မႏၲေလးက ေတာ္လွန္ေရးဘုရား သမုိင္းေၾကာင္း

Posted on

ေရးသားသူ – ေမာင္ေအာင္ဝင္းမန္း

နယ္ခ်ဲ႕တို႔က ျမန္မာႏုိင္ငံကို ၁၈၂၄ခုႏွစ္ ဘႀကီး ေတာ္မင္းလက္ထက္တြင္ တစ္ႀကိမ္၊ ၁၈၅၂ ခုႏွစ္ ပုဂံမင္းလက္ထက္တြင္ တစ္ႀကိမ္၊ ၁၈၈၅ခုႏွစ္ သီေပါမင္းလက္ထက္တြင္ တစ္ႀကိမ္ သံုးႀကိမ္မွ် စစ္ ခင္းကာ သိမ္းယူ သြားခဲ့သည္။

ျမန္မာႏုိင္ငံကို ဝိတိုရိယဘုရင္မႀကီးထံ လက္ေဆာင္ေတာ္ဆက္သႏုိင္ခဲ့ေသာ္လည္း ျမန္မာျပည္သူတုိ႔၏ ႏွလံုးသားကိုကား က်ဴးေက်ာ္သိမ္းပိုက္ႏိုင္ျခင္း မရွိခဲ့ေခ်။ ကမၻာတစ္ဝန္းမွ တုိင္းႀကီးျပည္ႀကီး၊ နယ္ ႀကီးပယ္ႀကီး၊ လူမ်ိဳးႀကီးမ်ားကို ပိပိရိရိ ပိုင္ပိုင္ႏိုင္ႏုိင္ အုပ္ခ်ဳပ္ႏုိင္ခဲ့ေသာ္လည္း ျမန္မာႏိုင္ငံကိုကား ဆုပ္ကိုင္ ႏုိင္ျခင္းမရွိဘဲ ေလးငါးဆယ္ႏွစ္ အ႐ူးမီးဝိုင္းသကဲ့သို႔ ျဖစ္ခဲ့ရသည္။

မိမိတို႔ဘုရင္ကို အိႏိၵယျပည္သို႔ ေခၚေဆာင္ သြားေသာ္လည္း တုိင္းရင္းသား အေပါင္းက လက္မခံ ဘဲ တြန္းလွန္ပုန္ကန္ခဲ့ၾကသည္မွာ ေတာင္ေပၚေျမျပန္႔ အႏွံ႔အျပားျဖစ္သည္။ ပုဂံမွ ဗိုလ္ခ်ဳိ၊ ပုပၸားမွ ဗိုလ္နက္ ေက်ာ္၊ ဝန္းသိုမွ ေစာ္ဘြားႀကီးဦးေအာင္ျမတ္၊ ေရႊဘိုမွ ထိပ္တင္မွတ္၊ ေက်ာက္ဆည္မွ ဗိုလ္သာက်န္၊ ဆင္ျဖဴ ကြၽန္းမွ ဗိုလ္ဥတၱမ၊ ဝဲေလာင္မွ ဗိုလ္ရာၫြန္႔၊ ကြၽန္းခင္း ႀကီးမွ ဗိုလ္လွေက်ာ္၊ မင္းတုန္းမွ ဗိုလ္ရြဲ၊ ဇီးပင္ႀကီးမွ ျမင္စိုင္းမင္းသား၊ ရွိမၼကားမွ ဗိုလ္႐ိုင္၊ နတ္ေမာက္မွ ဗိုလ္မင္းေရာင္၊ ပင္းၿမိဳ႕မွ ဗိုလ္တုတ္ ေက်ာ္၊

ယင္းေတာ္ ရေနာင္မွ ဗိုလ္ ခန္႔၊ မလိႈင္ႏွင့္ ပင္းတလဲမွ ဗိုလ္ခင္ ဘႏွင့္ ဗိုလ္ခ်စ္စရာ၊ သံုးေထာင့္အုိင္မွ ေရႊဓားဗိုလ္မင္း ပို၊ ၿမိဳ႕သာမွ ဗိုလ္ေက်ာ္ရင္၊ ဝမ္းတြင္း ဂံုငါးရြာမွ ဗိုလ္ ျမတ္မံႈ၊ ေက်ာက္ဆည္ အင္းေယာင္းမွ ဗိုလ္ခုိင္၊ စဥ့္ ကိုင္မွ ဗိုလ္ပလိပ္၊ မႏၲေလး ပုသိမ္ႀကီးမွ ဗိုလ္ခ်င္း၊ မတၱရာမွ ဦးစံပံု၊ ေမၿမိဳ႕(ျပင္ဦးလြင္)မွ ဗိုလ္ေဇယ်၊ ေစာ ရန္ႏုိင္၊ ေစာရန္ပိုင္၊ ဗိုလ္ခင္ေမာင္လတ္၊ ဗိုလ္ဘထြန္း၊ ဦးစိႏၲာ စသည္ျဖင့္ မႏၲေလး ရတနာပံုေနျပည္ေတာ္ တစ္ဝိုက္မွစလိုက္ေသာ နယ္ခ်ဲ႕တို႔ေအာက္ဒူးမေထာက္ ဟူေသာစိတ္ဓာတ္ျဖင့္ ပုန္ကန္ခဲ့ၾကသည္တြင္ တစ္စ တစ္စျဖင့္ ျမန္မာျပည္တစ္နံတစ္လ်ား ကူးစက္က်ယ္ ျပန္႔ခဲ့သည္။

ပခုကၠဴနယ္မွ ဗိုလ္ကြယ္၊ ေပါက္နယ္မွ ဗိုလ္ ရာကြပ္၊ ၿမိဳင္နယ္မွ ဗိုလ္စတား၊ ေရစႀကိဳ ပခန္းႀကီးမွ ေရႊခ်ိဳးျဖဴမင္းသားႏွင့္ ဗိုလ္ေက်ာ္ေခါင္၊ တမူးမွ ဆရာ ေတာ္ ဦးဣေႏၵာရ၊ ကင္းတပ္မွ ဗိုလ္လယ္၊ ကေလး ေစာ္ဘြား၊ မင္းကင္းမွ ဗိုလ္ျပား၊ မံုရြာဆားလင္း ႀကီးမွ ဗိုလ္သာၾကည္၊ ဗိုလ္ေရႊကုန္း၊ ေရဦး ဒီပဲ ယင္းမွ ဗိုလ္လွဦး၊ ဗိုလ္မင္းဦး၊ ဗုိလ္ၿမဲႀကီး၊ ဗန္း ေမာ္မွ ဖုန္ကန္ဒူဝါ၊ ဗိုလ္ေရႊတီး၊ ျမစ္ႀကီးနားမွ ဆမားဒူဝါ၊ သမားဒူဝါ၊ ရွမ္းျပည္နယ္မွ လင္း ပင္မင္းသားႀကီးႏွင့္ ခမ္းလိႈင္ေစာ္ဘြား၊ ‘ဝ’နယ္ မွ ေနာ္ခမ္းဦး၊ ကႏၲာရဝတီမွ ေစာလွေဘာ္၊ ခ်င္း ေတာင္မွ ေရႊခ်ိဳးျဖဴမင္းသား၊ ဗိုလ္စြန္တိတ္၊ စီရင္ခ်င္း ခိုင္ကမ္း၊ ေတာင္ငူမွ မရမ္းေခ်ာင္း ဆရာေတာ္၊ က်ိဳက္ကလပ္ဆရာေတာ္၊ သာယာ ဝတီ ဇီးကုန္းမွ ဘုန္းႀကီးဗိုလ္၊ မြန္ျပည္နယ္မွ ဦးေရႊေက်း၊ ရခိုင္သံတြဲမွ ေဇာ္ဂ်ီဗိုလ္ စသည္ ျဖင့္ ‘သူ႔ကြၽန္မခံ’ ဟူေသာစိတ္ဓာတ္ကို ကူး ဟပ္သြားလိုက္သည္မွာ ေတာမီးႀကီးေလာင္ သကဲ့သို႔ ေၾကာက္စရာေကာင္းလွသည္။

ျမန္မာမ်ဳိးခ်စ္စစ္သည္တို႔သည္ အသက္မပါ သကဲ့သို႔ အေသြးအသားျဖင့္ ဖြဲ႕စည္းမထားသကဲ့သို႔ က်ားစီးဝါးစီး ဘီလူးစီးသည့္အလား ဓားလွံလက္နက္ ျဖင့္ အတင္းထိုးသုတ္ တအားခုတ္ၾကရာ ေသနတ္ အေျမာက္ မီးေပါက္စြမ္းအား ႀကီးမားလွေသာ္လည္း ေၾကာက္ရြံ႕ထိတ္လန္႔ ဆြံ႕အမွင္တက္ အခက္ေတြ႕ၾက ရေတာ့သည္။ ၿမိဳ႕အုပ္၊ ရြာစား၊ မင္းသား၊ မွဴးမတ္၊ အၾကပ္၊ ရဲမက္၊ မိလကၡဳေတာင္သူ၊ ျပည္သူအေပါင္း လွည္းေနေလွေအာင္း ျမင္းေဇာင္းမက်န္၊ အလံမလွဲ သဲႀကီးမဲႀကီး ဇြဲနပဲႀကီးလွသည္မို႔လည္း အ႐ူးမီးဝိုင္း က်ီးလန္႔စာစား ျဖစ္ေနေတာ့သည္။

အိႏိၵယမွ တပ္မ၊ တပ္မဟာေတြ ခ်က္ခ်င္း မွာကာ မဖြယ္မရာ၊ မညႇာမတာ ပစ္ခတ္ႏွိမ္နင္းရေတာ့သည္။ ဉာဏ္နီဉာဏ္နက္ေတြႏွင့္ ပရိယာယ္အစံုထုတ္ကာ ရာ ထူးရာခံေတြခန္႔၊ ဂုဏ္ထူးဘြဲ႕ထူးေတြေပး၊ မက္လံုးအဖံုဖံု ႏွင့္ ေသြးခြဲသပ္လွ်ိဳ ၿဖိဳခြဲလဲၿပိဳေစေအာင္ ျပဳၾကသည္။

သို႔ေသာ္ ေရွးပေဝသဏီ အတီအေတ ကေမၻ ကမၻာကတည္းက ကိုယ့္ျပည္ကိုယ့္ရြာ ကိုယ့္ဘာသာ၊ ကိုယ့္ လူမ်ဳိး၊ ကိုယ့္ယဥ္ေက်းမႈႏွင့္ ကိုယ္ပိုင္ေနထိုင္လာၾကသည့္ ျမန္မာတိုင္းရင္းသားတို႔၏ ႏွလံုးသားကား ‘အသမိၻတ’ ၿဖိဳခြဲဖ်က္ဆီး၍မရေသာ အျမဳေတျဖစ္ခဲ့သည္။ တစ္ကမၻာလံုး အကြက္က်က် သိမ္းယူခ်ဲ႕ထြင္ လာေသာ ကိုလိုနီတို႔ကား စစ္ေရးျဖင့္ သိမ္းပိုက္ၿပီးသည္ ႏွင့္ ဗ်ဴ႐ိုကေရစီယႏၲရားႏွင့္ ခ်ဳပ္ကိုင္ေတာ့သည္။

ေကာဇာသကၠရာဇ္ ၁၂၄၇ခုႏွစ္တြင္ မႏၲေလးၿမိဳ႕ ရတနာပံု ေနျပည္ေတာ္ကို သိမ္းပိုက္ခဲ့ၿပီး ၁၂၄၉ခုႏွစ္မွာ မႏၲေလး ျမဴနီစီပယ္ကို ဖြဲ႕စည္းလိုက္ပါသည္။ ေရွ႕က တိုက္ေရး ခိုက္ေရး မၿငိမ္းေအးေသာ္လည္း ေနာက္ပိုင္းက မွင္ေသ ေသျဖင့္ ဟန္ဓာတ္ခုတ္၍ စတိုင္လုပ္တတ္သည္မွာ သူ တုိ႔ညာဥ္ပင္ျဖစ္သည္။ စည္းမ်ဥ္းစည္းကမ္းဥပေဒမ်ား ျဖင့္ ခ်ဳပ္ကိုင္လာသည္။

ဘုရင့္ေနာင္မင္းတရားႀကီးလက္ထက္ကပင္ တစ္ႏိုင္ငံလံုး အခ်င့္အခ်ိန္ အေလးတင္း ေတာင္းတို႔ကို တစ္ေျပးညီရွိေစခဲ့သည္။ ထိုတင္းေတာင္း အေလးခ်ိန္တို႔တြင္ ျမန္မာ့ယဥ္ေက်းမႈပံုရိပ္တို႔ကို ထင္ဟပ္ေစခဲ့ၾကသည္။ ခ်ိန္ခြင္ႏွင့္အတူ အသံုးျပဳေသာ အေလးမ်ားကို ဟသၤာ႐ုပ္ပံုသဏၭာန္ ေၾကးျဖင့္သြန္းေလာင္း ၾကသည္။ ယင္းေၾကးမ်ားကလည္း ေရႊေရာင္ေပါက္ေအာင္ ဝင္းဝါေနၾကသည္။

နယ္ခ်ဲ႕တို႔ကား နန္းေတာ္ရာ၊ ဥယ်ာဥ္ေတာ္ရာမ်ားကိုလုပ္တိုင္း သခ်ႋဳင္းျပဳ၍ နာမ္ႏွိမ္သကဲ့သို႔ အေသးအဖြဲ႕ျဖစ္ေသာ ျပည္သူအမ်ား၏ ဟသၤာေလးမ်ား ကို သူတို႔၏ သံခြက္ေလးမ်ားႏွင့္ လဲလွယ္အသံုးျပဳရမည္ ဟု ၁၂၅၅ ခုႏွစ္တြင္ အမိန္႔ထုတ္ျပန္ေတာ့သည္။

သံႏွင့္ေၾကး ဘယ္အေရးေၾကာင့္ လဲမည္ နည္း၊ တံုးတိတိဝိုင္းခ်ာခ်ာ ပံုမလာပန္းမလာ သံခြက္က ျမန္မာ့႐ိုးရာေရႊဟသၤာကို တုယွဥ္ကာ လာႏိႈင္းတာ ရာ ဇဝင္ ႐ိုင္းလိုက္ပါဘိ။ လက္လႈပ္မွ ပါးစပ္လႈပ္၊ တစ္ေန႔ လုပ္တစ္ေန႔စား၊ ဓနေငြေၾကးကားမရွိ။ ဇာတိမာန္ကား အျပည့္။ ျခယ္လွယ္သည္ကို ေခါင္းငံု႔မခံ။ ခ်ဳပ္ကိုင္သည့္ အတိုင္း ၿငိမ္ၾကည့္မေန။ ရင္တြင္းဆႏၵကို ပီပီျပင္ျပင္ ထင္ထင္ရွားရွား ထုတ္ေဖာ္ျပသႏုိင္ခဲ့သည္ကား ေညာင္ ပင္ေစ်းသူေစ်းသားမ်ား ျဖစ္သည္။

ေညာင္ပင္ေစ်းသည္ မႏၲေလးၿမိဳ႕ ၁၉လမ္း ႏွင့္ ၈၃လမ္းေထာင့္မွာရွိသည္။ ၁၉လမ္းေပၚ ေရႊတေခ်ာင္း၏အေရွ႕ဘက္၌ ေညာင္ပင္ႀကီးတစ္ပင္ရွိသည္။ ထိုေညာင္ပင္ႀကီးကို အမွီသဟဲျပဳလ်က္ ပုဂံတပ္၊ သရက္ တစ္ပင္၊ ဆင္ရြာ၊ ဖိုးေပကုန္း၊ ႏွင္းဆီၿခံႏွင့္ အနီးတစ္ဝိုက္ မွ ေစ်းသည္မ်ားက ဟင္းရြက္၊ သားငါး၊ စားစရာအစံု ေရာင္းခ်ၾကသည္။ ေရႊတေခ်ာင္းေရလမ္းႏွင့္ ကုန္းဘက္ လွည္းလမ္းမွ မႏၲေလးေျမာက္တစ္ျခမ္းက ကုန္ေတြစံု သည္။

မတၱရာဘက္မွ ကားႏွင့္လည္း လာၾကသည္။ ေညာင္ပင္ေစ်းကို အားထားၾကသည္မွာ ေျမာက္ျပင္ဟု ဆိုေသာ ျပည္ႀကီးက်က္သေရ၊ ပုလဲေငြေရာင္၊ ေမဃဂီရိ၊ ပုလင္းဝင္း၊ မဲအိုးတန္း၊ ပုဏၰားစု၊ မင္းတဲအီကင္း၊ ႏွင္း ဆီၿခံ၊ ဒိုဘီစု စသည့္အရပ္ေတြက လာဝယ္ၾကသည္။ ညေနေစ်းျဖစ္သည္။ ေစ်းသည္ေတြက ၁၂ နာရီ တစ္ ခ်က္မွ ေရာက္သည္၊ ခင္းသည္။ ေစ်းဝယ္ေတြက ညေန ၃နာရီေလာက္မွ လာဝယ္သည္။ မနက္စာပါ တစ္ခါတည္း ဝယ္ထားလိုက္သည္။ ေစ်းခ်ဳိေတာ္ ေျမာက္ဘက္တစ္ခို ၏ ေစ်းႀကီးတစ္ခုျဖစ္သည္။

နယ္ခ်ဲ႕တို႔၏ ႏွိပ္ကြပ္မႈကို ေစ်းသူေစ်းသား မ်ားက လွလွပပႀကီး ေတာ္လွန္ျပလိုက္ၾကသည္။ မိမိ တို႔အသံုးျပဳေသာ ဟသၤာေၾကးေလးမ်ားကို အားလံုးစု ေပါင္းၾကကာ ဆင္းတုေတာ္တစ္ဆူ သြန္းလုပ္လိုက္ၾကသည္။ ဉာဏ္ေတာ္အျမင့္မွာ ႏွစ္ေတာင္ခန္႔သာရွိသည္။ ေစ်း၏ အေနာက္ေတာင္ ေထာင့္ တြင္ ဓမၼာ႐ံုေဆာက္ လုပ္ၿပီး အျမတ္ဆံုးရတနာအျဖစ္ ထားရွိပူေဇာ္ လိုက္ ၾကသည္။

နယ္ခ်ဲ႕တို႔က စစ္၏အေထာက္အပံ့ အေျမာက္ လက္နက္ သြန္းလုပ္လိုသည္။ ေစ်းသူေစ်းသားတို႔က မဟာက႐ုဏာေတာ္ရွင္၏ ကိုယ္ပြား ဘုရားထုလုပ္လိုက္ ၾကသည္။ နယ္ခ်ဲ႕တို႔၏ အာဏာဂုဏ္ရွိန္အတြက္ အသံုးခ်လိုသည္။
ေစ်းသူေစ်းသားတို႔က ၿငိမ္းခ်မ္းျခင္း၏ အႏွစ္ဓမၼကို ပြားမ်ားႏုိင္ေစရန္ ရည္မွန္းလိုက္ၾကသည္။

ႏွစ္ေပါင္း ၁ဝဝ ေက်ာ္ခဲ့ေလၿပီ။ ေခတ္အဆက္ ဆက္ ေျပာင္းလဲေက်ာ္လြန္ခဲ့ၿပီ။ သဘာဝေဘးဒဏ္၊ ေလာကဓံတို႔ကိုလည္း ေက်ာ္လႊားခဲ့ၿပီ။ ျမန္မာ့စိတ္ထား ျမန္မာ့ႏွလံုးသား၏ ျပယုဂ္သေကၤတျဖစ္ေသာ ‘မႏၲေလး က ေတာ္လွန္ေရး ဘုရား’ ေရႊေလးဓမၼာ႐ံုႀကီးသည္ အုတ္တိုက္ႀကီးအျဖစ္ ခန္႔ညားသပၸာယ္စြာ တည္ရွိလ်က္ပင္။

ေမာင္ေအာင္ဝင္းမန္း
Flower News Journal မွ

—————-

မန္တလေးက တော်လှန်ရေးဘုရား သမိုင်းကြောင်း (unicode)

ရေးသားသူ – မောင်အောင်ဝင်းမန်း

နယ်ချဲ့တို့က မြန်မာနိုင်ငံကို ၁၈၂၄ခုနှစ် ဘကြီး တော်မင်းလက်ထက်တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ် ပုဂံမင်းလက်ထက်တွင် တစ်ကြိမ်၊ ၁၈၈၅ခုနှစ် သီပေါမင်းလက်ထက်တွင် တစ်ကြိမ် သုံးကြိမ်မျှ စစ် ခင်းကာ သိမ်းယူ သွားခဲ့သည်။

မြန်မာနိုင်ငံကို ဝိတိုရိယဘုရင်မကြီးထံ လက်ဆောင်တော်ဆက်သနိုင်ခဲ့သော်လည်း မြန်မာပြည်သူတို့၏ နှလုံးသားကိုကား ကျူးကျော်သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ချေ။ ကမ္ဘာတစ်ဝန်းမှ တိုင်းကြီးပြည်ကြီး၊ နယ် ကြီးပယ်ကြီး၊ လူမျိုးကြီးများကို ပိပိရိရိ ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံကိုကား ဆုပ်ကိုင် နိုင်ခြင်းမရှိဘဲ လေးငါးဆယ်နှစ် အရူးမီးဝိုင်းသကဲ့သို့ ဖြစ်ခဲ့ရသည်။

မိမိတို့ဘုရင်ကို အိန္ဒိယပြည်သို့ ခေါ်ဆောင် သွားသော်လည်း တိုင်းရင်းသား အပေါင်းက လက်မခံ ဘဲ တွန်းလှန်ပုန်ကန်ခဲ့ကြသည်မှာ တောင်ပေါ်မြေပြန့် အနှံ့အပြားဖြစ်သည်။ ပုဂံမှ ဗိုလ်ချို၊ ပုပ္ပားမှ ဗိုလ်နက် ကျော်၊ ဝန်းသိုမှ စော်ဘွားကြီးဦးအောင်မြတ်၊ ရွှေဘိုမှ ထိပ်တင်မှတ်၊ ကျောက်ဆည်မှ ဗိုလ်သာကျန်၊ ဆင်ဖြူ ကျွန်းမှ ဗိုလ်ဥတ္တမ၊ ဝဲလောင်မှ ဗိုလ်ရာညွန့်၊ ကျွန်းခင်း ကြီးမှ ဗိုလ်လှကျော်၊ မင်းတုန်းမှ ဗိုလ်ရွဲ၊ ဇီးပင်ကြီးမှ မြင်စိုင်းမင်းသား၊ ရှိမ္မကားမှ ဗိုလ်ရိုင်၊ နတ်မောက်မှ ဗိုလ်မင်းရောင်၊ ပင်းမြို့မှ ဗိုလ်တုတ် ကျော်၊

ယင်းတော် ရနောင်မှ ဗိုလ် ခန့်၊ မလှိုင်နှင့် ပင်းတလဲမှ ဗိုလ်ခင် ဘနှင့် ဗိုလ်ချစ်စရာ၊ သုံးထောင့်အိုင်မှ ရွှေဓားဗိုလ်မင်း ပို၊ မြို့သာမှ ဗိုလ်ကျော်ရင်၊ ဝမ်းတွင်း ဂုံငါးရွာမှ ဗိုလ် မြတ်မှုံ၊ ကျောက်ဆည် အင်းယောင်းမှ ဗိုလ်ခိုင်၊ စဉ့် ကိုင်မှ ဗိုလ်ပလိပ်၊ မန္တလေး ပုသိမ်ကြီးမှ ဗိုလ်ချင်း၊ မတ္တရာမှ ဦးစံပုံ၊ မေမြို့(ပြင်ဦးလွင်)မှ ဗိုလ်ဇေယျ၊ စော ရန်နိုင်၊ စောရန်ပိုင်၊ ဗိုလ်ခင်မောင်လတ်၊ ဗိုလ်ဘထွန်း၊ ဦးစိန္တာ စသည်ဖြင့် မန္တလေး ရတနာပုံနေပြည်တော် တစ်ဝိုက်မှစလိုက်သော နယ်ချဲ့တို့အောက်ဒူးမထောက် ဟူသောစိတ်ဓာတ်ဖြင့် ပုန်ကန်ခဲ့ကြသည်တွင် တစ်စ တစ်စဖြင့် မြန်မာပြည်တစ်နံတစ်လျား ကူးစက်ကျယ် ပြန့်ခဲ့သည်။

ပခုက္ကူနယ်မှ ဗိုလ်ကွယ်၊ ပေါက်နယ်မှ ဗိုလ် ရာကွပ်၊ မြိုင်နယ်မှ ဗိုလ်စတား၊ ရေစကြို ပခန်းကြီးမှ ရွှေချိုးဖြူမင်းသားနှင့် ဗိုလ်ကျော်ခေါင်၊ တမူးမှ ဆရာ တော် ဦးဣန္ဒောရ၊ ကင်းတပ်မှ ဗိုလ်လယ်၊ ကလေး စော်ဘွား၊ မင်းကင်းမှ ဗိုလ်ပြား၊ မုံရွာဆားလင်း ကြီးမှ ဗိုလ်သာကြည်၊ ဗိုလ်ရွှေကုန်း၊ ရေဦး ဒီပဲ ယင်းမှ ဗိုလ်လှဦး၊ ဗိုလ်မင်းဦး၊ ဗိုလ်မြဲကြီး၊ ဗန်း မော်မှ ဖုန်ကန်ဒူဝါ၊ ဗိုလ်ရွှေတီး၊ မြစ်ကြီးနားမှ ဆမားဒူဝါ၊ သမားဒူဝါ၊ ရှမ်းပြည်နယ်မှ လင်း ပင်မင်းသားကြီးနှင့် ခမ်းလှိုင်စော်ဘွား၊ ‘ဝ’နယ် မှ နော်ခမ်းဦး၊ ကန္တာရဝတီမှ စောလှဘော်၊ ချင်း တောင်မှ ရွှေချိုးဖြူမင်းသား၊ ဗိုလ်စွန်တိတ်၊ စီရင်ချင်း ခိုင်ကမ်း၊ တောင်ငူမှ မရမ်းချောင်း ဆရာတော်၊ ကျိုက်ကလပ်ဆရာတော်၊ သာယာ ဝတီ ဇီးကုန်းမှ ဘုန်းကြီးဗိုလ်၊ မွန်ပြည်နယ်မှ ဦးရွှေကျေး၊ ရခိုင်သံတွဲမှ ဇော်ဂျီဗိုလ် စသည် ဖြင့် ‘သူ့ကျွန်မခံ’ ဟူသောစိတ်ဓာတ်ကို ကူး ဟပ်သွားလိုက်သည်မှာ တောမီးကြီးလောင် သကဲ့သို့ ကြောက်စရာကောင်းလှသည်။

မြန်မာမျိုးချစ်စစ်သည်တို့သည် အသက်မပါ သကဲ့သို့ အသွေးအသားဖြင့် ဖွဲ့စည်းမထားသကဲ့သို့ ကျားစီးဝါးစီး ဘီလူးစီးသည့်အလား ဓားလှံလက်နက် ဖြင့် အတင်းထိုးသုတ် တအားခုတ်ကြရာ သေနတ် အမြောက် မီးပေါက်စွမ်းအား ကြီးမားလှသော်လည်း ကြောက်ရွံ့ထိတ်လန့် ဆွံ့အမှင်တက် အခက်တွေ့ကြ ရတော့သည်။ မြို့အုပ်၊ ရွာစား၊ မင်းသား၊ မှူးမတ်၊ အကြပ်၊ ရဲမက်၊ မိလက္ခုတောင်သူ၊ ပြည်သူအပေါင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန်၊ အလံမလှဲ သဲကြီးမဲကြီး ဇွဲနပဲကြီးလှသည်မို့လည်း အရူးမီးဝိုင်း ကျီးလန့်စာစား ဖြစ်နေတော့သည်။

အိန္ဒိယမှ တပ်မ၊ တပ်မဟာတွေ ချက်ချင်း မှာကာ မဖွယ်မရာ၊ မညှာမတာ ပစ်ခတ်နှိမ်နင်းရတော့သည်။ ဉာဏ်နီဉာဏ်နက်တွေနှင့် ပရိယာယ်အစုံထုတ်ကာ ရာ ထူးရာခံတွေခန့်၊ ဂုဏ်ထူးဘွဲ့ထူးတွေပေး၊ မက်လုံးအဖုံဖုံ နှင့် သွေးခွဲသပ်လျှို ဖြိုခွဲလဲပြိုစေအောင် ပြုကြသည်။

သို့သော် ရှေးပဝေသဏီ အတီအတေ ကမ္ဘေ ကမ္ဘာကတည်းက ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်ဘာသာ၊ ကိုယ့် လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်နေထိုင်လာကြသည့် မြန်မာတိုင်းရင်းသားတို့၏ နှလုံးသားကား ‘အသမ္ဘိတ’ ဖြိုခွဲဖျက်ဆီး၍မရသော အမြုတေဖြစ်ခဲ့သည်။ တစ်ကမ္ဘာလုံး အကွက်ကျကျ သိမ်းယူချဲ့ထွင် လာသော ကိုလိုနီတို့ကား စစ်ရေးဖြင့် သိမ်းပိုက်ပြီးသည် နှင့် ဗျူရိုကရေစီယန္တရားနှင့် ချုပ်ကိုင်တော့သည်။

ကောဇာသက္ကရာဇ် ၁၂၄၇ခုနှစ်တွင် မန္တလေးမြို့ ရတနာပုံ နေပြည်တော်ကို သိမ်းပိုက်ခဲ့ပြီး ၁၂၄၉ခုနှစ်မှာ မန္တလေး မြူနီစီပယ်ကို ဖွဲ့စည်းလိုက်ပါသည်။ ရှေ့က တိုက်ရေး ခိုက်ရေး မငြိမ်းအေးသော်လည်း နောက်ပိုင်းက မှင်သေ သေဖြင့် ဟန်ဓာတ်ခုတ်၍ စတိုင်လုပ်တတ်သည်မှာ သူ တို့ညာဉ်ပင်ဖြစ်သည်။ စည်းမျဉ်းစည်းကမ်းဥပဒေများ ဖြင့် ချုပ်ကိုင်လာသည်။

ဘုရင့်နောင်မင်းတရားကြီးလက်ထက်ကပင် တစ်နိုင်ငံလုံး အချင့်အချိန် အလေးတင်း တောင်းတို့ကို တစ်ပြေးညီရှိစေခဲ့သည်။ ထိုတင်းတောင်း အလေးချိန်တို့တွင် မြန်မာ့ယဉ်ကျေးမှုပုံရိပ်တို့ကို ထင်ဟပ်စေခဲ့ကြသည်။ ချိန်ခွင်နှင့်အတူ အသုံးပြုသော အလေးများကို ဟင်္သာရုပ်ပုံသဏ္ဌာန် ကြေးဖြင့်သွန်းလောင်း ကြသည်။ ယင်းကြေးများကလည်း ရွှေရောင်ပေါက်အောင် ဝင်းဝါနေကြသည်။

နယ်ချဲ့တို့ကား နန်းတော်ရာ၊ ဥယျာဉ်တော်ရာများကိုလုပ်တိုင်း သင်္ချိုင်းပြု၍ နာမ်နှိမ်သကဲ့သို့ အသေးအဖွဲ့ဖြစ်သော ပြည်သူအများ၏ ဟင်္သာလေးများ ကို သူတို့၏ သံခွက်လေးများနှင့် လဲလှယ်အသုံးပြုရမည် ဟု ၁၂၅၅ ခုနှစ်တွင် အမိန့်ထုတ်ပြန်တော့သည်။

သံနှင့်ကြေး ဘယ်အရေးကြောင့် လဲမည် နည်း၊ တုံးတိတိဝိုင်းချာချာ ပုံမလာပန်းမလာ သံခွက်က မြန်မာ့ရိုးရာရွှေဟင်္သာကို တုယှဉ်ကာ လာနှိုင်းတာ ရာ ဇဝင် ရိုင်းလိုက်ပါဘိ။ လက်လှုပ်မှ ပါးစပ်လှုပ်၊ တစ်နေ့ လုပ်တစ်နေ့စား၊ ဓနငွေကြေးကားမရှိ။ ဇာတိမာန်ကား အပြည့်။ ခြယ်လှယ်သည်ကို ခေါင်းငုံ့မခံ။ ချုပ်ကိုင်သည့် အတိုင်း ငြိမ်ကြည့်မနေ။ ရင်တွင်းဆန္ဒကို ပီပီပြင်ပြင် ထင်ထင်ရှားရှား ထုတ်ဖော်ပြသနိုင်ခဲ့သည်ကား ညောင် ပင်ဈေးသူဈေးသားများ ဖြစ်သည်။

ညောင်ပင်ဈေးသည် မန္တလေးမြို့ ၁၉လမ်း နှင့် ၈၃လမ်းထောင့်မှာရှိသည်။ ၁၉လမ်းပေါ် ရွှေတချောင်း၏အရှေ့ဘက်၌ ညောင်ပင်ကြီးတစ်ပင်ရှိသည်။ ထိုညောင်ပင်ကြီးကို အမှီသဟဲပြုလျက် ပုဂံတပ်၊ သရက် တစ်ပင်၊ ဆင်ရွာ၊ ဖိုးပေကုန်း၊ နှင်းဆီခြံနှင့် အနီးတစ်ဝိုက် မှ ဈေးသည်များက ဟင်းရွက်၊ သားငါး၊ စားစရာအစုံ ရောင်းချကြသည်။ ရွှေတချောင်းရေလမ်းနှင့် ကုန်းဘက် လှည်းလမ်းမှ မန္တလေးမြောက်တစ်ခြမ်းက ကုန်တွေစုံ သည်။

မတ္တရာဘက်မှ ကားနှင့်လည်း လာကြသည်။ ညောင်ပင်ဈေးကို အားထားကြသည်မှာ မြောက်ပြင်ဟု ဆိုသော ပြည်ကြီးကျက်သရေ၊ ပုလဲငွေရောင်၊ မေဃဂီရိ၊ ပုလင်းဝင်း၊ မဲအိုးတန်း၊ ပုဏ္ဏားစု၊ မင်းတဲအီကင်း၊ နှင်း ဆီခြံ၊ ဒိုဘီစု စသည့်အရပ်တွေက လာဝယ်ကြသည်။ ညနေဈေးဖြစ်သည်။ ဈေးသည်တွေက ၁၂ နာရီ တစ် ချက်မှ ရောက်သည်၊ ခင်းသည်။ ဈေးဝယ်တွေက ညနေ ၃နာရီလောက်မှ လာဝယ်သည်။ မနက်စာပါ တစ်ခါတည်း ဝယ်ထားလိုက်သည်။ ဈေးချိုတော် မြောက်ဘက်တစ်ခို ၏ ဈေးကြီးတစ်ခုဖြစ်သည်။

နယ်ချဲ့တို့၏ နှိပ်ကွပ်မှုကို ဈေးသူဈေးသား များက လှလှပပကြီး တော်လှန်ပြလိုက်ကြသည်။ မိမိ တို့အသုံးပြုသော ဟင်္သာကြေးလေးများကို အားလုံးစု ပေါင်းကြကာ ဆင်းတုတော်တစ်ဆူ သွန်းလုပ်လိုက်ကြသည်။ ဉာဏ်တော်အမြင့်မှာ နှစ်တောင်ခန့်သာရှိသည်။ ဈေး၏ အနောက်တောင် ထောင့် တွင် ဓမ္မာရုံဆောက် လုပ်ပြီး အမြတ်ဆုံးရတနာအဖြစ် ထားရှိပူဇော် လိုက် ကြသည်။

နယ်ချဲ့တို့က စစ်၏အထောက်အပံ့ အမြောက် လက်နက် သွန်းလုပ်လိုသည်။ ဈေးသူဈေးသားတို့က မဟာကရုဏာတော်ရှင်၏ ကိုယ်ပွား ဘုရားထုလုပ်လိုက် ကြသည်။ နယ်ချဲ့တို့၏ အာဏာဂုဏ်ရှိန်အတွက် အသုံးချလိုသည်။
ဈေးသူဈေးသားတို့က ငြိမ်းချမ်းခြင်း၏ အနှစ်ဓမ္မကို ပွားများနိုင်စေရန် ရည်မှန်းလိုက်ကြသည်။

နှစ်ပေါင်း ၁ဝဝ ကျော်ခဲ့လေပြီ။ ခေတ်အဆက် ဆက် ပြောင်းလဲကျော်လွန်ခဲ့ပြီ။ သဘာဝဘေးဒဏ်၊ လောကဓံတို့ကိုလည်း ကျော်လွှားခဲ့ပြီ။ မြန်မာ့စိတ်ထား မြန်မာ့နှလုံးသား၏ ပြယုဂ်သင်္ကေတဖြစ်သော ‘မန္တလေး က တော်လှန်ရေး ဘုရား’ ရွှေလေးဓမ္မာရုံကြီးသည် အုတ်တိုက်ကြီးအဖြစ် ခန့်ညားသပ္ပာယ်စွာ တည်ရှိလျက်ပင်။

မောင်အောင်ဝင်းမန်း
Flower News Journal မှ

Leave a Reply