အကောင်းမြင်စိတ် ဆိုသည်မှာ

Posted on

နာမည်ကြီး စာရေးဆရာတစ်ယောက်ဟာ သူအခန်းထဲဝင်လာတယ်။ ပြီးတော့ ခုံမှာထိုင်ပြီး စာစရေးတယ်။
..
ပြီးခဲ့တဲ့နှစ်က ဆီးကျောက်တည်လို့ ခွဲထုတ်ခဲ့ရတယ်။ ဒီခွဲစိတ်မှုကြောင့် အိပ်ယာထဲမှာ အချိန်အကြာကြီးနေခဲ့ရတယ်။

အဲဒီနှစ်မှာပဲ ငါ အသက် ၆၀ ပြည့်တယ် ၊ ပင်စင်ယူလိုက်ရတယ် ၊ နှစ်ပေါင်းများစွာလုပ်လာတဲ့ စာအုပ်ကုမ္ပဏီကအလုပ်ကို စွန့်လွှတ်ခဲ့ရပြီ။

အဲဒီနှစ်မှာပဲ အဖေဆုံးသွားလို့ ငါပူဆွေးခဲ့ရသေးတယ်။

အဲဒီနှစ်မှာပဲ ငါ့သား စာမေးပွဲမဖြေနိုင်ပဲ ကျခဲ့ပြန်တယ် ။ သူ ကားမတော်တဆမှုဖြစ်လို့လေ ၊ သူလည်း ဆေးရုံရက်ပေါင်းများစွာ တက်လိုက်ရသလို ကားလည်း ရစရာ မရှိအောင်ပျက်စီးသွားခဲ့ရတယ်။

နောက်ဆုံးအနေနဲ့ တစ်ကြောင်းထပ်ရေးတယ်။-

ဒီနှစ်လောက် ဆိုးရွားတဲ့နှစ် ရှိဦးမလား…
———————————————–
စာရေးဆရာ စာရေးပြီးထသွားတော့ အဲဒီအခန်းထဲကို ဇနီးဖြစ်သူ ဝင်လာတယ်။ စာရေးဆရာရေးထားတဲ့ စာကိုတွေ့သွားတယ်။ အဲဒီတော့ ဇနီးက အောက်ကနေဆက်ရေးတယ်။

ပြီးခဲ့တဲ့နှစ်က ဆီးကျောက်တည်တာကို ခွဲထုတ်လိုက်နိုင်တဲ့အတွက် နာကျင်မှုတွေသက်သာပြီး နေလို့ကောင်းသွားတယ်။

အဲဒီနှစ်မှာပဲ အသက် ၆၀ပြည့်လို့ အလုပ်ကနေ ငါအနားယူလိုက်တယ်။ အခုငါလွတ်လပ်သွားပြီလေ ။ ငါရေးချင်တဲ့အကြောင်းအရာတွေကို ပိုအာရုံစိုက်ပြီး ရေးနိုင်တော့မယ်။

အဲဒီနှစ်မှာပဲ အဖေဟာ ဆုံးသွားတယ်။ ၉၅နှစ် အထိအသက်ရှည်ရှည်ပျော်ပျော်ကြီးနေခဲ့ပြီး နောက်ဆုံးထွက်သက်ကို အေးအေးချမ်းချမ်းထွက်သွားနိုင်ခဲ့တယ်။

အဲဒီနှစ်မှာပဲ ငါ့သားရဲ့ အသက်ကို ကံကောင်းစွာပြန်ရလိုက်တယ်။ ကားပျက်စီးသွားပေမယ့် ငါ့သားမသေပဲ ၊ ဒုက္ခိတမဖြစ်ပဲ ကောင်းကောင်းမွန်မွန်အသက်ရှင်ခွင့်ရသွားတာ
ဘယ်လောက်ကံကောင်းလိုက်သလဲ..

နောက်ဆုံးတစ်ကြောင်းထပ်ရေးတယ်-

ဒီနှစ်ဟာ ငါ့ရဲ့အကောင်းဆုံးနှစ်တွေထဲက တစ်နှစ်ပါလား..
—————————-
လူတိုင်းလူတိုင်း နေ့တိုင်းမှာ အကောင်းအဆိုးဖြစ်ရပ်မျိုးစုံကို ကြုံကြရပါတယ်။ ဒီလိုအခါမျိုးမှာ ကျွန်တော်တို့အများစုဟာ ဖြစ်သမျှအကြောင်းတွေအပေါ် အဆိုးဘက်ကပဲတွေးလေ့ ရှိကြတာများပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ကောင်းကောင်းမပျော်ကြရတာပေါ့။

အနည်းငယ်သော လူတွေကတော့ ဖြစ်ရပ်တွေထဲက သင်ခန်းစာယူသင့်တာ ၊ ကောင်းတာတွေကို မြင်တတ်တွေးတတ်ကြပြီး စိတ်ချမ်းသာကြတယ်။

ဒါကြောင့် စိတ်ချမ်းသာချင်သလား…အကောင်းမြင်စိတ်ကိုမွေးမြူလိုက်ပါ …

သုတဇုန်

Leave a Reply