ဆင်းရဲခြင်းလေးမျိုး
Posted on
၁. ငွေကြေးဆင်းရဲတာ
၂.အချိန်ဆင်းရဲတာ
၃.အခွင့်အရေးဆင်းရဲတာ
၎.အတွေးအခေါ်ဆင်းရဲတာ
ဆင်းရဲခြင်းလေးမျိုး
၁. ငွေကြေးဆင်းရဲတာ
သုံးစွဲစရာငွေအလုံအလောက်မရှိခြင်း ကိုယ့်ကိုကိုယ် မကျွေးမွေးနိုင်ခြင်း မိသားစုကို မကျွေးမွေးနိုင်ခြင်း ။
၂.အချိန်ဆင်းရဲတာ
ဘဝကိုအသုံးချဖို့ အချိန်မရှိတာ ကိုယ်လုပ်ချင်တဲ့အရာလုပ်ဖို့အတွက် အချိန်မရှိတာ ၊ တစ်ချို့လည်းပိုက်ဆံရှိပေမဲ့အချိန်မရှိဘူး ၊ တစ်ချို့ဆိုပိုတောင်ဆိုး အချိန်မရှိတဲ့အပြင် ပိုက်ဆံလည်းမရှိကြဘူး ။ ပြီးရင်ဒီ နံပါတ် ၃ အရာ ကို အပြစ်တင်တယ် ။
၃.အခွင့်အရေးဆင်းရဲတာ
အခွင့်အရေးကောင်းကောင်းတွေဘဝထဲကိုဝင်မလာဘူး ၊ တစ်ချို့လည်းပြောကြတယ် ငါတို့လည်းကြိုးစားတယ်။ အလုပ်လုပ်နေတယ် ဒါပေမဲ့ဘာကြောင့်ခုထိမအောင်မြင်မချမ်းသာနိုင်သေးတာလဲ…
ကျွန်တော်တို့အရင်ဆုံးနားလည်ထားကြရမှာက လူချမ်းသာအားလုံး အသီးသီးကြိုးစားခဲ့ကြရတယ် ။ ဒါပေမဲ့ကြိုးစားတိုင်းလည်း မအောင်မြင်နိုင်ပါဘူး..ဘာကြောင့်လဲဆိုတော့ နေရာမှားပြီးကြိုးစားနေရင် ၁၀ နှစ်ကြာသွားလည်း အလကားပဲ မချမ်းသာလာနိုင်ပါဘူး..
ပင်ပင်ပန်းပန်းလုပ်ကိုင်နေယုံနဲ့ အောင်မြင်မယ်ချမ်းသာနိုင်မယ်ဆိုယင် အထမ်းသမားတွေ ကုန်တင်ကုန်ချသမားတွေချမ်းသာကုန်ရောပေါ့။ အဲ့ဒီအသက်မွေးဝမ်းကြောင်း အလုပ်တွေက မကောင်းဘူးရယ်လို့မပြောပါဘူး။ ချမ်းသာလာဖို့ အခွင့်အလမ်းနည်းပါးတယ် လို့သာဆိုလိုတာပါ…..။ ဒါကြောင့်ကျွန်တော်တို့ work hard တစ်မျိုးတည်းနဲ့မလုံလောက်တော့ပါဘူး ၊ work smart လည်းလုပ်ရပါမယ်..အခွင့်အလမ်းကောင်းတွေရှာဖွေပြီး ကြုံလာတဲ့အခါ ဖမ်းဆုပ်ယူထားဖို့ ချီတုံချတုံမဖြစ်နေပါစေနဲ့..အခွင့်အရေးဆင်းရဲတာထက် ပိုဆိုးဝါးတာကတော့ အကြိမ်ပေါင်းများစွာ ကျွန်တော်တို့မှာ အခွင့်အလမ်းတွေ ကြုံတွေ့ကြရပေမဲ့ကိုယ်တိုင်ကို က သူ့ကိုဖမ်းဆုတ်ထားဖို့ နှောင့်နေးနေတတ်ကြတာဟာ နံပါတ်၄အမျိုးအစားလို ဆင်းရဲခြင်း ဖြစ်ပေါ်စေပါတော့တယ် ။
၄.အတွေးအခေါ်ဆင်းရဲတာ
ကိုယ့်ရဲ့ အတွေးထဲဘက်ပေါင်းစုံကနေ တွေးတယ်..ဒါပေမဲ့ကိုယ့်ရဲ့အစွမ်းအစ ကို ကိုယ်တော့အထင်သေးတယ်..အနုတ်သဘောပဲတွေးတယ်..မအောင်မြင်မှာကိုပဲတွေးနေတယ်..မလုပ်နိုင်မှာကိုပဲတွေးနေတယ်..
ပြီးတော့အခွင့်အလမ်းတွေ လက်လွတ်သွားတာကိုပဲ ထိုင်ကြည့်နေရင်း.ပိုက်ဆံ မွဲ ၊အချိန်မွဲ တယ် အခွင့်အလမ်းကောင်းကောင်းတွေကြုံတွေ့ရတယ်..ဒါပေမယ့်အတွေးအခေါ်မွဲနေသေးရင်တော့ အာမခံတာ ဘဝကဘယ်လိုမှပြောင်းလဲနိုင်ဦးမှာမဟုတ်ဘူး
ဒီကနေ့ ကိုယ့်ကိုအထင်သေးတဲ့သူရှိရင် ကိုယ်ကြိုက်ပါ့မလား?
မကြိုက်ပါဘူး လို့ဖြေရင် ဘာကြောင့် ကိုယ့်ရဲ့အရည်အသွေးကို ကိုယ်အထင်သေးရမှာလဲ?
လူတစ်ရာက မလုပ်နိုင်ပါဘူးလို့ ဘယ်လိုပဲလာပြောနေကြပါစေ ကိုယ့်ကိုယ်ကိုသာ ငါလုပ်နိုင်တယ်ရယ်လို့ ပြောနေရင် လုပ်ကိုလုပ်နိုင်ပါတယ်
Via : သင်သိရင်သင်ချမ်းသာလိမ့်မယ်
Leave a Reply