ဆင္က ဆင္…ေခြးက ေခြး ၊ သင္က သင္…သူက သူ

Posted on

တစ္ခါက ဆင္တစ္ေကာင္နဲ႔ ေခြးတစ္ေကာင္တုိ႔ဟာ တစ္ခ်ိန္တည္း ကုိယ္၀န္ေဆာင္ၾကပါတယ္ ။ သုံးလၾကာတဲ့အခါ ေခြးမဟာ ေခြးေလး ၆ေကာင္ေမြးပါတယ္။ ေနာက္ ၆လေျမာက္မွာ ေခြးမက ကုိယ္၀န္ထပ္ေဆာင္ျပန္ပါတယ္။ ကုိးလေရာက္ေတာ့ ေခြး ၁ဒါဇင္ ထပ္ေမြးျပန္ပါတယ္။ အဲဒီအတုိင္းပဲ လည္ပတ္ရင္း ၁၈လ ၾကာတဲ့အခါေခြးမဟာ ၃ႀကိမ္ ကုိယ္၀န္ေဆာင္ၿပီး ၃ခါေမြးၿပီးသြားပါၿပီ။ ဆင္မကေတာ့ ကုိယ္၀န္ေဆာင္ေနတုန္းပါပဲ။
ဒီေတာ့ ေခြးမက ဆင္မ ကိုေမးပါတယ္။
“ဟဲ့ ဆင္မ နင့္ဟာက ကုိယ္၀န္ေရာ ဟုတ္ရဲ႕လားဟယ္ ၊ ငါဆုိရင္ ကေလး ၃ခါေမြးၿပီး တခ်ဳိ႕ေတြဆုိ ေခြးႀကီးေတြေတာင္ျဖစ္ေနၾကၿပီ ၊ နင္က ခုထိကုိယ္၀န္ေဆာင္ေနတုန္းပဲလား”

ဒီေတာ့ ဆင္မက ျပန္ေျဖပါတယ္။
” ဒီမွာ မေခြးမ ရွင္ေျပာတာကုိ ကြ်န္မနားလည္ပါတယ္ ၊ ဒါေပမယ့္ ကြ်န္မလြယ္ထားတာ ဆင္ပါ ေခြးမဟုတ္ပါဘူး ၊ ကြ်န္မဟာ တစ္ခါေမြးဖုိ႔ ၂ႏွစ္ ကုိယ္၀န္ေဆာင္ရပါတယ္၊ ကြ်န္မကေလးေမြးလာတဲ့အခါ ေျမႀကီးက သိတယ္ ၊ ဒီဆင္ကေလး လမ္းေလွ်ာက္တဲ့အခါ လူေတြ တအံတၾသနဲ႔ ရပ္ၾကည့္ၾကလိမ့္မယ္ ၊ ဒီလုိ ခြန္အားႀကီးမားၿပီး လူေတြစိတ္၀င္စားရတဲ့ သေႏၶသား ကုိယ္၀န္ကို လြယ္ထားရတာေၾကာင့္ အခ်ိန္ဒီေလာက္ၾကာေနတာပါ”

————————————————–

အျခားသူေတြ ေအာင္ျမင္သြားခ်ိန္မွာ သင္မေအာင္ျမင္ေသးလုိ႔ သင့္ယုံၾကည္မႈေတြ မေပ်ာက္ဆုံးပါေစနဲ႔ ၊ သူတို႔ကိုလည္း မနာလုိမျဖစ္ပါနဲ႔ ၊ ႀကီးမားတဲ့ေအာင္ျမင္မႈကို ရဖုိ႔ မဆုတ္မနစ္ဇြဲ ၊ ယုံၾကည္မႈနဲ႔ အခ်ိန္ေတြအမ်ားႀကီး ရင္းရပါတယ္။ သင္လြယ္ထားရတဲ့ ေအာင္ျမင္မႈဟာ အျခားသူေတြထက္ အမ်ားႀကီးပုိႏုိင္ပါတယ္။
အဲဒီေတာ့ အျခားသူေတြကုိျမင္ၿပီး စိတ္ဓာတ္က် ၊ မနာလုိျဖစ္ေနမယ့္အစား ကုိယ့္ရဲ႕မနက္ျဖန္ကုိ ယုံၾကည္မႈခြန္အား အျပည့္နဲ႔ ေလွ်ာက္လွမ္းလုိက္ပါ မိတ္ေဆြ


ဆင်က ဆင်…ခွေးက ခွေး ၊ သင်က သင်…သူက သူ (unicode)

တစ်ခါက ဆင်တစ်ကောင်နဲ့ ခွေးတစ်ကောင်တို့ဟာ တစ်ချိန်တည်း ကိုယ်ဝန်ဆောင်ကြပါတယ် ။ သုံးလကြာတဲ့အခါ ခွေးမဟာ ခွေးလေး ၆ကောင်မွေးပါတယ်။ နောက် ၆လမြောက်မှာ ခွေးမက ကိုယ်ဝန်ထပ်ဆောင်ပြန်ပါတယ်။ ကိုးလရောက်တော့ ခွေး ၁ဒါဇင် ထပ်မွေးပြန်ပါတယ်။ အဲဒီအတိုင်းပဲ လည်ပတ်ရင်း ၁၈လ ကြာတဲ့အခါခွေးမဟာ ၃ကြိမ် ကိုယ်ဝန်ဆောင်ပြီး ၃ခါမွေးပြီးသွားပါပြီ။ ဆင်မကတော့ ကိုယ်ဝန်ဆောင်နေတုန်းပါပဲ။
ဒီတော့ ခွေးမက ဆင်မ ကိုမေးပါတယ်။

“ဟဲ့ ဆင်မ နင့်ဟာက ကိုယ်ဝန်ရော ဟုတ်ရဲ့လားဟယ် ၊ ငါဆိုရင် ကလေး ၃ခါမွေးပြီး တချို့တွေဆို ခွေးကြီးတွေတောင်ဖြစ်နေကြပြီ ၊ နင်က ခုထိကိုယ်ဝန်ဆောင်နေတုန်းပဲလား”
ဒီတော့ ဆင်မက ပြန်ဖြေပါတယ်။

” ဒီမှာ မခွေးမ ရှင်ပြောတာကို ကျွန်မနားလည်ပါတယ် ၊ ဒါပေမယ့် ကျွန်မလွယ်ထားတာ ဆင်ပါ ခွေးမဟုတ်ပါဘူး ၊ ကျွန်မဟာ တစ်ခါမွေးဖို့ ၂နှစ် ကိုယ်ဝန်ဆောင်ရပါတယ်၊ ကျွန်မကလေးမွေးလာတဲ့အခါ မြေကြီးက သိတယ် ၊ ဒီဆင်ကလေး လမ်းလျှောက်တဲ့အခါ လူတွေ တအံတသြနဲ့ ရပ်ကြည့်ကြလိမ့်မယ် ၊ ဒီလို ခွန်အားကြီးမားပြီး လူတွေစိတ်ဝင်စားရတဲ့ သန္ဓေသား ကိုယ်ဝန်ကို လွယ်ထားရတာကြောင့် အချိန်ဒီလောက်ကြာနေတာပါ”
————————————————–
အခြားသူတွေ အောင်မြင်သွားချိန်မှာ သင်မအောင်မြင်သေးလို့ သင့်ယုံကြည်မှုတွေ မပျောက်ဆုံးပါစေနဲ့ ၊ သူတို့ကိုလည်း မနာလိုမဖြစ်ပါနဲ့ ၊ ကြီးမားတဲ့အောင်မြင်မှုကို ရဖို့ မဆုတ်မနစ်ဇွဲ ၊ ယုံကြည်မှုနဲ့ အချိန်တွေအများကြီး ရင်းရပါတယ်။ သင်လွယ်ထားရတဲ့ အောင်မြင်မှုဟာ အခြားသူတွေထက် အများကြီးပိုနိုင်ပါတယ်။
အဲဒီတော့ အခြားသူတွေကိုမြင်ပြီး စိတ်ဓာတ်ကျ ၊ မနာလိုဖြစ်နေမယ့်အစား ကိုယ့်ရဲ့မနက်ဖြန်ကို ယုံကြည်မှုခွန်အား အပြည့်နဲ့ လျှောက်လှမ်းလိုက်ပါ မိတ်ဆွေ

Leave a Reply