဂ်ီကို အထင္ႀကီး ေျမႇာက္စားမိရာမႇ ထိုသူဆက္သ ေသာ အရက္ကို ေသာက္မိရာ ေမာင္က်န္တစ္တို႔ႏႇင့္ အရက္စြဲကာ ယစ္ထုပ္ႀကီးဘ၀ေရာက္ရရႇာသည္။

သစၥာႀကီးေသာ ဘုရင့္ေနာင္က ေဖ်ာင္းဖ်နားခ်ပါေသာ္လည္း မရေတာ့၊ အရက္ကုိ သူမျဖတ္ႏုိင္ေတာ့ၿပီ၊ ေပါရိသာဒသည္ လူသားကို မစြန္႔ႏိုင္သျဖင့္ တုိင္းျပည္ကို စြန္႔သလို တပင္ေရႊထီးလည္း အရက္ကို မစြန္႔ႏုိင္သျဖင့္ တုိင္းျပည္ကိုစြန္႔ေလသည္။

”ေနာင္ေတာ္…ကြၽႏု္ပ္ကုိ ဘယ္လိုမႇ နားခ်မေနနဲ႔ေတာ့၊ ကြၽႏု္ပ္ေပ်ာ္သလို ကြၽႏု္ပ္ေနေတာ့မယ္၊ ေနာင္ေတာ္သာတိုင္းျပည္ကုိ ႀကိဳက္သလုိ စီမံပါေတာ့” ဟု မ်က္ေတာင္ေမႇးေမႇး၊ လ်ာေလးအာေလးႏႇင့္ မိန္႔ေတာ့သည္။ အရက္ဟူသည္ ဆုိး၀ါးေလစြ၊ ထုိ႔ ေၾကာင့္ ဘုရားရႇင္က ”င့ါတပည့္သား မႇန္လွ်င္ အရက္မေသာက္ရ၊ ဥပါသကာ မႇန္လွ်င္ အရက္မေရာင္းရ”ဟု တိက် ျပတ္သားစြာ မိန္႔ခဲ့ျခင္းျဖစ္သည္။

နန္းတြင္းက ျမန္မာ၊ မြန္၊ ရႇမ္း မႇဴးမတ္ေတြက ဘုရင့္ေနာင္ကို ေလွ်ာက္ထားၾကသည္မႇာ ညီေတာ္ကို လံုျခံဳစြာထား၍ ဘုရင့္ေနာင္အား ထီးနန္းကို သိမ္းျမန္းပါရန္ ေတာင္းေတာင္းပန္ပန္ တုိက္တြန္း ေလွ်ာက္ထားၾကေလသည္။ သုိ႔ေသာ္ ဘုရင့္ေနာင္က လက္မခံ၊ ထီးႏႇင့္နန္းကို ျငင္းဆန္ေလသည္။

”အစ္ကိုတို႔…ကြၽႏု္ပ္တုိ႔ဟာ သစၥာေစာင့္သိအပ္တယ္၊ သူယုတ္အျဖစ္နဲ႔ အႏႇစ္တစ္ရာေနရျခင္းထက္ သူေတာ္အျဖစ္ တစ္ရက္ေနရတာက ပိုျမတ္ပါတယ္။ စိတ္ထဲမႇာ ဘာမႇမထားၾကေလနဲ႔၊ စားျမဲတိုင္း ရာထူးစည္းစိမ္ကိုသာ စားၾကပါေလ”ဟု မိန္႔သတဲ့၊ အံ့ခ်ီးဖြယ္ အႏႈိင္းမဲ့ သစၥာရႇင္ႀကီးပါတကား…။

(၂) ရမည္းသင္းစား သီလ၀
အင္း၀ဘုရင္ သတုိးမင္းဖ်ား ကြယ္လြန္ခ်ိန္တြင္ ရမည္းသင္းစား သီလ၀သည္ အနီးဆံုးေသာ ေဆြေတာ္မ်ဳိးေတာ္ ျဖစ္ေသာေၾကာင့္ ထီးနန္းအပ္ၾကေလသည္။ သို႔ေသာ္ သီလ၀မင္းသားက ”ငါဟာတစ္သက္လံုး ခုခ်ိန္ထိ သံုးခါပဲ ရယ္ဖူးေသးတယ္။ ငါဟာ ဣေျႏၵႀကီးတာလား၊ ဘာလားမသိ၊ လူမႈေရးအားနည္းတယ္၊ လူမႈေရး နားမလည္ဘူး၊ ဒါေၾကာင့္ ငါ့ထက္ေဖာ္ေရြသူ၊ လူမႈေရးကြၽမ္းက်င္သူ ဘုရင့္ ေယာက္ဖေတာ္ စြာေစာ္ကဲကိုသာ မင္းေျမႇာက္ၾကပါ”ဟု ဆုိ၍ ထီးႏႇင့္နန္းကို ျငင္းဆန္ေလသည္။ မရြယ္ဘဲႏႇင့္ ေစာ္ကဲ က မင္းျဖစ္ရသည္။
အေလာင္းေတာ္ ေတမိမင္းသားသည္ ထီးႏႇင့္နန္းကို ေၾကာက္ရြံေသာေၾကာင့္ ဆယ့္ေျခာက္ႏႇစ္လံုးလံုး ဆြံ႕အနားမၾကားေယာင္ေဆာင္ကာ မလႈပ္မယႇက္ႏႇင့္ ေအာင့္အည္းသည္းခံကာ အဓိ႒ာန္ ပါရမီကို ေအာင္ျမင္ၿပီးေျမာက္ ခဲ့ေစသည္။

(၃) သီဟပေတ့
အင္း၀မိုးညႇင္းမင္းဆက္ မင္းရဲေက်ာ္စြာ ကြယ္လြန္ခ်ိန္တြင္ သားေတာ္ သီဟသူသည္ ျပည္ၿမိဳ႕သို႔ ေရာက္ေန၏။ သမက္ေတာ္ သီဟပေတ့က တေကာင္းတြင္ စစ္တုိက္ေန၏။ မႇဴးႀကီးမတ္ရာေတြက အင္း၀၌ မင္းမရိႇသည္ကို ရႇည္ၾကာစြာ ဆုိင္းငံ့ ေနရန္ မသင့္ေခ်ဟု တုိင္ပင္ၾက၍ မုိးေကာင္းတြင္ရိႇေသာ သီဟပေတ့ထံ ”ျမင္းလွ်င္ႏႇင့္ အျမန္လာၿပီး ထီးနန္းကို သိမ္းပုိက္မႇ တုိင္းျပည္ၿငိမ္၀ပ္ပါမည္”ဟု ေလွ်ာက္ထားေခၚယူၾက၏။

သီဟပေတ့၏ အေျဖကား ”ငါဟာ မင္းဧကရာဇ္ရဲ႕ သားရင္းလည္း မဟုတ္၊ ညီရင္းလည္း မဟုတ္၊ မင္းစည္းစိမ္နဲ႔ မင္းလုပ္ဖို႔လည္း ငါအလိုမရိႇ၊ ငါတုိ႔အရႇင္ရဲ႕ သားေတာ္ငယ္ ျပည္မင္း သီဟသူ ကိုပင့္ေဆာင္ကာ မင္းေျမႇာက္ၾကပါေလ”ဟု ဆုိကာ ထီးႏႇင့္နန္းကို ျငင္းဆန္ေလ၏။ သီဟပေတ့ကား ဘုရင့္ႏႇမအရင္း မင္းျမတ္လႇ၏ ခင္ပြန္း ေယာက္ဖေတာ္တည္း။

(၄) မင္းႀကီးရန္ေနာင္
ပုဂံသကၠရာဇ္ ၈၈၈ ခုႏႇစ္တြင္ အင္း၀၌ နန္းတက္ေသာ ရႇမ္းမင္း သိုဟန္ဘြားသည္ အဓမၼိကရာဇာျဖစ္၏။ သုိဟန္ဘြား၏ ညႇဥ္းပန္းႏႇိပ္စက္မႈကို မခံႏုိင္ၾကေသာ ျပည္သူတို႔သည္ ေရႊနန္းေၾကာ့ရႇင္ နရပတိမင္း ၏ တူေတာ္ မင္းႀကီးရန္ေနာင္ အား တုိင္ၾကားၾက၏။ မင္းႀကီးရန္ေနာင္ သည္ ဥပါယ္တံမ်ဥ္ျဖင့္ စီစဥ္၍ သိုဟန္ဘြားကို ဓားႏႇင့္ ခုတ္သတ္ပစ္လိုက္သည္။

မႇဴးမတ္ျပည္သူတို႔သည္ မင္းႀကီးရန္ေနာင္အား ထီးနန္းကို လက္ခံပါရန္ ေတာင္းပန္ၾကသည္။ မင္းႀကီးရန္ေနာင္ ကထီးႏႇင့္နန္းကိုျငင္းပယ္၍ ”ကြၽႏု္ပ္ဟာ ထီးနန္းကို အလုိမရိႇပါ၊ အုန္းေဘာင္ခုန္မိႈင္းဟာ ငါတုိ႔အရႇင္ နရပတိနဲ႔လည္း မိတ္ေဆြျဖစ္တယ္၊ ျမန္မာကို လုိလားသူလည္း ျဖစ္တယ္၊ သူ႔ကိုသာ နန္းတင္ၾကပါ” ဟု ထီးႏႇင့္နန္းကို ျငင္းဆန္ေလသည္၊ ထုိ႔ေနာက္ တစ္ႏႇစ္ခန္႔အၾကာ ေလာကီကိုၿငီးေငြ႕၍ ေတာထြက္ရဟန္းျပဳသြားေလသည္၊ သာဓု သာဓု-ေကာင္းလုိက္ေလျခင္း။

(၅) လက်္ာဗုိလ္
ဟံသာ၀တီ ေကာင္းစားစဥ္က ဆင္ၾကားရႇင္ေခၚေသာ ျမန္မာဘုရင္သည္ မႇဴးမတ္မ်ားႏႇင့္ စိတ္၀မ္းကြဲ၍ ဇင္းမယ္သုိ႔ သြားေရာက္ေနထိုင္သည္၊ လစ္လပ္ေနေသာ ဘုရင္ေနရာတြင္ ျမန္မာအမတ္ လက်္ာဗိုလ္ကို ထီးနန္းလက္ခံရန္ မႇဴးမတ္တုိ႔က ေတာင္းပန္ၾက၏။

လက်္ာဗုိလ္က ”မင္းအျဖစ္နဲ႔ ျပည့္၀န္ႀကီးကို ေဆာင္ရြက္ရန္ အလြန္ခဲယဥ္းလႇပါတယ္၊ မင္းအျဖစ္ကိုလည္း ကြၽႏု္ပ္အလိုမရိႇပါ၊ အမႈထမ္း႐ံုသာ တတ္ပါတယ္၊ ျပည္ေရးတုိင္းေရးကို မစီမံႏုိင္ပါ၊ စီမံႏုိင္သူ မင္းလုပ္ထုိက္သူကို ညႊန္ျပမယ္”ဟု ဆို၍ သူကိုယ္တုိင္က ထီးႏႇင့္နန္းကို ျငင္းဆန္ကာ ဗညားဒလကို ညႊန္ျပ၏၊ အမ်ားကလည္း လက္ခံသေဘာတူ ၾကေလသည္။

(၆) အိုင္စတုိင္း
အစၥေရးျပည္ စတင္တည္ေထာင္ေတာ့ အစၥေရးျပည္သူတို႔က ဂ်ဴးမ်ိဳးႏြယ္ အိုင္စတိုင္းကို သမၼတတင္ေျမႇာက္ၾကဖုိ႔ တညီတညြတ္တည္း ဆံုးျဖတ္ကာ အိုင္စတိုင္းကို သမၼတလုပ္ပါရန္ ေတာင္းပန္ၾကေတာ့ အိုင္စတိုင္းက ”ကြၽႏု္ပ္ဟာ သိပၸံပညာနဲ႔ေတာ့ နီးစပ္ပါတယ္၊ လူေတြကို ကိုင္တြယ္စီမံခန္႔ခြဲ ေလာက္ေအာင္ထိေတာ့ ပါရမီမပါပါဘူး၊ သမၼတ မလုပ္ပါရေစနဲ႔”ဟု ထီးႏႇင့္နန္းကို ျငင္းဆန္ခဲ့ေလသည္။

(၇) ေတမိမင္းသား
အေလာင္းေတာ္ေမြးဖြားစဥ္ မုိးႀကီးသည္းထန္စြာ ရြာသြန္းေသာေၾကာင့္ လည္းေကာင္း၊ အားလံုး၏ စိတ္ႏႇလံုးကို ေပ်ာ္ရႊင္မႈ ပီတိေသာမနႆႏႇင့္ စိုစြတ္ေသာေၾကာင့္ လည္းေကာင္း ”ေတမိယ”ဟု မႇည့္ေခၚၾက၏၊ အဓိပၸါယ္က စုိစြတ္ေစသူဟူ၍ ျဖစ္၏။

ေတမိမင္းသားေလး ဆယ္လသားအရြယ္တြင္ ဖခင္ ဗာရာဏသီ မင္းႀကီးက သားေတာ္ေလး ရင္ခြင္မႇာထားၿပီး တရားဆံုးျဖတ္၏။ တရားစီရင္ရာတြင္ တစ္ေယာက္ကို ႀကိမ္ဒဏ္ အခ်က္တစ္ေထာင္၊ တစ္ေယာက္ကို လက္ထိပ္ေျခထိပ္ခတ္ၿပီး အက်ဥ္းခ်ေစ၊ တစ္ေယာက္ကို သတ္ေစ၊ တစ္ေယာက္ကို ဆူးေျငႇာင့္ေတြအေပၚ၌ တင္ထားႏႇိပ္စက္ေစဟု အမိန္႔ခ်မႇတ္၏။

ထုိအခါ ဘ၀တစ္ခုမႇာ မိခင္ေတာ္စပ္ခဲ့ဖူးေသာ ထီးေစာင့္နတ္သမီးက ”ငါ့သားေတမိယ…ဘာမႇမစုိးရိမ္နဲ႔၊ မင္းဒီေစာရေဂဟာမႇ လြတ္ေျမာက္ခ်င္ရင္ အဆြံ႕ေယာင္ေဆာင္ပါ၊ အ,အေယာင္ေဆာင္ပါ၊ နားမၾကားတဲ့ သူေယာင္ေဆာင္ပါ၊”ဟု အၾကံေပး၏။ ေတမိမင္းသားေလးသည္ နတ္သမီး အၾကံေပးသည့္အတိုင္း ဆြံ႕အနားမၾကားေယာင္ေဆာင္ကာ မလႈပ္မယႇက္ ေနေလေတာ့၏။

အထိန္းေတာ္ေတြက ႏုိ႔ကို ပံုမႇန္မတုိက္ဘဲႏႇင့္ အကဲစမ္းရာ တစ္ႏႇစ္ၾကာ၏။ မုန့္ႏႇင့္ျမဴဆြယ္တာက တစ္ႏႇစ္ၾကာ၏။ သစ္သီးႏႇင့္ ျမဴဆြယ္တာက တစ္ႏႇစ္ၾကာ၏။ အ႐ုပ္မ်ိဳးစံုျပ ျမဴဆြယ္တာက တစ္ႏႇစ္ၾကာ၏၊ ေနာက္တစ္ႏႇစ္ မုန္႔ေတြစားစရာေတြႏႇင့္ ျမဴဆြယ္ၾကျပန္၏။

ငါးႏႇစ္သားအရြယ္မႇာ မီးႏႇင့္႐ိႈ႕ၿပီး ေျခာက္လႇန္႔ၾက၏။ ေျခာက္ႏႇစ္အရြယ္မႇာ ဆင္ႏႇင့္တုိက္သတ္ဟန္ျပဳၿပီး ေျခာက္လႇန္႔ၾက၏၊ ခုနစ္ႏႇစ္သား အရြယ္မႇာ ေျမြေတြႏႇင့္ ေျခာက္လႇန္႔ၾက၏။ ရႇစ္ႏႇစ္အရြယ္မႇာ အတီးအမႈတ္ အကအခုန္ေတြႏႇင့္ စမ္းသပ္ၾက၏။ ကိုးႏႇစ္အရြယ္မႇာ လူသတ္သမားေတြႏႇင့္ ေျခာက္လႇန္႔ၾက၏။ ဆယ္ႏႇစ္သားအရြယ္မႇာ ခ႐ုသင္းႀကီးေတြမႈတ္ၿပီး စမ္းသပ္ၾက၏။ ဆယ့္တစ္ႏႇစ္သားအရြယ္မႇာ စည္ႀကီးတီး၍ စမ္းသပ္ၾက၏။ဆယ့္ႏႇစ္ႏႇစ္သားအရြယ္မႇာ အေမႇာင္တုိက္ထဲထားၿပီး စမ္းသပ္ၾက၏။

ထူးထူးဆန္းဆန္း ဆယ့္သံုးႏႇစ္သားအရြယ္မႇာ တစ္ကိုယ္လံုး သကာရည္ေတြသုတ္၊ ယင္ေတြအံု၊ ပုရြက္ဆိတ္ေတြကိုက္ေစၿပီး စမ္းသပ္ၾက၏။ ဆယ့္ေလးႏႇစ္သား အရြယ္မႇာ က်င္ႀကီးက်င္ငယ္ေတြ ထဲမႇာထား၊ ယင္ေတြ၊ ေလာက္ေတြ တဖြားဖြားႏႇင့္ စမ္းသပ္ၾက၏။ ဆယ့္ငါးႏႇစ္သားအရြယ္မႇာ ရႇားမီးက်ီးခဲေတြႏႇင့္ထားၿပီး စမ္းသပ္ၾက၏။ ဆယ့္ေျခာက္ႏႇစ္ အရြယ္မႇာေတာ့ အၾကမ္းနည္းႏႇင့္ေတာ့ ရမႇာမဟုတ္၊ အႏုနည္းႏႇင့္စမ္းသပ္မည္ဟု တုိင္ပင္ကာ မိန္းမလႇေလးေတြကို အနားမႇာ ပြတ္သီးပြတ္သပ္ လုပ္ေစၿပီး စမ္းသပ္ၾက၏။ အေလာင္းေတာ္ ေတမိမင္းသားသည္ ထီးႏႇင့္နန္းကို ေၾကာက္႐ြံေသာေၾကာင့္ ဆယ့္ေျခာက္ႏႇစ္လံုးလံုး ဆြံ႕အနားမၾကားေယာင္ေဆာင္ကာ မလႈပ္မယႇက္ႏႇင့္ ေအာင့္အည္းသည္းခံကာ အဓိ႒ာန္ပါရမီကို ေအာင္ျမင္ၿပီး ေျမာက္ခဲ့ေစသည္။

( ဒီအထဲတြင္ မပါေသာ္လည္း ထီးနန္းကို ျငင္းဆန္ခဲ့ေသာ ဘုရင္တစ္ပါး ရွိသးသည္။ က်န္စစ္သားျဖစ္သည္။ မိမိအား ထီးနန္းကုိ အုပ္စုိးရန္ မွဴးမတ္ျပည္သူတုိ႔က ေလွ်ာက္ထားေသာ္လည္း လက္မခံပဲ ၊ ထီးနန္းအုပ္ခ်ဳပ္ရန္ ေစာလူးမင္းကုိ သြားေရာက္ကယ္ဆယ္ခဲ့ေသးကာ မတတ္သာသည့္ အဆုံးမွ ထီးနန္းကုိ ရယူခဲ့ျခင္းျဖစ္သည္။)

Written by အရႇင္သံ၀ရာလကၤာရ (ဓမၼပိယဆရာေတာ္)


ထီးနှင့်နန်းကို ငြင်းဆန်သူများ (unicode)

သမိုင်းမှ ထီးနှင့်နန်းကို ငြင်းဆန်သူ ၇ ယောက်အကြောင်း ကို စုစည်း ကောက်နုတ် တင်ပြပါသည်။

(၁) ဘုရင့်နောင်
ပုဂံသက္ကရာဇ် ၉၀၁ ခုနှစ်တွင် တပင်ရွှေထီးသည် ဟံသာဝတီကို ပြုပြင်ချဲ့ထွင်၍ ဟံသာဝတီ၌ စံလေသည်။ ၁၉၀၃ ခုနှစ်တွင် ယိုးဒယားကို နိုင်သည်။ယိုးဒယားကအပြန် သင်္ဘောသား ပေါ်တူဂီဘုရင်ဂျီကို အထင်ကြီး မြှောက်စားမိရာမှ ထိုသူဆက်သ သော အရက်ကို သောက်မိရာ မောင်ကျန်တစ်တို့နှင့် အရက်စွဲကာ ယစ်ထုပ်ကြီးဘဝရောက်ရရှာသည်။

သစ္စာကြီးသော ဘုရင့်နောင်က ဖျောင်းဖျနားချပါသော်လည်း မရတော့၊ အရက်ကို သူမဖြတ်နိုင်တော့ပြီ၊ ပေါရိသာဒသည် လူသားကို မစွန့်နိုင်သဖြင့် တိုင်းပြည်ကို စွန့်သလို တပင်ရွှေထီးလည်း အရက်ကို မစွန့်နိုင်သဖြင့် တိုင်းပြည်ကိုစွန့်လေသည်။

”နောင်တော်…ကျွန်ုပ်ကို ဘယ်လိုမှ နားချမနေနဲ့တော့၊ ကျွန်ုပ်ပျော်သလို ကျွန်ုပ်နေတော့မယ်၊ နောင်တော်သာတိုင်းပြည်ကို ကြိုက်သလို စီမံပါတော့” ဟု မျက်တောင်မှေးမှေး၊ လျာလေးအာလေးနှင့် မိန့်တော့သည်။ အရက်ဟူသည် ဆိုးဝါးလေစွ၊ ထို့ ကြောင့် ဘုရားရှင်က ”ငါ့တပည့်သား မှန်လျှင် အရက်မသောက်ရ၊ ဥပါသကာ မှန်လျှင် အရက်မရောင်းရ”ဟု တိကျ ပြတ်သားစွာ မိန့်ခဲ့ခြင်းဖြစ်သည်။

နန်းတွင်းက မြန်မာ၊ မွန်၊ ရှမ်း မှူးမတ်တွေက ဘုရင့်နောင်ကို လျှောက်ထားကြသည်မှာ ညီတော်ကို လုံခြုံစွာထား၍ ဘုရင့်နောင်အား ထီးနန်းကို သိမ်းမြန်းပါရန် တောင်းတောင်းပန်ပန် တိုက်တွန်း လျှောက်ထားကြလေသည်။ သို့သော် ဘုရင့်နောင်က လက်မခံ၊ ထီးနှင့်နန်းကို ငြင်းဆန်လေသည်။

”အစ်ကိုတို့…ကျွန်ုပ်တို့ဟာ သစ္စာစောင့်သိအပ်တယ်၊ သူယုတ်အဖြစ်နဲ့ အနှစ်တစ်ရာနေရခြင်းထက် သူတော်အဖြစ် တစ်ရက်နေရတာက ပိုမြတ်ပါတယ်။ စိတ်ထဲမှာ ဘာမှမထားကြလေနဲ့၊ စားမြဲတိုင်း ရာထူးစည်းစိမ်ကိုသာ စားကြပါလေ”ဟု မိန့်သတဲ့၊ အံ့ချီးဖွယ် အနှိုင်းမဲ့ သစ္စာရှင်ကြီးပါတကား…။

(၂) ရမည်းသင်းစား သီလဝ
အင်းဝဘုရင် သတိုးမင်းဖျား ကွယ်လွန်ချိန်တွင် ရမည်းသင်းစား သီလဝသည် အနီးဆုံးသော ဆွေတော်မျိုးတော် ဖြစ်သောကြောင့် ထီးနန်းအပ်ကြလေသည်။ သို့သော် သီလဝမင်းသားက ”ငါဟာတစ်သက်လုံး ခုချိန်ထိ သုံးခါပဲ ရယ်ဖူးသေးတယ်။ ငါဟာ ဣန္ဒြေကြီးတာလား၊ ဘာလားမသိ၊ လူမှုရေးအားနည်းတယ်၊ လူမှုရေး နားမလည်ဘူး၊ ဒါကြောင့် ငါ့ထက်ဖော်ရွေသူ၊ လူမှုရေးကျွမ်းကျင်သူ ဘုရင့် ယောက်ဖတော် စွာစော်ကဲကိုသာ မင်းမြှောက်ကြပါ”ဟု ဆို၍ ထီးနှင့်နန်းကို ငြင်းဆန်လေသည်။ မရွယ်ဘဲနှင့် စော်ကဲ က မင်းဖြစ်ရသည်။
အလောင်းတော် တေမိမင်းသားသည် ထီးနှင့်နန်းကို ကြောက်ရွံသောကြောင့် ဆယ့်ခြောက်နှစ်လုံးလုံး ဆွံ့အနားမကြားယောင်ဆောင်ကာ မလှုပ်မယှက်နှင့် အောင့်အည်းသည်းခံကာ အဓိဋ္ဌာန် ပါရမီကို အောင်မြင်ပြီးမြောက် ခဲ့စေသည်။

(၃) သီဟပတေ့
အင်းဝမိုးညှင်းမင်းဆက် မင်းရဲကျော်စွာ ကွယ်လွန်ချိန်တွင် သားတော် သီဟသူသည် ပြည်မြို့သို့ ရောက်နေ၏။ သမက်တော် သီဟပတေ့က တကောင်းတွင် စစ်တိုက်နေ၏။ မှူးကြီးမတ်ရာတွေက အင်းဝ၌ မင်းမရှိသည်ကို ရှည်ကြာစွာ ဆိုင်းငံ့ နေရန် မသင့်ချေဟု တိုင်ပင်ကြ၍ မိုးကောင်းတွင်ရှိသော သီဟပတေ့ထံ ”မြင်းလျှင်နှင့် အမြန်လာပြီး ထီးနန်းကို သိမ်းပိုက်မှ တိုင်းပြည်ငြိမ်ဝပ်ပါမည်”ဟု လျှောက်ထားခေါ်ယူကြ၏။

သီဟပတေ့၏ အဖြေကား ”ငါဟာ မင်းဧကရာဇ်ရဲ့ သားရင်းလည်း မဟုတ်၊ ညီရင်းလည်း မဟုတ်၊ မင်းစည်းစိမ်နဲ့ မင်းလုပ်ဖို့လည်း ငါအလိုမရှိ၊ ငါတို့အရှင်ရဲ့ သားတော်ငယ် ပြည်မင်း သီဟသူ ကိုပင့်ဆောင်ကာ မင်းမြှောက်ကြပါလေ”ဟု ဆိုကာ ထီးနှင့်နန်းကို ငြင်းဆန်လေ၏။ သီဟပတေ့ကား ဘုရင့်နှမအရင်း မင်းမြတ်လှ၏ ခင်ပွန်း ယောက်ဖတော်တည်း။

(၄) မင်းကြီးရန်နောင်
ပုဂံသက္ကရာဇ် ၈၈၈ ခုနှစ်တွင် အင်းဝ၌ နန်းတက်သော ရှမ်းမင်း သိုဟန်ဘွားသည် အဓမ္မိကရာဇာဖြစ်၏။ သိုဟန်ဘွား၏ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်ကြသော ပြည်သူတို့သည် ရွှေနန်းကြော့ရှင် နရပတိမင်း ၏ တူတော် မင်းကြီးရန်နောင် အား တိုင်ကြားကြ၏။ မင်းကြီးရန်နောင် သည် ဥပါယ်တံမျဉ်ဖြင့် စီစဉ်၍ သိုဟန်ဘွားကို ဓားနှင့် ခုတ်သတ်ပစ်လိုက်သည်။

မှူးမတ်ပြည်သူတို့သည် မင်းကြီးရန်နောင်အား ထီးနန်းကို လက်ခံပါရန် တောင်းပန်ကြသည်။ မင်းကြီးရန်နောင် ကထီးနှင့်နန်းကိုငြင်းပယ်၍ ”ကျွန်ုပ်ဟာ ထီးနန်းကို အလိုမရှိပါ၊ အုန်းဘောင်ခုန်မှိုင်းဟာ ငါတို့အရှင် နရပတိနဲ့လည်း မိတ်ဆွေဖြစ်တယ်၊ မြန်မာကို လိုလားသူလည်း ဖြစ်တယ်၊ သူ့ကိုသာ နန်းတင်ကြပါ” ဟု ထီးနှင့်နန်းကို ငြင်းဆန်လေသည်၊ ထို့နောက် တစ်နှစ်ခန့်အကြာ လောကီကိုငြီးငွေ့၍ တောထွက်ရဟန်းပြုသွားလေသည်၊ သာဓု သာဓု-ကောင်းလိုက်လေခြင်း။

(၅) လကျာ်ဗိုလ်
ဟံသာဝတီ ကောင်းစားစဉ်က ဆင်ကြားရှင်ခေါ်သော မြန်မာဘုရင်သည် မှူးမတ်များနှင့် စိတ်ဝမ်းကွဲ၍ ဇင်းမယ်သို့ သွားရောက်နေထိုင်သည်၊ လစ်လပ်နေသော ဘုရင်နေရာတွင် မြန်မာအမတ် လကျာ်ဗိုလ်ကို ထီးနန်းလက်ခံရန် မှူးမတ်တို့က တောင်းပန်ကြ၏။

လကျာ်ဗိုလ်က ”မင်းအဖြစ်နဲ့ ပြည့်ဝန်ကြီးကို ဆောင်ရွက်ရန် အလွန်ခဲယဉ်းလှပါတယ်၊ မင်းအဖြစ်ကိုလည်း ကျွန်ုပ်အလိုမရှိပါ၊ အမှုထမ်းရုံသာ တတ်ပါတယ်၊ ပြည်ရေးတိုင်းရေးကို မစီမံနိုင်ပါ၊ စီမံနိုင်သူ မင်းလုပ်ထိုက်သူကို ညွှန်ပြမယ်”ဟု ဆို၍ သူကိုယ်တိုင်က ထီးနှင့်နန်းကို ငြင်းဆန်ကာ ဗညားဒလကို ညွှန်ပြ၏၊ အများကလည်း လက်ခံသဘောတူ ကြလေသည်။

(၆) အိုင်စတိုင်း
အစ္စရေးပြည် စတင်တည်ထောင်တော့ အစ္စရေးပြည်သူတို့က ဂျူးမျိုးနွယ် အိုင်စတိုင်းကို သမ္မတတင်မြှောက်ကြဖို့ တညီတညွတ်တည်း ဆုံးဖြတ်ကာ အိုင်စတိုင်းကို သမ္မတလုပ်ပါရန် တောင်းပန်ကြတော့ အိုင်စတိုင်းက ”ကျွန်ုပ်ဟာ သိပ္ပံပညာနဲ့တော့ နီးစပ်ပါတယ်၊ လူတွေကို ကိုင်တွယ်စီမံခန့်ခွဲ လောက်အောင်ထိတော့ ပါရမီမပါပါဘူး၊ သမ္မတ မလုပ်ပါရစေနဲ့”ဟု ထီးနှင့်နန်းကို ငြင်းဆန်ခဲ့လေသည်။

(၇) တေမိမင်းသား
အလောင်းတော်မွေးဖွားစဉ် မိုးကြီးသည်းထန်စွာ ရွာသွန်းသောကြောင့် လည်းကောင်း၊ အားလုံး၏ စိတ်နှလုံးကို ပျော်ရွှင်မှု ပီတိသောမနဿနှင့် စိုစွတ်သောကြောင့် လည်းကောင်း ”တေမိယ”ဟု မှည့်ခေါ်ကြ၏၊ အဓိပ္ပါယ်က စိုစွတ်စေသူဟူ၍ ဖြစ်၏။

တေမိမင်းသားလေး ဆယ်လသားအရွယ်တွင် ဖခင် ဗာရာဏသီ မင်းကြီးက သားတော်လေး ရင်ခွင်မှာထားပြီး တရားဆုံးဖြတ်၏။ တရားစီရင်ရာတွင် တစ်ယောက်ကို ကြိမ်ဒဏ် အချက်တစ်ထောင်၊ တစ်ယောက်ကို လက်ထိပ်ခြေထိပ်ခတ်ပြီး အကျဉ်းချစေ၊ တစ်ယောက်ကို သတ်စေ၊ တစ်ယောက်ကို ဆူးငြှောင့်တွေအပေါ်၌ တင်ထားနှိပ်စက်စေဟု အမိန့်ချမှတ်၏။

ထိုအခါ ဘဝတစ်ခုမှာ မိခင်တော်စပ်ခဲ့ဖူးသော ထီးစောင့်နတ်သမီးက ”ငါ့သားတေမိယ…ဘာမှမစိုးရိမ်နဲ့၊ မင်းဒီစောရဂေဟာမှ လွတ်မြောက်ချင်ရင် အဆွံ့ယောင်ဆောင်ပါ၊ အ,အယောင်ဆောင်ပါ၊ နားမကြားတဲ့ သူယောင်ဆောင်ပါ၊”ဟု အကြံပေး၏။ တေမိမင်းသားလေးသည် နတ်သမီး အကြံပေးသည့်အတိုင်း ဆွံ့အနားမကြားယောင်ဆောင်ကာ မလှုပ်မယှက် နေလေတော့၏။

အထိန်းတော်တွေက နို့ကို ပုံမှန်မတိုက်ဘဲနှင့် အကဲစမ်းရာ တစ်နှစ်ကြာ၏။ မုန့်နှင့်မြူဆွယ်တာက တစ်နှစ်ကြာ၏။ သစ်သီးနှင့် မြူဆွယ်တာက တစ်နှစ်ကြာ၏။ အရုပ်မျိုးစုံပြ မြူဆွယ်တာက တစ်နှစ်ကြာ၏၊ နောက်တစ်နှစ် မုန့်တွေစားစရာတွေနှင့် မြူဆွယ်ကြပြန်၏။

ငါးနှစ်သားအရွယ်မှာ မီးနှင့်ရှို့ပြီး ခြောက်လှန့်ကြ၏။ ခြောက်နှစ်အရွယ်မှာ ဆင်နှင့်တိုက်သတ်ဟန်ပြုပြီး ခြောက်လှန့်ကြ၏၊ ခုနစ်နှစ်သား အရွယ်မှာ မြွေတွေနှင့် ခြောက်လှန့်ကြ၏။ ရှစ်နှစ်အရွယ်မှာ အတီးအမှုတ် အကအခုန်တွေနှင့် စမ်းသပ်ကြ၏။ ကိုးနှစ်အရွယ်မှာ လူသတ်သမားတွေနှင့် ခြောက်လှန့်ကြ၏။ ဆယ်နှစ်သားအရွယ်မှာ ခရုသင်းကြီးတွေမှုတ်ပြီး စမ်းသပ်ကြ၏။ ဆယ့်တစ်နှစ်သားအရွယ်မှာ စည်ကြီးတီး၍ စမ်းသပ်ကြ၏။ဆယ့်နှစ်နှစ်သားအရွယ်မှာ အမှောင်တိုက်ထဲထားပြီး စမ်းသပ်ကြ၏။

ထူးထူးဆန်းဆန်း ဆယ့်သုံးနှစ်သားအရွယ်မှာ တစ်ကိုယ်လုံး သကာရည်တွေသုတ်၊ ယင်တွေအုံ၊ ပုရွက်ဆိတ်တွေကိုက်စေပြီး စမ်းသပ်ကြ၏။ ဆယ့်လေးနှစ်သား အရွယ်မှာ ကျင်ကြီးကျင်ငယ်တွေ ထဲမှာထား၊ ယင်တွေ၊ လောက်တွေ တဖွားဖွားနှင့် စမ်းသပ်ကြ၏။ ဆယ့်ငါးနှစ်သားအရွယ်မှာ ရှားမီးကျီးခဲတွေနှင့်ထားပြီး စမ်းသပ်ကြ၏။ ဆယ့်ခြောက်နှစ် အရွယ်မှာတော့ အကြမ်းနည်းနှင့်တော့ ရမှာမဟုတ်၊ အနုနည်းနှင့်စမ်းသပ်မည်ဟု တိုင်ပင်ကာ မိန်းမလှလေးတွေကို အနားမှာ ပွတ်သီးပွတ်သပ် လုပ်စေပြီး စမ်းသပ်ကြ၏။ အလောင်းတော် တေမိမင်းသားသည် ထီးနှင့်နန်းကို ကြောက်ရွံသောကြောင့် ဆယ့်ခြောက်နှစ်လုံးလုံး ဆွံ့အနားမကြားယောင်ဆောင်ကာ မလှုပ်မယှက်နှင့် အောင့်အည်းသည်းခံကာ အဓိဋ္ဌာန်ပါရမီကို အောင်မြင်ပြီး မြောက်ခဲ့စေသည်။

( ဒီအထဲတွင် မပါသော်လည်း ထီးနန်းကို ငြင်းဆန်ခဲ့သော ဘုရင်တစ်ပါး ရှိသးသည်။ ကျန်စစ်သားဖြစ်သည်။ မိမိအား ထီးနန်းကို အုပ်စိုးရန် မှူးမတ်ပြည်သူတို့က လျှောက်ထားသော်လည်း လက်မခံပဲ ၊ ထီးနန်းအုပ်ချုပ်ရန် စောလူးမင်းကို သွားရောက်ကယ်ဆယ်ခဲ့သေးကာ မတတ်သာသည့် အဆုံးမှ ထီးနန်းကို ရယူခဲ့ခြင်းဖြစ်သည်။)

Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

Leave a Reply