အခက္အခဲကုိေျဖရွင္းခဲ့တဲ့ ဆရာ၀န္ ရဲ႕ မဟာအႀကံ

Posted on

တကယ္ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ေလးတစ္ခုလုိ႔ ဆုိပါတယ္။

ဒုတိယ ကမာၻစစ္ျဖစ္ေနတဲ့အခ်ိန္က ဒါဏ္ရာျပင္းထန္စြာရထားတဲ့ အေမရိကန္စစ္သားတစ္ေယာက္ဟာ စစ္ေဆးရုံကုိ ေရာက္လာခဲ့တယ္။ သူ႔ရဲ႕၀မ္းဗုိက္ထဲမွာ စုိက္ေနတဲ့က်ည္ဆန္ကုိ ဖယ္ရွားဖုိ႔ပဲ ျဖစ္တယ္။ စစ္သားဟာ အိပ္ယာေပၚမွာလွဲေနတယ္။ ဆရာ၀န္က စစ္သားကုိထုံေဆးမ်ားမ်ားေပးဖုိ႔ သူနာျပဳဆရာမကုိ လွမ္းေျပာလုိက္တယ္။ သူနာျပဳ စုိးရိမ္သြားတယ္။

ဒါနဲ႔ ေဒါက္တာကုိ အျခားအခန္းဆီကုိ လက္တုိ႔ၿပီးေခၚသြားၿပီး တစ္စုံတစ္ရာကို ေျပာလုိက္တယ္။ ဆရာ၀န္အႀကံအုိက္သြားတယ္။ တစ္ခ်က္စဥ္းစားၿပီးတဲ့ေနာက္ သူနာျပဳကုိ ခပ္တုိးတုိးနဲ႔ စကားတစ္ခြန္းေျပာလုိက္တယ္။ အဲဒီေနာက္ေတာ့ စစ္သားရဲ႕အိပ္ယာဆီကုိ ျပန္သြားၾကၿပီးေတာ့ ခြဲစိတ္ဖုိ႔စတင္ပါတယ္။ ဆရာ၀န္က သူနာျပဳကုိ ေျပာလုိက္တယ္။

“ဒီခ်စ္ဖုိ႔ေကာင္းတဲ့ စစ္သားႀကီးကုိ ထုံေဆးမ်ားမ်ားေပးရမယ္”

“ဟုတ္ကဲ့ ေဒါက္တာ၊ အခုယူလာပါၿပီ” လုိ႔ သူနာျပဳက ျပန္ေျပာတယ္။

“နည္းနည္းမရဘူူးေနာ္ ၊ မ်ားမ်ားယူလာခဲ့ ၊ တုိင္းျပည္အတြက္အသက္စြန္႔ထားတဲ့ စစ္သားႀကီးကုိ နည္းနည္းမွနာက်င္ေစလုိ႔ မျဖစ္ဘူး”

“ဟုတ္ကဲ့ပါေဒါက္တာ ၊ ထုံေဆးေတြအမ်ားႀကီးထည့္ထားပါတယ္”

အဲဒီေနာက္ေတာ့ နပ္စ္မဟာ ထုံေဆးထည့္ထားတယ္ဆုိတဲ့ ေဆးထုိးအပ္နဲ႔ စစ္သားကုိထုိးေပးလုိက္တယ္။ ထုံေဆးေၾကာင့္စစ္သားဟာ ေအးေဆးေဆးေဆးနဲ႔ ခြဲစိတ္တာကိုခံတယ္။ ၁၀မိနစ္အၾကာမွာေတာ့ စစ္သားရဲ႕ဗုိက္ထဲက က်ည္ဆန္ကုိ ေအာင္ျမင္စြာ ဖယ္ရွားပစ္လုိက္ႏုိင္ခဲ့တယ္။

“ခင္ဗ်ား နည္းနည္းမွ မနာဘူးလား” လုိ႔ဆရာ၀န္က စစ္သားကုိေမးလုိက္တယ္။
စစ္သားကလည္း ျပန္ေျဖတယ္ “ဘယ္လုိလုိ႔နာမွာလဲ ဆရာ၀န္နဲ႔ ဆရာမတုိ႔ က်ဳပ္ကုိထုံေဆးေတြအမ်ားႀကီးထုိးေပးထားတာပဲ”

———————————–

တကယ္ေတာ့ သူနာျပဳဆရာမ ထုိးေပးလုိက္တာ ထုံေဆးမဟုတ္ပါ။ ပထမစစ္သားေတြအတြက္အသုံးျပဳလုိက္တဲ့အတြက္ အဲဒီအခ်ိန္ ေဆးရုံမွာ ထုံေဆးလုံး၀ ကုန္ေနပါၿပီ။ ဆရာ၀န္နဲ႔ သူနာျပဳတုိ႔ အတုိင္အေဖာက္လုပ္ၿပီး အႏၱရာယ္မျဖစ္ေစတဲ့ ရုိးရုိးဆားရည္ အနည္းငယ္ေလးကုိသာ ထိုးသြင္းေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ စစ္သားက ဘာနာက်င္မႈမွ မခံစားရပါဘူး။ အေၾကာင္းကေတာ့ သူ႔ကုိထုံေဆးေပးထားတယ္ဆုိတဲ့ “ယုံၾကည္မႈ” ေၾကာင့္ျဖစ္ပါတယ္။ ေဆးပညာနယ္မွာေတာ့ ဒီယုံၾကည္မႈကုိ “Placebo effect” လုိ႔ေခၚပါတယ္။

ယုံၾကည္မႈ ဟာ အံၾသစရာေကာင္းလွပါတယ္။
ဆင္းရဲတဲ့လူကုိ ဒီယုံၾကည္မႈက ခ်မ္းသာလာေစတယ္။

ညံ့ေနတဲ့သူတစ္ေယာက္ကုိ ဒီယုံၾကည္မႈက ထက္ျမက္လာေစတယ္။
မျဖစ္ႏုိင္ပါဘူးဆုိတဲ့ အရာေတြကုိလည္း ဒီယုံၾကည္မႈကပဲ ခ်ဳိးဖ်က္ပစ္လုိက္ၿပီး တကယ္ျဖစ္လာေစခဲ့တယ္။

ဒါေၾကာင့္ သင့္ကုိသင္ ယုံၾကည္မႈ ရွိလုိက္ပါ။ ျဖစ္ခ်င္တာေတြကုိ ျဖစ္လာဖုိ႔ ယုံၾကည္မႈအျပည့္နဲ႔ ႀကဳိးစားလုိက္ပါ။ ဒီယုံၾကည္မႈ ကို မေလွ်ာ့တဲ့ဇြဲနဲ႔ေပါင္းလုိက္ၿပီးတဲ့ေနာက္ေတာ့ သင္ ျဖစ္ခ်င္တာေတြ ျဖစ္လာမွာ အေသအခ်ာပါ။

—————————–

အခက်အခဲကိုဖြေရှင်းခဲ့တဲ့ ဆရာဝန် ရဲ့ မဟာအကြံ (unicode)

တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုလို့ ဆိုပါတယ်။

ဒုတိယ ကမ္ဘာစစ်ဖြစ်နေတဲ့အချိန်က ဒါဏ်ရာပြင်းထန်စွာရထားတဲ့ အမေရိကန်စစ်သားတစ်ယောက်ဟာ စစ်ဆေးရုံကို ရောက်လာခဲ့တယ်။ သူ့ရဲ့ဝမ်းဗိုက်ထဲမှာ စိုက်နေတဲ့ကျည်ဆန်ကို ဖယ်ရှားဖို့ပဲ ဖြစ်တယ်။ စစ်သားဟာ အိပ်ယာပေါ်မှာလှဲနေတယ်။ ဆရာဝန်က စစ်သားကိုထုံဆေးများများပေးဖို့ သူနာပြုဆရာမကို လှမ်းပြောလိုက်တယ်။ သူနာပြု စိုးရိမ်သွားတယ်။

ဒါနဲ့ ဒေါက်တာကို အခြားအခန်းဆီကို လက်တို့ပြီးခေါ်သွားပြီး တစ်စုံတစ်ရာကို ပြောလိုက်တယ်။ ဆရာဝန်အကြံအိုက်သွားတယ်။ တစ်ချက်စဉ်းစားပြီးတဲ့နောက် သူနာပြုကို ခပ်တိုးတိုးနဲ့ စကားတစ်ခွန်းပြောလိုက်တယ်။ အဲဒီနောက်တော့ စစ်သားရဲ့အိပ်ယာဆီကို ပြန်သွားကြပြီးတော့ ခွဲစိတ်ဖို့စတင်ပါတယ်။ ဆရာဝန်က သူနာပြုကို ပြောလိုက်တယ်။

“ဒီချစ်ဖို့ကောင်းတဲ့ စစ်သားကြီးကို ထုံဆေးများများပေးရမယ်”

“ဟုတ်ကဲ့ ဒေါက်တာအခုယူလာပါပြီ” လို့ သူနာပြုက ပြန်ပြောတယ်။

“နည်းနည်းမရဘူးနော် ၊ များများယူလာခဲ့ ၊ တိုင်းပြည်အတွက်အသက်စွန့်ထားတဲ့ စစ်သားကြီးကို နည်းနည်းမှနာကျင်စေလို့ မဖြစ်ဘူး”

“ဟုတ်ကဲ့ပါဒေါက်တာ ၊ ထုံဆေးတွေအများကြီးထည့်ထားပါတယ်”

အဲဒီနောက်တော့ နပ်စ်မဟာ ထုံဆေးထည့်ထားတယ်ဆိုတဲ့ ဆေးထိုးအပ်နဲ့ စစ်သားကိုထိုးပေးလိုက်တယ်။ ထုံဆေးကြောင့်စစ်သားဟာ အေးဆေးဆေးဆေးနဲ့ ခွဲစိတ်တာကိုခံတယ်။ ၁ဝမိနစ်အကြာမှာတော့ စစ်သားရဲ့ဗိုက်ထဲက ကျည်ဆန်ကို အောင်မြင်စွာ ဖယ်ရှားပစ်လိုက်နိုင်ခဲ့တယ်။

“ခင်ဗျား နည်းနည်းမှ မနာဘူးလား” လို့ဆရာဝန်က စစ်သားကိုမေးလိုက်တယ်။
စစ်သားကလည်း ပြန်ဖြေတယ် “ဘယ်လိုလို့နာမှာလဲ ဆရာဝန်နဲ့ ဆရာမတို့ ကျုပ်ကိုထုံဆေးတွေအများကြီးထိုးပေးထားတာပဲ”

———————————–

တကယ်တော့ သူနာပြုဆရာမ ထိုးပေးလိုက်တာ ထုံဆေးမဟုတ်ပါ။ ပထမစစ်သားတွေအတွက်အသုံးပြုလိုက်တဲ့အတွက် အဲဒီအချိန် ဆေးရုံမှာ ထုံဆေးလုံး၀ ကုန်နေပါပြီ။ ဆရာဝန်နဲ့ သူနာပြုတို့ အတိုင်အဖောက်လုပ်ပြီး အန္တရာယ်မဖြစ်စေတဲ့ ရိုးရိုးဆားရည် အနည်းငယ်လေးကိုသာ ထိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် စစ်သားက ဘာနာကျင်မှုမှ မခံစားရပါဘူး။ အကြောင်းကတော့ သူ့ကိုထုံဆေးပေးထားတယ်ဆိုတဲ့ “ယုံကြည်မှု” ကြောင့်ဖြစ်ပါတယ်။ ဆေးပညာနယ်မှာတော့ ဒီယုံကြည်မှုကို “Placebo effect” လို့ခေါ်ပါတယ်။

ယုံကြည်မှု ဟာ အံဩစရာကောင်းလှပါတယ်။
ဆင်းရဲတဲ့လူကို ဒီယုံကြည်မှုက ချမ်းသာလာစေတယ်။

ညံ့နေတဲ့သူတစ်ယောက်ကို ဒီယုံကြည်မှုက ထက်မြက်လာစေတယ်။
မဖြစ်နိုင်ပါဘူးဆိုတဲ့ အရာတွေကိုလည်း ဒီယုံကြည်မှုကပဲ ချိုးဖျက်ပစ်လိုက်ပြီး တကယ်ဖြစ်လာစေခဲ့တယ်။

ဒါကြောင့် သင့်ကိုသင် ယုံကြည်မှု ရှိလိုက်ပါ။ ဖြစ်ချင်တာတွေကို ဖြစ်လာဖို့ ယုံကြည်မှုအပြည့်နဲ့ ကြိုးစားလိုက်ပါ။ ဒီယုံကြည်မှု ကို မလျှော့တဲ့ဇွဲနဲ့ပေါင်းလိုက်ပြီးတဲ့နောက်တော့ သင် ဖြစ်ချင်တာတွေ ဖြစ်လာမှာ အသေအချာပါ။

Leave a Reply