ကမာၻေက်ာ္အနမ္း၏ ေနာက္ကြယ္ (သုိ႔) သမုိင္းတြင္ခဲ့ေသာရယ္စရာျဖစ္ရပ္

Posted on

ေရးသားသူ – ေအာင္ခမ္း(International News For Myanmar)

ပံုမွာ ျမင္ေတြ႔ရတဲ့ အနမ္းကေတာ့ ကမၻာေက်ာ္ အနမ္း ျဖစ္ပါတယ္။ ၁၉၄၅ ခုႏွစ္ ၾသဂုတ္လ ၁၄ ရက္ေန႔ ညေနက ျဖစ္ပါတယ္။ ဂ်ပန္တို႔ လက္နက္ခ် အညံ့ခံလို႔ စစ္ျပီးျပီျဖစ္ေၾကာင္း ေရဒီယိုက ေၾကညာ လိုက္တဲ့အခါ နယူးေယာက္ျမိဳ ႔ထဲ လမ္းမေပၚကို ျပည္သူမ်ား ထြက္လို႔ ေအာင္ပြဲခံၾကပါတယ္။ ယင္းေအာင္ပြဲခံမွုထဲမွာ သေဘၤာသား တစ္ဦးက သူနာျပဳ အမ်ိဳးသမီး တစ္ဦးကို ေထြးေပြ႔လို႔ ဖက္နမ္းေနတဲ့ ပံုကို Alfred Eisenstaedt အမည္ရ ဓာတ္ပံုဆရာက အမိအရ ရိုက္ကူးႏိုင္ခဲ့ပါတယ္။

ေတာ္ေတာ္လွပတဲ့ Post ေလးမို႔ Life မဂၢဇင္းထဲမွာပံု ၾကီးၾကီးနဲ႔ ေဖာ္ျပရာ ကမၻာေက်ာ္ သြားရပါတယ္။ V-J Day in Times Square, V-Day နဲ႔ The Kiss ဆုိျပီး အမည္အမ်ိဳးမ်ိဳးနဲ႔ ေခါင္းစဥ္ တပ္လို႔ တစ္ဆင့္ျပန္လည္ ေဖာ္ျပၾကပါတယ္။ ပံုထဲက လူ ၂ ဦးဟာ ဘယ္သူလည္း ဆုိတာ ႏွစ္အေတာ္ၾကာ အျငင္းပြားခဲ့ၾကပါတယ္။ ဘာလို႔လဲဆုိ ဂ်ာနယ္၊ မဂၢဇင္းေတြမွာက် ဘာ Personal အခ်က္အလက္မွ မေဖာ္ျပထားလို႔ ျဖစ္ပါတယ္။ ေနာက္ဆံုး သိလိုက္တဲ့ အေျဖကေတာ့ Edith Shain အမည္ရ အမ်ိဳးသမီးက ဓာတ္ပံုထဲက သူနာျပဳ ျဖစ္ျပီး ၂၀၁၀ ခုႏွစ္ အသက္ ၉၁ ႏွစ္ အရြယ္မွာ အသဲကင္ဆာနဲ႔ ကြယ္လြန္သြားျပီ ျဖစ္ပါတယ္။

သူ ရွိစဥ္ ကာလပတ္လံုးလည္း ထင္ရွား ေက်ာ္ၾကားခဲ့ရပါတယ္။ အမ်ိဳးသားကေတာ့ ေရတပ္ သေဘၤာသား George Mendonça ျဖစ္ပါတယ္။ သူတို႔ ၂ ဦးဟာ တစ္ေယာက္ကို တစ္ေယာက္ မသိၾကပါဘူး။ ေရတပ္သား George ဟာ နယူးေယာက္ျမိဳ ႔က ရုပ္ရွင္ရံု တစ္ခုမွာ သူ႔ခ်စ္သူနဲ႔ ခ်ိန္းလို႔ ရုပ္ရွင္ၾကည့္ဖို႔လာျပီး နာ့စ္မ Shain ကေတာ့ ေဆးရံုကို အေဖာ္တစ္ဦးနဲ႔ သြားေနပါတယ္။ ရုပ္ရွင္ရံုထဲမွာ ၾကည့္ဖို႔ ေစာင့္ဆိုင္း ေနစဥ္ ေရဒီယိုမွာ စစ္ျပီးျပီလို႔ ေၾကညာလိုက္တာေၾကာင့္ အားလံုး အျပင္ထြက္လို႔ ေအာင္ပြဲ ခံပါတယ္။ သေဘၤာသားရဲ ႔ ခ်စ္သူလည္း ေအာင္ပြဲခံလို႔ လမ္းမွာ ရွာလို႔ေတာင္ မေတြ႔ပါဘူး။ (ေနာက္ေတာ့ သူ႔ဇနီး ျဖစ္သြား ပါတယ္)။

ဒါနဲ႔ လမ္းမမွာ ယူနီေဖာင္း အျဖဴေရာင္နဲ႔ နာစ္မ ကို ေတြ႔ေတာ့ ေထြးေပြ႔ဖက္နမ္း လိုက္ျပီး ဓာတ္ပံု ေဘးမွာ ဓာတ္ပံုရိုက္ေနသံ ကိုလည္း ၾကားလိုက္ပါတယ္။ နမ္းလို႔အျပီးမွာေတာ့ အားလံုး ေအာင္ပဲြခံ ေပ်ာ္ေနၾကခ်ိန္ဆိုေတာ့ ဘယ္သူမွ သတိမထားမိပါဘူး။ သူတုိ႔ႏွစ္ေယာက္လည္း တစ္ဦးကို တစ္ဦး သတိမထား မိခဲ့ၾကပါတယ္။ အနမ္းျပီးဆံုးသြားေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ မိတ္ဆက္ စကားေလးေတာင္ မေျပာခဲ့ၾကပါဘူး။

ေနာက္မွ သိရတာေတာ့ သေဘၤာသား ျဖစ္သူဟာ အရက္နည္းနည္း မူးေနျပီး ယူနီေဖာင္းနဲ႔ သူနာျပဳဆုိေတာ့ တိုက္ပြဲ ေတြၾကားမွာ ဆံုဖူးတယ္လို႔ မွတ္ယူကာ နမ္းခဲ့ျခင္း ျဖစ္ပါတယ္။ သူနာျပဳ အမ်ိဳးသမီးကလည္း တိုက္ပြဲကေန ျပန္လာတဲ့ စစ္သားမို႔လို႔ မျငင္းဆန္ပဲ လက္ခံခဲ့တယ္လို႔ ဆုိပါတယ္။ ကမၻာေက်ာ္အနမ္း ျဖစ္ခဲ့ေပမယ့္ တစ္ေယာက္ကို တစ္ေယာက္ မသိပဲ နမ္းခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါကို အေနာက္တိုင္းရဲ ႔ ပြင့္လင္းတဲ့ ယဥ္ေက်းမွုလုိ႔ပဲ ဆုိရေတာ့ မလို ျဖစ္ျပီး ငိုအားထက္ ရယ္အားသန္စရာ ျဖစ္ရပ္ တစ္ခုအျဖစ္ သမိုင္းထဲ က်န္ရွိခဲ့ေၾကာင္း သိရပါတယ္။

ေအာင္ခမ္း (International News For Myanmar)

———————-

ကမ္ဘာကျော်အနမ်း၏ နောက်ကွယ် (သို့) သမိုင်းတွင်ခဲ့သောရယ်စရာဖြစ်ရပ် (unicode)

ပုံမှာ မြင်တွေ့ရတဲ့ အနမ်းကတော့ ကမ္ဘာကျော် အနမ်း ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ ညနေက ဖြစ်ပါတယ်။ ဂျပန်တို့ လက်နက်ချ အညံ့ခံလို့ စစ်ပြီးပြီဖြစ်ကြောင်း ရေဒီယိုက ကြေညာ လိုက်တဲ့အခါ နယူးယောက်မြို့ထဲ လမ်းမပေါ်ကို ပြည်သူများ ထွက်လို့ အောင်ပွဲခံကြပါတယ်။ ယင်းအောင်ပွဲခံမှုထဲမှာ သင်္ဘောသား တစ်ဦးက သူနာပြု အမျိုးသမီး တစ်ဦးကို ထွေးပွေ့လို့ ဖက်နမ်းနေတဲ့ ပုံကို Alfred Eisenstaedt အမည်ရ ဓာတ်ပုံဆရာက အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

တော်တော်လှပတဲ့ Post လေးမို့ Life မဂ္ဂဇင်းထဲမှာပုံ ကြီးကြီးနဲ့ ဖော်ပြရာ ကမ္ဘာကျော် သွားရပါတယ်။ V-J Day in Times Square, V-Day နဲ့The Kiss ဆိုပြီး အမည်အမျိုးမျိုးနဲ့ ခေါင်းစဉ် တပ်လို့ တစ်ဆင့်ပြန်လည် ဖော်ပြကြပါတယ်။ ပုံထဲက လူ ၂ ဦးဟာ ဘယ်သူလည်း ဆိုတာ နှစ်အတော်ကြာ အငြင်းပွားခဲ့ကြပါတယ်။ ဘာလို့လဲဆို ဂျာနယ်၊ မဂ္ဂဇင်းတွေမှာကျ ဘာ Personal အချက်အလက်မှ မဖော်ပြထားလို့ ဖြစ်ပါတယ်။ နောက်ဆုံး သိလိုက်တဲ့ အဖြေကတော့ Edith Shain အမည်ရ အမျိုးသမီးက ဓာတ်ပုံထဲက သူနာပြု ဖြစ်ပြီး ၂၀၁၀ ခုနှစ် အသက် ၉၁ နှစ် အရွယ်မှာ အသဲကင်ဆာနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

သူ ရှိစဉ် ကာလပတ်လုံးလည်း ထင်ရှား ကျော်ကြားခဲ့ရပါတယ်။ အမျိုးသားကတော့ ရေတပ် သင်္ဘောသား George Mendonça ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ တစ်ယောက်ကို တစ်ယောက် မသိကြပါဘူး။ ရေတပ်သား George ဟာ နယူးယောက်မြို့က ရုပ်ရှင်ရုံ တစ်ခုမှာ သူ့ချစ်သူနဲ့ ချိန်းလို့ ရုပ်ရှင်ကြည့်ဖို့လာပြီး နာ့စ်မ Shain ကတော့ ဆေးရုံကို အဖော်တစ်ဦးနဲ့ သွားနေပါတယ်။ ရုပ်ရှင်ရုံထဲမှာ ကြည့်ဖို့ စောင့်ဆိုင်း နေစဉ် ရေဒီယိုမှာ စစ်ပြီးပြီလို့ ကြေညာလိုက်တာကြောင့် အားလုံး အပြင်ထွက်လို့ အောင်ပွဲ ခံပါတယ်။ သင်္ဘောသားရဲ့ ချစ်သူလည်း အောင်ပွဲခံလို့ လမ်းမှာ ရှာလို့တောင် မတွေ့ပါဘူး။ (နောက်တော့ သူ့ဇနီး ဖြစ်သွား ပါတယ်)။

ဒါနဲ့ လမ်းမမှာ ယူနီဖောင်း အဖြူရောင်နဲ့ နာစ်မ ကို တွေ့တော့ ထွေးပွေ့ဖက်နမ်း လိုက်ပြီး ဓာတ်ပုံ ဘေးမှာ ဓာတ်ပုံရိုက်နေသံ ကိုလည်း ကြားလိုက်ပါတယ်။ နမ်းလို့အပြီးမှာတော့ အားလုံး အောင်ပွဲခံ ပျော်နေကြချိန်ဆိုတော့ ဘယ်သူမှ သတိမထားမိပါဘူး။ သူတို့နှစ်ယောက်လည်း တစ်ဦးကို တစ်ဦး သတိမထား မိခဲ့ကြပါတယ်။ အနမ်းပြီးဆုံးသွားတော့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက် စကားလေးတောင် မပြောခဲ့ကြပါဘူး။

နောက်မှ သိရတာတော့ သင်္ဘောသား ဖြစ်သူဟာ အရက်နည်းနည်း မူးနေပြီး ယူနီဖောင်းနဲ့ သူနာပြုဆိုတော့ တိုက်ပွဲ တွေကြားမှာ ဆုံဖူးတယ်လို့ မှတ်ယူကာ နမ်းခဲ့ခြင်း ဖြစ်ပါတယ်။ သူနာပြု အမျိုးသမီးကလည်း တိုက်ပွဲကနေ ပြန်လာတဲ့ စစ်သားမို့လို့ မငြင်းဆန်ပဲ လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာကျော်အနမ်း ဖြစ်ခဲ့ပေမယ့် တစ်ယောက်ကို တစ်ယောက် မသိပဲ နမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကို အနောက်တိုင်းရဲ့ ပွင့်လင်းတဲ့ ယဉ်ကျေးမှုလို့ပဲ ဆိုရတော့ မလို ဖြစ်ပြီး ငိုအားထက် ရယ်အားသန်စရာ ဖြစ်ရပ် တစ်ခုအဖြစ် သမိုင်းထဲ ကျန်ရှိခဲ့ကြောင်း သိရပါတယ်။

အောင်ခမ်း (International News For Myanmar)

Leave a Reply