နာဆာရဲ႕ သိန္းႏွစ္ေထာင္ေက်ာ္တန္ အလုပ္ကုိေလွ်ာက္တဲ့ ၉ႏွစ္သား နဲ႔ နာဆာဒါရုိက္တာရဲ႕ တုန္႔ျပန္မႈ

Posted on

မၾကာခင္ရက္ပုိင္းကပဲ နာဆာ ဟာ ေဒၚလာ ၁၈၇,၀၀၀(ျမန္မာေငြ သိန္း၂ေထာင္ေက်ာ္) ေပးမယ့္ အလုပ္အတြက္ လုပ္ကုိင္ႏုိင္မယ့္ သူကုိ ရွာေဖြလွ်က္ရွိတယ္ ဆုိတဲ့ သတင္းကုိ အားလုံးသိၿပီးျဖစ္မွာပါ။ Planetary Protection Officer ဆုိတဲ့ အျခားၿဂဳိဟ္က မသန္႔စင္တဲ့ အရာေတြကုိ ကမာၻေျမေပၚမေရာက္လာေအာင္ ထိမ္းသိမ္းရတဲ့ အလုပ္အတြက္ျဖစ္ပါတယ္။ ဒီတာ၀န္ေတြကို လုပ္ကုိင္ေနတဲ့သူ ႏွစ္ဦးဟာ ရွိတာေၾကာင့္ ေနာက္ထပ္တစ္ဦးကုိ ထပ္မံရွာေဖြေနတာျဖစ္ပါတယ္။

မ်ားျပားလွတဲ့ လစာေၾကာင့္ ဒီ အလုပ္ကုိ လူအမ်ား စိတ္၀င္စားလွ်က္ရွိပါတယ္။ အာကာသစီမံကိန္းနဲ႔ ပတ္သတ္ေသာ ထူးခြ်န္္တဲ့ အေတြ႔အႀကဳံရွိရမယ့္အျပင္ ရုပေဗဒ ၊ သိပၸံ ၊ အင္ဂ်င္နီယာ ၊ သခၤ်ာစတဲ့ ဘာသာရပ္ေတြကုိလည္း အဆင့္ျမင့္ျမင့္ကြ်မ္းက်င္ရမွာျဖစ္ၿပီး ခက္ခဲရႈပ္ေထြးလြန္းတဲ့အေျခအေနေတြမွာ အမွားအနည္းဆုံးနဲ႔ အဆင္ေျပဆုံးလုပ္ေဆာင္ႏုိင္ရမွာျဖစ္တဲ့အတြက္ ေတာ္ရုံကြ်မ္းက်င္ရုံေလာက္နဲ႔ေတာ့ ဒီရာထူးကို ရရွိႏုိင္မွာ မဟုတ္ပါဘူး။

နာဆာဟာ ဒီအလုပ္အတြက္ ေထာင္ေပါင္းမ်ားစြာေသာ အလုပ္ေလွ်ာက္လႊာေတြကုိ လက္ခံရရွိခဲ့ပါတယ္။ ဒီအထဲမွာ ထူးထူးျခားျခား ၉ႏွစ္သားေလး တစ္ေယာက္ရဲ႕ အလုပ္ေလွ်ာက္လႊာလည္းပါလာခဲ့ပါတယ္။ ေလွ်ာက္လႊာထဲမွာသူ႔ကုိယ္သူ နဂါးေငြ႔တန္းကို ကာကြယ္ေစာင့္ေရွာက္သူ ၊ ေလးတန္း လုိ႔ေရးထားပါတယ္။ သူ႔စာထဲမွာေရးထားတာကေတာ့ ဒီလုိျဖစ္ပါတယ္။
“ကြ်န္ေတာ္ကေတာ့ Jack Davis ျဖစ္ၿပီး Planetary protection officer အလုပ္ကုိေလွ်ာက္ခ်င္ပါတယ္။ ကြ်န္ေတာ္က ၉ႏွစ္သာ ရွိေသးေပမယ့္ ဒီအလုပ္ကုိလုပ္ႏုိင္မယ္လုိ႔ ထင္ပါတယ္။ အေၾကာင္းကေတာ့ ကြ်န္ေတာ့္အစ္မက ကြ်န္ေတာ့္ကုိ ၿဂဳိဟ္သားလုိ႔ေျပာတယ္၊ ၿပီးေတာ့ အာကသာ နဲ႔ ၿဂဳိဟ္သားကားေတြ အမ်ားႀကီးကို ကြ်န္ေတာ္ၾကည့္ဖူးတယ္ ၊ Agents of S.H.I.E.L.D. ဆုိတဲ့ဇာတ္လမ္းတြဲကိုလည္းၾကည့္ဖူးတယ္ ၊ Men in Black ကားကုိလည္း ၾကည့္ခ်င္တယ္ ၊ ကြ်န္ေတာ္က ဗီဒီယုိဂိမ္းမွာလည္း ဆရာႀကီးပဲ ၊ ဒါေၾကာင့္ ဒီအလုပ္အတြက္ ကြ်န္ေတာ္ၿဂဳိဟ္သားတစ္ေယာက္လုိ သင္ၾကားႏုိင္ပါတယ္။”

တကယ္ေတာ့ ကေလးတစ္ေယာက္ရဲ႕ စိတ္ကူးသာျဖစ္ပါတယ္။ ဒီေနရာမွာ ဒီကေလးကေပါက္ကရေတြေျပာေနတယ္ လုိ႔ မိဘေတြက မတားပဲ ကေလးျဖစ္ခ်င္တာကုိ အားေပးၿပီး အလုပ္ေလွ်ာက္လႊာကုိ နာဆာအထိပုိ႔ေပးခဲ့တာကလည္း ေလးစားစရာပါ။ ၉ႏွစ္သားအရြယ္ ကေလးတစ္ေယာက္ရဲ႕ေပါက္ကရစိတ္ကူးကုိ ကမာၻေက်ာ္အာကာသအဖြဲ႔ႀကီး နာဆာက လစ္လ်ဴရႈ႕မယ္ထင္ပါသလား။ လစ္လ်ဴမရႈ႕တဲ့အျပင္ အဖြဲ႔ဒါရုိက္တာ ေဒါက္တာ James L.Green ကုိယ္တုိင္က တေလးတစားနဲ႔ စာျပန္ခဲ့ပါတယ္။
“ခ်စ္ရတဲ့ Jack ေရ,
မင္းဟာ နဂါးေငြ႔တန္းကို ကာကြယ္ေစာင့္ေရွာက္သူျဖစ္ၿပီး ငါတုိ႔ရဲ႕အလုပ္ကုိစိတ္၀င္စားတယ္လုိ႔ ၾကားရတဲ့အတြက္ ငါအရမ္း၀မ္းသာပါတယ္။ ငါတုိ႔ေခၚလုိက္တဲ့ Planetary Protection Officer ဆုိတဲ့ရာထူးဟာ အရမ္းေကာင္းသလုိ အရမ္းလည္းအေရးႀကီးပါတယ္။ ဥပမာေျပာရရင္ လ ဆီကေန ကမာၻေျမဆီ ယူလာတဲ့ အရာ၀ထၳဳေတြမွာ အလြန္ေသးငယ္တဲ့ ပုိးမႊားေတြမပါလာေအာင္ တားဆီးရသလုိမ်ဳိးပါ။ ဒီလုိပဲ Solar System ကို စူးစမ္းရွာေဖြတဲ့အခါ အာကာသယာဥ္ေတြ လနဲ႔ အျခားၿဂဳိဟ္ေတြကိုသြားတဲ့အခါ ကမာၻေျမဆီက ပုိးမႊားသက္ရွိေလးေတြနဲ႔ ဓာတုပစၥည္းေတြ ပါမပါသြားဖုိ႔ကုိလည္း ကာကြယ္ေပးရတဲ့ အလုပ္ျဖစ္ပါတယ္။ ထက္ျမက္ထူးခြ်န္တဲ့ သိပၸံပညာရွင္ေတြ အင္ဂ်င္နီယာေတြကုိ ငါတုိ႔နဲ႔အတူလက္တြဲဖုိ႔ရွာေဖြေနပါတယ္။ မင္းကိုလည္း တစ္ေန႔မွာ နာဆာရဲ႕ဒီရာထူးမွာ ငါျမင္ေတြ႔လုိပါတယ္”
ဧရာမအဖြဲ႔အစည္းႀကီးျဖစ္ေပမယ့္ ကေလးတစ္ေယာက္ရဲ႕ စိတ္ကူးကုိ တကူးတက အသိအမွတ္ျပဳတဲ့အတြက္ သူတုိ႔ရဲ႕သေဘာထားႀကီးမႈကို ျမင္ရသူတုိင္းၾကည္ႏူးမိၾကမွာ အမွန္ပါ။

 

 


နာဆာရဲ့ သိန်းနှစ်ထောင်ကျော်တန် အလုပ်ကိုလျှောက်တဲ့ ၉နှစ်သား နဲ့ နာဆာဒါရိုက်တာရဲ့ တုန့်ပြန်မှု

မကြာခင်ရက်ပိုင်းကပဲ နာဆာ ဟာ ဒေါ်လာ ၁၈၇,ဝ၀ဝ(မြန်မာငွေ သိန်း၂ထောင်ကျော်) ပေးမယ့် အလုပ်အတွက် လုပ်ကိုင်နိုင်မယ့် သူကို ရှာဖွေလျှက်ရှိတယ် ဆိုတဲ့ သတင်းကို အားလုံးသိပြီးဖြစ်မှာပါ။ Planetary Protection Officer ဆိုတဲ့ အခြားဂြိုဟ်က မသန့်စင်တဲ့ အရာတွေကို ကမ္ဘာမြေပေါ်မရောက်လာအောင် ထိမ်းသိမ်းရတဲ့ အလုပ်အတွက်ဖြစ်ပါတယ်။ ဒီတာဝန်တွေကို လုပ်ကိုင်နေတဲ့သူ နှစ်ဦးဟာ ရှိတာကြောင့် နောက်ထပ်တစ်ဦးကို ထပ်မံရှာဖွေနေတာဖြစ်ပါတယ်။

များပြားလှတဲ့ လစာကြောင့် ဒီ အလုပ်ကို လူအများ စိတ်ဝင်စားလျှက်ရှိပါတယ်။ အာကာသစီမံကိန်းနဲ့ ပတ်သတ်သော ထူးချွန်တဲ့ အတွေ့အကြုံရှိရမယ့်အပြင် ရုပဗေဒ ၊ သိပ္ပံ ၊ အင်ဂျင်နီယာ ၊ သင်္ချာစတဲ့ ဘာသာရပ်တွေကိုလည်း အဆင့်မြင့်မြင့်ကျွမ်းကျင်ရမှာဖြစ်ပြီး ခက်ခဲရှုပ်ထွေးလွန်းတဲ့အခြေအနေတွေမှာ အမှားအနည်းဆုံးနဲ့ အဆင်ပြေဆုံးလုပ်ဆောင်နိုင်ရမှာဖြစ်တဲ့အတွက် တော်ရုံကျွမ်းကျင်ရုံလောက်နဲ့တော့ ဒီရာထူးကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

နာဆာဟာ ဒီအလုပ်အတွက် ထောင်ပေါင်းများစွာသော အလုပ်လျှောက်လွှာတွေကို လက်ခံရရှိခဲ့ပါတယ်။ ဒီအထဲမှာ ထူးထူးခြားခြား ၉နှစ်သားလေး တစ်ယောက်ရဲ့ အလုပ်လျှောက်လွှာလည်းပါလာခဲ့ပါတယ်။ လျှောက်လွှာထဲမှာသူ့ကိုယ်သူ နဂါးငွေ့တန်းကို ကာကွယ်စောင့်ရှောက်သူ ၊ လေးတန်း လို့ရေးထားပါတယ်။ သူ့စာထဲမှာရေးထားတာကတော့ ဒီလိုဖြစ်ပါတယ်။
“ကျွန်တော်ကတော့ Jack Davis ဖြစ်ပြီး Planetary protection officer အလုပ်ကိုလျှောက်ချင်ပါတယ်။ ကျွန်တော်က ၉နှစ်သာ ရှိသေးပေမယ့် ဒီအလုပ်ကိုလုပ်နိုင်မယ်လို့ ထင်ပါတယ်။ အကြောင်းကတော့ ကျွန်တော့်အစ်မက ကျွန်တော့်ကို ဂြိုဟ်သားလို့ပြောတယ်၊ ပြီးတော့ အာကသာ နဲ့ ဂြိုဟ်သားကားတွေ အများကြီးကို ကျွန်တော်ကြည့်ဖူးတယ် ၊ Agents of S.H.I.E.L.D. ဆိုတဲ့ဇာတ်လမ်းတွဲကိုလည်းကြည့်ဖူးတယ် ၊ Men in Black ကားကိုလည်း ကြည့်ချင်တယ် ၊ ကျွန်တော်က ဗီဒီယိုဂိမ်းမှာလည်း ဆရာကြီးပဲ ၊ ဒါကြောင့် ဒီအလုပ်အတွက် ကျွန်တော်ဂြိုဟ်သားတစ်ယောက်လို သင်ကြားနိုင်ပါတယ်။”

တကယ်တော့ ကလေးတစ်ယောက်ရဲ့ စိတ်ကူးသာဖြစ်ပါတယ်။ ဒီနေရာမှာ ဒီကလေးကပေါက်ကရတွေပြောနေတယ် လို့ မိဘတွေက မတားပဲ ကလေးဖြစ်ချင်တာကို အားပေးပြီး အလုပ်လျှောက်လွှာကို နာဆာအထိပို့ပေးခဲ့တာကလည်း လေးစားစရာပါ။ ၉နှစ်သားအရွယ် ကလေးတစ်ယောက်ရဲ့ပေါက်ကရစိတ်ကူးကို ကမ္ဘာကျော်အာကာသအဖွဲ့ကြီး နာဆာက လစ်လျူရှု့မယ်ထင်ပါသလား။ လစ်လျူမရှု့တဲ့အပြင် အဖွဲ့ဒါရိုက်တာ ဒေါက်တာ James L.Green ကိုယ်တိုင်က တလေးတစားနဲ့ စာပြန်ခဲ့ပါတယ်။
“ချစ်ရတဲ့ Jack ရေ,
မင်းဟာ နဂါးငွေ့တန်းကို ကာကွယ်စောင့်ရှောက်သူဖြစ်ပြီး ငါတို့ရဲ့အလုပ်ကိုစိတ်ဝင်စားတယ်လို့ ကြားရတဲ့အတွက် ငါအရမ်းဝမ်းသာပါတယ်။ ငါတို့ခေါ်လိုက်တဲ့ Planetary Protection Officer ဆိုတဲ့ရာထူးဟာ အရမ်းကောင်းသလို အရမ်းလည်းအရေးကြီးပါတယ်။ ဥပမာပြောရရင် လ ဆီကနေ ကမ္ဘာမြေဆီ ယူလာတဲ့ အရာဝထ္ထုတွေမှာ အလွန်သေးငယ်တဲ့ ပိုးမွှားတွေမပါလာအောင် တားဆီးရသလိုမျိုးပါ။ ဒီလိုပဲ Solar System ကို စူးစမ်းရှာဖွေတဲ့အခါ အာကာသယာဉ်တွေ လနဲ့ အခြားဂြိုဟ်တွေကိုသွားတဲ့အခါ ကမ္ဘာမြေဆီက ပိုးမွှားသက်ရှိလေးတွေနဲ့ ဓာတုပစ္စည်းတွေ ပါမပါသွားဖို့ကိုလည်း ကာကွယ်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။ ထက်မြက်ထူးချွန်တဲ့ သိပ္ပံပညာရှင်တွေ အင်ဂျင်နီယာတွေကို ငါတို့နဲ့အတူလက်တွဲဖို့ရှာဖွေနေပါတယ်။ မင်းကိုလည်း တစ်နေ့မှာ နာဆာရဲ့ဒီရာထူးမှာ ငါမြင်တွေ့လိုပါတယ်”
ဧရာမအဖွဲ့အစည်းကြီးဖြစ်ပေမယ့် ကလေးတစ်ယောက်ရဲ့ စိတ်ကူးကို တကူးတက အသိအမှတ်ပြုတဲ့အတွက် သူတို့ရဲ့သဘောထားကြီးမှုကို မြင်ရသူတိုင်းကြည်နူးမိကြမှာ အမှန်ပါ။

 

Leave a Reply