မြေးတွေအတွက် အဘိုးထားခဲ့တဲ့ အမွေ

Posted on

ရေးသားသူ – Estherkying

၂၀၁၂နှစ်စက်တင်ဘာလ၃ရက်မှာ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာနေတဲ့ အိုင်ယာလန်လူမျိုး အမေရိကန်နိုင်ငံသား Mr.James ၇၂နှစ်ဟာ နှလုံးရောဂါကြောင့် ဘဝတပါးကိုပြောင်းသွားခဲ့ပါတယ်။ သူရဲ့မွေးနေ့ဖြစ်တဲ့ ဧပြီလ ၈ ရက်နေ့တွင်မြေး ၅ ယောက် အတွက် စာလေးတစောင်ရေးနေခဲ့ပါတယ်။

စာလေးရဲ့ခေါင်းစဉ်ကတော့ “ဘဝကပေးတဲ့သင်ခန်းစာ ၁၈ ချက်”ပါ။ စာလေးနဲ့ပတ်သက်ပြီး အသေးစိတ်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

၀၁.ကိုယ်ကိုကိုယ်တန်ဖိုးထားပါ
မိဘကအပင်ပန်းခံပြီး ကျွေးမွေးစောင့်ရှောက်လို့သာကြီးပြင်းလာရတာပါ။ စိတ်ပင်ပန်းတဲ့အခါ ဘုရားတရား၊မိဘ၊ ဆရာကိုမမေ့မှသာလျှင် ကိုယ်ကိုကိုယ် တန်ဖိုးထားတတ်မှာပါ။

၀၂.ဆုံးရှုံးမှာကိုကြောက်မနေပဲ လုပ်သင့်တာကိုလုပ်ပါ
ကိုယ်ရဲ့ဘဝမှာလုပ်ချင်တာကို ဘာကိုမှမကြောက်ပဲလုပ်သင့်တာကိုလုပ်ပါ။ ဘယ်လိုမှမဖြစ်နိုင်တဲ့ရည်မှန်းချက်ပဲဖြစ်ဖြစ် ပတ်ဝန်းကျင်က ဘာပဲပြောပြော သူကဘယ်လိုထင်သလဲ၊ သူတပါးရဲ့အရိပ်အခြေကိုပဲကြည့်ပြီး ဘဝကိုလျှောက်လှမ်းဖို့မလိုပါ။ ဖြစ်ချင်တဲ့ဆန္ဒပြင်းပြနေတဲ့အရာကိုသတ္တိရှိရှိနဲ့သာရှေ့ဆက်လျှောက်ပါ။ လုပ်ပြီးမအောင်မြင်ခဲ့ရင်လည်း နောင်တဆိုတဲ့စကားနှစ်လုံးကတော့ ပေါ်လာမှာမဟုတ်ပါ။

၀၃.လူဆိုတာ အကုန်လုံးအတူတူချည်းပါ
ကမ္ဘာပေါ်မှာရှိတဲ့လူတွေအားလုံးဟာ အတူတူချည်းပါပဲ။ လူတွေထဲမှာတော့ သူဌေးဆိုတာလဲရှိပြီး မတူသလိုမတန်သလိုဆက်ဆံတာမျိုးလည်းရှိနိုင်ပါတယ်။ ဒါပေမဲ့လည်းအားမငယ်ပါနဲ့။ သူဌေးတွေမှာလည်း ကြောက်စိတ်၊ အားငယ်စိတ်တွေရှိပါတယ်။ တခြားလူတွေလို ဗိုက်ဆာာရင်ထမင်းစားပြီး ပင်ပန်းလာရင် အိပ်တတ်ပါတယ်။

၀၄.လုပ်ချင်တဲ့အရာတွေကို ရေးမှတ်ထားပါ
ဘဝမှာလုပ်ချင်တဲ့အရာတွေကို သေသေချာချာ ရေးချပြီးမှတ်သားထားစေလိုပါတယ်။ ခရီးသွားချင်တဲ့နေရာ၊သင်ချင်တဲ့စာတတ်ချင်တဲ့ကျောင်း၊ဖြစ်ချင်တာအားလုံးကို ရေးချထားပြီး ၁ နှစ်အတွင်းဖြစ်နိုင်မဲ့ အရာကိုစပြီးလုပ်ပါ။ ဒီအကျင့်လေးကိုနှစ်စဉ်လုပ်စေချင်ပါတယ်။ မနက်ဖြန်မှလုပ်မယ်ဆိုရင် ဘယ်တော့မှ လုပ်ဖြစ်မှာမဟုတ်ပါ။ လူ့ဘဝဆိုတာ မနက်ဖြန်ဆိုတာရှိချင်မှရှိမှာပါ။ ဘာမှမမြဲဘူးဆိုတာကို သတိရပါ။

၀၅.ကလေးတွေကိုချီးကျုးပါ
အိုင်ယာလန်လူမျိုးတွေမှာ စကားပုံရှိပါတယ်။ ကလေးကိုလေးလေးစားစား အားပေးအားမြှောက်လုပ်ရင် ကလေးကမပြောလဲကြိုးစာမှာပါ။ ကိုယ်မှာကလေးရလာရင် လုပ်ဖြစ်အောင်လုပ်ပါ။

၀၆.လူတွေကိုကူညီပါ
ဖြစ်နိုင်ရင်ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ ချိ့တဲ့ပြီးလူဘောင်ကနေ ဝေးကွာနေတဲ့သူတွေကို တတ်နိုင်သလောက်ကူညီပါ။သူတို့ရဲ့ဘဝမှာ ဝမ်းနည်းစရာ၊ကြေကွဲစရာ ဒဏ်ရာတွေနဲ့ပြည့်နေပါတယ်။

၀၇.တယောက်နဲ့တယောက်သတ်နေတဲ့စစ်ပွဲဆိုတာမကောင်းပါ
နိုင်ငံရေးအရနိုင်ငံခေါင်းဆောင်တွေကစာရွတ်တွေမှာလက်မှတ်ထိုးပြီးစခဲ့တဲ့စစ်ပွဲတွေမှာ အသက်တွေဆုံးရှုံးရတာကတော့လူငယ်တွေပါ။ နောက်ဆုံးတော့စာရွက်တွေမှာလက်မှတ်ထိုးပြီးတော့စစ်ဆိုတာအဆုံးသတ်ရတာပါပဲ။

၀၈.စာများများဖတ်ပါ
စာများများဖတ်မှသာလျှင် ဥာဏ်ထက်ပြီး အသိဥာဏ်တိုးလာမှာပါ။

၀၉.ရိုးရိုးသားသားနေပါ
ရိုးရိုးသားသားနေတယ်ဆိုတာ မွန်မြတ်ပါတယ်။

၁၀.ခရီးသွားပါ
တတ်နိုင်ရင်ခရီးများများသွားပါ။ ပိုက်ဆံစုပြီးမှသွားမယ်ဆိုရင်တော်တော်နဲ့သွားဖြစ်မှာမဟုတ်ပါ။ အဝေးကြီးသွားစရာမလိုပါ။ ကိုယ့်ရပ်ရွာကနေပတ်ဝန်းကျင်မှာလည်း မသွားဖူးတဲ့နေရာဆိုတာရှိနိုင်ပါတယ်။

၁၁.ကိုယ်လုပ်ချင်တဲ့အလုပ်နဲအသက်မွေးဝမ်းကျောင်းပါ
ကိုယ်လုပ်ချင်တဲ့အလုပ်ကို ဘဝရဲ့အသက်မွေးဝမ်းကျောင်းအဖြစ်ရွေးသင့်ပါတယ်။ လွယ်လွယ်နဲ့တော့မဖြစ်နိုင်ပင်မဲ့ကြိုးစားပါ။ ပိုက်ဆံကိုပဲကြည့်ပြီး အလုပ်ကိုရွေးရင်တော့ အလုပ်ကပျော်စရာကောင်းမှာမဟုတ်ပါ။

၁၂.သူတပါးကို မဆဲမဆူပါနဲ့။
သူတပါးကို ဆဲဆူလိုက်ရင် ကိုယ်လည်းစိတ်မကောင်းသလို အပြောခံရတဲ့သူမှာလည်း ခံရခက်ပါတယ်။ ဒါကိုရှောင်ဖို့ဆိုတာခက်ပင်မဲ့ တတ်နိုင်သလောက် မလုပ်ပါနဲ့။

၁၃.ကလေးတွေရဲ့ကတိကို မဖျက်ပါနဲ့
မဖြစ်နိုင်တဲ့ကိစ္စကို ဖြစ်အောင်လုပ်မယ်လို့မပြောပဲနဲ့ ကလေးတွေကိုပေးထားတဲ့ကတိဆိုတာ မပျက်နိုင်တဲ့ကတိကိုပေးပါ။ ကလေးတွေရဲ့နှလုံးသားဆိုတာ ရိုးသားစင်ကြယ်တဲ့အတွက် ဒဏ်ရာတွေမပေးပါနဲ့။

၁၄.ချစ်ခြင်းတရားကို မလိမ်မိစေပါနဲ့
သူတပါးကို စိတ်ထဲကမချစ်ပဲနဲ့ချစ်တယ်လို့မပြောမိပါစေနဲ့။

၁၅.ပတ်ဝန်းကျင်သဘာဝကိုလည်း လေ့လာပါ
တတ်နိုင်သလောက်အပြင်ကိုထွက်ပြီးလူ့လောကကြီးမှာ ဘာတွေဖြစ်နေသလဲဆိုတာကို ကိုယ့်မျက်စိနဲ့ကြည့်ပါ။

၁၆.ကိုယ့်ရဲ့ဘိုးဘွားတွေအကြောင်းကိုမေးကြည့်ပါ
ကိုယ့်ရဲ့ဘိုးဘွားတွေက ဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာကို မေးသင့်ပါတယ်။

၁၇.ချစ်တဲ့သူကို ကျေးဇူးတင်စကားပြောဖို့မမေ့ပါနဲ့
ချစ်တဲ့သူကို မဆုံးရှုံးခင်မှာ ချစ်တဲ့အကြောင်း ကျေးဇူးတင်တဲ့အကြောင်းကို ပြောဖြစ်အောင်ပြောပါ။

၁၈.ဘဝဆိုတာ နောက်ပြန်လျှောက်လို့မရပါ
ဘဝဆိုတာတစ်နေ့ပြီးတစ်နေ့နဲ့ပြီးဆုံးရတာပါ။ တစ်ရက်တစ်ရက်ကို တန်ဖိုးရှိရှိ အသုံးချစေချင်ပါတယ်။

Estherkying

Leave a Reply