သင့္အတြက္ အသုံး၀င္မယ့္ ခႏၶာကိုယ္ ဘာသာစကား

Posted on

ခႏၶာကိုယ္ ဘာသာစကား ဟာ ေပါင္းသင္း ဆက္ဆံေရး၊ လူမႈေရး၊ စီးပြားေရး စတာေတြ မွာ ေကာင္းက်ဳိး ေတြကို ေပးႏိုင္စြမ္း ရွိပါတယ္။

မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆံုရတဲ့ အေျခအေနဟာ စကားေျပာစရာ မလိုဘဲ နဲ႔ ေတာင္ ၅၅ ရာခိုင္ႏႈန္း အထိ နားလည္မႈ ရွိပါတယ္။ ဆံုေတြ႕တဲ့အခါ သင္ေျပာရမယ့္ စကားလံုး အေရအတြက္က ခုနစ္ ရာခိုင္ႏႈန္း ေလာက္ ပို နည္းသြားၿပီး အသံ ပမာဏဟာ ၃၈ ရာခိုင္ႏႈန္း ေလာက္ ပဲ က်ယ္စရာ လိုပါတယ္။

သင့္ အေန နဲ႔ လူတစ္ေယာက္ နဲ႔ ဆံုတဲ့ အခ်ိန္မွာ ေအာက္ပါ အမူအရာေတြ ျပသၿပီး သင့္ ခံစားမႈကို ျပသႏိုင္ ပါတယ္။

ခင္မင္တယ္ ဆိုတာကို ျပခ်င္ရင္

– ၿပံဳးျပပါ
– ေခါင္းညိတ္ၿပီး အသိအမွတ္ ျပဳေပးပါ
– ေႏြးေထြး ခင္မင္တဲ့ အေန နဲ႔ လက္ဆြဲ ႏႈတ္ဆက္ပါ
– ႏူးညံ့တဲ့ မ်က္လံုး နဲ႔ ၾကည့္ပါ

တည္ၿငိမ္မႈ ရွိတယ္ ဆိုတာကို ျပခ်င္ရင္
– ၀င္ေလ၊ ထြက္ေလကို တိုင္းတာ မွတ္သားပါ

– ခႏၶာကိုယ္ လႈပ္ရွားမႈတိုင္း ကို ၿငိမ္သက္ ေအးေဆး ေနေအာင္ ထားပါ
– ပခံုးေတြကို ေလွ်ာ့ခ် ထားပါ၊ တင္း မထားပါနဲ႔
– လက္သီးဆုပ္ မထား ပါနဲ႔
– ထိုင္ခံုေပၚမွာ ေနာက္မီွၿပီး သက္ေသာင့္ သက္သာ ထိုင္ပါ

ကိုယ္႕ကိုယ္ကိုယ္ ယံုၾကည္မႈ ရွိတယ္ ဆိုတာကို ျပခ်င္ရင္
– မတ္မတ္ ထိုင္ပါ၊ မတ္မတ္ ရပ္ပါ

– မ်က္လံုးခ်င္း ဆံုၾကည့္ပါ
– မ်က္ႏွာ အေနအထားကို သက္ေသာင့္ သက္သာ ထားပါ
– ပြင့္လင္း စစ္မွန္တဲ့ အၿပံဳးကို ၿပံဳးပါ
– လက္ဟန္ ေျခဟန္ နဲ႔ စကားေျပာပါ

ဦးေဆာင္ ႏိုင္တယ္ ဆိုတာကို ျပခ်င္ရင္

– လက္ဆြဲ ႏႈတ္ဆက္တဲ့ အခါ ၿမဲၿမဲ ၿမံၿမံ ဆုပ္ကိုင္ပါ၊ မ်က္လံုးခ်င္း ဆံုၿပီး ၾကည့္ပါ
– ခႏၶာကိုယ္ အေနအထားကို မတ္မတ္ ထားပါ
– လက္သီး ဆုပ္တာ၊ ႏႈတ္ခမ္း ကိုက္တာမ်ဳိး မလုပ္ပါနဲ႔
– လက္ဟန္ ေျခဟန္ နဲ႔ စကားေျပာတဲ့ အခါ သိမ္သိမ္ ေမြ႕ေမြ႕ ရွိပါေစ

———————————

သင့်အတွက် အသုံးဝင်မယ့် ခန္ဓာကိုယ် ဘာသာစကား (unicode)

ခန္ဓာကိုယ် ဘာသာစကား ဟာ ပေါင်းသင်း ဆက်ဆံရေး၊ လူမှုရေး၊ စီးပွားရေး စတာတွေ မှာ ကောင်းကျိုး တွေကို ပေးနိုင်စွမ်း ရှိပါတယ်။

မျက်နှာချင်းဆိုင် တွေ့ဆုံရတဲ့ အခြေအနေဟာ စကားပြောစရာ မလိုဘဲ နဲ့ တောင် ၅၅ ရာခိုင်နှုန်း အထိ နားလည်မှု ရှိပါတယ်။ ဆုံတွေ့တဲ့အခါ သင်ပြောရမယ့် စကားလုံး အရေအတွက်က ခုနစ် ရာခိုင်နှုန်း လောက် ပို နည်းသွားပြီး အသံ ပမာဏဟာ ၃၈ ရာခိုင်နှုန်း လောက် ပဲ ကျယ်စရာ လိုပါတယ်။

သင့် အနေ နဲ့ လူတစ်ယောက် နဲ့ ဆုံတဲ့ အချိန်မှာ အောက်ပါ အမူအရာတွေ ပြသပြီး သင့် ခံစားမှုကို ပြသနိုင် ပါတယ်။

ခင်မင်တယ် ဆိုတာကို ပြချင်ရင်

– ပြုံးပြပါ
– ခေါင်းညိတ်ပြီး အသိအမှတ် ပြုပေးပါ
– နွေးထွေး ခင်မင်တဲ့ အနေ နဲ့ လက်ဆွဲ နှုတ်ဆက်ပါ
– နူးညံ့တဲ့ မျက်လုံး နဲ့ ကြည့်ပါ

တည်ငြိမ်မှု ရှိတယ် ဆိုတာကို ပြချင်ရင်
– ဝင်လေ၊ ထွက်လေကို တိုင်းတာ မှတ်သားပါ

– ခန္ဓာကိုယ် လှုပ်ရှားမှုတိုင်း ကို ငြိမ်သက် အေးဆေး နေအောင် ထားပါ
– ပခုံးတွေကို လျှော့ချ ထားပါ၊ တင်း မထားပါနဲ့
– လက်သီးဆုပ် မထား ပါနဲ့
– ထိုင်ခုံပေါ်မှာ နောက်မှီပြီး သက်သောင့် သက်သာ ထိုင်ပါ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ် ဆိုတာကို ပြချင်ရင်
– မတ်မတ် ထိုင်ပါ၊ မတ်မတ် ရပ်ပါ

– မျက်လုံးချင်း ဆုံကြည့်ပါ
– မျက်နှာ အနေအထားကို သက်သောင့် သက်သာ ထားပါ
– ပွင့်လင်း စစ်မှန်တဲ့ အပြုံးကို ပြုံးပါ
– လက်ဟန် ခြေဟန် နဲ့ စကားပြောပါ

ဦးဆောင် နိုင်တယ် ဆိုတာကို ပြချင်ရင်

– လက်ဆွဲ နှုတ်ဆက်တဲ့ အခါ မြဲမြဲ မြံမြံ ဆုပ်ကိုင်ပါ၊ မျက်လုံးချင်း ဆုံပြီး ကြည့်ပါ
– ခန္ဓာကိုယ် အနေအထားကို မတ်မတ် ထားပါ
– လက်သီး ဆုပ်တာ၊ နှုတ်ခမ်း ကိုက်တာမျိုး မလုပ်ပါနဲ့
– လက်ဟန် ခြေဟန် နဲ့ စကားပြောတဲ့ အခါ သိမ်သိမ် မွေ့မွေ့ ရှိပါစေ

Leave a Reply