၁၂ေဒၚလာခြဲ နဲ႔ ၀ယ္ခဲ့တဲ့စိန္ကို ျပန္လည္ေရာင္းခ်ရာမွာ ေဒၚလာ ၈သိန္းေက်ာ္ေစ်းရခဲ့

Posted on

၁၂ေဒၚလာခြဲနဲ႔ ၀ယ္ခဲ့တဲ့ ပစၥည္းတစ္ခုဟာ ျပန္ေရာင္းတဲ့အခါ ေဒၚလာ သိန္းခ်ီၿပီးရခဲ့တယ္ဆုိရင္ အံၾသမိမွာပါ။ မူရင္းေရာင္းခဲ့တဲ့သူအတြက္ ဆုံးရႈံးမႈႀကီး ျဖစ္ၿပီး အမွတ္မထင္ ၀ယ္ယူမိခဲ့တဲ့သူအတြက္ေတာ့ ကံေကာင္းမူႀကီးျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္က နာမည္ႀကီး အေရာင္းအ၀ယ္ကုမၸဏီႀကီး Sotheby’s က ျပဳလုပ္တဲ့ Sotheby’s Fine Jewels ေလလံပြဲမွာ ဒီစိန္လက္စြပ္ဟာ မူရင္းေစ်း ေဒၚလာ ၃သိန္းေက်ာ္သာ ခန္႔မွန္းထားေပမယ့္ တကယ္ေရာင္းခဲ့တဲ့အခါမွာေတာ့ ေဒၚလာ ၈သိန္းခြဲနီးပါးရရွိခဲ့ပါတယ္။

ဒီစိန္လက္စြပ္မွာ စိန္ ၂၆.၂၇ကာရက္ပါ၀င္ၿပီး ၁၉ရာစု၀န္းက်င္က စိန္သားျဖစ္တဲ့အျပင္ စိန္သားလုံး၀က်ဆင္းျခင္း မရွိခဲ့တဲ့အတြက္ေစ်းေကာင္းရခဲ့ျခင္းျဖစ္ပါတယ္။ ေရာင္းခ်ခဲ့တဲ့သူေတြဟာ ဒီစိန္ကုိ ၁၉၈၀ ၀န္းက်င္က အဂၤလန္ Isleworth ၿမဳိ႕က car boot sale တစ္ခုမွာ ၁၂ေဒၚလာခြဲနဲ႔ ၀ယ္ယူခဲ့တာျဖစ္ပါတယ္။ car boot sale ဆုိတာ လူေတြက သူတုိ႔အိမ္မွာအသုံးမ၀င္တဲ့ ပစၥည္းေတြကို ေစ်းေပါေပါနဲ႔ေရာင္းခ်တဲ့ပြဲပါ။ အဂၤလန္က လူစည္ကားတဲ့ဘူတာေတြမွာ မၾကာခဏျပဳလုပ္ေလ့ရွိပါတယ္။

အဲဒီတုန္းက ဒီစိန္ဟာ တန္ဖုိးႀကီးမွန္းမသိခဲ့ပဲ သာမန္အ၀တ္အထည္ အလွဆင္ပစၥည္းတစ္ခုအျဖစ္သာ သုံးခဲ့တာပါ။ နားလည္တဲ့သူေတြနဲ႔ေတြ႔တဲ့အခါမွာေတာ့ ဒီစိန္ဟာ တန္ဖုိးႀကီးမွန္းသိလာခဲ့ပါတယ္။ နာမည္ႀကီး တြင္းထြက္နဲ႔ ရတနာသုေတသနအဖြဲ႔ Gemological Institute of America ကိုျပၾကည့္တဲ့အခါမွာေတာ့ ဒီစိန္ဟာ ေရွးေဟာင္းပစၥည္းအစစ္အမွန္ျဖစ္ေၾကာင္းစစ္ေဆးေတြ႔ရွိရၿပီး စိန္ရဲ႕နာမည္ကုိ Tenner လုိ႔ေပးလုိက္ပါတယ္။ ကံအလြန္ေကာင္းတဲ့သူလုိ႔ပဲ ဆုိရပါမယ္။

 


 

၁၂ဒေါ်လာခွဲ နဲ့ ဝယ်ခဲ့တဲ့စိန်ကို ပြန်လည်ရောင်းချရာမှာ ဒေါ်လာ ၈သိန်းကျော်ဈေးရခဲ့ (unicode)

၁၂ဒေါ်လာခွဲနဲ့ ဝယ်ခဲ့တဲ့ ပစ္စည်းတစ်ခုဟာ ပြန်ရောင်းတဲ့အခါ ဒေါ်လာ သိန်းချီပြီးရခဲ့တယ်ဆိုရင် အံသြမိမှာပါ။ မူရင်းရောင်းခဲ့တဲ့သူအတွက် ဆုံးရှုံးမှုကြီး ဖြစ်ပြီး အမှတ်မထင် ဝယ်ယူမိခဲ့တဲ့သူအတွက်တော့ ကံကောင်းမူကြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်က နာမည်ကြီး အရောင်းအဝယ်ကုမ္ပဏီကြီး Sotheby’s က ပြုလုပ်တဲ့ Sotheby’s Fine Jewels လေလံပွဲမှာ ဒီစိန်လက်စွပ်ဟာ မူရင်းဈေး ဒေါ်လာ ၃သိန်းကျော်သာ ခန့်မှန်းထားပေမယ့် တကယ်ရောင်းခဲ့တဲ့အခါမှာတော့ ဒေါ်လာ ၈သိန်းခွဲနီးပါးရရှိခဲ့ပါတယ်။

ဒီစိန်လက်စွပ်မှာ စိန် ၂၆.၂၇ကာရက်ပါဝင်ပြီး ၁၉ရာစုဝန်းကျင်က စိန်သားဖြစ်တဲ့အပြင် စိန်သားလုံးဝကျဆင်းခြင်း မရှိခဲ့တဲ့အတွက်ဈေးကောင်းရခဲ့ခြင်းဖြစ်ပါတယ်။ ရောင်းချခဲ့တဲ့သူတွေဟာ ဒီစိန်ကို ၁၉၈၀ ဝန်းကျင်က အင်္ဂလန် Isleworth မြို့က car boot sale တစ်ခုမှာ ၁၂ဒေါ်လာခွဲနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ car boot sale ဆိုတာ လူတွေက သူတို့အိမ်မှာအသုံးမဝင်တဲ့ ပစ္စည်းတွေကို ဈေးပေါပေါနဲ့ရောင်းချတဲ့ပွဲပါ။ အင်္ဂလန်က လူစည်ကားတဲ့ဘူတာတွေမှာ မကြာခဏပြုလုပ်လေ့ရှိပါတယ်။

အဲဒီတုန်းက ဒီစိန်ဟာ တန်ဖိုးကြီးမှန်းမသိခဲ့ပဲ သာမန်အဝတ်အထည် အလှဆင်ပစ္စည်းတစ်ခုအဖြစ်သာ သုံးခဲ့တာပါ။ နားလည်တဲ့သူတွေနဲ့တွေ့တဲ့အခါမှာတော့ ဒီစိန်ဟာ တန်ဖိုးကြီးမှန်းသိလာခဲ့ပါတယ်။ နာမည်ကြီး တွင်းထွက်နဲ့ ရတနာသုတေသနအဖွဲ့ Gemological Institute of America ကိုပြကြည့်တဲ့အခါမှာတော့ ဒီစိန်ဟာ ရှေးဟောင်းပစ္စည်းအစစ်အမှန်ဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရပြီး စိန်ရဲ့နာမည်ကို Tenner လို့ပေးလိုက်ပါတယ်။ ကံအလွန်ကောင်းတဲ့သူလို့ပဲ ဆိုရပါမယ်။

Leave a Reply