မလိမ္ညာတတ္တဲ့သူ (သုိ႔) အေမရိကန္တုိ႔ ရဲ႕ အသည္းႏွလုံးထဲကသူ

Posted on

ဘာသာျပန္သူ – ေအးသီရိေရႊ

တခါက အသက္ ၆-ႏွစ္အရြယ္ရွိ လူကေလးတေယာက္ ရွိသည္။ တခုေသာ သူ႔ေမြးေန႔တြင္ သူ႔ဖခင္က သူ႔ကို ပုဆိန္ကေလးတလက္ လက္ေဆာင္ေပးသည္။ လူကေလးမွာ ပုဆိန္ကို တခါမွ မပိုင္ဆိုင္ဖူးသျဖင့္ အလြန္ေက်နပ္၀မ္းသာသြားသည္။ ထိုေန႔တြင္ ေက်ာင္းသြားေသာအခါ ေက်ာင္းစာထဲ၌ စိတ္ပါ၀င္စားျခင္း မရွိလွဘဲ ပုဆိန္အသစ္ကေလးဆီသို႔သာ စိတ္ကေရာက္ေနသည္။

ေက်ာင္းဆင္းသည္ႏွင့္ အိမ္သို႔ တန္းျပန္လာခဲ့သည္။ ပုဆိန္အသစ္ေလးကို ထုတ္ၾကည့္ရင္း ေပ်ာ္ရႊင္ေနမိသည္။ ျပီး သူ႔ဘာသာ တကုိယ္တည္း ေရရြတ္သည္။
ၾကည့္စမ္း၊ အသြားက ထက္ေနတာပဲ။ လက္ကိုင္ရိုးကလဲ ကိုင္ရတာ အဆင္ေျပတယ္။ ဒီပုဆိန္ေလးဟာ ဘယ္အရာကိုမဆို တိခနဲေနေအာင္ ျဖတ္ေတာက္ႏိုင္မွာပဲ။ ငါ တခုခုကို စမ္းျပီး ျဖတ္ၾကည့္ဦးမွ။

သည္လိုနဲ႔ လူကေလးသည္ သူ႔အိမ္အေနာက္ဘက္ရွိ ျခံေလးထဲသို႔ ခုန္ေပါက္ေျပးဆင္းသြားသည္။ ထို႔ေနာက္ ျခံထဲက အေသးငယ္ဆံုး သစ္ပင္တပင္ကို ရွာျပီး သူ႔ပုဆိန္သစ္ေလးႏွင့္ အားရပါးရ ခုတ္ေလေတာ့သည္။ မ်ားမၾကာခင္ သစ္ပင္ေလးမွာ သူခုတ္သည့္ေနရာမွစ၍ အေခါက္မ်ား၊ အသားမ်ား ပဲ့ထြက္ကုန္သည္။ သစ္ပင္ေျခရင္း ပတ္ပတ္လည္၌ အေခါက္မ်ား၊ သစ္စမ်ား ျပန္႔က်ဲေနေပေတာ့သည္။

သူသည္ ယခုလို မိမိ ခုတ္ထစ္ေနသည့္အတြက္ သစ္ပင္ေလးကို အေသသတ္ေနသလို ျဖစ္ေနေၾကာင္းကုိိမူ သတိမျပဳမိခဲ့ေခ်။ သည့္ေနာက္ သူသည္ ေမာပန္းလာ၍ ပုဆိန္ကေလးအား စမ္းသပ္မႈကို ရပ္နားလိုက္ျပီး အိမ္ထဲျပန္၀င္ကာ ညစာစားသည္။

ညစာစားျပီးေနာက္ ဖခင္ႏွင့္အတူ ျခံထဲဆင္းကာ သူ တေန႔တာ ေက်ာင္းမွာ ဘာေတြျဖစ္ပ်က္ခဲ့သည္ကို သူ႔ဖခင္အား ျပန္လည္ေျပာျပသည္။ သားအဖႏွစ္ဦး စကားစျမည္ေျပာရင္း ျခံထဲ ဟိုဟိုသည္သည္ ေလွ်ာက္ၾကည့္ရင္း ညေနခင္းက လူကေလး အစမ္းခုတ္ၾကည့္ခဲ့ေသာ သစ္ပင္ငယ္နား ေရာက္သြားၾကသည္။ သည္အျခင္းအရာကိုျမင္ေတာ့ ဖခင္မွာ အလြန္အမင္း ေဒါသထြက္သြားသည္။

ဒါ ဘယ္သူလုပ္တာလဲ-ဟု က်ယ္ေလာင္စြာ ေအာ္ဟစ္ေမးေလသည္။
လူကေလးသည္ သူ႔ဖခင္ေနာက္ကြယ္နားမွာ ခပ္ရို႔ရို႔ကေလးႏွင့္ တုန္တုန္ယင္ယင္ ျဖစ္ေနရွာေပသည္။ သူ႔ဖခင္က လူကေလးဘက္သို႔ လွည့္၍ ေမးသည္။
ဒါ ဘယ္သူလုပ္တယ္ဆိုတာ သား သိလား။ ငါသားလုပ္မယ္လုိ႔ အေဖမထင္ဘူး။ ဟုတ္တယ္မလား သား..ဘယ္သူေတြလုပ္သြားတာလဲ အေဖ့ကုိေျပာ..

လူကေလးက အသံတိုးတိုးကေလးႏွင့္ ညင္ညင္သာသာ ေျပာသည္။
အေဖ့ကို သား လိမ္မေျပာခ်င္ပါဘူး။ အေဖ ေမြးေန႔လက္ေဆာင္အျဖစ္ေပးတဲ့ ပုဆိန္ကေလးကို သား စမ္းၾကည့္တဲ့အေနနဲ႔ သစ္ပင္ကို ခုတ္ၾကည့္ထားတာပါ။

လူကေလး၏ဖခင္သည္ လူကေလးကို အျပစ္ဒဏ္ ေပးလိမ့္မည္ဟု ထင္ၾကေပလိမ့္မည္။
သို႔ေသာ္ ဖခင္သည္ လူကေလးကို အျပစ္ဒဏ္မေပးခဲ့ပါ။ သားကို လက္ႏွစ္ဖက္ႏွင့္ မ,ခ်ီလိုက္ကာ ၾကင္နာစြာ နမ္းလိုက္သည္။ ျပီး ၀မ္းသာအားရ ဆိုသည္။

သား အေဖ့ကို မလိမ္ညာဘဲ အမွန္အတိုင္း ေျပာလို႔ အေဖ ၀မ္းသာတယ္သား။ အေဖ့အေနနဲ႔ သား လိမ္ညာစကား တခြန္း ဆိုတာကို ၾကားရမွာထက္ အေဖ့ရဲ႔ ေဟာဒီျခံထဲက သစ္ပင္ေတြအားလံုး ဆံုးရႈံးသြားတာက ပိုေကာင္းပါဦးမယ္သား။

သည္လိုနဲ႔ လူကေလးသည္ ရဲရင့္ျပီး ရိုးသားျမင့္ျမတ္ေသာ လူေကာင္းလူေတာ္တေယာက္ အျဖစ္ ႀကီးျပင္းလာခဲ့သည္။ လူတိုင္းက သူ႔ကို အျမဲပင္ ယံုၾကည္စိတ္ခ်ၾကသည္။ သူသည္ စစ္တပ္ထဲတြင္ ဗိုလ္ခ်ဳပ္ႀကီးတဦး ျဖစ္လာရံုမွ်မက သူ႔တိုင္းျပည္၏ အႀကီးျမတ္ဆံုးေသာ လူသားတဦးျဖစ္သည့္ သမၼတ ရာထူးကိုပင္ ရရွိခဲ့သည္။

သူသည္ စစ္တိုက္ကၽြမ္းက်င္မႈတြင္လည္း ပထမ၊ ျငိမ္းခ်မ္းေရး ရယူရာတြင္လည္း ပထမ၊ သူ႔တိုင္းျပည္ရွိ ျပည္သူလူထုမ်ား၏ ရင္ထဲ ႏွလံုးသားထဲတြင္လည္း ပထမသမၼတအျဖစ္ႏွင့္ သမိုင္းတေနရာတြင္ ေမာ္ကြန္းတင္ျခင္း ခံရသည္။

သူကား အေမရိကန္သမၼတ ေဂ်ာ့ခ်္၀ါရွင္တန္ (၁၇၃၂-၁၇၉၉) ပင္ ျဖစ္ေပသည္။

—————–

မလိမ်ညာတတ်တဲ့သူ (သို့) အမေရိကန်တို့ ရဲ့ အသည်းနှလုံးထဲကသူ (unicode)

ဘာသာပြန်သူ – အေးသီရိရွှေ

တခါက အသက် ၆-နှစ်အရွယ်ရှိ လူကလေးတယောက် ရှိသည်။ တခုသော သူ့မွေးနေ့တွင် သူ့ဖခင်က သူ့ကို ပုဆိန်ကလေးတလက် လက်ဆောင်ပေးသည်။ လူကလေးမှာ ပုဆိန်ကို တခါမှ မပိုင်ဆိုင်ဖူးသဖြင့် အလွန်ကျေနပ်ဝမ်းသာသွားသည်။ ထိုနေ့တွင် ကျောင်းသွားသောအခါ ကျောင်းစာထဲ၌ စိတ်ပါဝင်စားခြင်း မရှိလှဘဲ ပုဆိန်အသစ်ကလေးဆီသို့သာ စိတ်ကရောက်နေသည်။

ကျောင်းဆင်းသည်နှင့် အိမ်သို့ တန်းပြန်လာခဲ့သည်။ ပုဆိန်အသစ်လေးကို ထုတ်ကြည့်ရင်း ပျော်ရွှင်နေမိသည်။ ပြီး သူ့ဘာသာ တကိုယ်တည်း ရေရွတ်သည်။
ကြည့်စမ်း၊ အသွားက ထက်နေတာပဲ။ လက်ကိုင်ရိုးကလဲ ကိုင်ရတာ အဆင်ပြေတယ်။ ဒီပုဆိန်လေးဟာ ဘယ်အရာကိုမဆို တိခနဲနေအောင် ဖြတ်တောက်နိုင်မှာပဲ။ ငါ တခုခုကို စမ်းပြီး ဖြတ်ကြည့်ဦးမှ။

သည်လိုနဲ့ လူကလေးသည် သူ့အိမ်အနောက်ဘက်ရှိ ခြံလေးထဲသို့ ခုန်ပေါက်ပြေးဆင်းသွားသည်။ ထို့နောက် ခြံထဲက အသေးငယ်ဆုံး သစ်ပင်တပင်ကို ရှာပြီး သူ့ပုဆိန်သစ်လေးနှင့် အားရပါးရ ခုတ်လေတော့သည်။ များမကြာခင် သစ်ပင်လေးမှာ သူခုတ်သည့်နေရာမှစ၍ အခေါက်များ၊ အသားများ ပဲ့ထွက်ကုန်သည်။ သစ်ပင်ခြေရင်း ပတ်ပတ်လည်၌ အခေါက်များ၊ သစ်စများ ပြန့်ကျဲနေပေတော့သည်။

သူသည် ယခုလို မိမိ ခုတ်ထစ်နေသည့်အတွက် သစ်ပင်လေးကို အသေသတ်နေသလို ဖြစ်နေကြောင်းကိုမူ သတိမပြုမိခဲ့ချေ။ သည့်နောက် သူသည် မောပန်းလာ၍ ပုဆိန်ကလေးအား စမ်းသပ်မှုကို ရပ်နားလိုက်ပြီး အိမ်ထဲပြန်ဝင်ကာ ညစာစားသည်။

ညစာစားပြီးနောက် ဖခင်နှင့်အတူ ခြံထဲဆင်းကာ သူ တနေ့တာ ကျောင်းမှာ ဘာတွေဖြစ်ပျက်ခဲ့သည်ကို သူ့ဖခင်အား ပြန်လည်ပြောပြသည်။ သားအဖနှစ်ဦး စကားစမြည်ပြောရင်း ခြံထဲ ဟိုဟိုသည်သည် လျှောက်ကြည့်ရင်း ညနေခင်းက လူကလေး အစမ်းခုတ်ကြည့်ခဲ့သော သစ်ပင်ငယ်နား ရောက်သွားကြသည်။ သည်အခြင်းအရာကိုမြင်တော့ ဖခင်မှာ အလွန်အမင်း ဒေါသထွက်သွားသည်။

ဒါ ဘယ်သူလုပ်တာလဲ-ဟု ကျယ်လောင်စွာ အော်ဟစ်မေးလေသည်။
လူကလေးသည် သူ့ဖခင်နောက်ကွယ်နားမှာ ခပ်ရို့ရို့ကလေးနှင့် တုန်တုန်ယင်ယင် ဖြစ်နေရှာပေသည်။ သူ့ဖခင်က လူကလေးဘက်သို့ လှည့်၍ မေးသည်။
ဒါ ဘယ်သူလုပ်တယ်ဆိုတာ သား သိလား။ ငါသားလုပ်မယ်လို့ အဖေမထင်ဘူး။ ဟုတ်တယ်မလား သား..ဘယ်သူတွေလုပ်သွားတာလဲ အဖေ့ကိုပြော..

လူကလေးက အသံတိုးတိုးကလေးနှင့် ညင်ညင်သာသာ ပြောသည်။
အဖေ့ကို သား လိမ်မပြောချင်ပါဘူး။ အဖေ မွေးနေ့လက်ဆောင်အဖြစ်ပေးတဲ့ ပုဆိန်ကလေးကို သား စမ်းကြည့်တဲ့အနေနဲ့ သစ်ပင်ကို ခုတ်ကြည့်ထားတာပါ။

လူကလေး၏ဖခင်သည် လူကလေးကို အပြစ်ဒဏ် ပေးလိမ့်မည်ဟု ထင်ကြပေလိမ့်မည်။
သို့သော် ဖခင်သည် လူကလေးကို အပြစ်ဒဏ်မပေးခဲ့ပါ။ သားကို လက်နှစ်ဖက်နှင့် မ,ချီလိုက်ကာ ကြင်နာစွာ နမ်းလိုက်သည်။ ပြီး ဝမ်းသာအားရ ဆိုသည်။

သား အဖေ့ကို မလိမ်ညာဘဲ အမှန်အတိုင်း ပြောလို့ အဖေ ဝမ်းသာတယ်သား။ အဖေ့အနေနဲ့ သား လိမ်ညာစကား တခွန်း ဆိုတာကို ကြားရမှာထက် အဖေ့ရဲ့ ဟောဒီခြံထဲက သစ်ပင်တွေအားလုံး ဆုံးရှုံးသွားတာက ပိုကောင်းပါဦးမယ်သား။

သည်လိုနဲ့ လူကလေးသည် ရဲရင့်ပြီး ရိုးသားမြင့်မြတ်သော လူကောင်းလူတော်တယောက် အဖြစ် ကြီးပြင်းလာခဲ့သည်။ လူတိုင်းက သူ့ကို အမြဲပင် ယုံကြည်စိတ်ချကြသည်။ သူသည် စစ်တပ်ထဲတွင် ဗိုလ်ချုပ်ကြီးတဦး ဖြစ်လာရုံမျှမက သူ့တိုင်းပြည်၏ အကြီးမြတ်ဆုံးသော လူသားတဦးဖြစ်သည့် သမ္မတ ရာထူးကိုပင် ရရှိခဲ့သည်။

သူသည် စစ်တိုက်ကျွမ်းကျင်မှုတွင်လည်း ပထမ၊ ငြိမ်းချမ်းရေး ရယူရာတွင်လည်း ပထမ၊ သူ့တိုင်းပြည်ရှိ ပြည်သူလူထုများ၏ ရင်ထဲ နှလုံးသားထဲတွင်လည်း ပထမသမ္မတအဖြစ်နှင့် သမိုင်းတနေရာတွင် မော်ကွန်းတင်ခြင်း ခံရသည်။

သူကား အမေရိကန်သမ္မတ ဂျော့ခ်ျဝါရှင်တန် (၁၇၃၂-၁၇၉၉) ပင် ဖြစ်ပေသည်။

Leave a Reply