ကမာၻေက်ာ္ေလဘာတီရုပ္ထု ရဲ႕ စိတ္၀င္စားဖြယ္ အခ်က္အလက္တခ်ဳိ႕

Posted on

ေလဘာတီရုပ္ထုကုိေတာ့ အားလုံးနီးပါးေတြဖူးျမင္ဖူးၾကမယ္ ထင္ပါတယ္။ ဒီေလဘာတီရုပ္ထုႀကီး နဲ႔ ဆုိင္တဲ့ အခ်က္အလက္တခ်ဳိ႕ကုိ သုတဇုန္ မိတ္ေဆြမ်ားအတြက္ ျပန္လည္ေ၀မွ်လုိက္ပါတယ္။

– ဒီေလဘာတီရုပ္ထု နဲ႔ ေလဘာတီရုပ္ထုႀကီးဟာ အေမရိကန္ နယူးေယာက္ဆိပ္ကမ္း ေလဘာတီကြ်န္းမွာ တည္ရွိပါတယ္။

– ဒီရုပ္တုရွိရာ ကြ်န္းရဲ႕ပထမအမည္က Bedloe ျဖစ္ၿပီး ၁၉၅၆ခုႏွစ္မွ ေလဘာတီကြ်န္းလုိ႔ ေျပာင္းလဲသတ္မွတ္လုိက္တာျဖစ္ပါတယ္။


– ေလဘာတီရုပ္တု (Liberty Statue) ရဲ႕ နာမည္အျပည့္အစုံက Liberty Enlightening the World ျဖစ္ပါတယ္။

– ေလဘာတီရုပ္ထုကုိ ဒီဇုိင္းထုတ္သူမွာ ျပင္သစ္ ဗိသုကာပညာရွင္ Frédéric Auguste Bartholdi ျဖစ္ၿပီး တည္ေဆာက္သူကေတာ့ အီဖယ္တာ၀ါတည္ေဆာက္သူ Gustave Eiffel ပဲ ျဖစ္ပါတယ္။

– ဒီရုပ္တုကုိ အစပထမ ရည္ရြယ္ခဲ့တာ အီဂ်စ္ႏုိင္ငံအတြက္ ျဖစ္ေပမယ့္ ေဟာင္းႏြမ္းေရွးက်တဲ့ဖက္ရွင္ကုိ သေဘာမက်လို႔ဆုိၿပီး အီဂ်စ္က ျငင္းပယ္ခဲ့တဲ့အတြက္ အေမရိကန္အတြက္ျဖစ္လာခဲ့ပါတယ္။

– ဒီရုပ္ထုႀကီးကုိ အေမရိကန္လြတ္လပ္ေရးေၾကညာ စာတမ္း ႏွစ္တရာျပည့္ အထိမ္းအမွတ္အျဖစ္ ျပင္သစ္ကလက္ေဆာင္ေပးခဲ့တာပဲ ျဖစ္ပါတယ္။


– ေလဘာတီရုပ္ထု အစိတ္အပိုင္းစုစုေပါင္း ၃၅၀ခန္႔ကုိ အေမရိကန္သေဘၤာမ်ားျဖင့္ နယူးေယာက္ ျမိဳ႕သုိ႔သယ္ေဆာင္ကာ ျပန္လည္တပ္ဆင္ေဆာက္လုပ္ခဲ့ပါတယ္။ အေလးခ်ိန္စုစုေပါင္း ၂၂၅ တန္ခန္႔ရွိပါတယ္။

– ၁၈၈၅ ခု ဂၽြန္လ ၁၇ ရက္ေန႔မွာ ေလဘာတီ ရုပ္တုႀကီးက အေမရိကန္ နယူးေယာက္ ဆိပ္ကမ္းကို ေရာက္ရွိခဲ့တာ ျဖစ္လို႔ ႏွစ္ေပါင္း ၁၃၀ ေက်ာ္ခဲ့ၿပီ ျဖစ္ပါတယ္၊ စိုက္ထူၿပီးစီးလို႔ ဖြင့္ပြဲ ျပဳလုပ္ခဲ့တာက ၂၈ ရက္ ေအာက္တိုဘာလ ၁၈၈၆ ခုႏွစ္မွာ ျဖစ္ပါတယ္။

– ေျမျပင္ကေန ေလဘာတီရုပ္ထုမီးေတာက္အထိ(ေအာက္ခံအပါအ၀င္) အျမင့္ေပ ၃၀၅ ေပနဲ႔ ၆လက္မ ရွိၿပီး ဒါဟာ အထပ္ျမင့္ ၂၂ ထပ္အေဆာက္အဦးနဲ႔ အျမင့္ညီပါတယ္။ ရုပ္ထုခ်ည္းပဲ ဆုိရင္ေတာ့ ၁၁၁ ေပ ျမင့္ပါတယ္။


– ေလဘာတီရုပ္ထု ဆီကို တက္ဖို ့ေလွကားထစ္ေပါင္း ၃၄၅ ထစ္ နဲ႕ ဦးေခါင္းပိုင္းမွာ ျပတင္းေပါက္ ၂၅ ေပါက္ ရွိပါတယ္။

– ဦးေခါင္းသရဖူက အေခ်ာင္း၇ေခ်ာင္းဟာ တုိက္ႀကီး ၇တုိက္ ကုိ ကုိယ္စားျပဳၿပီး တစ္ခုစီကုိ ၉ေပ အရွည္ရွိကာ ေပါင္ ၁၅၀ ေလးပါတယ္။

– ေျမျပင္ကေန ေလဘာတီရုပ္ထုမီးေတာက္အထိ(ေအာက္ခံအပါအ၀င္) အျမင့္ေပ ၃၀၅ ေပနဲ႔ ၆လက္မ ရွိၿပီး ဒါဟာ အထပ္ျမင့္ ၂၂ ထပ္အေဆာက္အဦးနဲ႔ အျမင့္ညီပါတယ္။ ရုပ္ထုခ်ည္းပဲ ဆုိရင္ေတာ့ ၁၁၁ ေပ ျမင့္ပါတယ္။

– တစ္ဖက္က မီးတုတ္ကုိကိုင္ထားၿပီး က်န္တစ္ဖက္ကေတာ့ ၂၃ေပေက်ာ္ရွည္တဲ့ အျပားမွာ JULY IV MDCCLXXVI (July 4, 1776) လုိ႔ေရးထုိးထားပါတယ္။ ဒါဟာ အေမရိကန္ရဲ႕ လြတ္လပ္ေရးေန႔ျဖစ္ပါတယ္။


– ေျခေထာက္ေအာက္ေျခမွာေတာ့ ခ်ဳိးဖ်က္ထားတဲ့ ခ်ိန္းႀကဳိးရွိပါတယ္။ ဒါဟာ ဖိႏွိပ္မႈ ညွင္းပန္းႏွိပ္စက္မႈေတြကုိ ခ်ဳိးဖ်က္တယ္ ဆုိတဲ့ အဓိပၸါယ္ပါ။

– ရုပ္ထုကုိင္ထားတဲ့ မီးတုိင္ဟာ မူလမီးတုိင္မဟုတ္ပဲ ၁၉၈၆ခုႏွစ္မွာ ေၾကးနဲ႔ဖန္တီးၿပီး ၂၄ကာရက္ရွိတဲ့ ေရႊသုတ္ထားတဲ့ မီးတုိင္နဲ႔ အစားထုိးခဲ့တာျဖစ္ပါတယ္။

– ဒီရုပ္တုဟာ အစပထမက အစိမ္းေရာင္မဟုတ္ပဲ အနီေရာင္သာျဖစ္ပါတယ္။


– ပါကစၥတန္ ၊ ထုိင္၀မ္ ၊ မေလးရွား ၊ တရုတ္ နဲ႔ ဘရာစီးႏိုင္ငံေတြမွာ ေလဘာတီရုပ္တုရဲ႕ ပုံစံတူရုပ္တုေတြကုိ ဖန္တီးထားၾကပါေသးတယ္။

– ဒီရုပ္ထုရဲ႕အဓိပၸါယ္ကေတာ့ ဤ နယ္ေျမသို႕ဝင္လာသူမ်ားသည္ငါ၏ မီးအိမ္ အလင္းေႀကာင့္ ေႏြးေထြးမႈရကာ ျငိမ္းခ်မ္းသာယာႀကပါေစ ဟူ၍ ျဖစ္ပါတယ္။

– ၁၉၂၄ ခုႏွစ္မွာ အမ်ဳိးသားအေမြအႏွစ္ အျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ၁၉၈၄မွာေတာ့ ကမာၻ႔အေမြအႏွစ္ အျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။


သင်မသိလောက်သေးတဲ့ ကမ္ဘာကျော်လေဘာတီရုပ်ထု ရဲ့ အချက်အလက်တချို့ (unicode)

လေဘာတီရုပ်ထုကိုတော့ အားလုံးနီးပါးတွေဖူးမြင်ဖူးကြမယ် ထင်ပါတယ်။ ဒီလေဘာတီရုပ်ထုကြီး နဲ့ ဆိုင်တဲ့ အချက်အလက်တချို့ကို သုတဇုန် မိတ်ဆွေများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။

– ဒီလေဘာတီရုပ်ထု နဲ့ လေဘာတီရုပ်ထုကြီးဟာ အမေရိကန် နယူးယောက်ဆိပ်ကမ်း လေဘာတီကျွန်းမှာ တည်ရှိပါတယ်။

– ဒီရုပ်တုရှိရာ ကျွန်းရဲ့ပထမအမည်က Bedloe ဖြစ်ပြီး ၁၉၅၆ခုနှစ်မှ လေဘာတီကျွန်းလို့ ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်။
– လေဘာတီရုပ်တု (Liberty Statue) ရဲ့ နာမည်အပြည့်အစုံက Liberty Enlightening the World ဖြစ်ပါတယ်။

– လေဘာတီရုပ်ထုကို ဒီဇိုင်းထုတ်သူမှာ ပြင်သစ် ဗိသုကာပညာရှင် Frédéric Auguste Bartholdi ဖြစ်ပြီး တည်ဆောက်သူကတော့ အီဖယ်တာဝါတည်ဆောက်သူ Gustave Eiffel ပဲ ဖြစ်ပါတယ်။

– ဒီရုပ်တုကို အစပထမ ရည်ရွယ်ခဲ့တာ အီဂျစ်နိုင်ငံအတွက် ဖြစ်ပေမယ့် ဟောင်းနွမ်းရှေးကျတဲ့ဖက်ရှင်ကို သဘောမကျလို့ဆိုပြီး အီဂျစ်က ငြင်းပယ်ခဲ့တဲ့အတွက် အမေရိကန်အတွက်ဖြစ်လာခဲ့ပါတယ်။

– ဒီရုပ်ထုကြီးကို အမေရိကန်လွတ်လပ်ရေးကြေညာ စာတမ်း နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ် ပြင်သစ်ကလက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

– လေဘာတီရုပ်ထု အစိတ်အပိုင်းစုစုပေါင်း ၃၅၀ခန့်ကို အမေရိကန်သင်္ဘောများဖြင့် နယူးယောက် မြို့သို့သယ်ဆောင်ကာ ပြန်လည်တပ်ဆင်ဆောက်လုပ်ခဲ့ပါတယ်။ အလေးချိန်စုစုပေါင်း ၂၂၅ တန်ခန့်ရှိပါတယ်။

– ၁၈၈၅ ခု ဂျွန်လ ၁၇ ရက်နေ့မှာ လေဘာတီ ရုပ်တုကြီးက အမေရိကန် နယူးယောက် ဆိပ်ကမ်းကို ရောက်ရှိခဲ့တာ ဖြစ်လို့ နှစ်ပေါင်း ၁၃၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်၊ စိုက်ထူပြီးစီးလို့ ဖွင့်ပွဲ ပြုလုပ်ခဲ့တာက ၂၈ ရက် အောက်တိုဘာလ ၁၈၈၆ ခုနှစ်မှာ ဖြစ်ပါတယ်၊

– မြေပြင်ကနေ လေဘာတီရုပ်ထုမီးတောက်အထိ(အောက်ခံအပါအဝင်) အမြင့်ပေ ၃၀၅ ပေနဲ့ ၆လက်မ ရှိပြီး ဒါဟာ အထပ်မြင့် ၂၂ ထပ်အဆောက်အဦးနဲ့ အမြင့်ညီပါတယ်။ ရုပ်ထုချည်းပဲ ဆိုရင်တော့ ၁၁၁ ပေ မြင့်ပါတယ်။

– လေဘာတီရုပ်ထု ဆီကို တက်ဖို ့လှေကားထစ်ပေါင်း ၃၄၅ ထစ် နဲ့ ဦးခေါင်းပိုင်းမှာ ပြတင်းပေါက် ၂၅ ပေါက် ရှိပါတယ်။

– ဦးခေါင်းသရဖူက အချောင်း၇ချောင်းဟာ တိုက်ကြီး ၇တိုက် ကို ကိုယ်စားပြုပြီး တစ်ခုစီကို ၉ပေ အရှည်ရှိကာ ပေါင် ၁၅၀ လေးပါတယ်။

– မြေပြင်ကနေ လေဘာတီရုပ်ထုမီးတောက်အထိ(အောက်ခံအပါအဝင်) အမြင့်ပေ ၃၀၅ ပေနဲ့ ၆လက်မ ရှိပြီး ဒါဟာ အထပ်မြင့် ၂၂ ထပ်အဆောက်အဦးနဲ့ အမြင့်ညီပါတယ်။ ရုပ်ထုချည်းပဲ ဆိုရင်တော့ ၁၁၁ ပေ မြင့်ပါတယ်။

– တစ်ဖက်က မီးတုတ်ကိုကိုင်ထားပြီး ကျန်တစ်ဖက်ကတော့ ၂၃ပေကျော်ရှည်တဲ့ အပြားမှာ JULY IV MDCCLXXVI (July 4, 1776) လို့ရေးထိုးထားပါတယ်။ ဒါဟာ အမေရိကန်ရဲ့ လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။

– ခြေထောက်အောက်ခြေမှာတော့ ချိုးဖျက်ထားတဲ့ ချိန်းကြိုးရှိပါတယ်။ ဒါဟာ ဖိနှိပ်မှု ညှင်းပန်းနှိပ်စက်မှုတွေကို ချိုးဖျက်တယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။

– ရုပ်ထုကိုင်ထားတဲ့ မီးတိုင်ဟာ မူလမီးတိုင်မဟုတ်ပဲ ၁၉၈၆ခုနှစ်မှာ ကြေးနဲ့ဖန်တီးပြီး ၂၄ကာရက်ရှိတဲ့ ရွှေသုတ်ထားတဲ့ မီးတိုင်နဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။

– ဒီရုပ်တုဟာ အစပထမက အစိမ်းရောင်မဟုတ်ပဲ အနီရောင်သာဖြစ်ပါတယ်။

– ပါကစ္စတန် ၊ ထိုင်ဝမ် ၊ မလေးရှား ၊ တရုတ် နဲ့ ဘရာစီးနိုင်ငံတွေမှာ လေဘာတီရုပ်တုရဲ့ ပုံစံတူရုပ်တုတွေကို ဖန်တီးထားကြပါသေးတယ်။

– ဒီရုပ်ထုရဲ့အဓိပ္ပါယ်ကတော့ ဤ နယ်မြေသို့ဝင်လာသူများသည်ငါ၏ မီးအိမ် အလင်းကြောင့် နွေးထွေးမှုရကာ ငြိမ်းချမ်းသာယာကြပါစေ ဟူ၍ ဖြစ်ပါတယ်။

– ၁၉၂၄ ခုနှစ်မှာ အမျိုးသားအမွေအနှစ် အဖြစ် သတ်မှတ်ခံခဲ့ရပြီး ၁၉၈၄မှာတော့ ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Leave a Reply