၇ႏွစ္သမီးရဲ႕ အလုပ္ေလွ်ာက္စာကုိ တေလးတစားျပန္ခဲ့တဲ့ ဂုိဂဲလ္စီအီးအုိ

Posted on

၇ႏွစ္ အရြယ္ဆုိတာ ျမင္ျမင္သမွ် စိတ္ကူးယဥ္ၿပီးေတြးတတ္တဲ့ အရြယ္ပါ ။ ျဖစ္ႏုိင္မျဖစ္ႏုိင္ မစဥ္းစားတတ္ေသးတဲ့အရြယ္ပါ။ အဂၤလန္က Chloe ဆုိတဲ့ ၇ႏွစ္သမီးေလးဟာလည္း ဒီလုိပါပဲ။ ဂုိဂဲလ္က ပုံရိပ္ေတြကုိျမင္ၿပီး ဂုိဂဲလ္မွာအလုပ္လုပ္ခ်င္တယ္လုိ႔ ဆုိလာတာေၾကာင့္ အေဖျဖစ္သူကလည္း အေပ်ာ္သေဘာနဲ႔ အလုပ္ေလွ်ာက္စာေရးခုိင္းခဲ့ပါတယ္။ သူမဟာ စာအေစာင္လုိက္ဆုိလုိ႔ ဒီစာမတုိင္ခင္ တစ္ေစာင္သာေရးဖူးပါတယ္။ သူ႔အေဖကုိ ခရစ္စမတ္လက္ေဆာင္ေပးတဲ့စာပါ။ စိတ္ကူးထဲရွိတာ ေရးခ်င္တာေရးၿပီးတဲ့အခါ အေဖျဖစ္သူကလည္း ဂုိဂဲလ္ကုိ လိပ္စာတတ္ၿပီးပုိ႔လုိက္ပါတယ္။ အေပ်ာ္သေဘာနဲ႔ သမီးျဖစ္သူ စိတ္ေက်နပ္ေအာင္သာ ပုိ႔ေပးလုိက္တာျဖစ္ပါတယ္။ စာျပန္လာမယ္လုိ႔လည္း မေမွ်ာ္လင့္ပါဘူး။ ဟုတ္တယ္ေလ ကေလးတစ္ေယာက္ စိတ္ကူးထဲေပၚတာ ေရးခ်င္တာေရးထားတာကုိ ဘယ္လူႀကီး ၊ ဘယ္ကုမၸဏီက အေရးတယူရွိခ်င္ပါမလဲ..

ဒါေပမယ့္ ကမာၻ႔အႀကီးဆုံး နည္းပညာကုမၸႀကီးတစ္ခုျဖစ္တဲ့ ဂုိဂဲလ္ကေတာ့ကေလးရဲစာကုိ စာျပန္ခဲ့ပါတယ္။ ရာထူးအႀကီးဆုံး စီအီးအုိ Mr. Sundar Pichai ကိုယ္တုိင္စာျပန္ပါသတဲ့.
ကေလးရဲ႕စာထဲမွာ – သူ႔နာမည္ Chloe ျဖစ္ၿပီး ၇ႏွစ္ရွိၿပီျဖစ္ေၾကာင္း ၊ ႀကီးလာတဲ့အခါ ဂုိဂဲလ္မွာအလုပ္လုပ္ခ်င္ေၾကာင္း ၊ ေခ်ာကလက္စက္ရုံမွာလည္းလုပ္ခ်င္သလုိ ၊ အုိလံပစ္ၿပဳိင္ပြဲမွာလည္း ေရကူးခ်င္ေၾကာင္း ၊ ကြန္ပ်ဴတာနဲ႔ စက္ရုပ္ေတြကုိ စိတ္၀င္စားေၾကာင္း ၊ တက္ပလက္နဲ႔ လည္း ဂိမ္းေတြကစားတတ္ေၾကာင္း ၊ ဆရာ နဲ႔ မိဘေတြကလည္း သူ႔ကုိေတာ္တယ္လုိ႔ေျပာၾကေၾကာင္း ၊ ညီမျဖစ္သူကေတာ့ အရုပ္ေတြကုိပဲ ႏွစ္သက္ေၾကာင္း ၊ အေဖက ဂုိဂဲလ္မွာအလုပ္ေလွ်ာက္ခ်င္ရင္ စာေရးခုိင္းတာေၾကာင့္ ေရးရေၾကာင္း ၊ အခုလုိ ဖတ္တဲ့အတြက္ ေက်းဇူးတင္ေၾကာင္း စသျဖင့္ စိတ္ထဲရွိရာေရးထားတာပါ။

ရက္အနည္းငယ္ၾကာတဲ့အခါ သူတုိ႔မေမွ်ာ္လင့္ထားေပမယ့္ ဂုိဂဲလ္စီအီးအုိထံကေန စာျပန္လာပါတယ္။ စာထဲမွာ-
စာအတြက္ေက်းဇူးတင္ေၾကာင္း ၊ ကြန္ပ်ဴတာနဲ႔ စက္ရုပ္ေတြကုိ စိတ္၀င္စားတဲ့အတြက္ ၀မ္းသာေၾကာင္း ၊ နည္းပညာေတြကုိ ဆက္ၿပီးသင္ယူလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း ၊ဂုိဂဲလ္မွာ အလုပ္လုပ္ႏုိင္ဖုိ႔ နဲ႔ အုိလံပစ္မွာေရးကူးဖုိ႔ စတဲ့ မင္းရဲ႕အိပ္မက္ေတြကုိ ျဖစ္ေအာင္လုပ္ႏုိင္မယ္လုိ႔ ယုံၾကည္ေၾကာင္း ၊ မင္းေက်ာင္းၿပီးတဲ့အခါ မင္းရဲ႕အလုပ္ေလွ်ာက္စာကို ေစာင့္ေမွ်ာ္ေနပါေၾကာင္း..တေလးတစားျပန္ပါတယ္။

မေမွ်ာ္လင့္ထားတဲ့စာ ၊ ဂရုတစိုက္ျပန္ထားတဲ့စာေၾကာင့္ တစ္မိသားစုလုံး အံၾသ၀မ္းသာကုန္ၾကၿပီး ဒီအေၾကာင္းကို ဖခင္ျဖစ္သူက အင္တာနက္မွာတင္လုိက္တဲ့အခါ ဖတ္ရႈ႕သူသိန္းနဲ႔ခ်ီရွိခဲ့ၿပီး ကေလးအေပၚယုံၾကည္မႈ ၾကင္နာမႈ နဲ႔ စိတ္အားတက္ၾကြေအာင္လုပ္ခဲ့တဲ့ စီအီးအုိရဲ႕ လုပ္ရပ္ကုိ ေလးစားခ်ီးက်ဴးကုန္ၾကပါတယ္။

ဂုိဂဲလ္စီအီးအုိရဲ႕ လုပ္ရပ္အေပၚ မိတ္ေဆြေရာ ဘယ္လုိသေဘာရပါသလဲ 🙂

 


 

၇နှစ်သမီးရဲ့ အလုပ်လျှောက်စာကို တလေးတစားပြန်ခဲ့တဲ့ ဂိုဂဲလ်စီအီးအို (unicode)

၇နှစ် အရွယ်ဆိုတာ မြင်မြင်သမျှ စိတ်ကူးယဉ်ပြီးတွေးတတ်တဲ့ အရွယ်ပါ ။ ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားတတ်သေးတဲ့အရွယ်ပါ။ အင်္ဂလန်က Chloe ဆိုတဲ့ ၇နှစ်သမီးလေးဟာလည်း ဒီလိုပါပဲ။ ဂိုဂဲလ်က ပုံရိပ်တွေကိုမြင်ပြီး ဂိုဂဲလ်မှာအလုပ်လုပ်ချင်တယ်လို့ ဆိုလာတာကြောင့် အဖေဖြစ်သူကလည်း အပျော်သဘောနဲ့ အလုပ်လျှောက်စာရေးခိုင်းခဲ့ပါတယ်။ သူမဟာ စာအစောင်လိုက်ဆိုလို့ ဒီစာမတိုင်ခင် တစ်စောင်သာရေးဖူးပါတယ်။ သူ့အဖေကို ခရစ်စမတ်လက်ဆောင်ပေးတဲ့စာပါ။ စိတ်ကူးထဲရှိတာ ရေးချင်တာရေးပြီးတဲ့အခါ အဖေဖြစ်သူကလည်း ဂိုဂဲလ်ကို လိပ်စာတတ်ပြီးပို့လိုက်ပါတယ်။ အပျော်သဘောနဲ့ သမီးဖြစ်သူ စိတ်ကျေနပ်အောင်သာ ပို့ပေးလိုက်တာဖြစ်ပါတယ်။ စာပြန်လာမယ်လို့လည်း မမျှော်လင့်ပါဘူး။ ဟုတ်တယ်လေ ကလေးတစ်ယောက် စိတ်ကူးထဲပေါ်တာ ရေးချင်တာရေးထားတာကို ဘယ်လူကြီး ၊ ဘယ်ကုမ္ပဏီက အရေးတယူရှိချင်ပါမလဲ..

ဒါပေမယ့် ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပကြီးတစ်ခုဖြစ်တဲ့ ဂိုဂဲလ်ကတော့ကလေးရဲစာကို စာပြန်ခဲ့ပါတယ်။ ရာထူးအကြီးဆုံး စီအီးအို Mr. Sundar Pichai ကိုယ်တိုင်စာပြန်ပါသတဲ့.
ကလေးရဲ့စာထဲမှာ – သူ့နာမည် Chloe ဖြစ်ပြီး ၇နှစ်ရှိပြီဖြစ်ကြောင်း ၊ ကြီးလာတဲ့အခါ ဂိုဂဲလ်မှာအလုပ်လုပ်ချင်ကြောင်း ၊ ချောကလက်စက်ရုံမှာလည်းလုပ်ချင်သလို ၊ အိုလံပစ်ပြိုင်ပွဲမှာလည်း ရေကူးချင်ကြောင်း ၊ ကွန်ပျူတာနဲ့ စက်ရုပ်တွေကို စိတ်ဝင်စားကြောင်း ၊ တက်ပလက်နဲ့ လည်း ဂိမ်းတွေကစားတတ်ကြောင်း ၊ ဆရာ နဲ့ မိဘတွေကလည်း သူ့ကိုတော်တယ်လို့ပြောကြကြောင်း ၊ ညီမဖြစ်သူကတော့ အရုပ်တွေကိုပဲ နှစ်သက်ကြောင်း ၊ အဖေက ဂိုဂဲလ်မှာအလုပ်လျှောက်ချင်ရင် စာရေးခိုင်းတာကြောင့် ရေးရကြောင်း ၊ အခုလို ဖတ်တဲ့အတွက် ကျေးဇူးတင်ကြောင်း စသဖြင့် စိတ်ထဲရှိရာရေးထားတာပါ။

ရက်အနည်းငယ်ကြာတဲ့အခါ သူတို့မမျှော်လင့်ထားပေမယ့် ဂိုဂဲလ်စီအီးအိုထံကနေ စာပြန်လာပါတယ်။ စာထဲမှာ-
စာအတွက်ကျေးဇူးတင်ကြောင်း ၊ ကွန်ပျူတာနဲ့ စက်ရုပ်တွေကို စိတ်ဝင်စားတဲ့အတွက် ဝမ်းသာကြောင်း ၊ နည်းပညာတွေကို ဆက်ပြီးသင်ယူလိမ့်မယ်လို့ မျှော်လင့်ကြောင်း ၊ဂိုဂဲလ်မှာ အလုပ်လုပ်နိုင်ဖို့ နဲ့ အိုလံပစ်မှာရေးကူးဖို့ စတဲ့ မင်းရဲ့အိပ်မက်တွေကို ဖြစ်အောင်လုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း ၊ မင်းကျောင်းပြီးတဲ့အခါ မင်းရဲ့အလုပ်လျှောက်စာကို စောင့်မျှော်နေပါကြောင်း..တလေးတစားပြန်ပါတယ်။

မမျှော်လင့်ထားတဲ့စာ ၊ ဂရုတစိုက်ပြန်ထားတဲ့စာကြောင့် တစ်မိသားစုလုံး အံသြဝမ်းသာကုန်ကြပြီး ဒီအကြောင်းကို ဖခင်ဖြစ်သူက အင်တာနက်မှာတင်လိုက်တဲ့အခါ ဖတ်ရှု့သူသိန်းနဲ့ချီရှိခဲ့ပြီး ကလေးအပေါ်ယုံကြည်မှု ကြင်နာမှု နဲ့ စိတ်အားတက်ကြွအောင်လုပ်ခဲ့တဲ့ စီအီးအိုရဲ့ လုပ်ရပ်ကို လေးစားချီးကျူးကုန်ကြပါတယ်။

ဂိုဂဲလ်စီအီးအိုရဲ့ လုပ်ရပ်အပေါ် မိတ်ဆွေရော ဘယ်လိုသဘောရပါသလဲ 🙂

2 thoughts on “၇ႏွစ္သမီးရဲ႕ အလုပ္ေလွ်ာက္စာကုိ တေလးတစားျပန္ခဲ့တဲ့ ဂုိဂဲလ္စီအီးအုိ

Leave a Reply