ႏွစ္ေပါင္း ၆၀ ေက်ာ္ ေရမခ်ဳိးတဲ့ အညစ္ပတ္ဆုံးလူပ်ဳိႀကီး

Posted on

သူအေၾကာင္းကေတာ့ လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္တည္းက လုိင္းေပၚမွာျပန္႔ႏွံ႔ေနတာျဖစ္တဲ့အတြက္ သိတဲ့သူေတြလည္း သိၾကမွာပါ။ ဟုတ္ပါတယ္..သူဟာ အီရန္လူမ်ဳိး အသက္ ၈၂ ႏွစ္အရြယ္ အဘုိးအုိ Amoo Hadji ျဖစ္ပါတယ္။ အီရန္ႏုိင္ငံ ေတာင္ပုိင္းက Dejgah ဆုိတဲ့ရြာငယ္ေလးမွာ ေနထုိင္သူျဖစ္ပါတယ္။ သူဟာ ေရမခ်ဳိးတဲ့ေနရာမွာ ႏွစ္ေပါင္း ၃၈ႏွစ္ ေရမခ်ဳိးတဲ့ အိႏၵိယလူမ်ဳိး Kailash Singh ကိုေက်ာ္ျဖတ္ၿပီး ခႏၶာကိုယ္ အညစ္ပတ္ဆုံးလူသားအျဖစ္ စံခ်ိန္တင္ထားသူျဖစ္ပါတယ္။
ဒီလိုေရမခ်ဳိးတာလည္း ရည္ရြယ္ခ်က္တစ္ခုခုေၾကာင့္ မဟုတ္ပဲ သူ႔အေၾကာင္းနဲ႔ သူျဖစ္ပါတယ္။ သူရဲ႕ခႏၶာကုိယ္ဟာ ေရနဲ႔ ဓာတ္မတည့္သူလုိ႔ ခံယူထားသူျဖစ္ၿပီး ေရနဲ႔ သန္႔ရွင္းလုိက္တာနဲ႔ ေရာဂါေတြ၀င္လာတယ္လုိ႔ သူက ဆုိပါတယ္။ ဒါဟာ သူ ႏွစ္ေပါင္း ၆၀ ေက်ာ္ ေရမခ်ဳိးတဲ့ အေၾကာင္းရင္းျဖစ္ပါတယ္။ သူ႔ရဲ႕အသားအေရာင္ဟာ ေျမႀကီးေရာင္နဲ႔ ထပ္တူျဖစ္ေနတာကို ျမင္ေတြ႔ရမွာပါ။ တကယ္လုိ႔ သူသာ ၿငိမ္ၿငိမ္ေလးထုိင္ေန ရပ္ေနမယ္ဆုိရင္ အားလုံးက ေက်ာက္ရုပ္တစ္ရုပ္လုိ႔ပဲ ထင္မိၾကမွာပါ။ သူူဟာတစ္ကုိယ္တည္းေနတဲ့ လူပ်ဳိႀကီးလည္းျဖစ္ပါတယ္။

သူဟာ ေရခ်ဳိးျခင္းကုိ မုန္းပါတယ္။ ဒါအျပင့္ လတ္ဆတ္တဲ့အစားအစာေတြကုိလည္း မုန္းပါတယ္။ သူအႀကဳိက္ဆုံးအစားအစာေတြက အပုတ္အသုိး အေဆြးအေျမ႔ေတြျဖစ္ပါတယ္။ ေရကုိမုန္းတဲ့သူဟာ က်န္းမာေရးအတြက္ေရ ငါးလီတာကုိ ေန႔စဥ္ေသာက္ပါတယ္။ ဒီလုိေသာက္တဲ့ေနရာမွာလည္း ညစ္ပတ္ေနတဲ့သူရဲ႕သံခြက္ႀကီးတစ္ခြက္နဲ႔ ေသာက္ေလ့ရွိတာပါ။ သူဟာ ေဆးတံေသာက္ရတာကုိလည္း အလြန္ႀကဳိက္ပါတယ္။ ဒီလုိေသာက္တဲ့ေနရာမွာ ေဆးရြက္ႀကီးကိုထည့္မေသာက္ပဲ တိရစာၦန္ေတြရဲ႕မစင္ေတြကို ထည့္ၿပီးေသာက္တတ္ပါတယ္။ သူဆံပင္ေတြရွည္လာရင္လည္း ညွပ္မပစ္ပါဘူး ၊ ဆံပင္ကိုမီးနဲ႔ရႈိ႕ၿပီး ၿငိမ္းသတ္ေလ့ရွိပါတယ္။ သူ႔မွာ စစ္ဦးထုပ္အေဟာင္းႀကီးတစ္လုံးရွိၿပီး ေဆာင္းရာသီမွာ ေဆာင္းေလ့ရွိပါတယ္။

သူ႔မွာ အိမ္မရွိပါဘူး။ ကမာၻႀကီးက သူ႔အိမ္လုိ႔ခံယူထားသူပါ။ သူဟာ အမ်ားအားျဖင့္ သုသာန္က ေျမက်င္းေတြထဲမွာ ေနတတ္ေလ့ရွိၿပီး တခါတရံမွာေတာ့ ရြာသားေတြက သူ႔အတြက္ အုတ္နဲ႔ေဆာက္ေပးထားတဲ့ အိမ္ထဲမွာ အိပ္တတ္ေလ့ရွိပါတယ္။ ဒါေပမယ့္ ဒါဟာ တခါတရံပါ။ သူဟာ ဒီလုိ ထူးဆန္းတဲ့ ဘ၀ပုံစံမွာေနတတ္သူျဖစ္ပါတယ္။ ရြာသားေတြရဲ႕အဆုိအရေတာ့ သူအသက္ ၂၀ ၀န္းက်င္မွာ စိတ္ထိခုိက္စရာ ႀကီးႀကီးမားမား ႀကဳံခဲ့ရၿပီး အဲဒီအခ်ိန္ကစလုိ႔ သူ႔ရဲ႕ခံယူခ်က္ေတြ အျမင္ေတြေျပာင္းလဲသြားတာ လုိ႔သိရပါတယ္။ သူ႔အယူအဆနဲ႔ သူကေတာ့ မွန္တယ္လုိ႔ ထင္ရမွာပါ။ ေနခ်င္သလုိေနေပမယ့္ အသက္ ၈၀ေက်ာ္ ၀န္းက်င္မွာ က်န္းက်န္းမာမာ ရွိေနတုန္းပါ။ သူ႔မွာ ဘာမွဆုံးရႈံးစရာမရွိတဲ့အတြက္ သူဟာ အေပ်ာ္ဆုံးလူသားလုိ႔ ခံယူထားသူျဖစ္ပါတယ္။ သူဟာ ဘာကိုမွ ဂရုမစုိက္တတ္သလုိ ဘာကိုမွလည္းမေၾကာက္တတ္ပဲ အၿမဲေပ်ာ္ေပ်ာ္ရႊင္ရြင္ေနေနေလ့ရွိတဲ့ ရွာမွရွားလူသားတစ္ဦးျဖစ္ပါတယ္။


နှစ်ပေါင်း ၆၀ ကျော် ရေမချိုးတဲ့ အညစ်ပတ်ဆုံးလူပျိုကြီး (unicode)

သူအကြောင်းကတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်တည်းက လိုင်းပေါ်မှာပြန့်နှံ့နေတာဖြစ်တဲ့အတွက် သိတဲ့သူတွေလည်း သိကြမှာပါ။ ဟုတ်ပါတယ်..သူဟာ အီရန်လူမျိုး အသက် ၈၂ နှစ်အရွယ် အဘိုးအို Amoo Hadji ဖြစ်ပါတယ်။ အီရန်နိုင်ငံ တောင်ပိုင်းက Dejgah ဆိုတဲ့ရွာငယ်လေးမှာ နေထိုင်သူဖြစ်ပါတယ်။ သူဟာ ရေမချိုးတဲ့နေရာမှာ နှစ်ပေါင်း ၃၈နှစ် ရေမချိုးတဲ့ အိန္ဒိယလူမျိုး Kailash Singh ကိုကျော်ဖြတ်ပြီး ခန္ဓာကိုယ် အညစ်ပတ်ဆုံးလူသားအဖြစ် စံချိန်တင်ထားသူဖြစ်ပါတယ်။
ဒီလိုရေမချိုးတာလည်း ရည်ရွယ်ချက်တစ်ခုခုကြောင့် မဟုတ်ပဲ သူ့အကြောင်းနဲ့ သူဖြစ်ပါတယ်။ သူရဲ့ခန္ဓာကိုယ်ဟာ ရေနဲ့ ဓာတ်မတည့်သူလို့ ခံယူထားသူဖြစ်ပြီး ရေနဲ့ သန့်ရှင်းလိုက်တာနဲ့ ရောဂါတွေဝင်လာတယ်လို့ သူက ဆိုပါတယ်။ ဒါဟာ သူ နှစ်ပေါင်း ၆၀ ကျော် ရေမချိုးတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ သူ့ရဲ့အသားအရောင်ဟာ မြေကြီးရောင်နဲ့ ထပ်တူဖြစ်နေတာကို မြင်တွေ့ရမှာပါ။ တကယ်လို့ သူသာ ငြိမ်ငြိမ်လေးထိုင်နေ ရပ်နေမယ်ဆိုရင် အားလုံးက ကျောက်ရုပ်တစ်ရုပ်လို့ပဲ ထင်မိကြမှာပါ။ သူဟာတစ်ကိုယ်တည်းနေတဲ့ လူပျိုကြီးလည်းဖြစ်ပါတယ်။

သူဟာ ရေချိုးခြင်းကို မုန်းပါတယ်။ ဒါအပြင့် လတ်ဆတ်တဲ့အစားအစာတွေကိုလည်း မုန်းပါတယ်။ သူအကြိုက်ဆုံးအစားအစာတွေက အပုတ်အသိုး အဆွေးအမြေ့တွေဖြစ်ပါတယ်။ ရေကိုမုန်းတဲ့သူဟာ ကျန်းမာရေးအတွက်ရေ ငါးလီတာကို နေ့စဉ်သောက်ပါတယ်။ ဒီလိုသောက်တဲ့နေရာမှာလည်း ညစ်ပတ်နေတဲ့သူရဲ့သံခွက်ကြီးတစ်ခွက်နဲ့ သောက်လေ့ရှိတာပါ။ သူဟာ ဆေးတံသောက်ရတာကိုလည်း အလွန်ကြိုက်ပါတယ်။ ဒီလိုသောက်တဲ့နေရာမှာ ဆေးရွက်ကြီးကိုထည့်မသောက်ပဲ တိရစ္ဆာန်တွေရဲ့မစင်တွေကို ထည့်ပြီးသောက်တတ်ပါတယ်။ သူဆံပင်တွေရှည်လာရင်လည်း ညှပ်မပစ်ပါဘူး ၊ ဆံပင်ကိုမီးနဲ့ရှို့ပြီး ငြိမ်းသတ်လေ့ရှိပါတယ်။ သူ့မှာ စစ်ဦးထုပ်အဟောင်းကြီးတစ်လုံးရှိပြီး ဆောင်းရာသီမှာ ဆောင်းလေ့ရှိပါတယ်။

သူ့မှာ အိမ်မရှိပါဘူး။ ကမ္ဘာကြီးက သူ့အိမ်လို့ခံယူထားသူပါ။ သူဟာ အများအားဖြင့် သုသာန်က မြေကျင်းတွေထဲမှာ နေတတ်လေ့ရှိပြီး တခါတရံမှာတော့ ရွာသားတွေက သူ့အတွက် အုတ်နဲ့ဆောက်ပေးထားတဲ့ အိမ်ထဲမှာ အိပ်တတ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒါဟာ တခါတရံပါ။ သူဟာ ဒီလို ထူးဆန်းတဲ့ ဘဝပုံစံမှာနေတတ်သူဖြစ်ပါတယ်။ ရွာသားတွေရဲ့အဆိုအရတော့ သူအသက် ၂၀ ဝန်းကျင်မှာ စိတ်ထိခိုက်စရာ ကြီးကြီးမားမား ကြုံခဲ့ရပြီး အဲဒီအချိန်ကစလို့ သူ့ရဲ့ခံယူချက်တွေ အမြင်တွေပြောင်းလဲသွားတာ လို့သိရပါတယ်။ သူ့အယူအဆနဲ့ သူကတော့ မှန်တယ်လို့ ထင်ရမှာပါ။ နေချင်သလိုနေပေမယ့် အသက် ၈၀ကျော် ဝန်းကျင်မှာ ကျန်းကျန်းမာမာ ရှိနေတုန်းပါ။ သူ့မှာ ဘာမှဆုံးရှုံးစရာမရှိတဲ့အတွက် သူဟာ အပျော်ဆုံးလူသားလို့ ခံယူထားသူဖြစ်ပါတယ်။ သူဟာ ဘာကိုမှ ဂရုမစိုက်တတ်သလို ဘာကိုမှလည်းမကြောက်တတ်ပဲ အမြဲပျော်ပျော်ရွှင်ရွင်နေနေလေ့ရှိတဲ့ ရှာမှရှားလူသားတစ်ဦးဖြစ်ပါတယ်။

Leave a Reply