ကမ္ဘာ့ အပူချိန်အမြင့်ဆုံးနေရာ (သို့) သေမင်းတမန်တောင်ကြား

Posted on

ကမ္ဘာကြီးကိုကျွန်ပ်တို့ရဲ့အိမ်ဖြစ်တယ်လို့ ယူဆရင် ဒီ Death Valley(သေမင်းတောင်ကြား) ဟာ ကျွန်ုပ်တို့အိမ်မီးဖိုချောင်က အလွန်ပူပြင်းတဲ့ မီးဖိုပေါ်ကဒယ်အိုးသာ ဖြစ်ပါလိမ့်မယ်။ ဒီနေရာကို ကျွန်ပ်တို့ကမ္ဘာမြေကြီးရဲ့ အလွန်ပူပြင်းတဲ့ ကန္တာရတစ်ခုအဖြစ်သက်မှတ်ထားပြီး အမြင့်ဆုံးအပူချိန်ဟာ ၁၃၄ ဒီဂရီဖာရင်ဟိုက်(၅၆.၇ ဒီဂရီ ဆဲလ်စီးယက်)အထိရှိပါတယ်။

သေမင်းတမန်တောင်ကြား(Dead Valley) ဆိုတာ စွန့်စားခန်းဝတ္ထုတွေထဲမှာ အသုံးများတဲ့ စကားလုံးဖြစ်ပြီး ပြင်ပကမ္ဘာမှာလည်း တကယ်ရှိ ပါတယ်။ သေမင်းတမန်တောင်ကြားလမ်းလို့အမည်ရတဲ့ဒေသတစ်ခုဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အရှေ့ဘက်မှာယွန်းယွန်း ကယ်လီဖိုးနီးယား နဲ့ နီဗားဒါးပြည်နယ်အစပ်မှာ တည်ရှိပါတယ်။ မြောက်အမေရိကမှာ အပူဆုံး ၊ အခြောက်သွေ့ဆုံးနေရာလည်း ဖြစ်ပါတယ်။

Death Valley အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားတဲ့ ဒီနေရာဟာ အရှည် မိုင် ၁၃၀ နဲ့ အကျယ် ၆မိုင်ကနေ ၁၃မိုင် အထိ ကျယ်ဝန်းပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ ခန့်ကတော့ ဒီနေရာဟာ အမေရိကမူရင်းလူမျိုး(Native Americans) တွေ အခြေချနေထိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဒီနေရာမှာ ရွှေ ၊ ငွေ ၊ ကြေးနီ မိုင်းတွင်တွေရှိပါတယ်။ Death Valley ဆိုတဲ့ အမည်ကို ၁၈၄၉ခုနှစ်က ဒီတောင်ကြားကိုဖြတ်ပြီးရွှေရှာကြစဉ် လူအချို့ဆက်တိုက်သေဆုံးခဲ့တဲ့အတွက် ရွှေရှာသူတွေက ပေးထားခြင်းဖြစ်ပါတယ်။

သေမင်းတမန်တောင်ကြားလမ်း ဟာ ကမ္ဘာပေါ်မှာ အပူချိန်အမြင့်မားဆုံးဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ပျမ်းမျှ အားဖြင့် အပူချိန် ၄၇ ဒီဂရီဆဲလ်စီးယက် လောက်ရှိတက်ပြီး အရှေ့အလယ်ပိုင်းဒေသက အာရပ်နိုင်ငံတွေထက်တောင် ပျှမ်းမျှအပူချိန်မြင့်လေ့ရှိပါတယ်။ စိမ်းစိမ်းစိုစို သစ်ပင်တွေ လုံးဝမရှိတဲ့ လွင်တီးခေါင်ပြင် အရပ်တစ်ခုဖြစ်ပါတယ်။

အဲဒီဒေသမှာ လူလည်း မနေကြပါဘူး။ အဲဒီဒေသမှာ အပူချိန်အမြင့်မားဆုံးဖြစ်သွားခဲ့တာက ၁၉၁၃ ဇူလိုင်လမှာ ဖြစ်ပြီး အဲဒီတုန်းက အပူချိန် ၅၆.၇ ဒီဂရီဆဲလ်စီးယက် လောက် ဖြစ်သွားခဲ့ပါတယ်။

ဒီနေရာမှာ Ubehebe Crater လို့ခေါ်တဲ့ ကျင်းချိုင့်ကြီးတစ်ခု ရှိနေပါတယ်။ အနက်ပေ ၅၀၀ကနေ ၇၇၇ပေ ရှိတဲ့ ဒီကျင်းချိုင့်ကြီးရဲ့သက်တမ်းဟာ နှစ်ပေါင်း ၈၀၀ ခန့်ရှိပြီလို့ သိရပါတယ်။

ပင်လယ်ရေမျက်နှာပြင်အောက် ၂၈၂ပေလာက်နိမ့်ကျပြီးတည် ရှိနေ တာကြောင့်လည်း သေမင်းတမန်တောင်ကြားလမ်းဟာ ကမ္ဘာပေါ်မှာ အပူချိန်အမြင့်ဆုံးနေရာတစ်ခု ဖြစ်နေရခြင်းဖြစ်ပါတယ်။

တကယ်လို့များအဲဒီနေရာကို ရောက်ရှိခဲ့ရင် အလွန်ပူပြင်းတဲ့နေရဲ့အပူဟာ သင့်ရဲ့ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ကုန်ခမ်းသွားစေပြီး ခြေကုန်လက်ပန်းကျသွားအောင် ပြုလုပ်ပါလိမ့်မယ်။ ရေမသောက်ပဲနဲ့ဆိုရင် ဒီနေရာမှာ လူတစ်ယောက်ဟာ ၁၄နာရီဝန်းကျင်ပဲ အသက်ရှင်ခွင့်ရမှာဖြစ်ပါတယ်။

VIDEO

Leave a Reply