သမုိင္းထဲက စုန္းအျဖစ္စြပ္စြဲကာ ေသဒဏ္အေပးခံရတဲ့သူမ်ား

Posted on

ပထမဆံုး တင္​ျပခ်င္​တာက စုန္​းမအျဖစ္​နဲ႔ ​ေသဒဏ္​​ေပးခံခဲ့ရတဲ့ အမ်ိဳးသမီးႀကီး တစ္​ဦးအ​ေၾကာင္​း ျဖစ္​ပါတယ္​။ သူက​ေတာ့ အိုင္​ယာလန္​ႏိုင္​ငံက “​ေလဒီ အဲလစ္​ ကိုက္​တလာ” (Lady Alice Kyteler) ျဖစ္​ပါတယ္​​။

14 ရာစုအတြင္း အိုင္​ယာလန္​ႏိုင္​ငံမွာ ႂကြယ္​ဝခ်မ္​းသာတဲ့ ဂုဏ္​သ​ေရ႐ွိ အမ်ိဳးသမီးႀကီး ျဖစ္​ပါတယ္​။ အိမ္​​ေထာက္​ဆက္​ 4 ဆက္​ ထူခဲ့ရာမွာ ပထမအိမ္​​ေထာင္​ 3 ဆက္​စလံုး ထူးဆန္​းစြာ ​ေသဆံုးသြားခဲ့ၾကပါတယ္​။ စတုတၳ အိမ္​​ေထာင္​ဘက္​ ဆာဂ်ြန္​လယ္​ပိုးဝါး လည္​း 1324 ခုႏွစ္​မွာ နာမက်န္​း ျဖစ္​လာ​ေတာ့ ဇနီးသည္​ကို သကၤာမကင္​းျဖစ္​ၿပီး ဇနီးရဲ႕ အခန္​းထဲကို ဇြတ္​ဖြင္​့ဝင္​ၾကည္​့ပါတယ္​။ အခန္​းထဲမွာ ​ေအာက္​လမ္​းပညာနဲ႔ စီမံထားတဲ့ ​ေဆးဝါးအမ်ိဳးမ်ိဳး​ေတြနဲ႔ ပစၥည္​းမ်ိဳးစံုကို ​ေတြ႔ရတယ္​လို႔ ဆိုပါတယ္​။

ခင္​ပြန္​း ဆာဂြၽန္​က ဘစ္​​ေ႐ွာ့ ၾသစရီရဲ႕ ရံုး​ေတာ္​ကို တိုင္​ၾကားပါတယ္​။ ဘစ္​​ေ႐ွာ့က ျပင္​သစ္​ႏိုင္​ငံက ျပန္​​ေရာက္​စ ျဖစ္​ပါတယ္​။ အဲဒီ့အခ်ိန္​က ျပင္​သစ္​ႏိုင္​ငံမွာ စုန္​းမလို႔ စြပ္​စြဲခံရသူကို ရံုးတင္​စစ္​​ေဆးၿပီး ​ေသဒဏ္​အျပစ္​​ေပးတဲ့ ျဖစ္​ရပ္​​ေတြ စတင္​ ​ေပၚ​ေပါက္​​ေနပါၿပီ။ ဒီ​ေတာ့ ဘစ္​​ေ႐ွာ့က ​ေလဒီအဲလစ္​အျပင္​ သားဝီလ်ံ၊ အ​ေစခံ ပက္​ထ႐ိုနယ္လာ တို႔ကိုပါ ဖမ္​းဆီးစစ္​​ေဆးခဲ့ပါတယ္​။ ​ေလ​ဒီအဲလစ္​ဟာ လူ​ေသရဲ႕ ​ေျခသည္​း၊ လက္​သည္​း​ေတြ၊ ​ေမြးကင္​းစ က​ေလးငယ္​ရဲ႕ ဦး​ေႏွာက္​နဲ႔ ဆံပင္​​ေတြ၊ အူ အသည္​း​ေတြကို အဆိပ္​ျဖစ္​​ေစတဲ့ အရြက္​​ေတြနဲ႔ ​ေရာၿပီး လူ႔​ေခါင္​းခြံထဲ ထည္​့ျပဳတ္​ၿပီး ​ေအာက္​လမ္​း​ေဆးဝါး​ေတြ ​ေဖာ္​စပ္​တယ္​လို႔ စြပ္​စြဲခံရပါတယ္​။

ခ်မ္​းသာႂကြယ္​ဝၿပီး ၾသဇာတိကၠမ ႀကီးမားတဲ့ ​ေလဒီအဲလစ္​က အိုင္​ယာလန္​ နန္​းရင္​းဝန္​ႀကီးကို ခ်ဥ္​းကပ္​ၿပီး လြတ္​​ေအာင္​ လုပ္​ႏိုင္​ခဲ့ပါတယ္​။ ​ေနာက္​​ေတာ့ အဂၤလန္​ကို ထြက္​​ေျပးလြတ္​​ေျမာက္​သြားပါတယ္​။ သူ႔အ​ေစခံ ပက္​ထ႐ိုနယ္​လာက​ေတာ့ ကံဆိုးရွာပါတယ္​။ 1324 ႏိုဝင္​ဘာ 3 ရက္​​ေန႔မွာ မီး႐ိႈ႕အသတ္​ခံခဲ့ရပါတယ္​။ သူဟာ စုန္​းအျဖစ္​ စြပ္​စြဲခံရၿပီး ပထမဆံုး အသတ္​ခံသြားရသူ ျဖစ္​ပါတယ္​။

​ေ႐ွး​ေခတ္​က​ေတာ့ စုန္​းအတတ္​ပညာကို မ​ေကာင္​းမႈႀကီး တစ္​ခုရယ္​လို႔ မသတ္​မွတ္​ပါဘူး။ ​ေ႐ွ႕ျဖစ္​​ေဟာတာ၊ နိမိတ္​ဖတ္​တာ၊ ​ေရာဂါကုသ​ေပးတာ စတဲ့ အလုပ္​​ေတြ လုပ္​​ေပးလို႔ စုန္​းပညာ တတ္​တယ္​ ဆိုသူ​ေတြကို လူ​ေတြက ႐ို​ေသ​ေလးစားမႈ​ေတာင္​ ျပဳၾကပါတယ္​။

7 ရာစု​ေလာက္​ ​ေရာက္​​ေတာ့မွ စုန္​းအတတ္​ပညာကို မ​ေကာင္​းမႈ တစ္​ခုအျဖစ္​ ယူဆၿပီး ဥပ​ေဒနဲ႔ ႏွိပ္​ကြပ္​မႈ ျပဳခဲ့ပါတယ္​။ ႏွိပ္​ကြပ္​တယ္​ဆိုတာ ​ေခတၱဖမ္​းထားၿပီး အစာငတ္​ ​ေရငတ္​ ထားတာ​ေလာက္​သာ ျဖစ္​ပါတယ္​။ သတ္​ပစ္​တဲ့အထိ မ႐ွိ​ေသးပါဘူး။ 10 ရာစု ​ေႏွာင္​းပိုင္​း​ေလာက္​က်​ေတာ့ စုန္​းလို႔ စြပ္​စြဲခံရသူ​ေတြကို ရပ္​ရြာက​ေန ႏွင္​ထုတ္​ပစ္​လိုက္​ပါတယ္​။ စုန္​းလို႔ စြပ္​စြဲၿပီး ပထမဆံုး ညႇင္​းပန္​းႏွိပ္​စက္​ခံရသူက အဂၢနက္​ ျဖစ္​ပါတယ္​။ 1209 ခုႏွစ္​မွာ ဖမ္​းဆီးစစ္​​ေဆးခံရၿပီး သံပူကပ္​ ျပစ္​ဒဏ္​​ေပးခဲ့ပါတယ္​။ ​ေသဒဏ္​​ေတာ့ မ႐ွိ​ေသးပါဘူး။

1563 ခုႏွစ္​ က်​ေတာ့မွ အဂၤလန္​ႏိုင္​ငံနဲ႔ စ​ေကာ့တလန္​မွာ စုန္​းအတတ္​ပညာကို ရာဇဝတ္​မႈအျဖစ္​ သတ္​မွတ္​တဲ့ ဥပ​ေဒ ျပ႒ာန္​းၿပီး ​ေသဒဏ္​ သတ္​မွတ္​ခဲ့ပါတယ္​။ အဲဒီ့ ဥပ​ေဒ ျပ႒ာန္​းၿပီး ပထမဆံုး ​ေသဒဏ္​​ေပးခံရသူက 1566 ခုႏွစ္​မွာ ႀကိဳးဆြဲခ် အသတ္​ခံလိုက္​ရတဲ့ အဂၢနက္​စ္​ ဝါးတား​ေဟာက္​စ္​ (Agnes Waterhouse) ျဖစ္​ပါတယ္​။ သူက ​ေၾကာင္​တစ္​​ေကာင္​ ​ေမြးထားၿပီး အဲဒီ့​ေၾကာင္​နဲ႔ လူ​ေတြကို သတ္​​ေလ့႐ွိတယ္​လို႔ စြပ္​စြဲခံခဲ့ရတာပါ။ သူ႔ခင္​ပြန္​းကိုလည္​း သတ္​ခဲ့တယ္​လို႔ ဆိုပါတယ္​။

စ​ေကာ့တလန္​မွာ​ေတာ့ စုန္​းမအျဖစ္​ စြပ္​စြဲခံရသူကို မီး႐ွို႕သတ္​​ေလ့႐ွိပါတယ္​။ စုန္​းမလို႔ အစြပ္​စြဲခံရၿပီး ​ေနာက္​ဆံုး ႀကိဳးဆြဲခ် အသတ္​ခံခဲ့ရတဲ့ အဂၤလိပ္​ အမ်ိဳးသမီးက 1684 ခုႏွစ္​မွာ အသတ္​ခံခဲ့ရတဲ့ အဲလစ္​​ေမာ္​လန္​ (Alice Molland) ျဖစ္​ပါတယ္​။

အဲဒီ့​ေနာက္​​ေတာ့ စုန္​းလို႔ စြပ္​စြဲၿပီး သတ္​ျဖတ္​တာမ်ိဳး မ႐ွိ​ေတာ့ပါဘူး။ စ​ေကာ့တလန္​မွာ​ေတာ့ 1727 ခုႏွစ္​က မီး႐ိႈ႕အသတ္​ခံခဲ့ရတဲ့ ဂ်ဲနက္​ဟြန္​း (Janet Horne) ဟာ ​ေနာက္​ဆံုး ျဖစ္​ပါတယ္​။

လူထုစိန္၀င္း

Via : ဗဟုသုတၾကယ္စင္ Group


သမိုင်းထဲက စုန်းအဖြစ်စွပ်စွဲကာ သေဒဏ်အပေးခံရတဲ့သူများ (unicode)

ပထမဆုံး တင်​ပြချင်​တာက စုန်​းမအဖြစ်​နဲ့ ​သေဒဏ်​​ပေးခံခဲ့ရတဲ့ အမျိုးသမီးကြီး တစ်​ဦးအ​ကြောင်​း ဖြစ်​ပါတယ်​။ သူက​တော့ အိုင်​ယာလန်​နိုင်​ငံက “​လေဒီ အဲလစ်​ ကိုက်​တလာ” (Lady Alice Kyteler) ဖြစ်​ပါတယ်​​။

14 ရာစုအတွင်း အိုင်​ယာလန်​နိုင်​ငံမှာ ကြွယ်​ဝချမ်​းသာတဲ့ ဂုဏ်​သ​ရေရှိ အမျိုးသမီးကြီး ဖြစ်​ပါတယ်​။ အိမ်​​ထောက်​ဆက်​ 4 ဆက်​ ထူခဲ့ရာမှာ ပထမအိမ်​​ထောင်​ 3 ဆက်​စလုံး ထူးဆန်​းစွာ ​သေဆုံးသွားခဲ့ကြပါတယ်​။ စတုတ္ထ အိမ်​​ထောင်​ဘက်​ ဆာဂျွန်​လယ်​ပိုးဝါး လည်​း 1324 ခုနှစ်​မှာ နာမကျန်​း ဖြစ်​လာ​တော့ ဇနီးသည်​ကို သင်္ကာမကင်​းဖြစ်​ပြီး ဇနီးရဲ့ အခန်​းထဲကို ဇွတ်​ဖွင်​့ဝင်​ကြည်​့ပါတယ်​။ အခန်​းထဲမှာ ​အောက်​လမ်​းပညာနဲ့ စီမံထားတဲ့ ​ဆေးဝါးအမျိုးမျိုး​တွေနဲ့ ပစ္စည်​းမျိုးစုံကို ​တွေ့ရတယ်​လို့ ဆိုပါတယ်​။

ခင်​ပွန်​း ဆာဂျွန်​က ဘစ်​​ရှော့ သြစရီရဲ့ ရုံး​တော်​ကို တိုင်​ကြားပါတယ်​။ ဘစ်​​ရှော့က ပြင်​သစ်​နိုင်​ငံက ပြန်​​ရောက်​စ ဖြစ်​ပါတယ်​။ အဲဒီ့အချိန်​က ပြင်​သစ်​နိုင်​ငံမှာ စုန်​းမလို့ စွပ်​စွဲခံရသူကို ရုံးတင်​စစ်​​ဆေးပြီး ​သေဒဏ်​အပြစ်​​ပေးတဲ့ ဖြစ်​ရပ်​​တွေ စတင်​ ​ပေါ်​ပေါက်​​နေပါပြီ။ ဒီ​တော့ ဘစ်​​ရှော့က ​လေဒီအဲလစ်​အပြင်​ သားဝီလျံ၊ အ​စေခံ ပက်​ထရိုနယ်လာ တို့ကိုပါ ဖမ်​းဆီးစစ်​​ဆေးခဲ့ပါတယ်​။ ​လေ​ဒီအဲလစ်​ဟာ လူ​သေရဲ့ ​ခြေသည်​း၊ လက်​သည်​း​တွေ၊ ​မွေးကင်​းစ က​လေးငယ်​ရဲ့ ဦး​နှောက်​နဲ့ ဆံပင်​​တွေ၊ အူ အသည်​း​တွေကို အဆိပ်​ဖြစ်​​စေတဲ့ အရွက်​​တွေနဲ့ ​ရောပြီး လူ့​ခေါင်​းခွံထဲ ထည်​့ပြုတ်​ပြီး ​အောက်​လမ်​း​ဆေးဝါး​တွေ ​ဖော်​စပ်​တယ်​လို့ စွပ်​စွဲခံရပါတယ်​။

ချမ်​းသာကြွယ်​ဝပြီး သြဇာတိက္ကမ ကြီးမားတဲ့ ​လေဒီအဲလစ်​က အိုင်​ယာလန်​ နန်​းရင်​းဝန်​ကြီးကို ချဉ်​းကပ်​ပြီး လွတ်​​အောင်​ လုပ်​နိုင်​ခဲ့ပါတယ်​။ ​နောက်​​တော့ အင်္ဂလန်​ကို ထွက်​​ပြေးလွတ်​​မြောက်​သွားပါတယ်​။ သူ့အ​စေခံ ပက်​ထရိုနယ်​လာက​တော့ ကံဆိုးရှာပါတယ်​။ 1324 နိုဝင်​ဘာ 3 ရက်​​နေ့မှာ မီးရှို့အသတ်​ခံခဲ့ရပါတယ်​။ သူဟာ စုန်​းအဖြစ်​ စွပ်​စွဲခံရပြီး ပထမဆုံး အသတ်​ခံသွားရသူ ဖြစ်​ပါတယ်​။

​ရှေး​ခေတ်​က​တော့ စုန်​းအတတ်​ပညာကို မ​ကောင်​းမှုကြီး တစ်​ခုရယ်​လို့ မသတ်​မှတ်​ပါဘူး။ ​ရှေ့ဖြစ်​​ဟောတာ၊ နိမိတ်​ဖတ်​တာ၊ ​ရောဂါကုသ​ပေးတာ စတဲ့ အလုပ်​​တွေ လုပ်​​ပေးလို့ စုန်​းပညာ တတ်​တယ်​ ဆိုသူ​တွေကို လူ​တွေက ရို​သေ​လေးစားမှု​တောင်​ ပြုကြပါတယ်​။

7 ရာစု​လောက်​ ​ရောက်​​တော့မှ စုန်​းအတတ်​ပညာကို မ​ကောင်​းမှု တစ်​ခုအဖြစ်​ ယူဆပြီး ဥပ​ဒေနဲ့ နှိပ်​ကွပ်​မှု ပြုခဲ့ပါတယ်​။ နှိပ်​ကွပ်​တယ်​ဆိုတာ ​ခေတ္တဖမ်​းထားပြီး အစာငတ်​ ​ရေငတ်​ ထားတာ​လောက်​သာ ဖြစ်​ပါတယ်​။ သတ်​ပစ်​တဲ့အထိ မရှိ​သေးပါဘူး။ 10 ရာစု ​နှောင်​းပိုင်​း​လောက်​ကျ​တော့ စုန်​းလို့ စွပ်​စွဲခံရသူ​တွေကို ရပ်​ရွာက​နေ နှင်​ထုတ်​ပစ်​လိုက်​ပါတယ်​။ စုန်​းလို့ စွပ်​စွဲပြီး ပထမဆုံး ညှင်​းပန်​းနှိပ်​စက်​ခံရသူက အဂ္ဂနက်​ ဖြစ်​ပါတယ်​။ 1209 ခုနှစ်​မှာ ဖမ်​းဆီးစစ်​​ဆေးခံရပြီး သံပူကပ်​ ပြစ်​ဒဏ်​​ပေးခဲ့ပါတယ်​။ ​သေဒဏ်​​တော့ မရှိ​သေးပါဘူး။

1563 ခုနှစ်​ ကျ​တော့မှ အင်္ဂလန်​နိုင်​ငံနဲ့ စ​ကော့တလန်​မှာ စုန်​းအတတ်​ပညာကို ရာဇဝတ်​မှုအဖြစ်​ သတ်​မှတ်​တဲ့ ဥပ​ဒေ ပြဋ္ဌာန်​းပြီး ​သေဒဏ်​ သတ်​မှတ်​ခဲ့ပါတယ်​။ အဲဒီ့ ဥပ​ဒေ ပြဋ္ဌာန်​းပြီး ပထမဆုံး ​သေဒဏ်​​ပေးခံရသူက 1566 ခုနှစ်​မှာ ကြိုးဆွဲချ အသတ်​ခံလိုက်​ရတဲ့ အဂ္ဂနက်​စ်​ ဝါးတား​ဟောက်​စ်​ (Agnes Waterhouse) ဖြစ်​ပါတယ်​။ သူက ​ကြောင်​တစ်​​ကောင်​ ​မွေးထားပြီး အဲဒီ့​ကြောင်​နဲ့ လူ​တွေကို သတ်​​လေ့ရှိတယ်​လို့ စွပ်​စွဲခံခဲ့ရတာပါ။ သူ့ခင်​ပွန်​းကိုလည်​း သတ်​ခဲ့တယ်​လို့ ဆိုပါတယ်​။

စ​ကော့တလန်​မှာ​တော့ စုန်​းမအဖြစ်​ စွပ်​စွဲခံရသူကို မီးရှို့သတ်​​လေ့ရှိပါတယ်​။ စုန်​းမလို့ အစွပ်​စွဲခံရပြီး ​နောက်​ဆုံး ကြိုးဆွဲချ အသတ်​ခံခဲ့ရတဲ့ အင်္ဂလိပ်​ အမျိုးသမီးက 1684 ခုနှစ်​မှာ အသတ်​ခံခဲ့ရတဲ့ အဲလစ်​​မော်​လန်​ (Alice Molland) ဖြစ်​ပါတယ်​။

အဲဒီ့​နောက်​​တော့ စုန်​းလို့ စွပ်​စွဲပြီး သတ်​ဖြတ်​တာမျိုး မရှိ​တော့ပါဘူး။ စ​ကော့တလန်​မှာ​တော့ 1727 ခုနှစ်​က မီးရှို့အသတ်​ခံခဲ့ရတဲ့ ဂျဲနက်​ဟွန်​း (Janet Horne) ဟာ ​နောက်​ဆုံး ဖြစ်​ပါတယ်​။

လူထုစိန်ဝင်း

Via : ဗဟုသုတကြယ်စင် Group

One thought on “သမုိင္းထဲက စုန္းအျဖစ္စြပ္စြဲကာ ေသဒဏ္အေပးခံရတဲ့သူမ်ား

Leave a Reply