ကုန္းေဘာင္ေခတ္က အထက္ျမက္ဆုံး မိဖုရားႀကီး (သုိ႔) စၾကာေဒ၀ီ

Posted on

ကုန္းေဘာင္ေခတ္ မိဖုရားမ်ားဟု ဆုိလုိက္လွ်င္ အလြန္ေက်ာ္ၾကားလွသည့္ နန္းမေတာ္မယ္ႏု ၊ ဆင္ျဖဴမရွင္ ႏွင့္ စုဖုရားလတ္ တုိ႔ကိုသာေျပးျမင္ မိၾကေပလိမ့္မည္။ သူတုိ႔ေက်ာ္သည္ ဆုိရာမွာ မာနႀကီးသည့္ဘက္ ၊ မေကာင္းသည့္ဘက္ တုိ႔တြင္ ေက်ာ္ၾကားျခင္း ျဖစ္သည္။ သမုိင္းတြင္ သူတုိ႔အား မိဖုရားဆုိးမ်ားအျဖစ္ မွတ္တမ္းတင္ခဲ့သည္။

သူတုိ႔ႏွင့္ ဆန္႔က်င္စြာ တုိင္းျပည္မင္းအား ဦးေဆာင္လမ္းျပကာ အက်ဳိးျပဳသြားခဲ့သည့္ အလြန္ထူးခြ်န္ထက္ျမက္ေသာ မိဖုရားႀကီးတစ္ပါးလည္းရွိခဲ့သည္။ မင္းတုန္းမင္း၏ ေတာင္ညာစံ မိဖုရားေခါင္ႀကီး စၾကာေဒ၀ီပင္ျဖစ္သည္။

စၾကာေဒ၀ီသည္ သာယာ၀တီမင္း ႏွင့္ မိဖုရားေခါင္ႀကီးတုိ႔မွ ေမြးေသာ မင္းေသြးစစ္စစ္ ဘုရင့္သမီးေတာ္ျဖစ္သည္။ေမြးခ်င္း ၆ဦး ရွိခဲ့ေသာ္လည္း စၾကာေဒ၀ီ ႏွင့္ ေမာင္ေတာ္ပုဂံမင္းသားတုိ႔သာ အသက္ရွင္သည္။ စၾကာေဒ၀ီသည္ငယ္စဥ္ကတည္းကပင္ စာေပ၀ါသနာပါၿပီး ေဗဒင္အတတ္ ၊ နကၡတ္ေ၀ဒပညာ ၊ ကဗ်ာလကၤာေရးဖြဲ႔ေသာ အတတ္မ်ားကုိ အထူးကြ်မ္းက်င္ တတ္ျမာက္ခဲ့သည္။

စိတ္သေဘာထားလည္း အလြန္ႏူးညံ့သည္။ ခမည္းေတာ္ကုိ နန္းေရး နန္းရာ မ်ား ၊ ႏုိင္ငံေရးမ်ားတြင္ အႀကံေပးႏုိင္ၿပီး ထီးနန္းရခဲ့ျခင္းသည္ပင္ စၾကာေဒ၀ီ၏ အႀကံဥာဏ္မ်ားစြာ ပါ၀င္သည္။

သာယာ၀တီမင္းကလည္း သမီးေတာ္အား အလြန္ခ်စ္ျမတ္ႏုိးလွၿပီး အထူးေျမွာက္စားကာ ဆုေတာ္မ်ားတြင္ အျမင့္ဆုံးျဖစ္သည့္ အသက္ဒါန ဆုိကုိပင္ ေပးေတာ္မူခဲ့သည္။ အသက္ဒါနဆု ဆုိသည္မွာ ျပစ္ဒဏ္စီရင္ခံထားရသူ ၊ ေသဒဏ္ခ်ခံထားရသူမ်ားကို အသက္ေဘးမွ လြတ္ေစႏုိင္ေသာ ဆုျဖစ္သည္။ စၾကာေဒ၀ီသည္ ထုိ ဇီ၀ိတဒါနဆု ျဖင့္ဆင္ျဖဴမရွင္ ၊ ေယာမင္းႀကီးဦးဘုိးလႈိင္ ၊ လႈိင္ထိပ္ေခါင္တင္ ႏွင့္ ျမ၀တီမင္းႀကီးဦးစ တုိ႔ကုိ ကယ္တင္ခဲ့ဖူးသည္။

အလြန္အက်ဳိးမ်ားလွေသာ ကယ္တင္မႈပင္ျဖစ္သည္။သာယာ၀တီမင္းက ေနာင္ေတာ္ဘႀကီးေတာ္မင္းကုိ ကြပ္မ်က္ရန္ျပဳရာတြင္လည္း အဖႏွင့္တူေသာ ေနာင္ေတာ္ကုိ မသတ္သင့္ပါ ဟု တားသျဖင့္ ဘႀကီးေတာ္မင္း၏ အသက္ကုိပင္ ကယ္တင္လုိက္ႏုိင္သည္။

သာယာ၀တီမင္း လြန္ၿပီး ပုဂံမင္းနန္းတက္သည့္အခါတြင္လည္း အမေတာ္၏ အရည္အခ်င္းကုိသိၿပီးျဖစ္၍ တုိး၍သာေျမွာက္စားေလသည္။ စၾကာေဒ၀ီသည္ သက္ေတာ္ ၄၀ ရွိသည္အထိ ၾကင္ယာမရွိပဲ တစ္ပင္တုိင္နန္းမွာပင္ စံေနေတာ္ မူခဲ့သည္။ ပုဂံမင္းသည္ တုိင္းျပည္ေရးကုိ စိတ္မ၀င္စားပဲ ၾကက္ပြဲ ၊ လက္ေ၀ွ႔ပြဲ ႏွင့္ အေပ်ာ္အပါးကုိသာ မက္သျဖင့္တုိင္းျပည္သည္ တျဖည္းျဖည္းခ်ည့္နဲ႔လာခဲ့သည္။ အဂၤလိပ္တုိ႔က ျမန္မာျပည္ ၃ ပုံ ၂ ပုံကုိ သိမ္းၿပီးျဖစ္၍ ဒီအတုိင္း ဆက္သြားလွ်င္ ပုိ၍ဆုိးရြားလာေတာ့မည္ကုိ စၾကာေဒ၀ီသိခဲ့သည္။

ထုိ႔ေၾကာင့္ ပုဂံမင္း၏ ၿပဳိင္ဘက္ျဖစ္ေသာမင္းတုန္းကေနာင္ ညီေနာင္တုိ႔အား ေရႊဘုိသုိ႔ထြက္ကာ ေအာင္ေျမနင္းလွ်င္ အႀကံေအာင္ႏုိင္သည္ဟု လမ္းညႊန္မႈေပး ခဲ့သည္။ မိမိ၏ ေမြးစားသားျဖစ္သူ ေမာင္ဘုိးလႈိင္အား သကၤန္း၀တ္ေနရာမွ လူ၀တ္လဲေစကာ မင္းတုန္း ကေနာင္ညီေနာင္ေနာက္သို႔လုိက္ကာ အမူေတာ္ ထမ္းရြက္ေစခဲ့သည္။ ဤသုိ႔ျဖင့္ စၾကာေဒ၀ီ၏ အႀကံေပးမူမ်ားျဖင့္ မင္းတုန္း ကေနာင္ညီေနာင္တုိ႔သည္ အမရပူရကုိ ၅ လအတြင္းမွာပင္ ေအာင္ႏုိင္ခဲ့သည္။

မင္းတုန္းမင္းနန္းတက္သည့္အခါ မိဖုရားေခါင္ႀကီးတင္ေျမွာက္ရန္ လုိအပ္သည့္အတြက္ ထုိရာထူးႏွင့္ အကိုက္ညီဆုံးျဖစ္သည့္ အေဖတူ မေအကြဲ ႏွမေတာ္ စၾကာေဒ၀ီကုိ ေတာင္ညာစံ မေဟသီမိဖုရားေခါင္ႀကီး အရာကုိ ခ်ီးျမွင့္ခဲ့ သည္။ မိဖုရားေခါင္ႀကီးျဖစ္ေသာ္လည္း မာန္မာန မရွိ ရုိးရုိးယဥ္ယဥ္သာ ေနတတ္သူျဖစ္သည္။ မင္းတုန္းမင္းက အလြန္ခ်စ္ျမတ္ႏုိးေတာ္မူၿပီး ‘မမဖုရား’ ဟု ေခၚေလ့ရွိေၾကာင္းသိရသည္။

ဘုရင္မင္းတရား၏ ဆံေတာ္ရွင္းျခင္း တုိ႔ကုိ မိဖုရားႀကီး ကုိယ္တုိင္ျပဳလုပ္ေပးမွ ေက်နပ္ေတာ္မူသည္။ မင္းတုန္းမင္းကုိ လည္း တုိင္းေရးျပည္ေရး အေရးအခင္းမ်ားတြင္ အထူးလမ္းညႊန္ႏုိင္ခဲ့သူျဖစ္သည္။ ပန္းတိမ္မင္းသားအေရးတြင္လည္း မိဖုရားေခါင္ႀကီး၏ စိတ္ဓာတ္ျမွင့္တင္ေပးမူေၾကာင့္သာ မင္းတုန္းမင္း နန္းမက်ခဲ့ျခင္းသည္။

၁၈၇၆ ခုႏွစ္ တြင္ စၾကာေဒ၀ီ နာမက်န္းျဖစ္လာသည္။ မင္းတုန္းမင္းက နန္းတြင္းသမားေတာ္ႀကီးမ်ားႏွင့္အစြမ္းကုန္ကုသပါေသာ္လည္း မရေတာ့ပဲ ကံေတာ္ကုန္ခဲ့သည္။ ထုိအခ်ိန္မွစ၍ မင္းတုန္းမင္းသည္ စၾကာေဒ၀ီ၏ နန္းေဆာင္ မည္သူမွ် အ၀င္မခံခဲ့သည့္အျပင္ သူ႔ဆံေတာ္ကုိလည္း မည္သူမွ်ရွင္းခြင့္မျပဳပဲ ထားရွိသည္။

မိခင္ႏွင့္တူေသာ၊အမႏွင့္တူေသာ ၊ ဆရာႏွင့္တူေသာ မိဖုရားႀကီးအတြက္ စိတ္မေကာင္းလွသျဖင့္ ၀တ္ျဖဴစင္ၾကယ္ကုိ ၀တ္ကာ စၾကာေဒ၀ီ၏ အုတ္ဂူအနီးတြင္သာ ေနထုိင္သည္။ စၾကာေဒ၀ီမိဖုရားႀကီးသည္ သာယာ၀တီ ၊ ပုဂံ ၊ မင္းတုန္း မင္းသုံးဆက္စလုံး၏ ေလးစားျခင္း ၊ ခ်စ္ျမတ္ႏုိးျခင္းကုိ ခံခဲ့ရသည့္ တစ္ဦးတည္းေသာ ထူးခြ်န္ထက္ျမက္လွသည့္ မိဖုရားႀကီးပင္ ျဖစ္ေလေတာ့သည္။

 

ကိုးကား
ကုန္းေဘာင္ရွာပုံေတာ္ – ညဳိျမ
မသိမျဖစ္ ျမန္မာ့ဗဟုသုတ ၁၀၀ – ေနဘုန္းေ၀
ျမတ္ေသာမိဖုရား စၾကာေဒ၀ီ – သုခုမအလင္းတန္း

—————-

ကုန်းဘောင်ခေတ်က အထက်မြက်ဆုံး မိဖုရား (သို့) စကြာဒေဝီ (unicode)

ကုန်းဘောင်ခေတ် မိဖုရားများဟု ဆိုလိုက်လျှင် အလွန်ကျော်ကြားလှသည့် နန်းမတော်မယ်နု ၊ ဆင်ဖြူမရှင် နှင့် စုဖုရားလတ် တို့ကိုသာပြေးမြင် မိကြပေလိမ့်မည်။ သူတို့ကျော်သည် ဆိုရာမှာ မာနကြီးသည့်ဘက် ၊ မကောင်းသည့်ဘက် တို့တွင် ကျော်ကြားခြင်း ဖြစ်သည်။ သမိုင်းတွင် သူတို့အား မိဖုရားဆိုးများအဖြစ် မှတ်တမ်းတင်ခဲ့သည်။ သူတို့နှင့် ဆန့်ကျင်စွာ တိုင်းပြည်မင်းအား ဦးဆောင်လမ်းပြကာ အကျိုးပြုသွားခဲ့သည့် အလွန်ထူးချွန်ထက်မြက်သော မိဖုရားကြီးတစ်ပါးလည်းရှိခဲ့သည်။ မင်းတုန်းမင်း၏ တောင်ညာစံ မိဖုရားခေါင်ကြီး စကြာဒေဝီပင်ဖြစ်သည်။

စကြာဒေဝီသည် သာယာဝတီမင်း နှင့် မိဖုရားခေါင်ကြီးတို့မှ မွေးသော မင်းသွေးစစ်စစ် ဘုရင့်သမီးတော်ဖြစ်သည်။မွေးချင်း ၆ဦး ရှိခဲ့သော်လည်း စကြာဒေဝီ နှင့် မောင်တော်ပုဂံမင်းသားတို့သာ အသက်ရှင်သည်။ စကြာဒေဝီသည်ငယ်စဉ်ကတည်းကပင် စာပေဝါသနာပါပြီး ဗေဒင်အတတ် ၊ နက္ခတ်ဝေဒပညာ ၊ ကဗျာလင်္ကာရေးဖွဲ့သော အတတ်များကို အထူးကျွမ်းကျင် တတ်မြာက်ခဲ့သည်။ စိတ်သဘောထားလည်း အလွန်နူးညံ့သည်။ ခမည်းတော်ကို နန်းရေး နန်းရာ များ ၊ နိုင်ငံရေးများတွင် အကြံပေးနိုင်ပြီး ထီးနန်းရခဲ့ခြင်းသည်ပင် စကြာဒေဝီ၏ အကြံဉာဏ်များစွာ ပါဝင်သည်။

သာယာဝတီမင်းကလည်း သမီးတော်အား အလွန်ချစ်မြတ်နိုးလှပြီး အထူးမြှောက်စားကာ ဆုတော်များတွင် အမြင့်ဆုံးဖြစ်သည့် အသက်ဒါန ဆိုကိုပင် ပေးတော်မူခဲ့သည်။ အသက်ဒါနဆု ဆိုသည်မှာ ပြစ်ဒဏ်စီရင်ခံထားရသူ ၊ သေဒဏ်ချခံထားရသူများကို အသက်ဘေးမှ လွတ်စေနိုင်သော ဆုဖြစ်သည်။ စကြာဒေဝီသည် ထို ဇီဝိတဒါနဆု ဖြင့်ဆင်ဖြူမရှင် ၊ ယောမင်းကြီးဦးဘိုးလှိုင် ၊ လှိုင်ထိပ်ခေါင်တင် နှင့် မြဝတီမင်းကြီးဦးစ တို့ကို ကယ်တယ်ခဲ့ဖူးသည်။ အလွန်အကျိုးများလှသော ကယ်တင်မှုပင်ဖြစ်သည်။သာယာဝတီမင်းက နောင်တော်ဘကြီးတော်မင်းကို ကွပ်မျက်ရန်ပြုရာတွင်လည်း အဖနှင့်တူသော နောင်တော်ကို မသတ်သင့်ပါ ဟု တားသဖြင့် ဘကြီးတော်မင်း၏ အသက်ကိုပင် ကယ်တင်လိုက်နိုင်သည်။

သာယာဝတီမင်း လွန်ပြီး ပုဂံမင်းနန်းတက်သည့်အခါတွင်လည်း အမတော်၏ အရည်အချင်းကိုသိပြီးဖြစ်၍ တိုး၍သာမြှောက်စားလေသည်။ စကြာဒေဝီသည် သက်တော် ၄၀ ရှိသည်အထိ ကြင်ယာမရှိပဲ တစ်ပင်တိုင်နန်းမှာပင် စံနေတော် မူခဲ့သည်။ ပုဂံမင်းသည် တိုင်းပြည်ရေးကို စိတ်မဝင်စားပဲ ကြက်ပွဲ ၊ လက်ဝှေ့ပွဲ နှင့် အပျော်အပါးကိုသာ မက်သဖြင့်တိုင်းပြည်သည် တဖြည်းဖြည်းချည့်နဲ့လာခဲ့သည်။ အင်္ဂလိပ်တို့က မြန်မာပြည် ၃ ပုံ ၂ ပုံကို သိမ်းပြီးဖြစ်၍ ဒီအတိုင်း ဆက်သွားလျှင် ပို၍ဆိုးရွားလာတော့မည်ကို စကြာဒေဝီသိခဲ့သည်။ ထို့ကြောင့် ပုဂံမင်း၏ ပြိုင်ဘက်ဖြစ်သောမင်းတုန်းကနောင် ညီနောင်တို့အား ရွှေဘိုသို့ထွက်ကာ အောင်မြေနင်းလျှင် အကြံအောင်နိုင်သည်ဟု လမ်းညွှန်မှုပေး ခဲ့သည်။ မိမိ၏ မွေးစားသားဖြစ်သူ မောင်ဘိုးလှိုင်အား သင်္ကန်းဝတ်နေရာမှ လူဝတ်လဲစေကာ မင်းတုန်း ကနောင်ညီနောင်နောက်သို့လိုက်ကာ အမူတော် ထမ်းရွက်စေခဲ့သည်။ ဤသို့ဖြင့် စကြာဒေဝီ၏ အကြံပေးမူများဖြင့် မင်းတုန်း ကနောင်ညီနောင်တို့သည် အမရပူရကို ၅ လအတွင်းမှာပင် အောင်နိုင်ခဲ့သည်။

မင်းတုန်းမင်းနန်းတက်သည့်အခါ မိဖုရားခေါင်ကြီးတင်မြှောက်ရန် လိုအပ်သည့်အတွက် ထိုရာထူးနှင့် အကိုက်ညီဆုံးဖြစ်သည့် အဖေတူ မအေကွဲ နှမတော် စကြာဒေဝီကို တောင်ညာစံ မဟေသီမိဖုရားခေါင်ကြီး အရာကို ချီးမြှင့်ခဲ့ သည်။ မိဖုရားခေါင်ကြီးဖြစ်သော်လည်း မာန်မာန မရှိ ရိုးရိုးယဉ်ယဉ်သာ နေတတ်သူဖြစ်သည်။ မင်းတုန်းမင်းက အလွန်ချစ်မြတ်နိုးတော်မူပြီး ‘မမဖုရား’ ဟု ခေါ်လေ့ရှိကြောင်းသိရသည်။ ဘုရင်မင်းတရား၏ ဆံတော်ရှင်းခြင်း တို့ကို မိဖုရားကြီး ကိုယ်တိုင်ပြုလုပ်ပေးမှ ကျေနပ်တော်မူသည်။ မင်းတုန်းမင်းကို လည်း တိုင်းရေးပြည်ရေး အရေးအခင်းများတွင် အထူးလမ်းညွှန်နိုင်ခဲ့သူဖြစ်သည်။ ပန်းတိမ်မင်းသားအရေးတွင်လည်း မိဖုရားခေါင်ကြီး၏ စိတ်ဓာတ်မြှင့်တင်ပေးမူကြောင့်သာ မင်းတုန်းမင်း နန်းမကျခဲ့ခြင်းသည်။

၁၈၇၆ ခုနှစ် တွင် စကြာဒေဝီ နာမကျန်းဖြစ်လာသည်။ မင်းတုန်းမင်းက နန်းတွင်းသမားတော်ကြီးများနှင့်အစွမ်းကုန်ကုသပါသော်လည်း မရတော့ပဲ ကံတော်ကုန်ခဲ့သည်။ ထိုအချိန်မှစ၍ မင်းတုန်းမင်းသည် စကြာဒေဝီ၏ နန်းဆောင် မည်သူမျှ အဝင်မခံခဲ့သည့်အပြင် သူ့ဆံတော်ကိုလည်း မည်သူမျှရှင်းခွင့်မပြုပဲ ထားရှိသည်။ မိခင်နှင့်တူသော၊အမနှင့်တူသော ၊ ဆရာနှင့်တူသော မိဖုရားကြီးအတွက် စိတ်မကောင်းလှသဖြင့် ဝတ်ဖြူစင်ကြယ်ကို ဝတ်ကာ စကြာဒေဝီ၏ အုတ်ဂူအနီးတွင်သာ နေထိုင်သည်။ စကြာဒေဝီမိဖုရားကြီးသည် သာယာဝတီ ၊ ပုဂံ ၊ မင်းတုန်း မင်းသုံးဆက်စလုံး၏ လေးစားခြင်း ၊ ချစ်မြတ်နိုးခြင်းကို ခံခဲ့ရသည့် တစ်ဦးတည်းသော ထူးချွန်ထက်မြက်လှသည့် မိဖုရားကြီးပင် ဖြစ်လေတော့သည်။

Ref;
ကုန်းဘောင်ရှာပုံတော် – ညိုမြ
မသိမဖြစ် မြန်မာ့ဗဟုသုတ ၁၀ဝ – နေဘုန်းဝေ
မြတ်သောမိဖုရား စကြာဒေဝီ – သုခုမအလင်းတန်း

Leave a Reply