အလက္ဇႏၵား ဘုရင္ႀကီးရဲ႕ ေနာက္ဆံုးဆႏၵ ၃ ခု

Posted on

ကမာၻ့သမိုင္း ကို သင္ဖူး ေလ့လာဖူးသူတိုင္း ဂရိႏိုင္ငံ က အလက္ဇႏၵား ဘုရင္ႀကီးအေၾကာင္းကို သိၾကမွာပါ။ သူဟာ တိုက္ရည္ခိုက္ရည္ျပည့္ဝၿပီး စစ္ေရးဗ်ဴဟာ ကၽြမ္းက်င္တာေၾကာင့္ အီဂ်စ္၊ ပါရွား၊ ဆီရီးယား ၊ မတ္ဆုိပုိတုိးမီးယား ၊ ဘက္ထရီးယား ၊ ပန္ဂ်ပ္ျပည္ အပါအ၀င္ ကမာၻတိုက္ႀကီး ၃ တိုက္ကို တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့တယ္။

ဘုရင္ႀကီးဟာ ႏိုင္ငံမ်ားစြာကို စစ္ႏိုင္သိမ္းပိုက္ၿပီး အိႏၵိယကုိ ဆက္လက္တုိက္ခုိက္ဖုိ႔ျပင္ဆင္ေနစဥ္မွာပဲ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ သူ႔ေနရပ္ ဂရိႏိုင္ငံကို ျပန္လာခဲ့တယ္။ လမ္းမွာ အဖ်ားေရာဂါ စြဲကပ္ၿပီး အိပ္ယာေပၚလဲသြားတယ္။ ေရာဂါက ျပင္းလြန္းတာေၾကာင့္ သူ႔ရဲ႕ေဆးဆရာေတြက ကုသမရေတာ့ပဲ လက္ေလွ်ာ့လိုက္ၾကတယ္။

ဘုရင္ႀကီးကလဲ သူေသေတာ့မွာကို သိလို႔ သူ႔ရဲ႕ စစ္ဗိုလ္ခ်ဳပ္ႀကီးေတြကို အနားကို ေခၚၿပီး သူဟာမၾကာခင္ ေသရေတာ့မယ္။ သူေသၿပီးရင္ သူျဖစ္ေစခ်င္တဲ့ ဆႏၵ ၃ ခုရွိတယ္။ အဲဒါေတြကို ျဖစ္ေအာင္ လုပ္ေပးဖို႔ ကတိေတာင္းတယ္။ ဗိုလ္ခ်ဳပ္ႀကီးေတြကလဲ ျဖစ္ေအာင္ လုပ္ေပးပါမယ္လို႔ ကတိျပဳၾကတယ္။ ဒါနဲ႔ ဘုရင္ႀကီးက သူ႔ရဲ႕ ေနာက္ဆံုး ဆႏၵ ၃ ခုကို ခုလို ေျပာလိုက္တယ္။

-ငါ့ရဲ႕ ပထမဆံုးဆႏၵက သၿဂိဳလ္မယ့္ေနရာကို သယ္ယူသြားတဲ့ ငါ့အေလာင္းထဲ့ထားတဲ့ အေခါင္းကို ငါ့ကို ေဆးကုသေပးခဲ့တဲ့ ေဆးဆရာေတြကို ထမ္းပိုးသယ္ခိုင္းပါ။
-ဒုတိယဆႏၵက ငါ့အေခါင္းကို သယ္ယူတဲ့ လမ္းတေလွ်ာက္မွာ ငါစစ္တိုက္ရင္း စုေဆာင္းရရွိထားတဲ့ ေရႊ၊ ေငြ၊ ေက်ာက္သံပတၱျမားအားလံုးကို ခင္းထားေပးပါ။
-တတိယဆႏၵက ငါ့ကို သယ္တဲ့အေခါင္းရဲ႕ ေဘး ၂ ဖက္မွာ အေပါက္တစ္ေပါက္စီ ေဖါက္ထားၿပီး ငါ့လက္၂ ဖက္ကို အျပင္မွာ တန္းလန္းထုတ္ထားေပးပါ။

ဗိုလ္ခ်ဳပ္ႀကီးေတြကလဲ မ်က္ရည္စက္လက္ ဝမ္းနည္းစြာနဲ႔ ဘုရင္ႀကီးရဲ႕ ဆႏၵေတြကို ျဖစ္ေျမာက္ေအာင္ လုပ္ေပးပါမယ္။ ဒါေပမဲ့ ဘာေၾကာင့္ ဒီလို လုပ္ခိုင္းတယ္ဆိုတာကို ေျပာျပေပးဖို႔ ေတာင္းပန္ၾကတယ္။ ဘုရင္ႀကီးကလဲ ေမာပန္းစြာ အသက္ရႈရင္း ခုလို ေျပာျပတယ္။

ငါ့ရဲ႕ ပထမဆႏၵျဖစ္တဲ့ ေဆးဆရာေတြကို အေခါင္းကို ထမ္းခိုင္းတဲ့ ရည္ရြယ္ခ်က္က ေဆးဆရာေတြဟာ လူတိုင္းကို ေသမင္းလက္က မကယ္တင္ႏိုင္ဘူး။ ဒါေၾကာင့္ တိုင္းသူျပည္သားေတြဟာ ကိုယ့္က်န္းမာေရးကို ဂ႐ုစိုက္ၾကဖို႔ပါ။
ဒုတိယဆႏၵျဖစ္တဲ့ ေရႊေငြေတြကို ငါ့အေလာင္း သယ္တဲ့လမ္းမွာ ခင္းထားခိုင္းတာက ငါဟာ ကမာၻႀကီးကို အုပ္စိုးႏိုင္ခဲ့ေပမဲ့ ငါေသေတာ့ ငါစုထားတဲ့ရတနာေတြထဲက ေရႊတိုတစ္စေတာင္ ယူမသြားႏိုင္ဘူး။ ဒါေၾကာင့္ ျပည္သူေတြကို ပစၥည္းဥစၥာေနာက္ကိုပဲ လိုက္မေနဖို႔ သတိေပးခ်င္တယ္။
တတိယဆႏၵျဖစ္တဲ့ ငါ့လက္ ၂ ဖက္ကို အေခါင္းေပါက္ေတြကေန ထုတ္ခိုင္းထားတာက ျပည္သူေတြကို သိေစခ်င္တယ္။ ငါ ဒီကမာၻႀကီးကို ေရာက္လာတုန္းကနဲ႔ ထြက္ခြာခ်ိန္မွာ လက္ဗလာခ်ည္းပဲ ဆိုတာပါ။

အလက္ဇႏၵားဘုရင္ႀကီးဟာ လက္ရံုးရည္ေရာ ႏွလံုးရည္ပါ ျပည့္ဝမွာေပါ့။ ဂရိေတြးေခၚပညာရွင္ႀကီး အရစၥတိုတယ္ထံမွာ ငယ္စဥ္က ပညာသင္ခဲ့သူကိုး။

မွတ္ခ်က္။ အင္တာနက္မွာ တင္ထားတဲ့ Coach Muller ရဲ႕ “Three Great Life Lessons from Alexander The Great” ေဆာင္းပါးေလးကို မွီးေရးလိုက္တာပါ။

ဗန္းေမာ္သိန္းေဖ


 

အလက်ဇန္ဒား ဘုရင်ကြီးရဲ့ နောက်ဆုံးဆန္ဒ ၃ ခု (unicode)

ကမ္ဘာ့သမိုင်း ကို သင်ဖူး လေ့လာဖူးသူတိုင်း ဂရိနိုင်ငံ က အလက်ဇန္ဒား ဘုရင်ကြီးအကြောင်းကို သိကြမှာပါ။ သူဟာ တိုက်ရည်ခိုက်ရည်ပြည့်ဝပြီး စစ်ရေးဗျူဟာ ကျွမ်းကျင်တာကြောင့် အီဂျစ်၊ ပါရှား၊ ဆီရီးယား ၊ မတ်ဆိုပိုတိုးမီးယား ၊ ဘက်ထရီးယား ၊ ပန်ဂျပ်ပြည် အပါအဝင် ကမ္ဘာတိုက်ကြီး ၃ တိုက်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။

ဘုရင်ကြီးဟာ နိုင်ငံများစွာကို စစ်နိုင်သိမ်းပိုက်ပြီး အိန္ဒိယကို ဆက်လက်တိုက်ခိုက်ဖို့ပြင်ဆင်နေစဉ်မှာပဲ အကြောင်းအမျိုးမျိုးကြောင့် သူ့နေရပ် ဂရိနိုင်ငံကို ပြန်လာခဲ့တယ်။ လမ်းမှာ အဖျားရောဂါ စွဲကပ်ပြီး အိပ်ယာပေါ်လဲသွားတယ်။ ရောဂါက ပြင်းလွန်းတာကြောင့် သူ့ရဲ့ဆေးဆရာတွေက ကုသမရတော့ပဲ လက်လျှော့လိုက်ကြတယ်။

ဘုရင်ကြီးကလဲ သူသေတော့မှာကို သိလို့ သူ့ရဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို အနားကို ခေါ်ပြီး သူဟာမကြာခင် သေရတော့မယ်။ သူသေပြီးရင် သူဖြစ်စေချင်တဲ့ ဆန္ဒ ၃ ခုရှိတယ်။ အဲဒါတွေကို ဖြစ်အောင် လုပ်ပေးဖို့ ကတိတောင်းတယ်။ ဗိုလ်ချုပ်ကြီးတွေကလဲ ဖြစ်အောင် လုပ်ပေးပါမယ်လို့ ကတိပြုကြတယ်။ ဒါနဲ့ ဘုရင်ကြီးက သူ့ရဲ့ နောက်ဆုံး ဆန္ဒ ၃ ခုကို ခုလို ပြောလိုက်တယ်။

-ငါ့ရဲ့ ပထမဆုံးဆန္ဒက သဂြိုလ်မယ့်နေရာကို သယ်ယူသွားတဲ့ ငါ့အလောင်းထဲ့ထားတဲ့ အခေါင်းကို ငါ့ကို ဆေးကုသပေးခဲ့တဲ့ ဆေးဆရာတွေကို ထမ်းပိုးသယ်ခိုင်းပါ။
-ဒုတိယဆန္ဒက ငါ့အခေါင်းကို သယ်ယူတဲ့ လမ်းတလျှောက်မှာ ငါစစ်တိုက်ရင်း စုဆောင်းရရှိထားတဲ့ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားအားလုံးကို ခင်းထားပေးပါ။
-တတိယဆန္ဒက ငါ့ကို သယ်တဲ့အခေါင်းရဲ့ ဘေး ၂ ဖက်မှာ အပေါက်တစ်ပေါက်စီ ဖေါက်ထားပြီး ငါ့လက်၂ ဖက်ကို အပြင်မှာ တန်းလန်းထုတ်ထားပေးပါ။

ဗိုလ်ချုပ်ကြီးတွေကလဲ မျက်ရည်စက်လက် ဝမ်းနည်းစွာနဲ့ ဘုရင်ကြီးရဲ့ ဆန္ဒတွေကို ဖြစ်မြောက်အောင် လုပ်ပေးပါမယ်။ ဒါပေမဲ့ ဘာကြောင့် ဒီလို လုပ်ခိုင်းတယ်ဆိုတာကို ပြောပြပေးဖို့ တောင်းပန်ကြတယ်။ ဘုရင်ကြီးကလဲ မောပန်းစွာ အသက်ရှုရင်း ခုလို ပြောပြတယ်။

ငါ့ရဲ့ ပထမဆန္ဒဖြစ်တဲ့ ဆေးဆရာတွေကို အခေါင်းကို ထမ်းခိုင်းတဲ့ ရည်ရွယ်ချက်က ဆေးဆရာတွေဟာ လူတိုင်းကို သေမင်းလက်က မကယ်တင်နိုင်ဘူး။ ဒါကြောင့် တိုင်းသူပြည်သားတွေဟာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ကြဖို့ပါ။
ဒုတိယဆန္ဒဖြစ်တဲ့ ရွှေငွေတွေကို ငါ့အလောင်း သယ်တဲ့လမ်းမှာ ခင်းထားခိုင်းတာက ငါဟာ ကမ္ဘာကြီးကို အုပ်စိုးနိုင်ခဲ့ပေမဲ့ ငါသေတော့ ငါစုထားတဲ့ရတနာတွေထဲက ရွှေတိုတစ်စတောင် ယူမသွားနိုင်ဘူး။ ဒါကြောင့် ပြည်သူတွေကို ပစ္စည်းဥစ္စာနောက်ကိုပဲ လိုက်မနေဖို့ သတိပေးချင်တယ်။
တတိယဆန္ဒဖြစ်တဲ့ ငါ့လက် ၂ ဖက်ကို အခေါင်းပေါက်တွေကနေ ထုတ်ခိုင်းထားတာက ပြည်သူတွေကို သိစေချင်တယ်။ ငါ ဒီကမ္ဘာကြီးကို ရောက်လာတုန်းကနဲ့ ထွက်ခွာချိန်မှာ လက်ဗလာချည်းပဲ ဆိုတာပါ။

အလက်ဇန္ဒားဘုရင်ကြီးဟာ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်ဝမှာပေါ့။ ဂရိတွေးခေါ်ပညာရှင်ကြီး အရစ္စတိုတယ်ထံမှာ ငယ်စဉ်က ပညာသင်ခဲ့သူကိုး။

မှတ်ချက်။ အင်တာနက်မှာ တင်ထားတဲ့ Coach Muller ရဲ့ “Three Great Life Lessons from Alexander The Great” ဆောင်းပါးလေးကို မှီးရေးလိုက်တာပါ။

ဗန်းမော်သိန်းဖေ

Leave a Reply