စိတ္ဖိစီးမႈေတြကို ဖယ္ရွားေပးမယ့္ နည္းလမ္းေလးမ်ား

Posted on

၁။ တစ္ေယာက္တည္းေနခ်ိန္ထားရွိပါ

စိတ္ကုိၿငိမ္းခ်မ္းေစဖုိ႔အတြက္ ၁ေန႔ကုိမိနစ္အနည္းငယ္(၂၀မိနစ္ခန္႔) တရားထုိင္တာပဲၿဖစ္ၿဖစ္ တစ္ေယာက္တည္းၿငိမ္ၿငိမ္ေလးထုိင္ေနတာပဲၿဖစ္ၿဖစ္လုပ္ေပးသင့္ပါတယ္။ ဒီလုိ လုပ္ေပးၿခင္းဟာ စိတ္ဖိစီးမႈေတြကုိေလွ်ာ့ခ်ေပးၿပီး စိတ္ကုိႀကည္လင္ေစပါတယ္။

၂။ ေလ့က်င့္ခန္းလုပ္ပါ

ေလက်င့္ခန္းလုပ္ေပးၿခင္းဟာ သင့္ရဲ႕ရုပ္ပုိင္းဆုိင္ရာက်န္းမာေရးကိုသာမက သင့္ရဲ႕စိတ္ကုိလန္းဆန္းေစၿပီး Stressေတြကုိေလ်ာ့က်ေစမွာပဲၿဖစ္ပါတယ္။ ေလ့က်င့္ခန္း ဆုိတာကလည္း တစ္ေန႔ကို မိနစ္(၃၀)ခန္႔ ပုံမွန္ေလးလမ္းေလွ်ာက္တာတုိ႔၊ စက္ဘီးစီးတာတုိ႔လုပ္ရင္ေတာင္ရပါၿပီ။

၃။ အခန္းခ်ည္းပဲမေအာင္းပါႏွင့္

သဘာ၀အလင္းေရာင္ဟာစိတ္ခြန္အားကုိေပးတဲ့အၿပင္ ေရာဂါပုိးမႊားေတြကုိ ပါေသေစပါတယ္။ ဒါေႀကာင့္ အၿမဲတမ္းအခန္းခ်ည္းမေအာင္းပဲ အၿပင္ဘက္ကုိလည္း မႀကာခဏထြက္ေပးသင့္ပါတယ္။

၄။ အလုပ္ခြင္ကေနအၿပင္ကုိထြက္ပါ

အလုပ္ခ်ည္းပဲလုပ္ေနၿခင္းဟာ Stress ေတြကုိမ်ားေစပါတယ္။ ဒါေႀကာင့္ေနလည္ စာစားခ်ိန္မ်ဳိးမွာ အၿပင္ဘက္ကုိခဏထြက္တာပဲၿဖစ္ၿဖစ္၊ ဒါမွမဟုတ္ ကုိယ့္ရဲ႕ရုံးကုိပတ္ၿပီး ခဏေလာက္စိတ္ေၿပလက္ေပ်ာက္စကားေၿပာတာပဲၿဖစ္ၿဖစ္ လုပ္သင့္ပါတယ္။

၅။ ပိတ္ရက္ရွည္ေတြမွာခရီးသြားပါ

အားလပ္ရက္မွာခရီးသြားၿခင္းဟာ စိတ္ကုိအပန္းေၿပေစတဲ့အၿပင္ Stress ေတြကုိလည္းေလ်ာ့ခ်ေပးႏုိင္တာေႀကာင့္ ပိတ္ရက္ရွည္ေတြမွာၿဖစ္ႏုိင္ရင္ သင္သြားခ်င္တဲ့ေနရာတစ္ခုခုကုိ ခရီးသြားေပးသင့္ပါတယ္။

၆။ စာဖတ္ပါ

Sussex University ရဲ႕ သုေတသနၿပဳမႈ႕ေတြအရ ၆မိနစ္စာဖတ္ၿခင္းဟာ Stress ၆၈% ကုိေလွ်ာ့ခ်ေပးပါသတဲ့။ စာဖတ္ၿခင္းဟာ ဗဟုသုတကုိတုိးေစတဲ့အၿပင္၊ စိတ္ကုိပါ တက္ႀကြေစႏုိင္တာေႀကာင့္ တစ္ေန႔ကိုအခ်ိန္အနည္းငယ္ေပးၿပီး စာဖတ္တဲ့အက်င့္ကိုလည္း ထားသင့္ပါတယ္။

၇။ အိပ္ေရး၀၀အိပ္ပါ

ဒါဟာ အေရးႀကီးဆုံးအခ်က္ပါ။ သင္အိပ္ေရးမ၀လုိ႔ကေတာ့ ဘယ္ အလုပ္ကုိမွစိတ္ပါလက္ပါလုပ္ႏုိင္မွာမဟုတ္လုိ႔ပါပဲ။ အိပ္ေရးမ၀ၿခင္းဟာ က်န္းမာေရးကုိထိခိုက္ေစတဲ့အၿပင္ ေဒါသထြက္လြယ္၊ သတိေမ့လြယ္တာေႀကာင့္ အမွားေတြကိုပုိမုိၿဖစ္ေစႏုိင္ၿပီး Stress ေတြကုိတုိးေစပါတယ္။ ဒါေႀကာင့္တစ္ေန႔ကုိ ၇နာရီခန္႔အနည္းဆုံးထားၿပီး အိပ္ၿဖစ္ေအာင္အိပ္သင့္ပါတယ္။

သုတဇုန္

———————-
စိတ်ဖိစီးမှုတွေကိုဖယ်ရှားပေးမယ့် နည်းလမ်းလေးများ (unicode)

၁။တစ်ယောက်တည်းနေချိန်ထားရှိပါ။

စိတ်ကိုငြိမ်းချမ်းစေဖို့အတွက် ၁နေ့ကိုမိနစ်အနည်းငယ်(၂ဝမိနစ်ခန့်) တရားထိုင်တာပဲဖြစ်ဖြစ် တစ်ယောက်တည်းငြိမ်ငြိမ်လေးထိုင်နေတာပဲဖြစ်ဖြစ်လုပ်ပေးသင့်ပါတယ်။ ဒီလို လုပ်ပေးခြင်းဟာ စိတ်ဖိစီးမှုတွေကိုလျှော့ချပေးပြီး စိတ်ကိုကြည်လင်စေပါတယ်။

၂။လေ့ကျင့်ခန်းလုပ်ပါ

လေကျင့်ခန်းလုပ်ပေးခြင်းဟာ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုသာမက သင့်ရဲ့စိတ်ကိုလန်းဆန်းစေပြီး Stressတွေကိုလျော့ကျစေမှာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်း ဆိုတာကလည်း တစ်နေ့ကို မိနစ်(၃၀)ခန့် ပုံမှန်လေးလမ်းလျှောက်တာတို့၊ စက်ဘီးစီးတာတို့လုပ်ရင်တောင်ရပါပြီ။

၃။အခန်းချည်းပဲမအောင်းပါနှင့်

သဘာဝအလင်းရောင်ဟာစိတ်ခွန်အားကိုပေးတဲ့အပြင် ရောဂါပိုးမွှားတွေကို ပါသေစေပါတယ်။ ဒါကြောင့် အမြဲတမ်းအခန်းချည်းမအောင်းပဲ အပြင်ဘက်ကိုလည်း မကြာခဏထွက်ပေးသင့်ပါတယ်။

၄။အလုပ်ခွင်ကနေအပြင်ကိုထွက်ပါ

အလုပ်ချည်းပဲလုပ်နေခြင်းဟာ Stress တွေကိုများစေပါတယ်။ ဒါကြောင့်နေလည် စာစားချိန်မျိုးမှာ အပြင်ဘက်ကိုခဏထွက်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ရုံးကိုပတ်ပြီး ခဏလောက်စိတ်ပြေလက်ပျောက်စကားပြောတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။

၅။ပိတ်ရက်ရှည်တွေမှာခရီးသွားပါ

အားလပ်ရက်မှာခရီးသွားခြင်းဟာ စိတ်ကိုအပန်းပြေစေတဲ့အပြင် Stress တွေကိုလည်းလျော့ချပေးနိုင်တာကြောင့် ပိတ်ရက်ရှည်တွေမှာဖြစ်နိုင်ရင် သင်သွားချင်တဲ့နေရာတစ်ခုခုကို ခရီးသွားပေးသင့်ပါတယ်။

၆။စာဖတ်ပါ

Sussex University ရဲ့ သုတေသနပြုမှု့တွေအရ ၆မိနစ်စာဖတ်ခြင်းဟာ Stress ၆၈% ကိုလျှော့ချပေးပါသတဲ့။ စာဖတ်ခြင်းဟာ ဗဟုသုတကိုတိုးစေတဲ့အပြင်၊ စိတ်ကိုပါ တက်ကြွစေနိုင်တာကြောင့် တစ်နေ့ကိုအချိန်အနည်းငယ်ပေးပြီး စာဖတ်တဲ့အကျင့်ကိုလည်း ထားသင့်ပါတယ်။

၇။အိပ်ရေး၀ဝအိပ်ပါ

ဒါဟာ အရေးကြီးဆုံးအချက်ပါ။ သင်အိပ်ရေးမဝလို့ကတော့ ဘယ် အလုပ်ကိုမှစိတ်ပါလက်ပါလုပ်နိုင်မှာမဟုတ်လို့ပါပဲ။ အိပ်ရေးမ၀ခြင်းဟာ ကျန်းမာရေးကိုထိခိုက်စေတဲ့အပြင် ဒေါသထွက်လွယ်၊ သတိမေ့လွယ်တာကြောင့် အမှားတွေကိုပိုမိုဖြစ်စေနိုင်ပြီး Stress တွေကိုတိုးစေပါတယ်။ ဒါကြောင့်တစ်နေ့ကို ၇နာရီခန့်အနည်းဆုံးထားပြီး အိပ်ဖြစ်အောင်အိပ်သင့်ပါတယ်။

သုတဇုန်

Leave a Reply