ဒ႑ာရီထဲက ေမ်ာက္နတ္ဘုရားၿမဳိ႕ေတာ္ကို ရွာေဖြေတြ ႔ရွိျခင္း

Posted on

ေရးသားသူ – ကိုရန္ေနာင္စိုး

ဗဟိုအေမရိကမွာရွိတဲ့ ဟြန္ဒူးရပ္စ္ႏုိင္ငံအတြင္းက လူသူမနီးတဲ့ ေတာနက္ၾကီးထဲမွာပါ ။ ႏွစ္ေပါင္းမ်ားစြာ ေပ်ာက္ဆံုးေနတဲ့ ဒ႑ာရီတထဲက ၿမိဳ ႔တစ္ျမိဳ ႔ရဲ ႔ အစအနမ်ား ျဖစ္နိဳင္ေခ်ရွိတဲ့ သမိုင္းအေထာက္ထားမ်ားကို ျပီးခဲ့တဲ့ ေမလ ၂ ရက္ေန႔က ေတြ ႔ရွိခဲ့တယ္လို႔ ဆိုပါတယ္ ။ ေတြ႔ရွိခဲ့တဲ့ ေနရာက Mosquitia မိုသစ္ေတာထဲမွာ ျဖစ္ပါတယ္ ။ တကယ္ေတာ့ အဲဒီ ေတာၾကီးထဲမွာ ေျမၾကီးေအာက္ တိမ္ျမဳပ္ေပ်ာက္ကြယ္ေနတယ္လို႔ ယူဆထားတဲ့ ဒ႑ာရီျမိဳ ႔ေတာ္ Ciudad Bkanca ရဲ ႔ အစိတ္ပိုင္းမ်ားကို ရွာေဖြဖို႔အတြက္ စြန္႔စားသူမ်ား ၊ ပညာရွင္မ်ားနဲ႔ သဘာ၀ကို ခ်စ္ျမတ္နိဳးသူမ်ားဟာ နွစ္စဥ္ နွစ္တိုင္း ေလာေရာက္ႀကိဳးပမ္းေလ့ရွိတယ္လို႔ သိရပါတယ္ ။ ဒါေပမယ့္ အေၾကာင္း မထူးခဲ့ပါဘူး ။ အဲဒီ Mosquitia မိုးေရသစ္ေတာထဲမွာပဲ Ciudad Bkanca ျမိဳ ႔လို ေနာက္ထပ္ဒ႑ာရီထဲက ျမိဳ ႔တစ္ျမိဳ ႔ျဖစ္တဲ့ အျဖဴေရာင္ျမိဳ ႔ (သို႔မဟုတ္) ေမ်ာက္နတ္ဘုရားျမိဳ ႔ ( City of the Monkey God ) ဆိုတဲ့ ေရွးေဟာင္းျမိဳ ႔တစ္ျမိဳ ႔ရွိေနေသးတယ္လို႔ စူးစမ္းရွာေဖြသူမ်ားက ယူဆထားတယ္လို႔ ဆိုပါတယ္ ။

ျပီးခဲ့တဲ့ ေမလ ၂ ရက္ေန႔ကေတာ့ စြန္႔စားရွာေဖြ သူမ်ားနဲ႔ ပညာရွင္မ်ားရဲ ႔ ၾကိဳးစားအားထုတ္မွဳေၾကာင့္ ေပ်ာက္ဆံုးေနတဲ့ အျဖဴေရာင္ျမိဳ ႔ ( သို႔မဟုတ္ ) ေမ်ာက္နတ္ဘုရားျမိဳ ႔ ( City of the Monkey God ) နဲ႔ ပက္သက္တယ္လို႔ယူဆရတဲ့ အေထာက္ထားမ်ားကို ေတြ ႔ရွိခဲ့တယ္လို႔ ဆိုပါတယ္ ။ ၿမိဳ ႔ေတာ္ စြန္႔ပစ္သြားတဲ့ အခ်ိန္ကေန အခုခ်ိန္ထိ လက္ရာ မပ်က္မယြင္းရွိေနေသးတဲ့ ေက်ာက္ထြင္းပန္းပုရုပ္ထုမ်ား ၊ ရတနာပစၥည္းမ်ားနဲ႔ လက္နက္မ်ား သိုေလွာင္တဲ့ ေနရာတစ္ခုကို ရွာေဖြ ေတြ ႔ရွိခဲ့ရတာပါ ။

ေျမၾကီးထဲက ျပဴထြက္ေနတဲ့ ပစၥည္းမ်ားမွာ စုစုေပါင္း ၅၂ မ်ိဳး ျဖစ္ျပီး ေျမြ ၊ လင္းတ စတဲ့ ရုပ္ပံုမ်ားကို ပံုေဖာ္ ထြင္းထုထားတဲ့ ေက်ာက္ေလွငယ္မ်ားနဲ႔ ေက်ာက္ထိုင္ခံုမ်ား ပါရွိတယ္လို႔ ဆိုပါတယ္ ။ အဲဒီ အထဲမွာ အထူးျခားဆံုးက ေက်ာက္သားဦးေခါင္းတစ္လံုးပဲ ျဖစ္ပါတယ္ ။ အဲဒီ ဦးေခါင္းကိုေတာ့ ေတာေၾကာင္ ဦးေခါင္းပံုစံ ျဖစ္ႏုိင္တယ္လို႔ ယူဆၾကျပီး လက္မႈပစၥည္းမ်ားဟာ ေအဒီ ၁၀၀၀ နဲ႔ ၁၄၀၀ ၾကား ေလာက္က Mesoamerica ေဒသမွာ အသံုးျပဳခဲ့တဲ့ ပစၥည္းမ်ား ျဖစ္ႏုိင္ေၾကာင္း ပညာရွင္မ်ားက သံုးသပ္ၾကပါတယ္ ။ ဒါေပမယ့္လည္း ပိရမစ္ေအာက္ေျခမွာ မူလလက္ရာမပ်က္ ေရွးေဟာင္းပစၥည္းမ်ားေတြ ႔ရွိခဲ့တဲ့ ေနရာကိုေတာ့ ပညာရွင္မ်ားက အဓိပၸါယ္ မဖြင့္ဆိုနိဳင္ေသးဘူးလို႔ ဆိုပါတယ္ ။

၁၆ ရာစု ေနွာင္းပိုင္းကာကေန စူးစမ္းရွာေဖြလိုသူမ်ား ဦးတည္ရွာေဖြေနခဲ့တဲ့ ေမ်ာက္နတ္ဘုရားျမိဳ ႔ေတာ္ဟာ Mosquitia ေတာနက္ၾကီးထဲမွာ ေပ်ာက္ဆံုးေနတယ္လို႔ ယူဆထားတဲ့ ေရွးေဟာင္းဒ႑ာရီျမိဳ ႔ေဟာင္းမ်ားထဲက တစ္ျမိဳ ႔အပါအ၀င္ ျဖစ္ပါတယ္ ။ ျမိဳ ႔ေဟာင္းနဲ႔ ပက္သက္ျပီး သဲလြန္စ အနည္းပါးေတြ ႔ခဲရေပမယ့္ ျမိဳ ႔ေတာ္မွာ ဘယ္လို လူမ်ိဳးစုေတြ ေနထိုင္ခဲ့တယ္ဆိုတာကို မသိရေသးသလို ဒီကေန႔အထိလည္း အဲဒါေတြနဲ႔ ပက္သက္ျပီး သဲလြန္စ ရွာေဖြ မေတြ ႔ရွိရေသးပါဘူး တဲ့ ။ ေက်ာက္တံုးေတြနဲ႔ ဖြဲ ႔စည္းတည္ေဆာက္ထားတဲ့ အေဆာက္အအံုပႏၷက္ေတြကို ေတြ႔ရျခင္းအားျဖင့္ အနီးအနားမွာ ရွိတဲ့ မာယာလူမ်ိဳးတို႔ရဲ ႔ လႊမ္းမိုးမႈရွိတယ္လို႔ယူဆရေပမယ့္လည္း ဒီျမိဳ ႔ေဟာင္းမွာ ေနသြားတဲ့ သူမ်ားဟာ မာယာလူမ်ဳိးေတြ မဟုတ္ၾကဘူးလို႔ ပညာရွင္မ်ားက ဆိုျပန္ပါတယ္ .။

အျငိမ္းစား သုေတသီ တစ္ဦးျဖစ္တဲ့ အိုဒိုမိုဒီ ဆိုသူဟာ ၁၉၄၀ ျပည့္နွစ္မွာ အျဖဴေရာင္ျမိဳ ႔ ( သို႔မဟုတ္ ) ေမ်ာက္နတ္ဘုရားျမိဳ ႔ ( City of the Monkey God ) ကို ရွာေဖြခဲ့ၾကတဲ့ ပညာရွင္မ်ားအနက္ အထင္ရွားဆံုး သုေတသီတစ္ေယာက္ျဖစ္ပါတယ္ ။ ေမ်က္နတ္ဘုရားျမိဳ ႔ေတာ္ ရွိနိဳင္တယ္လို႔ ယူဆထားတဲ့ Mosquitia ေတာနက္ၾကီးထဲမွာေနထိုင္ၾကတဲ့ အမ်ိဳးႏြယ္စုမ်ားက ဧရာမေမ်ာက္ဘုရားတစ္ပါးရဲ ႔ ရုပ္တုကိုျမဳပ္နွံထားတယ္ဆိုတာကို ေဒသခံမ်ားရဲ ႔ ေျပာၾကားခ်က္ေၾကာင့္ သိရွိရေၾကာင္း အိုဒိုမိုဒီက ဖြင့္ဟခဲ့တယ္လို႔ ဆိုပါတယ္ ။ ဒါေပမယ့္လည္း အိုဒိုမိုဒီဟာ ျခိမ္းေခ်ာက္ခံရမွာကို စိုးတာေၾကာင့္ ျမိဳ ႔ေဟာင္းတည္ရွိရာကို မဖြင့္ဟခဲ့ဘဲ ေနာက္ဆံုးမွာ သူ႔ကိုယ္သူ အဆံုးစီရင္သြားခဲ့တယ္လို႔ သိရပါတယ္ ။

ဒါေၾကာင့္လည္း အျဖဴေရာင္ျမိဳ ႔ (သို႔မဟုတ္) ေမ်ာက္နတ္ဘုရားျမိဳ ႔ ( City of the Monkey God ) ဆိုတဲ့ ေရွးေဟာင္းျမိဳ ႔ေတာ္ၾကီးဟာ အစရွာလို႔ မရႏုိင္ေအာင္ ျဖစ္သြားရေတာ့တာပါ ။ ေနာက္ျပီး အိုဒိုမိုဒီ မေသဆံုးခင္ ထုတ္ေဖာ္ေျပာၾကားခ်က္တစ္ခုမွာ ေမ်ာက္နတ္ဘုရားျမိဳ ႔ေတာ္မွာ ေနထိုင္ၾကသူေတြဟာ ေမ်ာက္နတ္ဘုရားတစ္ပါးကို ကိုးကြယ္ယံုၾကည္ၾကျပီး အဲဒီလူမ်ားကလည္း သာမန္လူသားမ်ားနဲ႔ မတူဘဲ လူတစ္ပိုင္း ေမ်ာက္တစ္ပိုင္းေတြ ျဖစ္ၾကတယ္လို႔ ေဒသခံေတြဆီမွ သိရေၾကာင္း ေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္ ။ အဲဒီ အခ်က္ေၾကာင့္လည္း ေခတ္သစ္သုတသီ ပညာရွင္မ်ားက ေမ်ာက္နတ္ဘုရားျမိဳ ႔ ( City of the Monkey God ) ကို ဒ႑ာရီ ျမိဳ ႔ေတာ္အျဖစ္ သပ္မွတ္ၾကတာ ေနမွာပါ ။

၂၀၁၂ ခုနွစ္ အေရာက္မွာေတာ့ သိပၸံနည္းက် စူးစမ္းေလ့လာျခင္း မျပဳလုပ္ရေသးတဲ့ ကမာၻ႔ေဒသထဲမွာ ပါ၀င္ေနတဲ့ La Mesoamerica ေဒသရဲ ႔ ေ၀းလံ သီေခါင္တဲ့ ျမစ္၀ွမ္းေဒသတစ္ခုမွာ ေ၀ဟင္ကေန စစ္တမ္းေကာက္ေလ့လာခဲ့ပါတယ္ ။ အဲဒီလိုေလ့လာခဲ့ရာမွာ ေဒၚလာသန္းခ်ီတန္တဲ့ Lidar Scanner ကိုအသံုးျပဳျပီး ရွာေဖြခဲ့ပါသတဲ့ ။ အဲဒီ ကိရိယာနဲ႔ ေလယဥ္ တစ္စီးေပၚကေန အနီေရာက္ေအာက္ေရာင္ခ်ည္ ပစ္လႊတ္လိုက္တဲ့အခါ ေျမၾကီးေပၚက အရာ၀ထၳဳတစ္ခုနဲ႔ ထိမိျပီး အဲဒီအရာ၀ထၱဳဟာ ေရွးေဟာင္းပစၥည္းျဖစ္ေနခဲ့ရင္ အာရံုခံ ကိရိယာဆီကို အခ်က္ခ်င္း သတင္းပို႔တယ္လို႔ ဆိုပါတယ္ ။ ေမ်ာက္နတ္ဘုရားျမိဳ ႔ကိုလည္း အဲဒီနည္းအတိုင္း ရွာေဖြ ေတြ ႔ရွိခဲ့တာပါ ။ အဲဒီျမိဳ ႔ေတာ္ကို ရွာေဖြေတြ ႔ရွိခဲ့တဲ့ ေတာၾကီးဟာ နွစ္ေပါင္း ၆၀၀ ေလာက္လူသူအနီးတဲ့ ပံုစံမ်ိဳးျဖစ္ေနျပီး အဲဒီထဲမွာ ရွိေနၾကတဲ့ သားရဲ တိရိစာၦန္မ်ားနဲ႔ ေမ်ာက္ေတြဟာလည္း လူသားေတြကို တစ္ခါမွ မျမင္ဖူးတဲ့ပံုစံမ်ိဳးနဲ႔ တံု႔ျပန္ခဲ့တယ္လို႔ ဆိုပါတယ္ ။

အျဖဴေရာင္ျမိဳ ႔ (သို႔မဟုတ္) ေမ်ာက္နတ္ဘုရားျမိဳ ႔ ( City of the Monkey God ) ဟာ စိတ္၀င္စားဖို႔ ေကာင္းတဲ့ ျမိဳ ႔တစ္ျမိဳ ႔ျဖစ္ပါတယ္ ။ ဒါေပမယ့္လည္း အခုခ်ိန္ထိေတာ့ ဒ႑ာရီထဲက ျမိဳ ႔တစ္ျမိဳ ႔အျဖစ္ သတ္မွတ္ထားရအံုးမွာပါ ။ ဘာေၾကာင့္လဲဆိုေတာ့ အခုရွာေဖြ ေတြ႔ရွိခဲ့တဲ့ ေတြ႔ရွိခ်က္ေတြကလည္း ဒ႑ာရီထဲက ေမ်ာက္နတ္ဘုရားျမိဳ ႔နဲ႔ ပက္သက္မႈ ရွိမရွိကို ဆက္လက္ေလ့လာ သုေတသနျပဳျပီး ေဖာ္ထုတ္ရအံုးမွာမို႔ ျဖစ္ပါတယ္ ။ အခုေလာေလာဆယ္ အေျခအေနမွာေတာ့ ေတြ ႔ရွိခ်က္ေတြကို စာရင္းျပဳစု မွတ္သားခဲ့တာကလြဲလို႔ တူးေဖာ္မွဳေတြ မျပဳလုပ္ေသးဘူးတဲ့ ။ ေနာက္ျပီး မသမာသူတို႔ရဲ ႔ အႏၱရာယ္က ကင္းေအာင္ အေထာက္ထားေတြ ေတြ ႔ရွိရာေနရာကိုလည္း ထုတ္ေဖာ္ေျပာေၾကျငာျခင္းမရွိဘဲ လ်ဳိ႕၀ွက္ထားေသးတယ္လုို႔ သိရပါတယ္ ။

VIDEO

အကိုးအကား ။ ။ ေပ်ာက္ဆံုးေနေသာ ဒ႑ာရီျမိဳ ႔ကို ရွာေတြ ႔ျခင္း ( ကိုေအာင္ – ေျမာက္ဦး )

ရန္ေနာင္စုိး

——————-

ဒဏ္ဍာရီထဲက မျောက်နတ်ဘုရားမြို့တော်ကို ရှာဖွေတွေ့ရှိခြင်း (unicode)

ရေးသားသူ – ကိုရန်နောင်စိုး

ဗဟိုအမေရိကမှာရှိတဲ့ ဟွန်ဒူးရပ်စ်နိုင်ငံအတွင်းက လူသူမနီးတဲ့ တောနက်ကြီးထဲမှာပါ ။ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ ဒဏ္ဍာရီတထဲက မြို့တစ်မြို့ရဲ့ အစအနများ ဖြစ်နိုင်ချေရှိတဲ့ သမိုင်းအထောက်ထားများကို ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ် ။ တွေ့ရှိခဲ့တဲ့ နေရာက Mosquitia မိုသစ်တောထဲမှာ ဖြစ်ပါတယ် ။ တကယ်တော့ အဲဒီ တောကြီးထဲမှာ မြေကြီးအောက် တိမ်မြုပ်ပျောက်ကွယ်နေတယ်လို့ ယူဆထားတဲ့ ဒဏ္ဍာရီမြို့တော် Ciudad Bkanca ရဲ့ အစိတ်ပိုင်းများကို ရှာဖွေဖို့အတွက် စွန့်စားသူများ ၊ ပညာရှင်များနဲ့ သဘာဝကို ချစ်မြတ်နိုးသူများဟာ နှစ်စဉ် နှစ်တိုင်း လောရောက်ကြိုးပမ်းလေ့ရှိတယ်လို့ သိရပါတယ် ။ ဒါပေမယ့် အကြောင်း မထူးခဲ့ပါဘူး ။ အဲဒီ Mosquitia မိုးရေသစ်တောထဲမှာပဲ Ciudad Bkanca မြို့လို နောက်ထပ်ဒဏ္ဍာရီထဲက မြို့တစ်မြို့ဖြစ်တဲ့ အဖြူရောင်မြို့ (သို့မဟုတ်) မျောက်နတ်ဘုရားမြို့ ( City of the Monkey God ) ဆိုတဲ့ ရှေးဟောင်းမြို့တစ်မြို့ရှိနေသေးတယ်လို့ စူးစမ်းရှာဖွေသူများက ယူဆထားတယ်လို့ ဆိုပါတယ် ။

ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ကတော့ စွန့်စားရှာဖွေ သူများနဲ့ ပညာရှင်များရဲ့ ကြိုးစားအားထုတ်မှုကြောင့် ပျောက်ဆုံးနေတဲ့ အဖြူရောင်မြို့ ( သို့မဟုတ် ) မျောက်နတ်ဘုရားမြို့ ( City of the Monkey God ) နဲ့ ပက်သက်တယ်လို့ယူဆရတဲ့ အထောက်ထားများကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ် ။ မြို့တော် စွန့်ပစ်သွားတဲ့ အချိန်ကနေ အခုချိန်ထိ လက်ရာ မပျက်မယွင်းရှိနေသေးတဲ့ ကျောက်ထွင်းပန်းပုရုပ်ထုများ ၊ ရတနာပစ္စည်းများနဲ့ လက်နက်များ သိုလှောင်တဲ့ နေရာတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ရတာပါ ။

မြေကြီးထဲက ပြူထွက်နေတဲ့ ပစ္စည်းများမှာ စုစုပေါင်း ၅၂ မျိုး ဖြစ်ပြီး မြွေ ၊ လင်းတ စတဲ့ ရုပ်ပုံများကို ပုံဖော် ထွင်းထုထားတဲ့ ကျောက်လှေငယ်များနဲ့ ကျောက်ထိုင်ခုံများ ပါရှိတယ်လို့ ဆိုပါတယ် ။ အဲဒီ အထဲမှာ အထူးခြားဆုံးက ကျောက်သားဦးခေါင်းတစ်လုံးပဲ ဖြစ်ပါတယ် ။ အဲဒီ ဦးခေါင်းကိုတော့ တောကြောင် ဦးခေါင်းပုံစံ ဖြစ်နိုင်တယ်လို့ ယူဆကြပြီး လက်မှုပစ္စည်းများဟာ အေဒီ ၁၀၀၀ နဲ့ ၁၄၀၀ ကြား လောက်က Mesoamerica ဒေသမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းများ ဖြစ်နိုင်ကြောင်း ပညာရှင်များက သုံးသပ်ကြပါတယ် ။ ဒါပေမယ့်လည်း ပိရမစ်အောက်ခြေမှာ မူလလက်ရာမပျက် ရှေးဟောင်းပစ္စည်းများတွေ့ရှိခဲ့တဲ့ နေရာကိုတော့ ပညာရှင်များက အဓိပ္ပါယ် မဖွင့်ဆိုနိုင်သေးဘူးလို့ ဆိုပါတယ် ။

၁၆ ရာစု နှောင်းပိုင်းကာကနေ စူးစမ်းရှာဖွေလိုသူများ ဦးတည်ရှာဖွေနေခဲ့တဲ့ မျောက်နတ်ဘုရားမြို့တော်ဟာ Mosquitia တောနက်ကြီးထဲမှာ ပျောက်ဆုံးနေတယ်လို့ ယူဆထားတဲ့ ရှေးဟောင်းဒဏ္ဍာရီမြို့ဟောင်းများထဲက တစ်မြို့အပါအဝင် ဖြစ်ပါတယ် ။ မြို့ဟောင်းနဲ့ ပက်သက်ပြီး သဲလွန်စ အနည်းပါးတွေ့ခဲရပေမယ့် မြို့တော်မှာ ဘယ်လို လူမျိုးစုတွေ နေထိုင်ခဲ့တယ်ဆိုတာကို မသိရသေးသလို ဒီကနေ့အထိလည်း အဲဒါတွေနဲ့ ပက်သက်ပြီး သဲလွန်စ ရှာဖွေ မတွေ့ရှိရသေးပါဘူး တဲ့ ။ ကျောက်တုံးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အဆောက်အအုံပန္နက်တွေကို တွေ့ရခြင်းအားဖြင့် အနီးအနားမှာ ရှိတဲ့ မာယာလူမျိုးတို့ရဲ့ လွှမ်းမိုးမှုရှိတယ်လို့ယူဆရပေမယ့်လည်း ဒီမြို့ဟောင်းမှာ နေသွားတဲ့ သူများဟာ မာယာလူမျိုးတွေ မဟုတ်ကြဘူးလို့ ပညာရှင်များက ဆိုပြန်ပါတယ် .။

အငြိမ်းစား သုတေသီ တစ်ဦးဖြစ်တဲ့ အိုဒိုမိုဒီ ဆိုသူဟာ ၁၉၄၀ ပြည့်နှစ်မှာ အဖြူရောင်မြို့ ( သို့မဟုတ် ) မျောက်နတ်ဘုရားမြို့ ( City of the Monkey God ) ကို ရှာဖွေခဲ့ကြတဲ့ ပညာရှင်များအနက် အထင်ရှားဆုံး သုတေသီတစ်ယောက်ဖြစ်ပါတယ် ။ မျေက်နတ်ဘုရားမြို့တော် ရှိနိုင်တယ်လို့ ယူဆထားတဲ့ Mosquitia တောနက်ကြီးထဲမှာနေထိုင်ကြတဲ့ အမျိုးနွယ်စုများက ဧရာမမျောက်ဘုရားတစ်ပါးရဲ့ ရုပ်တုကိုမြုပ်နှံထားတယ်ဆိုတာကို ဒေသခံများရဲ့ ပြောကြားချက်ကြောင့် သိရှိရကြောင်း အိုဒိုမိုဒီက ဖွင့်ဟခဲ့တယ်လို့ ဆိုပါတယ် ။ ဒါပေမယ့်လည်း အိုဒိုမိုဒီဟာ ခြိမ်းချောက်ခံရမှာကို စိုးတာကြောင့် မြို့ဟောင်းတည်ရှိရာကို မဖွင့်ဟခဲ့ဘဲ နောက်ဆုံးမှာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ် ။

ဒါကြောင့်လည်း အဖြူရောင်မြို့ (သို့မဟုတ်) မျောက်နတ်ဘုရားမြို့ ( City of the Monkey God ) ဆိုတဲ့ ရှေးဟောင်းမြို့တော်ကြီးဟာ အစရှာလို့ မရနိုင်အောင် ဖြစ်သွားရတော့တာပါ ။ နောက်ပြီး အိုဒိုမိုဒီ မသေဆုံးခင် ထုတ်ဖော်ပြောကြားချက်တစ်ခုမှာ မျောက်နတ်ဘုရားမြို့တော်မှာ နေထိုင်ကြသူတွေဟာ မျောက်နတ်ဘုရားတစ်ပါးကို ကိုးကွယ်ယုံကြည်ကြပြီး အဲဒီလူများကလည်း သာမန်လူသားများနဲ့ မတူဘဲ လူတစ်ပိုင်း မျောက်တစ်ပိုင်းတွေ ဖြစ်ကြတယ်လို့ ဒေသခံတွေဆီမှ သိရကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ် ။ အဲဒီ အချက်ကြောင့်လည်း ခေတ်သစ်သုတသီ ပညာရှင်များက မျောက်နတ်ဘုရားမြို့ ( City of the Monkey God ) ကို ဒဏ္ဍာရီ မြို့တော်အဖြစ် သပ်မှတ်ကြတာ နေမှာပါ ။

၂၀၁၂ ခုနှစ် အရောက်မှာတော့ သိပ္ပံနည်းကျ စူးစမ်းလေ့လာခြင်း မပြုလုပ်ရသေးတဲ့ ကမ္ဘာ့ဒေသထဲမှာ ပါဝင်နေတဲ့ La Mesoamerica ဒေသရဲ့ ဝေးလံ သီခေါင်တဲ့ မြစ်ဝှမ်းဒေသတစ်ခုမှာ ဝေဟင်ကနေ စစ်တမ်းကောက်လေ့လာခဲ့ပါတယ် ။ အဲဒီလိုလေ့လာခဲ့ရာမှာ ဒေါ်လာသန်းချီတန်တဲ့ Lidar Scanner ကိုအသုံးပြုပြီး ရှာဖွေခဲ့ပါသတဲ့ ။ အဲဒီ ကိရိယာနဲ့ လေယဉ် တစ်စီးပေါ်ကနေ အနီရောက်အောက်ရောင်ချည် ပစ်လွှတ်လိုက်တဲ့အခါ မြေကြီးပေါ်က အရာဝထ္ထုတစ်ခုနဲ့ ထိမိပြီး အဲဒီအရာဝထ္တုဟာ ရှေးဟောင်းပစ္စည်းဖြစ်နေခဲ့ရင် အာရုံခံ ကိရိယာဆီကို အချက်ချင်း သတင်းပို့တယ်လို့ ဆိုပါတယ် ။ မျောက်နတ်ဘုရားမြို့ကိုလည်း အဲဒီနည်းအတိုင်း ရှာဖွေ တွေ့ရှိခဲ့တာပါ ။ အဲဒီမြို့တော်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ တောကြီးဟာ နှစ်ပေါင်း ၆၀၀ လောက်လူသူအနီးတဲ့ ပုံစံမျိုးဖြစ်နေပြီး အဲဒီထဲမှာ ရှိနေကြတဲ့ သားရဲ တိရိစ္ဆာန်များနဲ့ မျောက်တွေဟာလည်း လူသားတွေကို တစ်ခါမှ မမြင်ဖူးတဲ့ပုံစံမျိုးနဲ့ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ် ။

အဖြူရောင်မြို့ (သို့မဟုတ်) မျောက်နတ်ဘုရားမြို့ ( City of the Monkey God ) ဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ မြို့တစ်မြို့ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အခုချိန်ထိတော့ ဒဏ္ဍာရီထဲက မြို့တစ်မြို့အဖြစ် သတ်မှတ်ထားရအုံးမှာပါ ။ ဘာကြောင့်လဲဆိုတော့ အခုရှာဖွေ တွေ့ရှိခဲ့တဲ့ တွေ့ရှိချက်တွေကလည်း ဒဏ္ဍာရီထဲက မျောက်နတ်ဘုရားမြို့နဲ့ ပက်သက်မှု ရှိမရှိကို ဆက်လက်လေ့လာ သုတေသနပြုပြီး ဖော်ထုတ်ရအုံးမှာမို့ ဖြစ်ပါတယ် ။ အခုလောလောဆယ် အခြေအနေမှာတော့ တွေ့ရှိချက်တွေကို စာရင်းပြုစု မှတ်သားခဲ့တာကလွဲလို့ တူးဖော်မှုတွေ မပြုလုပ်သေးဘူးတဲ့ ။ နောက်ပြီး မသမာသူတို့ရဲ့ အန္တရာယ်က ကင်းအောင် အထောက်ထားတွေ တွေ့ရှိရာနေရာကိုလည်း ထုတ်ဖော်ပြောကြေငြာခြင်းမရှိဘဲ လျို့ဝှက်ထားသေးတယ်လို့ သိရပါတယ် ။

အကိုးအကား ။ ။ ပျောက်ဆုံးနေသော ဒဏ္ဍာရီမြို့ကို ရှာတွေ့ခြင်း ( ကိုအောင် – မြောက်ဦး )

ရန်နောင်စိုး

Leave a Reply