စာေပသမိုင္းထဲက ၾကယ္တစ္ပြင့္ (သို႔) လႈိင္ထိပ္ေခါင္တင္

Posted on

ျမန္မာစာေပတြင္ ေဘာလယ္ဟူေသာ ကဗ်ာအမ်ိဳးအစားကိုေတြ႕ရတိုင္း တြဲျမင္ရသူမွာ လႈိင္ထိပ္ေခါင္တင္မင္းသမီးျဖစ္သည္။ ေဘာလယ္အမ်ိဳးအစားကဗ်ာကို ကုန္းေဘာင္ေခတ္ ဒုတိယပိုင္းတြင္ လႈိင္ထိပ္ေခါင္တင္က စတင္တီထြင္စပ္ဆိုခဲ့သည္ ဟု ဆိုၾကသည္။ လႈိင္ထိပ္ေခါင္တင္သည္ သာယာဝတီမင္း(ေရႊဘိုမင္း) ႏွင့္ စာဆိုေတာ္ အေနာက္နန္းမိဖုရား မျမေလးတို႔မွ ဖြားျမင္သူျဖစ္သည္။ ငယ္မည္မွာ မဖြားႀကီး ျဖစ္သည္။

သကၠရာဇ္ ၁၁၉၉ခုႏွစ္ ေရႊဘိုမင္းအထြတ္အထိပ္သို႔ေရာက္သည့္အခါ မျမေလးအား ဟသၤာတၿမိဳ႕ကို အပိုင္စားေပးၿပီး သမီးေတာ္ထိပ္ေခါင္တင္အားလည္း သီရိျမတ္စြာ ရတနာေဒဝီဘြဲ႕ ႏွင့္ လွိုင္ၿမိဳ႕နယ္ကို အပိုင္စားေပးသည့္အတြက္ လွိုင္မင္းသမီး (သို႔) လႈိင္ထိပ္ေခါင္တင္ဟု ေက်ာ္ၾကားခဲ့သည္။ ျပည္မင္းသားပုန္ကန္မွု တြင္ ပါဝင္ပတ္သတ္သည္ဟု ဆိုကာ မျမေလး ကြပ္မ်က္ခံခဲ့ရသည္။ ထိုစဥ္က လႈိင္ထိပ္ေခါင္တင္မွာ ၁၂ ႏွစ္သာ ရွိေသးသည္။ မင္းတုန္းမင္း မိဖုရားေခါင္ႀကီးျဖစ္လာမည့္ စၾကာေဒဝီက သနားသျဖင့္ ေခၚယူေမြးစားထားခဲ့သည္။ လႈိင္ထိပ္ေခါင္တင္မွာ မိခင္မျမေလးကဲ့သို႔ ပင္ ႐ုပ္ဆင္း႐ူပကာ အလြန္ေခ်ာေမာသည္။ မင္းတုန္းမင္း ႏွင့္ မိဖုရားႀကီးတို႔ကလည္း သမီးေတာ္အရင္းပမာ ခ်စ္ျမတ္နိုးၾကသည္။ မင္းတုန္းမင္း နန္းတက္ေတာ္မူၿပီး ၁ႏွစ္အၾကာ ၁၂၁၅ ခုႏွစ္တြင္ လႈိင္မင္းသမီးအား အိမ္ေရွ႕စံကေနာင္မင္းသားႏွင့္ လက္ဆက္ေစခဲ့သည္။ ေနာင္တြင္ မိဖုရားႀကီးျဖစ္လာေစရန္ ရည္ရြယ္ခဲ့ဟန္တူသည္။ ထိုစဥ္က လႈိင္ထိပ္ေခါင္တင္၏အသက္မွာ ၂၀ သာ ရွိေသးသည္။

လႈိင္ထိပ္ေခါင္တင္မွာ မိခင္ထံမွ ႐ုပ္ရည္သာမက အႏုပညာဗီဇကိုပါ ဆက္ခံခဲ့သည့္အျပင္ သူမအားထိန္းသိမ္းေစာင့္ေရွာက္ခဲ့သူ စၾကာေဒဝီမွာလည္း ေလာက ဓမၼအေၾကာင္းတို႔အား အထူးကၽြမ္းက်င္သူျဖစ္သျဖင့္ သူမအား စာေပအရာတြင္ ကၽြမ္းက်င္သူတစ္ေယာက္ျဖစ္လာေစခဲ့သည္။ လႈိင္ထိပ္ေခါင္တင္မွာ ကေနာင္မင္းသားႀကီး၏ မိဖုရားျဖစ္လာခဲ့ေသာ္လည္း သူတို႔အိမ္ေထာင္ေရးမွာ သိပ္အဆင္မေျပခဲ့ပါေပ။ ကေနာင္မင္းသားႀကီးမွာ အိမ္ေရွ႕စံျဖစ္ေသာ္လည္း ဘုရင့္ထက္ပင္ ပိုအလုပ္မ်ားသူျဖစ္သည့္အျပင္ လႈိင္ထိပ္ေခါင္တင္ မရွိခင္ကတည္းက အျခားေမာင္းမမ်ားရွိၿပီးျဖစ္သည့္အတြက္ လႈိင္ထိပ္ေခါင္တင္ကို သိပ္ၿပီးအေရးတယူမရွိခဲ့။ ဒါေၾကာင့္လည္း လႈိင္ထိပ္ေခါင္တင္ဟာ သူမရဲ့တစ္ကိုယ္တည္းအခ်ိန္မ်ားကို ေဘာလယ္ ၊ ပတ္ပ်ိဳး ၊ ေတးထပ္ ၊ ေလးဆစ္ ၊ ကဗ်ာမ်ားတြင္ အသုံးျပဳခဲ့သည္။ သူမ၏ ခံစားခ်က္မ်ားကို သူမေရးဖြဲ႕ခဲ့ေသာ ကဗ်ာမ်ားတြင္ အထင္းသားေတြ႕နိုင္သည္။ ယခုေခတ္တိုင္ ၾကားေနရဆဲ ျဖစ္ေသာ “စိန္ျခဴးၾကာေညာင္ ၊လေရာင္လင္းပါလို႔ ၊ မွန္ေရႊျပတင္းရယ္က မယ္ခုေမၽွာ္” ဟူေသာသီခ်င္းတြင္ သူမ၏စိတ္ခံစားခ်က္ကို ဖြင့္ျပထားခဲ့သည္။ လႈိင္ထိပ္ေခါင္တင္သည္ ကဗ်ာသီခ်င္းမ်ားကိုယ္ တူရိယာႏွင့္ ကိုယ္တိုင္တီးဆို နိုင္သည့္အျပင္ ဇာတ္ေတာ္ႀကီးမ်ားကိုလည္း ေရးဖြဲ႕ခဲ့ေသးသည္။ ထန္းတစ္ပင္မင္းသား ကို ေမြးဖြားေတာ့မွ အေတာ္အတန္စိတ္ေျဖရာ ရသြားခဲ့သည္။

အဲဒီေနာက္ပိုင္းေတာ့ သူမရဲ့ကဗ်ာ စာမ်ားေၾကာင့္ ကေနာင္မင္းသားသည္ သူမထံစိတ္ျပန္လည္လာခဲ့သည္။ အဆင္ေျပမည္အႀကံေသး-
၁၂၂၈ ခုႏွစ္ ေန႔တစ္ေန႔တြင္ အိမ္ေတာ္မွ မင္းတုန္းမင္းဆီသြားရန္ျပင္ေနေသာ ကေနာင္မင္းသာကို လႈိင္ထိပ္ေခါင္တင္ က မသြားရန္ အတင္းတားခဲ့သည္။ ကေနာင္မင္းသား ေခါင္းေပါင္းေတာ္ျပဳတ္က်သည့္အျပင္ အရိပ္လည္းမျမင္ရဟု အိပ္မက္မက္ေသာေၾကာင့္ျဖစ္သည္။ နိမိတ္ကို မယုံသည့္ ကေနာင္မင္းသားႀကီးက အတင္းထြက္သြားသည့္အခါ တိုက္ဆိုင္လွစြာပင္ ျမင္ကြင္း ျမင္းခုန္တိုင္၏ လုပ္ႀကံမွုကို ခံခဲ့ရေတာ့သည္။ ကေနာင္မင္းသားက်ဆုံးမွုႏွင့္အတူ စက္မႈနိုင္ငံျဖစ္ရန္အလားအလာေကာင္းေနသည့္ နိုင္ငံတိုးတက္မွုမွာလည္း တစ္ခန္းရပ္သြားေတာ့သည္။ သူမအတန္တန္တားလ်က္နဲ႔ ထြက္သြားခဲ့ေသာ ကေနာင္မင္းသားျဖစ္ရပ္အတြက္ သူမဘယ္ေလာက္ ယူၾကဳံးမရျဖစ္ခဲ့မည္ကို ခန္႔မွန္းမိၾကပါလိမ့္မည္။ ကေနာင္မင္းသားလုပ္ႀကံခံရၿပီး ႏွစ္ရက္အၾကာမွာ အပ်ိဳေတာ္ခင္ဆိုင္ႀကီးနဲ႔အတူ အေလာင္းရွိရာကို သြားၾကည့္ခဲ့သည္။ အႏုပညာရွင္ျဖစ္သည့္အတိုင္း ဝမ္းနည္းေနသည့္အေၾကာင္းကို ကဗ်ာရြတ္သည။ ခင္ဆိုင္က လိုက္ေရးသည္။
ကဗ်ာမွာ-

‘အပုပ္ေတာ္ ကိုယ္ေတာ္က်ၿပီမို႔
႐ုပ္အိမ္ေတာ္ညိဳကာ ႂကြေသာ္လည္း
ငိုေသာ္မွ မယ္မငို။

မႀကံတတ္ေလဘု
စရပ္မွာ ဧည့္သည္ဆုံးသည္သို႔
ဖုန္းျပဳသကို။

ထီးျဖဴေတာ္ ရွစ္က်က္က်င္းပါလို႔
ေက်ာက္နီတင္ ေရႊတညင္းရယ္နဲ႔
အမယ္မင္း သခင့္ကိုယ္
ေရႊဖိုႏွင့္ တင္ခ်င္သား။

ေၾကာင္းမခိုင္
မေပါင္းပိုင္အေျခစိုက္တာေၾကာင့္
ႏွစ္ေလာင္းၿပိဳင္
ေသာကာလိုက္ခ်င္ေပါ့
ေသာင္းထိုက္ညာဖြား။’

ဟူ၍ျဖစ္သည္။

ကေနာင္မင္းသားႀကီးမရွိေတာ့သည့္အခ်ိန္မွ စ၍ လႈိင္ထိပ္ေခါင္တင္မွာ ေကာင္းစြာမက်န္းမာေတာ့ပဲ ေဆးကုရင္းနဲ႔သာ သနားစဖြယ္အခ်ိန္ကုန္ခဲ့ရသည္။ သက္ေတာ္ ၄၂ႏွစ္အရြယ္တြင္ကြယ္လြန္ခဲ့သည္။ သူမသည္ အျခားမင္းသား မင္းသမီးမ်ားလို နန္းတြင္းအေရးမ်ားတြင္ ဝင္ေရာက္မပတ္သတ္ခဲ့။ သို႔ေသာ္သူမႏွင့္ အရင္းႏွီးဆုံးသူမ်ားမွာ နန္းတြင္းေရးအရွုပ္အေထြးမ်ားေၾကာင့္ အသက္ဆုံးရွုံးခဲ့ရသည္ကေတာ့ ေၾကကြဲဖြယ္ရာျဖစ္သည္။ စာဆိုေတာ္ လိႈိင္ထိပ္ေခါင္တင္ ဟူေသာ နာမည္ကေတာ့ ယေန႔ထိတိုင္ေအာင္ စာေပသမိုင္းထဲတြင္ ထင္ရွားေနဆဲျဖစ္ေတာ့သည္။

Ref;ရာဇဝင္ထဲက မိန္းမသား – ေဒါက္တာမတင္ဝင္း
ျမန္မာ့စြယ္စုံက်မ္း

 


စာပေသမိုင်းထဲက ကြယ်တစ်ပွင့် (သို့) လှိုင်ထိပ်ခေါင်တင် (unicode)

မြန်မာစာပေတွင် ဘောလယ်ဟူသော ကဗျာအမျိုးအစားကိုတွေ့ရတိုင်း တွဲမြင်ရသူမှာ လှိုင်ထိပ်ခေါင်တင်မင်းသမီးဖြစ်သည်။ ဘောလယ်အမျိုးအစားကဗျာကို ကုန်းဘောင်ခေတ် ဒုတိယပိုင်းတွင် လှိုင်ထိပ်ခေါင်တင်က စတင်တီထွင်စပ်ဆိုခဲ့သည် ဟု ဆိုကြသည်။ လှိုင်ထိပ်ခေါင်တင်သည် သာယာဝတီမင်း(ရွှေဘိုမင်း) နှင့် စာဆိုတော် အနောက်နန်းမိဖုရား မမြလေးတို့မှ ဖွားမြင်သူဖြစ်သည်။ ငယ်မည်မှာ မဖွားကြီး ဖြစ်သည်။

သက္ကရာဇ် ၁၁၉၉ခုနှစ် ရွှေဘိုမင်းအထွတ်အထိပ်သို့ရောက်သည့်အခါ မမြလေးအား ဟင်္သာတမြို့ကို အပိုင်စားပေးပြီး သမီးတော်ထိပ်ခေါင်တင်အားလည်း သီရိမြတ်စွာ ရတနာဒေဝီဘွဲ့ နှင့် လှိုင်မြို့နယ်ကို အပိုင်စားပေးသည့်အတွက် လှိုင်မင်းသမီး (သို့) လှိုင်ထိပ်ခေါင်တင်ဟု ကျော်ကြားခဲ့သည်။ ပြည်မင်းသားပုန်ကန်မှု တွင် ပါဝင်ပတ်သတ်သည်ဟု ဆိုကာ မမြလေး ကွပ်မျက်ခံခဲ့ရသည်။ ထိုစဉ်က လှိုင်ထိပ်ခေါင်တင်မှာ ၁၂ နှစ်သာ ရှိသေးသည်။ မင်းတုန်းမင်း မိဖုရားခေါင်ကြီးဖြစ်လာမည့် စကြာဒေဝီက သနားသဖြင့် ခေါ်ယူမွေးစားထားခဲ့သည်။ လှိုင်ထိပ်ခေါင်တင်မှာ မိခင်မမြလေးကဲ့သို့ ပင် ရုပ်ဆင်းရူပကာ အလွန်ချောမောသည်။ မင်းတုန်းမင်း နှင့် မိဖုရားကြီးတို့ကလည်း သမီးတော်အရင်းပမာ ချစ်မြတ်နိုးကြသည်။ မင်းတုန်းမင်း နန်းတက်တော်မူပြီး ၁နှစ်အကြာ ၁၂၁၅ ခုနှစ်တွင် လှိုင်မင်းသမီးအား အိမ်ရှေ့စံကနောင်မင်းသားနှင့် လက်ဆက်စေခဲ့သည်။ နောင်တွင် မိဖုရားကြီးဖြစ်လာစေရန် ရည်ရွယ်ခဲ့ဟန်တူသည်။ ထိုစဉ်က လှိုင်ထိပ်ခေါင်တင်၏အသက်မှာ ၂၀ သာ ရှိသေးသည်။

လှိုင်ထိပ်ခေါင်တင်မှာ မိခင်ထံမှ ရုပ်ရည်သာမက အနုပညာဗီဇကိုပါ ဆက်ခံခဲ့သည့်အပြင် သူမအားထိန်းသိမ်းစောင့်ရှောက်ခဲ့သူ စကြာဒေဝီမှာလည်း လောက ဓမ္မအကြောင်းတို့အား အထူးကျွမ်းကျင်သူဖြစ်သဖြင့် သူမအား စာပေအရာတွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာစေခဲ့သည်။ လှိုင်ထိပ်ခေါင်တင်မှာ ကနောင်မင်းသားကြီး၏ မိဖုရားဖြစ်လာခဲ့သော်လည်း သူတို့အိမ်ထောင်ရေးမှာ သိပ်အဆင်မပြေခဲ့ပါပေ။ ကနောင်မင်းသားကြီးမှာ အိမ်ရှေ့စံဖြစ်သော်လည်း ဘုရင့်ထက်ပင် ပိုအလုပ်များသူဖြစ်သည့်အပြင် လှိုင်ထိပ်ခေါင်တင် မရှိခင်ကတည်းက အခြားမောင်းမများရှိပြီးဖြစ်သည့်အတွက် လှိုင်ထိပ်ခေါင်တင်ကို သိပ်ပြီးအရေးတယူမရှိခဲ့။ ဒါကြောင့်လည်း လှိုင်ထိပ်ခေါင်တင်ဟာ သူမရဲ့တစ်ကိုယ်တည်းအချိန်များကို ဘောလယ် ၊ ပတ်ပျိုး ၊ တေးထပ် ၊ လေးဆစ် ၊ ကဗျာများတွင် အသုံးပြုခဲ့သည်။ သူမ၏ ခံစားချက်များကို သူမရေးဖွဲ့ခဲ့သော ကဗျာများတွင် အထင်းသားတွေ့နိုင်သည်။ ယခုခေတ်တိုင် ကြားနေရဆဲ ဖြစ်သော “စိန်ခြူးကြာညောင် ၊လရောင်လင်းပါလို့ ၊ မှန်ရွှေပြတင်းရယ်က မယ်ခုမျှော်” ဟူသောသီချင်းတွင် သူမ၏စိတ်ခံစားချက်ကို ဖွင့်ပြထားခဲ့သည်။ လှိုင်ထိပ်ခေါင်တင်သည် ကဗျာသီချင်းများကိုယ် တူရိယာနှင့် ကိုယ်တိုင်တီးဆို နိုင်သည့်အပြင် ဇာတ်တော်ကြီးများကိုလည်း ရေးဖွဲ့ခဲ့သေးသည်။ ထန်းတစ်ပင်မင်းသား ကို မွေးဖွားတော့မှ အတော်အတန်စိတ်ဖြေရာ ရသွားခဲ့သည်။

အဲဒီနောက်ပိုင်းတော့ သူမရဲ့ကဗျာ စာများကြောင့် ကနောင်မင်းသားသည် သူမထံစိတ်ပြန်လည်လာခဲ့သည်။ အဆင်ပြေမည်အကြံသေး-
၁၂၂၈ ခုနှစ် နေ့တစ်နေ့တွင် အိမ်တော်မှ မင်းတုန်းမင်းဆီသွားရန်ပြင်နေသော ကနောင်မင်းသာကို လှိုင်ထိပ်ခေါင်တင် က မသွားရန် အတင်းတားခဲ့သည်။ ကနောင်မင်းသား ခေါင်းပေါင်းတော်ပြုတ်ကျသည့်အပြင် အရိပ်လည်းမမြင်ရဟု အိပ်မက်မက်သောကြောင့်ဖြစ်သည်။ နိမိတ်ကို မယုံသည့် ကနောင်မင်းသားကြီးက အတင်းထွက်သွားသည့်အခါ တိုက်ဆိုင်လှစွာပင် မြင်ကွင်း မြင်းခုန်တိုင်၏ လုပ်ကြံမှုကို ခံခဲ့ရတော့သည်။ ကနောင်မင်းသားကျဆုံးမှုနှင့်အတူ စက်မှုနိုင်ငံဖြစ်ရန်အလားအလာကောင်းနေသည့် နိုင်ငံတိုးတက်မှုမှာလည်း တစ်ခန်းရပ်သွားတော့သည်။ သူမအတန်တန်တားလျက်နဲ့ ထွက်သွားခဲ့သော ကနောင်မင်းသားဖြစ်ရပ်အတွက် သူမဘယ်လောက် ယူကြုံးမရဖြစ်ခဲ့မည်ကို ခန့်မှန်းမိကြပါလိမ့်မည်။ ကနောင်မင်းသားလုပ်ကြံခံရပြီး နှစ်ရက်အကြာမှာ အပျိုတော်ခင်ဆိုင်ကြီးနဲ့အတူ အလောင်းရှိရာကို သွားကြည့်ခဲ့သည်။ အနုပညာရှင်ဖြစ်သည့်အတိုင်း ဝမ်းနည်းနေသည့်အကြောင်းကို ကဗျာရွတ်သည။ ခင်ဆိုင်က လိုက်ရေးသည်။
ကဗျာမှာ-

‘အပုပ်တော် ကိုယ်တော်ကျပြီမို့
ရုပ်အိမ်တော်ညိုကာ ကြွသော်လည်း
ငိုသော်မှ မယ်မငို။

မကြံတတ်လေဘု
စရပ်မှာ ဧည့်သည်ဆုံးသည်သို့
ဖုန်းပြုသကို။

ထီးဖြူတော် ရှစ်ကျက်ကျင်းပါလို့
ကျောက်နီတင် ရွှေတညင်းရယ်နဲ့
အမယ်မင်း သခင့်ကိုယ်
ရွှေဖိုနှင့် တင်ချင်သား။

ကြောင်းမခိုင်
မပေါင်းပိုင်အခြေစိုက်တာကြောင့်
နှစ်လောင်းပြိုင်
သောကာလိုက်ချင်ပေါ့
သောင်းထိုက်ညာဖွား။’

ဟူ၍ဖြစ်သည်။

ကနောင်မင်းသားကြီးမရှိတော့သည့်အချိန်မှ စ၍ လှိုင်ထိပ်ခေါင်တင်မှာ ကောင်းစွာမကျန်းမာတော့ပဲ ဆေးကုရင်းနဲ့သာ သနားစဖွယ်အချိန်ကုန်ခဲ့ရသည်။ သက်တော် ၄၂နှစ်အရွယ်တွင်ကွယ်လွန်ခဲ့သည်။ သူမသည် အခြားမင်းသား မင်းသမီးများလို နန်းတွင်းအရေးများတွင် ဝင်ရောက်မပတ်သတ်ခဲ့။ သို့သော်သူမနှင့် အရင်းနှီးဆုံးသူများမှာ နန်းတွင်းရေးအရှုပ်အထွေးများကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ကတော့ ကြေကွဲဖွယ်ရာဖြစ်သည်။ စာဆိုတော် လှိိုင်ထိပ်ခေါင်တင် ဟူသော နာမည်ကတော့ ယနေ့ထိတိုင်အောင် စာပေသမိုင်းထဲတွင် ထင်ရှားနေဆဲဖြစ်တော့သည်။

Ref;ရာဇဝင်ထဲက မိန်းမသား – ဒေါက်တာမတင်ဝင်း
မြန်မာ့စွယ်စုံကျမ်း

Leave a Reply