ပုဂံရာဇ၀င္ထဲက အဆုိးဆုံး မင္းတစ္ပါး (သုိ႔) နရသူမင္းအေၾကာင္း

Posted on

နရသူဟု ဆိုလိုက္လၽွင္ သူရဲ့နာမည္ေနာက္တစ္မ်ိဳးျဖစ္တဲ့ ကုလားက်မင္း ကိုေျပာမွန္း အားလုံးသိၾကမွာပါ။ သူဟာ ျမန္မာ့သမိုင္းတေလၽွာက္ အဆိုးဝါးဆုံးမင္းေတြထဲက တစ္ပါးလည္း ျဖစ္ပါတယ္။ ထီးနန္းစည္းစိမ္ကို ျမန္ျမန္အလိုရွိတာေၾကာင့္ နာမက်န္းျဖစ္ေနေသာ ခမည္းေတာ္အေလာင္းစည္သူမင္းႀကီးအား ျမန္ျမန္ကြယ္လြန္ေစခ်င္သည့္အတြက္ နန္းတြင္းတြင္မထားပဲ အေႁခြအရံ အျပဳအစုကင္းမဲ့ေသာ ေရႊဂူႀကီးဘုရားသို႔ ပို႔ထားလိုက္ပါတယ္။ ခမည္းေတာ္ႀကီး သတိေမ့ေလ်ာ့ေနရာမွ သတိျပန္ရလာသည္ဟု ၾကားတဲ့အခါ ကိုယ္တိုင္သြားၿပီး အဝင္ျဖင့္ ပါးစပ္ကိုဆို႔ကာ လုပ္ႀကံသတ္ျဖတ္ပစ္လိုက္ပါတယ္။

အေလာင္းစည္သူမင္းႀကီး နတ္ရြာစံေၾကာင္း သားေတာ္ႀကီး ျဖစ္သူ မင္းရွင္ေစာ ၾကားတဲ့အခါ အခုေခတ္ မႏၲေလးနယ္ဘက္ကေန စစ္တပ္နဲ႔ ပုဂံကိုခ်ီတက္လာခဲ့ပါတယ္။ ဒီအေၾကာင္းကို နရသူၾကားေတာ့ သူကိုယ္တိုင္ကလည္း ေနာင္ေတာ္လို အရည္အခ်င္းမရွိေတာ့ ခံတိုက္ဖို႔ မလြယ္တဲ့အျပင္ တိုင္းသူျပည္သားေတြကလည္း မင္းရွင္ေစာကိုသာ ခ်စ္ခင္ၾကတဲ့အတြက္ အေကာက္ႀကံပါေတာ့တယ္။ သာသနာပိုင္ျဖစ္တဲ့ ပံသကူမေထရ္ ကိုခ်ဥ္းကပ္ၿပီး
“အရွင္ဘုရား ေနာင္ေတာ္ႀကီး မင္းရွင္ေစာဟာ တပည့္ေတာ္နန္းလုမွာကို စိုးတဲ့အတြက္ ၾကည္းေၾကာင္း ေရေၾကာင္းနဲ႔ ခ်ီတက္လာပါၿပီ။ တိုင္းျပည္ဟာ မင္းမရွိရင္ တစ္ေန႔တစ္ရက္ေတာင္ မတင့္တယ္တဲ့အတြက္ ေနာင္ေတာ္ႀကီးအား ျမင္းတစ္စီး ဓားတစ္လက္နဲ႔ အျမန္ႂကြၿပီး နန္းတက္ဖို႔ ေခၚယူေပးပါဘုရား ။ စစ္တပ္ႏွင့္ အတူဆိုလၽွင္ ၾကန္႔ၾကာေနပါမည္ ဘုရား” ဟု ေလၽွာက္ပါတယ္။ ပံသကူမေထရ္က မယုံတဲ့အတြက္ သစၥာဆိုခိုင္းပါတယ္။ နရသူကလည္း ေနာင္ေတာ္ႀကီးအား ဓားကိုထမ္းၿပီး နန္းတင္ပါ့မယ္လို႔ သစၥာဆိုလိုက္ပါတယ္။

မင္းရွင္ေစာ ပုဂံေရာက္ေတာ့ သူ႔ကတိအတိုင္း သန္လ်က္ကို ထမ္းၿပီး နန္းတင္လိုက္ပါတယ္။ ဒါေပမယ့္ အဲဒီညမွာပဲ အစာထဲကို အဆိပ္ခပ္ၿပီး မင္းရွင္ေစာကို လုပ္ႀကံလိုက္ပါတယ္။ ပံသကူမေထရ္ သိသြားေတာ့ မိမိကို ခုတုံးလုပ္သြားတဲ့ နရသူအေပၚမေက်နပ္ ၊ မင္းရွင္ေစာေသတာလည္း သူ႔ပေယာဂ မကင္းဘူးလို႔ ခံစားရတဲ့ အတြက္ မင္းဆိုးမင္းညစ္ဆီမွာ ငါမေနဟု ဆိုကာ သီဟိုဠ္ သို႔ႂကြသြားပါေတာ့တယ္။

အေဖကိုသတ္ ၊ အစ္ကိုကို သတ္တဲ့အျပင္ သာသနာပိုင္ကိုလည္း ထြက္သြားေအာင္လုပ္တဲ့အတြက္ ျပည္သူလူထု နဲ႔ ရဟန္းေတြက မေက်နပ္ၾက။ ထိုအခ်ိန္က ရဟန္းအင္အားက အလြန္ႀကီးမားတဲ့အတြက္ ရဟန္းေတြ ပုန္ကန္မွာကို နရသူ ေၾကာက္ပါတယ္။ ဒီအတြက္ ရဟန္းေတြကို ရွင္းပစ္မယ္လုပ္ေတာ့ သိဒၶိကာ ဆိုတဲ့ အမတ္တစ္ပါးက
“သာသနာကို ဖ်က္လၽွင္ ရဟန္းေတြတင္မက ျပည္သူကပါပုန္ကန္ပါလိမ့္မယ္။ ဒီအခါ ပိုၿပီး ဆိုးရြားသြားပါလိမ့္မယ္။ ျပည္သူလူထု စိတ္မဆိုးရေအာင္ ရဟန္းေတြကို မသတ္ပဲ လူထြက္ေအာင္ႀကံပါဘုရား “ ဟု အႀကံေပးပါတယ္။ ဘယ္လိုလူထြက္ေအာင္ လုပ္ရမလဲ ထိုအမတ္ကို ေမးေတာ့ “တိုင္းျပည္မွာ ရွိတဲ့မိန္းမေတြကို အကၤ်ီေရွ႕ကြဲ ၊ ထဘီကိုလည္း ေရွ႕ကြဲ မလုံျခဳံေအာင္ ဝတ္ခိုင္းဖို႔ အမိန္႔ထုတ္လိုက္ပါ ၊ ရဟန္းေတြဆိုတာလည္း အာသေဝါ ကုန္ခမ္းေသးတာ မဟုတ္တဲ့အတြက္ လူထြက္ၾကပါလိမ့္မယ္” လို႔ သံေတာ္ဦးတင္ပါတယ္။ (အကၤ်ီေရွ႕ကြဲ ၊ ထဘီေရွ႕ကြဲ ဆိုတာအဲဒီ ေခတ္ကတည္းက ေပၚခဲ့တာပါတဲ့)။

ဒီအႀကံအတိုင္း လုပ္ေသာ္ ရဟန္းေတြလူထြက္ၾကပါတယ္။ သို႔ေသာ္ အနည္းငယ္သာ ထြက္တဲ့အတြက္ ေနာက္ဆုံး လူထြက္မလား ၊ အသတ္ခံမလားဆိုကာ ေတြ႕သမၽွရဟန္းေတြကို ဖမ္းတယ္ ၊ ဓားမိုး အမိန္႔ေပးကာ လူထြက္ခိုင္းတယ္ ၊ ရဟန္းေတြကလည္း လူမထြက္ပဲ အေသသာ ခံသြားၾကပါတယ္။ ဒီလိုနဲ႔ ပုဂံမွာ ရဟန္းဆိုတာ ရွားသြားပါတယ္။ ဒီအတြက္ ျပည္သူက အလြန္မုန္းၾကတယ္။ နရသူကလည္း သူ႔ကိုမုန္းမွန္း သိတဲ့အတြက္ ပိုမိုရက္စက္စြာအုပ္ခ်ဳပ္ပါတယ္။ အျမင္မၾကည္သူ မွန္သမၽွကိုလည္း သတ္ျဖတ္ပစ္ပါတယ္။ ဒီအတြက္ ဒီမင္းလက္ထက္မွာ သာသနာ ဆုတ္ယုတ္တဲ့ အျပင္ တိုင္းျပည္ကလည္း အလြန္ဆင္းရဲခဲ့တယ္လို႔ သိရပါတယ္။

တစ္ေန႔ေသာ္ နရသူဟာ ဘိုးေတာ္ ေဘးေတာ္တို႔ အစဥ္အဆက္အတိုင္း ေကာင္းမွုေတာ္ ေစတီ ပုထိုး တစ္ဆူတည္ဖို႔ အႀကံရတဲ့အတြက္ မွူးမတ္မ်ား ႏွင့္ ပန္းရံဆရာမ်ားကို ေခၚကာ တည္ေစပါတယ္။ တည္ရာမွာ အျခားဘုရင္မ်ားထက္ ပိုမိုသာေအာင္ ၊ အႀကီးမားဆုံးျဖစ္ေအာင္ တည္လိုတဲ့အတြက္ ကိုယ္တိုင္ အေစ့စပ္ဆုံး စစ္ေဆးေတာ္မူပါတယ္။ ပန္းရံဆရာမ်ား ေဆာက္ၿပီးသမၽွကို အပ္တစ္ေခ်ာင္းျဖင့္ အုတ္ၾကားတြင္ထိုးကာ အပ္ထိုး၍ဝင္လၽွင္ ထိုပန္းရံဆရာကို ထိုေနရာမွာပင္ ကြပ္မ်က္ပါတယ္။ ဒီအတြက္ ပန္းရံဆရာမ်ားမွာ ပို၍ပင္ပန္းၾကတဲ့အျပင္ လူအင္အားကလည္း တစ္စတစ္စ နည္းပါးလာတဲ့အတြက္ ဘုရားႀကီးမွာ မၿပီးဆုံးခဲ့။ ထိုအခါ ပညာရွိ အမတ္တစ္ေယာက္ဟာ မင္းႀကီးကို ပညာေပးခ်င္တဲ့အတြက္ ေဆာက္ခြင့္ေတာင္းပါတယ္။ ထိုအမတ္ဟာ ဘုရင္အလိုက် အပ္တစ္ေခ်ာင္းပင္ ထိုးလို႔မရေအာင္ ေဆာက္လုပ္ေပးပါတယ္။ သို႔ေသာ္လည္း ဘုရင္ေမာ့ၾကည့္၍ မရေသာ စစ္ေဆးလို႔မရေသာ ေနရာမွန္သမၽွကို အပ္တစ္ေခ်ာင္းထိုးလို႔ရေအာင္ တည္ေဆာက္ခဲ့ပါတယ္။ တည္ေဆာက္၍ၿပီးေသာ္ ထိုအမတ္ဟာ ေနျပည္ေတာ္မွ ထြက္ေျပးသြားပါတယ္။ ဒီအေၾကာင္း မင္းႀကီးသိေသာ္ ေဒါသအလြန္ထြက္သည့္အတြက္ ဘုရားကို ထီးေတာ္မတင္ပဲ ထိုအမတ္ကို လူလႊတ္ကာ ရွာခိုင္းခဲ့ပါတယ္။

ရွာ၍မေတြ႕သျဖင့္ ေဒါသပို၍ ႀကီးလာခဲ့ပါတယ္။ တစ္ေန႔ ကုလားမင္းသမီးတစ္ပါး ဟာ နရသူထံ အခစားဝင္ပါတယ္။ ထိုသို႔ဝင္ေနရင္း နရသူ ေရအိမ္ဝင္ရာ သန္႔သက္ေရ မယူသည္ကို ေတြ႕ေသာ္ ရြံသျဖင့္ ဘုရင့္အနားသို႔မကပ္ေတာ့ ။ မင္းႀကီးသိေတာ့ သူ႔ကိုရြံရမလား ဆိုကာ သန္လၽွက္ျဖင့္ ထိုေနရာတြင္ပင္ ခုတ္သတ္ပါတယ္။ ဒီအေၾကာင္းကို ကုလားမင္းသမီး၏ ဖခမည္းေတာ္သိသြားေသာ္ ကုလားသူရဲေကာင္း ရွစ္ေယာက္ကိုေရြးကာ “အေမာင္တို႔ နရသူမင္းထံသို႔ သြားကာ နရသူကိုလုပ္ႀကံေစ ၊ သင္တို႔ကိုယ္တိုင္လည္း ကိုယ့္ကိုယ္ကိုသတ္ေသၾကေစ ၊ သင္တို႔သားမယားမ်ား တစ္သက္စားမကုန္ေသာ ေရႊ ၊ ေငြ ကို ငါေပးေတာ္မူမည္ ” ဟု မိန္႔သျဖင့္ ကုလားသူရဲမ်ားလည္း သတ္မည္ ဟု ဝန္ခံၿပီး ပုဂံေနျပည္ေတာ္ကို ခ်ဥ္းကပ္ပါတယ္။ ေနျပည္ေတာ္ေရာက္ေသာ္ မင္းႀကီးအား ဘိသိက္ေျမႇာက္ေပးမည္ဟုဆိုရာ ယုံသည့္အတြက္ မဂၤလာခံယူေနစဥ္ အသင့္ပါလာသည့္ ဓားငယ္တို႔ျဖင့္ ထိုးသတ္ကာ သူတို႔ကိုယ္တိုင္လည္း ကိုယ့္ကိုယ္ကိုျပန္သတ္ပါတယ္။ နရသူမင္းအား ဓားျဖင့္အထိုးခံရေၾကာင္း မွူးမတ္တို႔သိေသာ္လည္း ရက္စက္သည့္မင္းအား ရြံ့ရွာၾကသျဖင့္ ေဆးမကုပဲ ထားေသာ္ နရသူမင္း နတ္ရြာစံပါေတာ့တယ္။ ကုလားမ်ားသတ္လို႔ေသသည့္အတြက္ ကုလားက်မင္းဟု နာမည္တြင္ခဲ့ပါတယ္။

ဘုရားဒါယကာ၏ ေစတနာမမွန္မွုေၾကာင့္ ဓမၼရံႀကီးဘုရားသည္ ထုထည္ႀကီးမားခိုင္ခံၿပီး အလြန္ျမင့္မားလွေသာ္လည္း အနႏၵာ ၊ မဗၺညဳ ၊ ေဂါေဓာပလႅင္ စေသာ အျခား ေစတီပုထိုးမ်ားနဲ႔ မတူပဲ ထူးျခားစြာျဖင့္ ထုံထုံထိုင္းထိုင္း မွိုင္းမွိုင္းညိဳ႕ညိဳ႕ျဖစ္ေနေၾကာင္း သမိုင္းဆရာမ်ားက ေရးသားၾကပါတယ္။

Ref:
ျမန္မာမင္းအုပ္ခ်ဳပ္ပုံစာတမ္း၊ တတိယပိုင္း။
ပုဂံခရီးသည္ – ပါရဂူ
မန္မာ့စြယ္စုံက်မ္း


ပုဂံရာဇဝင်ထဲက အဆိုးဆုံး မင်းတစ်ပါး (သို့) နရသူမင်းအကြောင်း (unicode)

နရသူဟု ဆိုလိုက်လျှင် သူရဲ့နာမည်နောက်တစ်မျိုးဖြစ်တဲ့ ကုလားကျမင်း ကိုပြောမှန်း အားလုံးသိကြမှာပါ။ သူဟာ မြန်မာ့သမိုင်းတလျှောက် အဆိုးဝါးဆုံးမင်းတွေထဲက တစ်ပါးလည်း ဖြစ်ပါတယ်။ ထီးနန်းစည်းစိမ်ကို မြန်မြန်အလိုရှိတာကြောင့် နာမကျန်းဖြစ်နေသော ခမည်းတော်အလောင်းစည်သူမင်းကြီးအား မြန်မြန်ကွယ်လွန်စေချင်သည့်အတွက် နန်းတွင်းတွင်မထားပဲ အခြွေအရံ အပြုအစုကင်းမဲ့သော ရွှေဂူကြီးဘုရားသို့ ပို့ထားလိုက်ပါတယ်။ ခမည်းတော်ကြီး သတိမေ့လျော့နေရာမှ သတိပြန်ရလာသည်ဟု ကြားတဲ့အခါ ကိုယ်တိုင်သွားပြီး အဝင်ဖြင့် ပါးစပ်ကိုဆို့ကာ လုပ်ကြံသတ်ဖြတ်ပစ်လိုက်ပါတယ်။

အလောင်းစည်သူမင်းကြီး နတ်ရွာစံကြောင်း သားတော်ကြီး ဖြစ်သူ မင်းရှင်စော ကြားတဲ့အခါ အခုခေတ် မန္တလေးနယ်ဘက်ကနေ စစ်တပ်နဲ့ ပုဂံကိုချီတက်လာခဲ့ပါတယ်။ ဒီအကြောင်းကို နရသူကြားတော့ သူကိုယ်တိုင်ကလည်း နောင်တော်လို အရည်အချင်းမရှိတော့ ခံတိုက်ဖို့ မလွယ်တဲ့အပြင် တိုင်းသူပြည်သားတွေကလည်း မင်းရှင်စောကိုသာ ချစ်ခင်ကြတဲ့အတွက် အကောက်ကြံပါတော့တယ်။ သာသနာပိုင်ဖြစ်တဲ့ ပံသကူမထေရ် ကိုချဉ်းကပ်ပြီး
“အရှင်ဘုရား နောင်တော်ကြီး မင်းရှင်စောဟာ တပည့်တော်နန်းလုမှာကို စိုးတဲ့အတွက် ကြည်းကြောင်း ရေကြောင်းနဲ့ ချီတက်လာပါပြီ။ တိုင်းပြည်ဟာ မင်းမရှိရင် တစ်နေ့တစ်ရက်တောင် မတင့်တယ်တဲ့အတွက် နောင်တော်ကြီးအား မြင်းတစ်စီး ဓားတစ်လက်နဲ့ အမြန်ကြွပြီး နန်းတက်ဖို့ ခေါ်ယူပေးပါဘုရား ။ စစ်တပ်နှင့် အတူဆိုလျှင် ကြန့်ကြာနေပါမည် ဘုရား” ဟု လျှောက်ပါတယ်။ ပံသကူမထေရ်က မယုံတဲ့အတွက် သစ္စာဆိုခိုင်းပါတယ်။ နရသူကလည်း နောင်တော်ကြီးအား ဓားကိုထမ်းပြီး နန်းတင်ပါ့မယ်လို့ သစ္စာဆိုလိုက်ပါတယ်။

မင်းရှင်စော ပုဂံရောက်တော့ သူ့ကတိအတိုင်း သန်လျက်ကို ထမ်းပြီး နန်းတင်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီညမှာပဲ အစာထဲကို အဆိပ်ခပ်ပြီး မင်းရှင်စောကို လုပ်ကြံလိုက်ပါတယ်။ ပံသကူမထေရ် သိသွားတော့ မိမိကို ခုတုံးလုပ်သွားတဲ့ နရသူအပေါ်မကျေနပ် ၊ မင်းရှင်စောသေတာလည်း သူ့ပယောဂ မကင်းဘူးလို့ ခံစားရတဲ့ အတွက် မင်းဆိုးမင်းညစ်ဆီမှာ ငါမနေဟု ဆိုကာ သီဟိုဠ် သို့ကြွသွားပါတော့တယ်။

အဖေကိုသတ် ၊ အစ်ကိုကို သတ်တဲ့အပြင် သာသနာပိုင်ကိုလည်း ထွက်သွားအောင်လုပ်တဲ့အတွက် ပြည်သူလူထု နဲ့ ရဟန်းတွေက မကျေနပ်ကြ။ ထိုအချိန်က ရဟန်းအင်အားက အလွန်ကြီးမားတဲ့အတွက် ရဟန်းတွေ ပုန်ကန်မှာကို နရသူ ကြောက်ပါတယ်။ ဒီအတွက် ရဟန်းတွေကို ရှင်းပစ်မယ်လုပ်တော့ သိဒ္ဓိကာ ဆိုတဲ့ အမတ်တစ်ပါးက
“သာသနာကို ဖျက်လျှင် ရဟန်းတွေတင်မက ပြည်သူကပါပုန်ကန်ပါလိမ့်မယ်။ ဒီအခါ ပိုပြီး ဆိုးရွားသွားပါလိမ့်မယ်။ ပြည်သူလူထု စိတ်မဆိုးရအောင် ရဟန်းတွေကို မသတ်ပဲ လူထွက်အောင်ကြံပါဘုရား “ ဟု အကြံပေးပါတယ်။ ဘယ်လိုလူထွက်အောင် လုပ်ရမလဲ ထိုအမတ်ကို မေးတော့ “တိုင်းပြည်မှာ ရှိတဲ့မိန်းမတွေကို အင်္ကျီရှေ့ကွဲ ၊ ထဘီကိုလည်း ရှေ့ကွဲ မလုံခြုံအောင် ဝတ်ခိုင်းဖို့ အမိန့်ထုတ်လိုက်ပါ ၊ ရဟန်းတွေဆိုတာလည်း အာသဝေါ ကုန်ခမ်းသေးတာ မဟုတ်တဲ့အတွက် လူထွက်ကြပါလိမ့်မယ်” လို့ သံတော်ဦးတင်ပါတယ်။ (အင်္ကျီရှေ့ကွဲ ၊ ထဘီရှေ့ကွဲ ဆိုတာအဲဒီ ခေတ်ကတည်းက ပေါ်ခဲ့တာပါတဲ့)။

ဒီအကြံအတိုင်း လုပ်သော် ရဟန်းတွေလူထွက်ကြပါတယ်။ သို့သော် အနည်းငယ်သာ ထွက်တဲ့အတွက် နောက်ဆုံး လူထွက်မလား ၊ အသတ်ခံမလားဆိုကာ တွေ့သမျှရဟန်းတွေကို ဖမ်းတယ် ၊ ဓားမိုး အမိန့်ပေးကာ လူထွက်ခိုင်းတယ် ၊ ရဟန်းတွေကလည်း လူမထွက်ပဲ အသေသာ ခံသွားကြပါတယ်။ ဒီလိုနဲ့ ပုဂံမှာ ရဟန်းဆိုတာ ရှားသွားပါတယ်။ ဒီအတွက် ပြည်သူက အလွန်မုန်းကြတယ်။ နရသူကလည်း သူ့ကိုမုန်းမှန်း သိတဲ့အတွက် ပိုမိုရက်စက်စွာအုပ်ချုပ်ပါတယ်။ အမြင်မကြည်သူ မှန်သမျှကိုလည်း သတ်ဖြတ်ပစ်ပါတယ်။ ဒီအတွက် ဒီမင်းလက်ထက်မှာ သာသနာ ဆုတ်ယုတ်တဲ့ အပြင် တိုင်းပြည်ကလည်း အလွန်ဆင်းရဲခဲ့တယ်လို့ သိရပါတယ်။
တစ်နေ့သော် နရသူဟာ ဘိုးတော် ဘေးတော်တို့ အစဉ်အဆက်အတိုင်း ကောင်းမှုတော် စေတီ ပုထိုး တစ်ဆူတည်ဖို့ အကြံရတဲ့အတွက် မှူးမတ်များ နှင့် ပန်းရံဆရာများကို ခေါ်ကာ တည်စေပါတယ်။ တည်ရာမှာ အခြားဘုရင်များထက် ပိုမိုသာအောင် ၊ အကြီးမားဆုံးဖြစ်အောင် တည်လိုတဲ့အတွက် ကိုယ်တိုင် အစေ့စပ်ဆုံး စစ်ဆေးတော်မူပါတယ်။ ပန်းရံဆရာများ ဆောက်ပြီးသမျှကို အပ်တစ်ချောင်းဖြင့် အုတ်ကြားတွင်ထိုးကာ အပ်ထိုး၍ဝင်လျှင် ထိုပန်းရံဆရာကို ထိုနေရာမှာပင် ကွပ်မျက်ပါတယ်။ ဒီအတွက် ပန်းရံဆရာများမှာ ပို၍ပင်ပန်းကြတဲ့အပြင် လူအင်အားကလည်း တစ်စတစ်စ နည်းပါးလာတဲ့အတွက် ဘုရားကြီးမှာ မပြီးဆုံးခဲ့။ ထိုအခါ ပညာရှိ အမတ်တစ်ယောက်ဟာ မင်းကြီးကို ပညာပေးချင်တဲ့အတွက် ဆောက်ခွင့်တောင်းပါတယ်။ ထိုအမတ်ဟာ ဘုရင်အလိုကျ အပ်တစ်ချောင်းပင် ထိုးလို့မရအောင် ဆောက်လုပ်ပေးပါတယ်။ သို့သော်လည်း ဘုရင်မော့ကြည့်၍ မရသော စစ်ဆေးလို့မရသော နေရာမှန်သမျှကို အပ်တစ်ချောင်းထိုးလို့ရအောင် တည်ဆောက်ခဲ့ပါတယ်။ တည်ဆောက်၍ပြီးသော် ထိုအမတ်ဟာ နေပြည်တော်မှ ထွက်ပြေးသွားပါတယ်။ ဒီအကြောင်း မင်းကြီးသိသော် ဒေါသအလွန်ထွက်သည့်အတွက် ဘုရားကို ထီးတော်မတင်ပဲ ထိုအမတ်ကို လူလွှတ်ကာ ရှာခိုင်းခဲ့ပါတယ်။

ရှာ၍မတွေ့သဖြင့် ဒေါသပို၍ ကြီးလာခဲ့ပါတယ်။ တစ်နေ့ ကုလားမင်းသမီးတစ်ပါး ဟာ နရသူထံ အခစားဝင်ပါတယ်။ ထိုသို့ဝင်နေရင်း နရသူ ရေအိမ်ဝင်ရာ သန့်သက်ရေ မယူသည်ကို တွေ့သော် ရွံသဖြင့် ဘုရင့်အနားသို့မကပ်တော့ ။ မင်းကြီးသိတော့ သူ့ကိုရွံရမလား ဆိုကာ သန်လျှက်ဖြင့် ထိုနေရာတွင်ပင် ခုတ်သတ်ပါတယ်။ ဒီအကြောင်းကို ကုလားမင်းသမီး၏ ဖခမည်းတော်သိသွားသော် ကုလားသူရဲကောင်း ရှစ်ယောက်ကိုရွေးကာ “အမောင်တို့ နရသူမင်းထံသို့ သွားကာ နရသူကိုလုပ်ကြံစေ ၊ သင်တို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုသတ်သေကြစေ ၊ သင်တို့သားမယားများ တစ်သက်စားမကုန်သော ရွှေ ၊ ငွေ ကို ငါပေးတော်မူမည် ” ဟု မိန့်သဖြင့် ကုလားသူရဲများလည်း သတ်မည် ဟု ဝန်ခံပြီး ပုဂံနေပြည်တော်ကို ချဉ်းကပ်ပါတယ်။ နေပြည်တော်ရောက်သော် မင်းကြီးအား ဘိသိက်မြှောက်ပေးမည်ဟုဆိုရာ ယုံသည့်အတွက် မင်္ဂလာခံယူနေစဉ် အသင့်ပါလာသည့် ဓားငယ်တို့ဖြင့် ထိုးသတ်ကာ သူတို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုပြန်သတ်ပါတယ်။ နရသူမင်းအား ဓားဖြင့်အထိုးခံရကြောင်း မှူးမတ်တို့သိသော်လည်း ရက်စက်သည့်မင်းအား ရွံ့ရှာကြသဖြင့် ဆေးမကုပဲ ထားသော် နရသူမင်း နတ်ရွာစံပါတော့တယ်။ ကုလားများသတ်လို့သေသည့်အတွက် ကုလားကျမင်းဟု နာမည်တွင်ခဲ့ပါတယ်။

ဘုရားဒါယကာ၏ စေတနာမမှန်မှုကြောင့် ဓမ္မရံကြီးဘုရားသည် ထုထည်ကြီးမားခိုင်ခံပြီး အလွန်မြင့်မားလှသော်လည်း အနန္ဒာ ၊ မဗ္ဗညု ၊ ဂေါဓောပလ္လင် စသော အခြား စေတီပုထိုးများနဲ့ မတူပဲ ထူးခြားစွာဖြင့် ထုံထုံထိုင်းထိုင်း မှိုင်းမှိုင်းညို့ညို့ဖြစ်နေကြောင်း သမိုင်းဆရာများက ရေးသားကြပါတယ်။

Ref:မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ တတိယပိုင်း။
ပုဂံခရီးသည် – ပါရဂူ
မြန်မာ့စွယ်စုံကျမ်း

Leave a Reply